Channel Myanmar

Kate Winslet

Holy Smoke (1999)
Holy Smoke (1999) Holy Smoke ဆိုတာ Jane Campion ရိုက်ကူးတဲ့ စိတ်ဝင်စားစရာ၊ ထူးထူးဆန်းဆန်းရုပ်ရှင်တစ်ခုပါ။ စိတ်ကူးယဉ်သဘောထား၊ စိတ်ထိခိုက်မှုနဲ့ အချစ်ဆိုင်ရာကိစ္စတွေကို တွေ့ရပါတယ်။ အဓိကဇာတ်ကောင် Ruth (Kate Winslet သရုပ်ဆောင်) က အိန္ဒိယကိုသွားပြီး ဘာသာရေးအဖွဲ့တစ်ခုနဲ့ ပါဝင်လာပါတယ်။မိသားစုကတော့ သူ့ရဲ့ပြောင်းလဲမှုကိုစိုးရိမ်ပြီး PJ (Harvey Keitel) ဆိုတဲ့ “အထောက်အထားပြန်သက်သေဖော်သူ” ကိုငှားတယ်။ သူတို့နှစ်ဦးကြား စိတ်ပိုင်းဆိုင်ရာတော်လှန်မှုက အနုပညာဆန်တဲ့ စိတ်ကူးယဉ်ဆန်မှုကို ဖြစ်လာပါတယ်။ ဇာတ်လမ်းက ထူးဆန်းပါတယ်။ သာမန်အဖြစ်အပျက်တွေနဲ့မတူဘူး။ စိတ်ဝင်စားဖို့ကောင်းပေမယ့်၊ တချို့အခန်းတွေက တင်းမာတယ်။Kate Winslet ရဲ့ သရုပ်ဆောင်မှုကမိုက်ပါတယ်ကောင်းပါတယ်(အဖော်အချွတ်အခန်းများပါသည်)။ ရုပ်ရှင်ဟာ အိန္ဒိယနဲ့ ဩစတြေးလျရဲ့ လှပတဲ့ ရှုခင်းတွေထဲမှာ ရိုက်ကူးထားပါတယ်။ အနုပညာဆန်တဲ့ ဇာတ်လမ်းတွေ၊ စိတ်နဲ့ဝိညာဉ်အကြောင်းတွေးခေါ်ဖို့နှစ်သက်တဲ့သူတွေအတွက်တော့ ကြည့်သင့်ပါတယ်။ ဒါပေမယ့် ရိုးရိုးရိုင်းရိုင်းဇာတ်ကားတွေကိုသာကြိုက်တဲ့သူတွေကတော့ နားလည်ရခက်ခဲနိုင်ပါတယ်။File size… (2.4 GB) / (1.3 ...
movie

Holy Smoke (1999)

A Kid in King Arthur’s Court 4.7
A Kid in King Arthur’s Court ကျောက်တုံးကြီးထဲက ဓါးကို ဆွဲထုတ်လိုက်နိုင်တဲ့ဘုရင်အာသာနဲ့ မှော်ဆရာမာလင်တို့ကို မသိတဲ့သူမရှိသလောက်ပါပဲ။ ဒါပေမယ့် (၁၉၉၅)တုန်းက ထွက်ရှိခဲ့တဲ့“A Kid in King Arthur's Court” ဆိုတဲ့ ဇာတ်ကားလေးမှာတော့ကျွန်တော်တို့ မြင်နေကျ ဇာတ်ကားတွေထဲကလိုရဲစွမ်းသတ္တိနဲ့ ပြည့်ဝနေတဲ့ ဘုရင်မင်းမြတ်အာသာကိုမြင်ရမှာတော့ မဟုတ်ပါဘူး။ အဲ့ဒီအစား အာသာတို့ခေတ်ကိုမာလင် ဆင့်ခေါ်လိုက်လို့ ဘုမသိဘမသိ ရောက်သွားတဲ့အရှုံးသမား ကောင်လေးတစ်ယောက်ရဲ့အဖြစ်အပျက်လေးတွေနဲ့ စွန့်စားခန်းတွေကိုမြင်တွေ့ ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။မထင်ထား မမျှော်လင့်ထားမိလောက်အောင်ပြောင်းလဲသွားတဲ့ ဘုရင်အာသာကိုကောကောင်လေး ကယ်ဗင်တစ်ယောက် ကူညီနိုင်ပါ့မလား။အာသာ့စားပွဲဝိုင်းရဲ့ ‘Knight in King Arthur's Court’ မဟုတ်တဲ့ကလေးတစ်ယောက်က အာသာတို့ရဲ့ ဘယ်လိုအရေးအခင်းမှာဘယ်လို ကူညီသွားမယ်ဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ရမယ့်“A Kid in King Arthur's Court” ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။    File size…    3.7 GB /  1.2GB Quality… Web-DL 1080p / 720p Format… ...
movie

A Kid in King Arthur’s Court

Little Children (2006) 7.5
Little Children (2006) Little Children (2006)IMDb Rating (7.5) / Rotten Tomatoes (80 %)မင်းသမီး Kate Winslet နဲ့ Jennifer Connelly တို့အပြိုင်ကြဲထားပြီး သူတို့နှစ်ယောက်အပြိုင်လုမယ့်မင်းသားကတော့ Patrick Wilson ဖြစ်ပါတယ်။ဇာတ်လမ်းကတော့.. ဘရက်ဆိုတဲ့ ကလေးအဖေဆီမှာ ကေသီဆိုတဲ့ မော်ဒယ်ရှုံးအောင်လှတဲ့ ဇနီးသည်လေးရှိပေမယ့် သူ့ဘဝသူ မလွတ်လပ်ဘူး မရှင်သန်ဘူးထင်ရာကနေ ဆာရာဆိုတဲ့လုံးကြီးပေါက်လှ ကလေးအမေ နောက်တယောက်ကို ငြိတွယ်မိသွားပါတယ်။ ဆာရာကျတော့လဲ သူ့ခင်ပွန်းရဲ့လိင်စိတ်စွဲလမ်းမှုတလွဲတွေကို သည်းမခံနိုင်ဖြစ်ရာကနေ သူ့ဘဝသူမကျေနပ်နဲ့ ပိတ်လှောင်နေရသူပါ။ ဒီလိုရှင်သန်ရာကိုယ်စီဘဝမှာ အားမရသူနှစ်ယောက်အချင်းချင်း အားပေးကူညီကြရင်း အားတွေပါကုန်ပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ......။ဒါတင်မကသေးဘဲ ဝမ်းနည်းကြေကွဲစရာ လူ့သဘောသဘာဝတခုနဲ့ပါ ချိတ်ဆက်ထားတာမလို့ ဒီရုပ်ရှင်ကားက Rating တွေလဲ ကောင်းခဲ့သလို တကယ်လဲ ထိုင်ရာမထတမ်းကြည့်မိမယ့် ရုပ်ရှင်မျိုးဖြစ်ပါတယ်။" လူတွေဟာ အတိတ်ကို ပြန်မပြင်နိုင်ကြပါဘူး.. ဒါပေမယ့်..အနာဂတ်ဘဝကိုတော့..မတူကွဲပြားအောင် တည်ဆောက်လို့ရပါတယ်... စပြောင်းလဲဖို့သာ အဓိကပါပဲ"- Little Children (2006)(အဖော်အချွတ်ခန်းတချို့ပါတာကြောင့် မိသားစုနဲ့ကြည့်မယ်ဆို ချင့်ချိန်ကြည့်ရမယ့်ကားပါ။) File size…(2.4 GB )/(1.2 ...
movie

Little Children (2006)

2006
Heavenly Creatures (1994) 7.3
Heavenly Creatures (1994) Heavenly Creatures (1994)IMDb Rating (7.3) / Rotten Tomatoes (95 %)ဒီရုပ်ရှင်ကားကတော့ Titanic မင်းသမီးကြီး Kate Winslet ရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်ပြီး ဒါရိုက်တာကတော့ The Lord of the Rings ဒါရိုက်တာ Peter Jackson ဖြစ်ပါတယ်။ သူတို့အနုပညာခရီးလမ်းရဲ့ ကနဦးရုပ်ရှင်ဖြစ်ခဲ့ပေမယ့် Rating တွေလဲ မနိမ့်ခဲ့သလို ထိုက်သင့်တဲ့အောင်မြင်မှုလဲ ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားဟာ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အမီပြုရိုက်ကူးထားတာဖြစ်ပြီး Period Drama, Teagedy, True Crime, Biography, Thriller အစရှိတဲ့ genre​ မျိုးစုံပါဝင်ထားပါတယ်။ ဒါ့အပြင် ဆုပေါင်း ၁၇ ဆုကို ရရှိခဲ့သလို အော်စကာဆန်ကာတင်ပါဝင်ခဲ့တာမလို့ Old but Gold လို့ပဲဆိုရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့... ဂျူလိယက်လို့ခေါ်တဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်ဟာ တစ်နေ့မှာ ကန်တာဘူရီဒေသက ကောလိပ်ကိုပြောင်းလာခဲ့ပါတယ်။ ဖခင်က အင်္ဂလန်က ပါမောက္ခချုပ်တစ်ယောက်အဖြစ်ရောက်လာတာဖြစ်တဲ့အတွက်ကျောင်းမှာ ပြောစမှတ်တွင်ခဲ့တာပေါ့။ ဒါပေမဲ့ သူ့ရဲ့စရိုက်ကြောင့် ...
movie

Heavenly Creatures (1994)

Lee (2024) 7.0
Lee (2024)  ဟစ်တလာရဲ့ ရေချိုးကန်ထဲမှာ ရေချိုးပြခဲ့တဲ့ စစ်သတင်းထောက်ကမ္ဘာ့အထင်ရှားဆုံး စစ်သတင်းထောက်တွေထဲက တစ်ဦးဖြစ်တဲ့လီမေလာရဲ့အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။လီဟာ ဒုတိယကမ္ဘာစစ်တလျှောက် ရှေ့တန်းစခန်းတွေ ချွေးတပ်စခန်းတွေမှာ သမိုင်းဝင်ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တဲ့ သတင်းထောက်တစ်ယောက်ပါ။ပြင်သစ်လွတ်မြောက်ခြင်း၊ နော်မန်ဒီဆေးရုံများ၊ ဘူချန်ဝေါ့ချွေးတပ်စခန်း စတဲ့ ဓာတ်ပုံတွေဟာ သမိုင်းမှာ အထင်ရှားဆုံးဓာတ်ပုံတွေစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဟစ်တလာ သေကြောင်းကြံအပြီးစစ်ပွဲအပြီးမှာ ဟစ်တလာရဲ့ တိုက်ခန်းထဲက ရေချိုးခန်းထဲမှာ ရေချိုးပြီးရိုက်ပြခဲ့တဲ့ ဓာတ်ပုံဟာလည်း ကမ္ဘာကျော်ပါပဲ။ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ Ellen Kuras ဖြစ်ပြီး သူဟာEternal Sunshine of the Spotless Mind ရဲ့ Cinematographerဖြစ်ခဲ့တဲ့သူပါ။ လီ နေရာမှာတော့ မင်းသမီးကြီး ကိတ်ဝင်းစလက်ကသရုပ်ဆောင်ထားပါတယ်။ လီတစ်ယောက် မော်ဒယ်ဘဝကနေဓာတ်ပုံဆရာ၊ စစ်သတင်းထောက်ဖြစ်လာပုံတွေနဲ့ စစ်ပွဲတလျှောက်ကြုံတွေ့ခဲ့ရတာတွေကို စိတ်ဝင်စားစရာ ပြသထားတာမို့ လက်လွှတ်မခံသင့်တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။အဖော်အချွတ်နဲ့ ရက်စက်တဲ့အခန်းအချို့ ပါဝင်တာကိုလည်းကြိုပြီး သတိပေးထားချင်ပါတယ်။ File size…5.6GB / 1.91GB / ...
movie

Lee (2024)

4K HEVC
Steve Jobs (2015) 7.2
Steve Jobs (2015) ၂၀၁၃တုန်းက Jobsဆိုပြီး တစ်ကားထွက်ပေမဲ့ သူ့ဘဝအကြောင်းကို ရိုက်တာမပြည့်စုံသလို အခန်းအကူးအပြောင်းတွေက အချိန်အစက် မမိပဲ မြန်လွန်တာကြောင့် မကြိုက်မိပါဘူး၂၀၁၅မှာလဲ Steve Jobs: Man in machineဆိုပြီး ထွက်ပေမဲ့Documentaryသဘောမျိုး ရိုက်ထားတာမို့ ကြည့်ရတာပျင်းစရာကောင်းပါပါတယ်။ ၂၀၁၅ မှာထွက်တဲ့ Steve Jobs ဆိုတဲ့ ဒီဇာတ်ကားကUniversal Studioက ထုတ်မှာ ဖြစ်သလို ဇာတ်ဆောင်တွေကလဲMichael Fassbender, Kate Winsletတို့လို နာမည်ကြီးတွေကြီးပါပဲ။သူရဲ့ ဇာတ်ကြောင်းကို ရိုက်ထားသမျှတွေထဲမှာဇာတ်လမ်းတစ်ပုဒ်လို ကြည့်ရတာ အကောင်းဆုံးကတော့ဒီကားပဲမို့ လက်မလွတ်တမ်းသာ ကြည့်လိုက်ကြပါ။IMDb Rating (7.3/10) နဲ့ Rotten Tomatoes (85%) ထိရရှိထားတဲ့ Rating မြင့်ဇာတ်ကားပါ။ အရင်က apple productတွေ ကို သဘောမကျပေမဲ့Steve Jobs Biography ဖတ်ပြီးကတည်းကသူရဲ့ အယူအဆတွေ အများနဲ့ မတူတဲ့ နေထိုင်တဲ့ ပုံစံကြောင့်ကျွန်တော့်ဘဝရဲ့ Heroတစ်ယောက်ထဲမှာပါလာခဲ့ပါတယ်။သူကြောင့်ပဲ Apple ...
movie

Steve Jobs (2015)

Eternal Sunshine of the Spotless Mind (2004) 8.3
Eternal Sunshine of the Spotless Mind (2004) Eternal Sunshine of The Spotless Mind (2004)IMDb Rating (8.3) / Rotten Tomatoes (93%)သံယောဇဉ်အတိတ်တို့မရှိတဲ့ စိတ်ဝိဉာဉ်ဟာ ထာဝရငြိမ်းချမ်းနေမှာပဲတဲ့....မင်းသားကြီး ဂျင်မီကာရေး  မင်းသမီး ကိတ်ဝင်းစလက်တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဆုတွေတလှေကြီးရထားတဲ့ အချစ်ရိုမန့်ဇာတ်ကားဖြစ်ပြီး ရာစုနှစ်ရဲ့အကောင်းဆုံးရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။အပြင်လောကမှာ ချစ်ရသူကြောင့်အသည်းကွဲပြီး ပြင်းထန်တဲ့စိတ်ကျဝေဒနာခံစားရနေတဲ့ ဂျင်မီကာရေးတစ်ယောက် လုံးဝထိခိုက်ကြေကွဲနေတဲ့အချိန်ကာလမှာ ဒါရိုက်တာ Michael Gondry ဟာ ဒီရုပ်ရှင်ကို စီစဉ်ရိုက်ကူးခဲ့ပါတယ်။ ဒါကြောင့်လဲ ဟာသမင်းသားကြီးလို့ မြင်နေကျ ဂျင်မီကာရေးကို လုံးဝမတူကွဲပြားတဲ့သရုပ်ဆောင်မှုတွေနဲ့ ဒီရုပ်ရှင်မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။++++++++++++++++++++++++++++++“ဒီလောကကြီးမှာ ကိုယ့်ကိုသတိရတဲ့သူ မှတ်မိတဲ့သူ တစ်ယောက်မှမကျန်တော့ဘူးဆိုရင် အဲ့လူကတကယ်ပျောက်ကွယ်သွားလိမ့်မယ်ဆိုတဲ့ ရုပ်ရှင်ရှိတယ်။ ပြောရရင် ဘဝဆိုတာ အဆုံးမှာတော့ မှတ်ဉာဏ်တွေကအရာအားလုံးပါဘဲ။ တစ်စုံတစ်ယောက်ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိတဲ့ငါ ငါ့ရဲ့ မှတ်ဉာဏ်ထဲမှာရှိတဲ့ တစ်စုံတစ်ယောက် မှတ်ဉာဏ်တစ်ခုချင်းစီမှာ အားလုံးဟာ မတူညီတဲ့ပုံစံနဲ့ အသီးသီးဖြစ်တည်နေကြတယ်။” အမှတ်တရတစ်ခုချင်းစီမှာ ခံစားချက်ဗဟိုချက်ဆိုတာရှိတယ်တဲ့။အဲ့ ဗဟိုချက်ကိုသာဖယ်ရှားလိုက်ရင် မှတ်ဉာဏ် ( တနည်းအားဖြင့် အမှတ်တရ ) ပြိုကွဲခြင်းလုပ်ငန်းစဉ်စပါပြီ ။ ဒီရုပ်ရှင်ဇာတ်လမ်းလေးနာမည်ကတော့ Eternal ...
movie

Eternal Sunshine of the Spotless Mind (2004)

2004
4K HEVC
Insurgent (2015) 6.2
Insurgent (2015)  ဒီကားကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ပြီးယခင် Divergent ရဲ့ sequel ဇာတ်လမ်း ဖြစ်ပါတယ်။ဒါရိုက်တာ Robert Schwentke က ရိုက်ကူးထားပြီးယခင်ကားထဲက သရုပ်ဆောင်တွေပဲ ပြန်လည်ပါဝင်သရုပ်ဆောင်ထားပါတယ်။IMDb 6.1 ထိလည်း ရရှိထားပါတယ်။ ယခင်ကားမှာ ဒေါင့်လက်စ်တွေက အပ်နီဂေးရှင်းကို ဝင်စီးရင်းတိုက်ခိုက်ကြတာကနေ ထရစ်နဲ့ ဖိုးရ်တို့အပြင်ဒေါင့်လက်စ် လူသစ်အတော်များများ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။ထရစ်တို့ မောင်နှမနဲ့ ဖိုးရ်တို့က အမ်မတီတွေရဲ့လယ်ကွင်းတွေထဲမှာ ခြေရာဖျောက်နေရင်း လွတ်မြောက်သွားတဲ့ဒေါင့်လက်စ်တွေကို စုံစမ်းနေကြတယ်။ ဒီအချိန်မှာ ဂျနီးန်က မြို့တည်သူတွေ ချန်ထားခဲ့တဲ့သတင်းစကားပါတဲ့ သေတ္တာကို ရသွားပြီး ဒီသေတ္တာကိုဖွင့်နိုင်ဖို့ ဒိုင်ဗားဂျန့်တွေကို အစွမ်းကုန် လိုက်ရှာပါတော့တယ်...  File size…    5 GB /  2 GB /   1 GB Quality… BluRay 4K HDR / 1080p / 720p Format… mp4 Duration…. 1h 59m Genre ...
movie

Insurgent (2015)

2015
4K HEVCHDR
A Little Chaos (2014) 6.5
A Little Chaos (2014)  ဒီရုပ်ရှင်ကတော့ ပြင်သစ်ဘုရင်ခေတ်မှာ ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ ဒရာမရုပ်ရှင်တကားဖြစ်ပါတယ်။ပြင်သစ်ဘုရင်ကြီး Louis XIV ဟာ ဗာဆိုင်းလ်နန်းတော်ကြီးမှာ ဘုရင့်ဥယျာဉ်တော်တစ်ခု တည်ဆောက်ဖို့အတွက် မိန့်ကြားလိုက်ပါတယ်။ဆဘင်းဒီဘာရာကတော့ ဥယျာဉ်ခြံအစရှိတဲ့ ဗိသုကာအဆောက်အအုံတွေကို ဆောက်လုပ်ရင်း အသက်မွေးနေတဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။ ဒီဘာရာဟာ ဘုရင်ကြီးလူး၀စ်အတွက် ဥယျာဉ်ကိုဆောက်လုပ်ပေးဖို့ လီနော်ထရာလို့အမည်ရတဲ့ ဗိသုကာပညာရှင်တဦးနဲ့ အတူ တာ၀န်ပေးခံလိုက်ရပါတယ်။ဘုရင့်ဥယျာဉ်တော်ကို တည်ဆောက်ပေးရင်း ဒီဘာရာနဲ့ လီနော်ထရာတို့ရဲ့ ချစ်သံယောဇဉ်ဟာလည်း ပိုမိုခိုင်မြဲလာခဲ့ပါတယ်။ ဒီဘာရာနဲ့ လီနော်ထရာတို့ရဲ့ ချစ်ဇာတ်လမ်း ၊ ဒီဘာရာရဲ့ အတိတ်က ဒဏ်ရာတွေ အပြင် ရှေးပြင်သစ်တို့ရဲ့ ဘုရင့်တိုင်းပြည်မှာကျင့်သုံးခဲ့တဲ့ အစဉ်ပလာတွေ အထက်တန်းလွှာတွေရဲ့ ယဉ်ကျေးမှုတွေကို ကြည့်ရှုရမှာမလို့ ပြင်သစ်ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူတွေအနေနဲ့တော့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားလေးတကားဖြစ်ပါတယ်။အမျိုးသမီးသရုပ်ဆောင်တွေထဲမှာလည်း ကိတ်ဝင်းစလက်တို့ ကွယ်လွန်သွားပြီဖြစ်တဲ့ ပီကီဘလိုင်ဒါ မင်းသမီးကြီး ဟင်လင်မက်ခရိုရီတို့က ပါ၀င်အားဖြည့် သရုပ်ဆောင်ထားပါတယ်။ File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre...Drama, Romance Subtitle….Myanmar ...
movie

A Little Chaos (2014)

Iris (2001) 7.0
Iris (2001)   ဒီဇာတ်ကားလေးဟာ လူငယ်ဘဝကစလို့ ဆံဖြူသွားကျိုးတဲ့အချိန်အထိ နောက်ဆုံးထွက်သက်အထိ ချစ်သွားကြတဲ့ အိုင်းရစ်နဲ့ ဂျွန်ရဲ့အချစ်အကြောင်းကို ဖွဲ့နွဲ့ရိုက်ကူးထားတာဖြစ်ပါတယ်ဒီဇာတ်ကားလေးဟာ အပြင်မှာတကယ်ရှိတဲ့ နိုဗယ်ဆုရ စာရေးဆရာမအိုင်းရစ်မာဒေါ့နဲ့ သူ့ခင်ပွန်း ဂျွန်ဘေလီရဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ဒီဇာတ်ကားဟာ ရုပ်ရှင်ဆုပေးပွဲများတွင် စုပေါင်းဆုပေါင်းများစွာရရှိထားပါတယ် သရုပ်ဆောင်တွေအနေနဲ့လည်း Kate Winslet က အိုင်းရစ်ငယ်ဘဝအဖြစ်သရုပ်ဆောင်ပြီး ဝါရင့်မင်းသမီးကြီး Judi Dench က အသက်ကြီးသွားတဲ့အိုင်းရစ်နေရာကသရုပ်ဆောင်ထားပါတယ်ဂျွန်ရဲ့နေရာမှာလည်း Jim Broadbent နဲ့ Hugh Bonneville တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်ကားလေးမှာ အချိန်အကြာကြီးလက်တွဲချစ်ခဲ့ကြတဲ့ အိုင်းရစ်နဲ့ဂျွန်တို့ရဲ့ဘဝဟာ အယ်ဇိုင်းမားဆိုတဲ့ သတိမေ့ရောဂါကြောင့် မုန်တိုင်းဝင်ရောက်ခဲ့ပါတယ် အိုင်းရစ်ဟာ အဲဒီရောဂါခံစားနေရပြီး တစတစ မှတ်ဥာဏ်တွေပျောက်ဆုံးလာတဲ့အခါ ဂျွန်တစ်ယောက် ဇနီးဖြစ်သူကိုဘိုးဘွားရိပ်သာဆေးကုဌာနကိုလည်းမပို့နိုင်ဘဲ အသက်အရွယ်အိုမင်းနေတဲ့အချိန်မှ ဇနီးဖြစ်သူကို ကိုယ်တိုင်ပဲလိုက်လံပြုစုစောင့်ပေးပါတယ်သူတို့နှစ်ယောက်ရဲ့ဘဝအကြောင်းကို ငယ်ရွယ်စဥ်ဘဝကိုပြလိုက် အသက်အရွယ်ကြီးသွားတဲ့အချိန်ကိုပြလိုက်နဲ့ တစ်လှည့်စီကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားမှာ အိုင်းရစ်အပေါ်ထားတဲ့ ဂျွန်ရဲ့ချစ်ခြင်းမေတ္တာတွေကိုကြည့်ရှုခံစားနိုင်ပါတယ် File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama, Biography, ...
movie

Iris (2001)

Carnage (2011) 7.1
Carnage (2011) Carnage ( 2011) Genre _ Comedy - Thriller ဒီတစ်ခါတော့ IMDb 7.1/10 အထိ ရရှိထားပြီးတော့ အထင်ကရရုပ်ရှင် Titanic ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီး Kate Winslet ပါဝင်ထားတဲ့ ရုပ်ရှင်ကားကိုCMပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ တစ်နေ့မှာ ကလေးနှစ်ယောက်ရန်ဖြစ်ခဲ့တဲ့အတွက် သူတို့ရဲ့ နှစ်ဖက်မိဘတွေကတွေ့ဆုံပြီး ပြဿနာကို ဖြေရှင်းဖို့ကြိုးစားကြပါတယ်ဒါပေမဲ့လည်း အားလုံး သိကြတဲ့အတိုင်း ပြဿနာဆိုတာမျိုးကဖြစ်ဖို့လွယ်သလောက် ရှင်းဖို့တော့ ခက်ခဲတဲ့အမျိုးပါကလေးမိဘတွေ စုဝေးပြီးတော့ပြဿနာကိုဖြေရှင်းဖို့ကြိုးစားရာကနေ ဘယ်လိုအလွဲတွေဖြစ်လာပြီးတော့သူတို့တွေ အခြေအနေကို ဘယ်လို‌ကျော်လွှားကြမလဲဆိုတာကိုဒီဇာတ်ကားလေးထဲမှာ ဟာသနှောပြီး ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ် File size…  1.1 GB /  489 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre .....   Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie

Carnage (2011)

2011
Flushed Away (2006) 6.6
Flushed Away (2006) Flashed Away ဟာ Chicken Run, Shaun The Sheep Movie စတဲ့Stop-Motion ဇာတ်ကားကောင်းတွေကို ဖန်တီးခဲ့တဲ့Aardman Features နဲ့ DreamWork Animation တို့ပူးပေါင်းဖန်တီးခဲ့တဲ့ ဇာတ်ကားလေး တစ်ကားလည်း ဖြစ်ပါတယ်။Aardman Features အနေနဲ့ CGIanimation ဘက်ကို ခြေလှမ်းစတင်ခဲ့တဲ့ဇာတ်ကားလေးဆိုလည်း မမှားပါဘူး။ပါဝင်တဲ့ Cast တွေ အနေနဲ့ Hugh Jackman (Wolverine), Kate Winslet တို့အဓိကပါဝင်ထားပြီး Ian Mckellen, Bill Nighy, Andy Serkis နဲ့ Jean Reno တို့လိုအကျော်အမော်တွေ ခြံရံထားပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ရော့ဒီဆိုတဲ အိမ်မွေးကြွက်လေးတစ်ကောင်ရဲ့ဘဝနဲ့ စတင်ထားပြီး သခင်တွေခရီးထွက်သွားတုန်းမှာပဲအိမ်ကြီးတစ်ခုလုံးကို သူ့စိတ်ကြိုက်နေထိုင်ဖို့ စိတ်ကူးနေတဲ့ ရော့ဒီဆီကိုရေဆိုးမြောင်းထဲက ကြွက်တစ်ဖြစ်လည်းဆစ်ဒ် ရောက်လာချိန်မှာတော့ ရော့ဒီဘဝဟာဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ပါတယ်.ဆစ်ဒ် လှည့်စားတာခံရပြီး ရေမြောင်းထဲကိုအိမ်သာထဲကနေ ဆွဲအချခံခဲ့ရကာ ...
movie

Flushed Away (2006)

2006
Sense and Sensibility (1995) 7.7
Sense and Sensibility (1995)  တိုင်တန်းနစ် မင်းသမီး Kate Winslet ၊ ဟယ်ရီပေါ်တာရုပ်ရှင်တွေမှာ ပါမောက္ခ စနိတ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Alan Rickman ၊ ဒလောရပ်စ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Imelda Staunton၊ House M.d မှာ ဒေါက်တာဟောက်စ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Hugh Laurie တို့ အပြင်မင်းသမီး Emma Thompson နဲ့ မင်းသား Hugh Grant တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ 1995 ခုနှစ်ထွက် ရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။Jane Austen ရဲ့ 1811 ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Sense and Sensibility ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး အော်စကာဆန်ခါတင် နေရာ (၇) ခုအထိ ဝင်ခဲ့တဲ့အပြင် အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့ အော်စကာရခဲ့ပါတယ်။ ဒါအပြင် တခြားဆုပေါင်း (၃၃) ခုလည်း ရရှိခဲ့ပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ချမ်းသာတဲ့ ...
movie

Sense and Sensibility (1995)

Avatar: The Way of Water (2022) 8.1
Avatar: The Way of Water (2022) Avatar: The Way of Water (2022) ======================== IMDb Rating - 8.1/10(function(f,b,n,j,x,e){})();2009 ခုနှစ်က ဆုပေါင်းများစွာနဲ့ ဝင်ငွေစံချိန်တင်ခဲ့တဲ့ Avatar ရုပ်ရှင်ရဲ့အဆက် Avatar 2 : The Way of Water ကြည်တောက် ရှင်း Version ရပြီမို့ တင်ဆက်ပေးထားပါပြီ။ဇာတ်လမ်းအကျဉ်း ............................ ဇာတ်လမ်းကတော့ ဂျိတ်ဆော်လီနဲ့ နတီးရီတို့ လက်ထပ်ပြီး ပန်ဒိုရာ တောထဲမှာ အတူနေကြတာကနေ ပြန်ဆက်ထားပါတယ်။ ကောင်းကင် လူမျိုးလို့ခေါ်တဲ့ ကမ္ဘာသားတွေကို ကမ္ဘာပေါ်ကို ပြန်ပို့ပြီး နာဗီတွေ သာယာအေးချမ်းနေကြပါပြီ။ ဂျိတ်ဆော်လီနဲ့နတီးရီတို့လည်း သားသမီး လေးယောက်နဲ့ မိသားစုကြီးဖြစ်နေပါပြီ။ ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာ တမဟုတ်ချင်းပျောက်ကွယ်တတ်တဲ့အရာမို့ ကမ္ဘာသားတွေ နောက်တစ်ခါ အင်အားအပြည့်နဲ့ ကျူးကျော်လာတဲ့အခါမှာတော့ နာဗီမျိုးနွယ်တွေ ပုန်း ရှောင်နေကြရပြီး ပြောက်ကြားစစ်နဲ့ ပြန်တိုက်ခိုက်ကြရပါတော့တယ်။အဲဒီတိုက်ပွဲတွေကိုလည်း ဂျိတ်ကပဲ ဦးဆောင်ပြီး သူ့ရဲ့ သားနှစ်ယောက်လည်း ပါဝင်တိုက်ခိုက်နေရပါတယ်။ ဒါပေမဲ့ ကမ္ဘာဘက်ကလည်း အက်ဗာတာ အထူးတပ်တွေထုတ်သုံးပြီး ဂျိတ်တို့ကို သတ်ဖို့လိုက်လာတဲ့အခါမှာတော့ ဂျိတ်တို့မိသားစု ရှင်သန်ဖို့ အသက်လုတိုက်ပွဲတွေ ဆင်နွှဲလာရပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ...
movie

Avatar: The Way of Water (2022)

2022
4K HEVC
Ammonite (2020) 6.5
Ammonite (2020) Ammonite (2020) ============= IMDb Rating 6.5/10၁၈ရာစုနှစ် အမျိုးသားဝါဒီ ကြီးစိုးတဲ့ ကာလတစ်ခုမှာ ကျောက် ဖြစ်ရုပ်ကြွင်းပညာရပ်မှာ ထူးချွန်ပြောင်မြောက်လှတဲ့ နက္ခတ္တ ပညာရှင် အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Mary Anning ရဲ့ biography အကြောင်းကို ရိုက်ကူးထားတာပါ။ သူရှာဖွေတွေ့ ရှိခဲ့တဲ့ အကျော်ကြားဆုံး ကျောက်ဖြစ်ရုပ်ကြွင်းကတော့ Ichth- yosaur လို့ခေါ်တဲ့ fossil တစ်ခုပါပဲ။Mary Anning က ကမ်းခြေမှာရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို လိုက်ရှာဖွေရင်း Lyme Regis မြို့ကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံလှည့်ခရီးသွားတွေကို ရောင်းချပြီး နာမကျန်းဖြစ်နေတဲ့ အမေ အိုတစ်ယောက်နဲ့ အတူ နေထိုင်ပါတယ်။ တစ်ရက်မှာတော့ သူ့ကို လေးစားအားကျတဲ့ အမျိုးသားတစ်ယောက် ရောက်လာပြီး Fossils တွေအကြောင်း စူးစမ်းလေ့လာမယ့် ခရီးစဥ်အတွက်လာပြောပါတယ်။အဲအမျိုးသားနဲ့အတူ သူရဲ့မိန်းမဖြစ်တဲ့ Charlotte လည်းပါလာခဲ့ပါ တယ်။အဲအမျိုးသားက နာမကျန်းဖြစ်နေတဲ့ သူ့မိန်းမ Charlotte ကို ကူညီပေးဖို့ Mary ကို တောင်းဆိုလာပြီး နောက်ပိုင်းမှာတော့ Mary နဲ့ Charlotte တို့ ချစ်ကျွမ်းဝင်သွားကြပါတယ်။ ၁၈ရာစုနှစ်က အမျိုးသမီး နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းက ...
movie

Ammonite (2020)

2020
Enigma(2001) 7.0
Enigma(2001) Enigma(2001)************* Dougray Scott  နဲ့ Kate Winslet တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးဆုကြီး(၃) ဆု လည်းရရှိထားပါတယ်.. ဒုတိယကမ္ဘာစစ်ကြီးအတွင်း နာဇီဂျာမန်တွေရဲ့ယူ-ဘုတ် ရေငုပ်သင်္ဘောတွေက ဟိုနေရာကပေါ်လာလိုက်၊ ဒီနေရာက ပေါ်လာလိုက် နဲ့ အင်္ဂလန်နိုင်ငံကို ထောက်ပံ့မယ့်လက်နက်ခဲယမ်းနဲ့ ရိက္ခာတင်သင်္ဘောတွေကို တိုက် ခိုက် ချေမှုန်းနေတဲ့အတွက်အင်္ဂလန်နိုင်ငံ ဒုက္ခအကြီးအကျယ်တွေ့နေချိန်ဖြစ်ပါ တယ်။ယူဘုတ်ရေငုပ်သင်္ဘောတွေ ကိုရှောင်ရှားဖို့၊ ပြန်လည်တန်ပြန်တိုက်ခိုက်ဖို့အတွက်အဓိကသော့ချက်ကတော့ ဂျာမန်တွေအသုံးပြုဆက်သွယ်တဲ့ အင်နစ်ဂ်မာ စက် (Enigma Machine)ရဲ့ဝှက်စာအသံလွှင့်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ဖြစ်ပါတယ်။ဒီဇာတ်လမ်း မှာတော့ သင်္ချာပညာရှင်ရယ်၊ ပျောက်နေတဲ့သူ့ကောင်မလေးရယ်၊စုံထောက်အရာရှိတစ်ယောက်ရယ်၊ သူလျှို တစ် ယောက်ရယ် ပါဝင်နေပါတယ်။သူတို့ရဲ့ လှည့်ကွက်တွေ၊ အားပြိုင်မှုတွေ၊ အတ္တတွေ၊ ချစ်ခြင်းမေတ္တာတွေကဘယ် လောက်အတိုင်းအတာထိ အရေးပါနေပြီး စစ်ပွဲအနိုင်အရှုံးထိဆုံးဖြတ်ပေးသွားနိုင်လဲဆိုတာကိုတော့.       File Size :(3.1GB) (1.1GB) and (428MB) Quality : Blu-Ray1080P5.1Ch,720p Format…mp4 Duration…01:59:00 Genre : War,Romance , Drama Subtitle : Myanmar Subtitle (Hard ...
movie

Enigma(2001)

Eating Our Way to Extinction (2021) 7.5
Eating Our Way to Extinction (2021) Eating Our Way to Extinction (2021) ~ IMDb Rating - 7.5/10 ~လူ​တွေအသက်ရှင်ဖို့ အာဟာရဖြစ်ဖို့ စား​နေတဲ့ စားနပ်ရိက္ခာ​တွေက တစ်ချိန်မှာ လူသားမျိုးနွယ် မျိုးတုန်းမှုရဲ့ အဓိကအ​ကြောင်းရင်းကြီးတစ်ချက်လို့ပြောရင် ဟာသပြက်လုံးလို ဖြစ်​​နေမှာ​သေချာပါတယ်။ ဒါ​ပေမဲ့ ကဏ္ဍ​ပေါင်းစုံက သု​တေသနပညာရှင်​တွေ နှစ်​ပေါင်းများစွာ လုပ်လာတဲ့ သု​တေသန​ရလဒ်​တွေ၊ အစီရင်ခံစာ​တွေက ဒီယူဆချက် မှန်ကန်​ကြောင်း သက်​​သေထူ​နေပါတယ်။ကမ္ဘာ့လူဦး​ရေတစ်​နေ့တခြား များလာတာနဲ့အမျှ စားနပ်ရိက္ခာ​တွေ ပိုလိုအပ်လာသလို အသားစားသုံးမှုနှုန်းက တိုးပွားလာတဲ့အတွက် ​မွေးမြူ​ရေးလုပ်ငန်း​တွေ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တွင်ကျယ် လာပါတယ်။ ဒီ Documentary ထဲမှာ ​မွေးမြူ​ရေးလုပ်ငန်း​တွေနဲ့ ပတ်သက်ပြီး သင်တို့လုံးဝမသိရှိထားတဲ့၊ လုံးဝမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်​တွေ အဖြစ်မှန်​တွေကို သု​တေသနရလဒ်​တွေနဲ့အညီ ​သေချာ​ဖော်ထုတ်တင်ဆက်ထားတာပါ။မင်းသမီးကြီး ကိတ်ဝင်းစလတ်ကိုယ်တိုင် Narrator အဖြစ်ပါဝင်ပြီး တစ်ကမ္ဘာလုံးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ပညာရှင်​တွေ၊ မိုး​လေဝသပညာရှင်​တွေ၊ အစာအာဟာရပညာရှင်​တွေ စုံစုံလင်လင် ပါဝင်ထားပြီး ...
movie

Eating Our Way to Extinction (2021)

2021
The Dressmaker (2015) 7.0
The Dressmaker (2015) The Dressmaker (2015)================= IMDb Rating - 7.0/10လူနေကြဲပါးလှတဲ့ တောမြို့လေးတစ်မြို့မှာ ကလေးမလေးတစ်ယောက်ဟာ သူနဲ့ရွယ်တူကောင်လေးတစ်ယောက်ကို သတ်လိုက်တယ်လို့ စွပ်စွဲခံရပြီး တစ်ရပ်တစ်ကျေးအပို့ခံခဲ့ရတယ်။ နောက်၂၅နှစ်အကြာမှာ သူနာမည်ကြီး အဝတ်ချုပ်သမဖြစ်ပြီးနောက် အဲဒီမြို့ကလေးဆီပြန်ရောက်လာခဲ့တယ်။ သူလုပ်ခဲ့လား သူမလုပ်ခဲ့လားတော့ သူလည်းသေချာမသိသလို ဘယ်သူမှလည်း သေချာမသိကြပါဘူး။ ဒါပေမဲ့ လူတွေရဲ့လှံဟာမြေနိမ့်တဲ့အရပ်ကိုပဲ စိုက်တတ်တဲ့ သဘာဝအတိုင်း သူ့ကိုပယ်ကြဉ်ထားခဲ့ကြတယ်။သူကတော့ သူတတ်တဲ့အတတ်နဲ့ ဒီလူတွေနဲ့ ပြန်အဆင်ပြေဖို့ ကြိုးစားကြည့် ခဲ့တာပေါ့။ ဒါမေမဲ့လည်း အားလုံးပြောကြသလို သူတကယ်ပဲ ကျိန်စာမိနေလား မသိရအောင် သူ့ဘေးကလူတွေပဲ ထိခိုက်လာတဲ့နောက်......ခင်မောင်ရင်ပြောဖူးတဲ့စကားရှိတယ်။ " ဘ၀ကိုယ်တိုင်ကိုက အမှားတွေနဲ့ ပြည့်နေတာပဲမို့လား။ စမ်းတဝါးဝါးလျှောက်ရင်း အမှားတွေကြုံရင်း ပြန်ပြင်ဆင်ရင်းနေရတာကိုက ဘ၀ပါပဲ။ ဒီလိုပဲ ကျုပ်လည်း အမှားတွေကို လုပ်တယ်။ ဒါကြောင့်ပဲ ကျုပ်ရှင်သန်နေတာပေါ့။ အမှားတွေလုပ်နေတယ် ဆိုတာ ရှင်သန်နေလို့ပဲကိုး"တဲ့။လူတွေဟာ အမြဲအမှားတွေလုပ်နေကြ ပြန်ပြင်ဆင်နေကြတာပါပဲ။ မြေနိမ့်လို့ အခွင့် အရေးမရခဲ့သူတို့ကတော့ ပြင်ရခက်ကြတယ်။ ဒီလောကထဲရောက်လာကတည်းက မှားဖို့ ပြင်ကြဖို့ ရောက်လာတာလို့ ဆိုကြတယ်မို့လား။ အဲ့တော့လက်မလျှော့တမ်း ပြင်ကြဆင်ကြတာပေါ့။ ခင်ဗျားမှာလည်း အမှားတွေရှိဖူးတယ်ဆို ဒီရုပ်ရှင်ဟာ ခင်ဗျားကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။တစ်ချိန်က ပန်းချီတစ်ချပ်နဲ့ ကမ္ဘာကိုကိုင်လှုပ်ဖူးတဲ့ မမကိတ်ဝင်းစလက်က အဓိကဇာတ်ကောင်အဖြစ်သရုပ်ဆောင်ထားသလို ...
movie

The Dressmaker (2015)

2015
The Reader (2008) 7.6
The Reader (2008) IMDb Rating (7.6) မင်းသမီး ကိတ်ဝင်းစလက် အော်စကာဆုရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဂျာမန်စာရေးဆရာ Bernhard Schlink ရဲ့The Reader ဆိုတဲ့စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ ဇာတ်ကားပါ။ဇာတ်လမ်းကတော့ ရသစုံပါတယ်...ပညာပေးဇာတ်ကားလို့ပြောလို့ရသလို အချစ်အလွမ်းဒရမ်မာလဲ အပြည့်ပါပဲ။ဟန်နာရှမစ်(ကိတ်ဝင်းစလတ်)ဟာ စာမတတ်သူပါ..သူဟာ နာဇီတွေရဲ့ လူသတ်စခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဂျူးတွေကိုသတ်ဖို့ လူရွေးချယ်ပေးရတဲ့ အလုပ်ကိုလုပ်ခဲ့သူပါ...ဒါပေမယ့် သူရွေးလိုက်တဲ့လူတွေ သတ်ခံရတယ်ဆိုတာတောင် သူသိပုံမရတဲ့အထိ တုံးအတဲ့ စာမတတ်ပေမတတ်လေးပါ။ဒါပေမယ့် စစ်ကြီးပြီးသွားတဲ့အခါ သူဟာလဲ သူမသိတဲ့ပြစ်မှုတွေအတွက် တာဝန်ရှိစွာ အစစ်ခံရပါတော့တယ်။ဒီတော့ စာမတတ်တဲ့ဟန်နာတစ်ယောက် တရားရုံးမှာ စာနဲ့ပေနဲ့တကွ ဖြေရှင်းရတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ....။စာမတတ်လို့ အမှားကိုအမှားမှန်းမသိ...ပြစ်မှုကိုပြစ်မှုမှန်းမသိပေမယ့် ကျူးလွန်မိရင်တော့ ပြစ်မှုကနေ ရှောင်လွှဲလို့မရဘူး...ဖြေရှင်းဖို့ဉာဏ်လဲမမီဘူးဆိုတာကို ညွှန်းချင်ကြရင် ဒီဇာတ်ကားကို တခုတ်တရညွှန်းဆိုကြပါတယ်။ကြည့်ကြည့်ကြပါ...တကယ်ကောင်းပါတယ်။ကိတ်ဝင်းစလတ်နဲ့မင်းသားတို့ရဲ့ အချစ်ခန်းတချို့ကတော့ မိသားစုနဲ့ကြည့်လို့မရပါဘူး။ File size…(2 GB)/(800 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:03:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alexon
movie

The Reader (2008)

Titanic (1997) 7.8
Titanic (1997) Titanic (1997) IMDb - 7.8/10_____Rotten - 89% Won 11 Oscars. Another 113 wins & 83 nominations.  ရူးသွပ်ခဲ့ဖူးတဲ့မင်းသားနဲ့မင်းသမီးတို့ရဲ့ အမိုက်စား ဇာတ်ကား...ရင်နင့်ဖွယ်..အံ့အားသင့်ဖွယ် ရသအဖုံဖုံကိုခံစားခဲ့ဖူးတာပဲမလား..အခုအချိန်မှာတော့ 1080P 5.1 CH နဲ့ တိုက်တန်းနစ်ဇာတ်ကား လေးကို ကြည်ကြည်လင်လင် အသံကွာလတီ ရှယ်ကောင်းကောင်းနဲ့ ပြန်လည်ခံစားဖို့အချိန်တန်ပါပြီ ဒီဇာတ်ကားက မသိတဲ့လူမရှိသလောက်မို့ Movie Review ကိုမရေးတော့ဘဲထူးခြားချက်လေးတွေကို သာဗဟုသုတအလို့ငှာ တင်ဆက်လိုက်ပါတယ်။ Titanic ဇာတ်ကားမှ ထူးခြားအချက်အလက်များ -ဇာတ်ကားထုတ်လုပ်သူ 20th Century Fox နဲ့ Paramount Pictures တို့ကမင်းသားနေရာမှာ Matthew McConaughey ကို သရုပ်ဆောင်စေချင်ပေမယ့်ဒါရိုက်တာ James Cameron က Leonardo DiCaprio ကိုပဲ ဇွတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။-ဇာတ်ကားထဲမှာ အဖြစ်အပျက် အစအဆုံးကို ပြန်ပြောပြသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အဘွားအိုGloria Stuart ဟာ သင်္ဘောမြုပ်တာကို ကိုယ်တွေ့ကြုံခဲ့သူပါ။-Titanic သင်္ဘောကို တည်ဆောက်ခဲ့စဉ်က $7.5 million ကုန်ကျခဲ့ပါတယ်။၁၉၉၇ ခုနှစ်က ...
movie

Titanic (1997)

1997
4K HEVC