Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kate Upton
4.6
The Layover (2017)
The Layover (2017)နှုတ်ခမ်းထက်ကမှဲ့လေးမှာ ကမ္ဘာကြီးကိုထမ်းထားလို့ရတဲ့ Kate Upton နဲ့ မျက်ဝန်းလဲ့ပြာပြာတစ်စုံမှာ ကမ္ဘာကြီးကို သိမ်းပိုက်ထားလို့ရတဲ့ Alexandra Daddario တို့နှစ်ယောက် အပြိုင်အဆိုင်ကြဲထားတဲ့ ဒီရုပ်ရှင်ကားက အချစ်ဟာသရိုမန့်ရုပ်ရှင်ကားကြီးပါ။မဂ် နဲ့ ကိတ်တို့ နှစ်ယောက်က မတည့်အတူနေ သူငယ်ချင်းတွေပါ... စိတ်ထဲရှိသလို သောင်းကျန်းတတ်တဲ့ မဂ်ဟာ တနေ့တော့ အပန်းဖြေခရီးထွက်ဖို့ အတင်းစီစဉ်ပြီး ကိတ်ကိုပါအတင်းခေါ်ပါတော့တယ်။ သူတို့နှစ်ယောက်လေယာဉ်ပေါ်ရောက်တော့ အလန်းစားဘဲတပွေက သူတို့နှစ်ယောက်ကြားမှာ ပါလာပါတယ်။ ရွှေအိုရောင်ဆံပင်နဲ့ ပါးသိုင်းမွှေးနဲ့ six pack နဲ့ တောင့်တောင့်တင်းတင်းနဲ့ ရိုင်ယန်ဆိုတဲ့ဘဲကို အပြိုင်လုကြဖို့ သူတို့နှစ်ယောက်ဂိမ်းကစားသလို ပြိုင်ကြပါတော့တယ်။ လေယာဉ်ကလဲ ဟာရီကိန်းမုန်တိုင်းကြောင့် ခရီးစဉ်နှောင့်နှေးပြီး စိန့်လူးဝစ်မြို့မှာ ခဏဆင်းသက်နေရဖို့အကြောင်းကဖန်လာတဲ့အခါမှာတော့... သူငယ်ချင်းနှယောက် ရိုင်ယန်ကိုရရှိဖို့ ဂိမ်းကိုအောင်နိုင်သူဖြစ်ဖို့ ဘယ်လောက်ထိ ဆွဲဆောင်ပြသပြီး ဖိုက်ကြမလဲဆိုတာ.....။ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်ကြည့်ရှုရမယ့်ဇာတ်ကားပါပဲ။ File size…(1.8 GB )/(960 MB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:28:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Trasnlated by Missy
movie
The Layover (2017)
2017
6.0
The Other Woman (2014)
The Other Woman (2014)IMDb Rating (6.0)ညှို့အားပြင်း မင်းသမီး ကင်မရွန်းဒီယာ့ဇ် (Cameron Diaz) ၊ နှုတ်ခမ်းဖျားကမှဲ့လေးနဲ့ ချစ်စဖွယ် အလှပိုင်ရှင် Vogue Model ကိတ်အပ်(ပ)တန် (Kate Upton) ၊ 17 Again, This is 40 စတဲ့ဇာတ်လမ်းတွေထဲကမင်းသမီး လက်(ဇ)လီမန်း (Leslie Mann) တို့အပြင် bonus အနေနဲ့ ရပ်(ပ်) အဆိုတော် Nicki Minaj စတဲ့ မင်းသမီးအလန်းတွေချည်း တစုတစည်းတည်း သောင်းကျန်းထားတဲ့ အချစ်ဟာသရုပ်ရှင်ကားကြီးပါ။အဲ့လို မင်းသမီးအလန်းတွေကို တပြိုင်တည်းဆော့ကစားမယ့် ဘဲကြီးကတော့ Game Of Thrones ရဲ့ အချစ်သူရဲကောင်းကြီး ဂျိမ်းလန်နစ်စတာအဖြစ် လူသိများသူ မင်းသား Nicolaj Coster-Waldau ပဲ ဖြစ်ပါတယ်... အချစ်သူရဲကောင်းကြီးကိုတော့ ဒီဇာတ်ကားထဲမှာလဲ အချစ်တွေများနေတဲ့ သူရဲကောင်းအဖြစ် မြင်တွေ့ရဦးမှာပါ။ဇာတ်လမ်းကတော့....ထက်မြက်ပြီးချောမောလှပတဲ့ ကာလီတယောက် သူတွဲနေတဲ့ သူ့ ချစ်သူ မက်ခ်ဟာ အိမ်ထောင်ကျပြီးသားဖြစ်ပြီး သူက ...
movie
The Other Woman (2014)
4K HEVC
5.1
The Three Stooges (2012)
The Three Stooges ကိုတော့မသိတဲ့လူမရှိလောက်ပါဘူး။ဒီကားလေးကတော့ တော်တော်လေးကိုရယ်ရပြီး ဘဝအမောတွေကိုခဏလောက်ဖျေဖြောက်ပေးနိုင်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ဇာတ်ညွှန်းမိဘမဲ့ဂေဟာကို ကလေးသုံးယောက်ရောက်လာခဲ့တယ်။သူတို့ ၃ ယောက်ကတော့ မိုး၊ လယ်ရီနဲ့ကာလီ။ငယ်ဘဝကတည်းက ဗရုတ်ကျတဲ့ ၃ ယောက်ဆိုတော့ ဘယ်သူကမှ သူတို့ကို မမွေးစားခဲ့ဘူး။ဒါပေမယ့် မိုး တစ်ယောက်ကတော့ ထူးထူးခြားခြားမွေးစားခံလိုက်ရတယ်။ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ဒီလိုနဲ့သူတို့လည်း အသက်ကြီးလာခဲ့တယ်။သို့ပေသော်ငြား ကလေးတွေနဲ့ပဲနေခဲ့တာဖြစ်တာမလို့ သူတို့ရဲ့စိတ်က ကလေးစိတ်ပဲရှိပါသေးတယ်။ဒီလိုနဲ့ မိဘမဲ့ဂေဟာကို အကြွေးနဲ့ပိတ်သိမ်းရမယ်ဆိုပြီး ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ ငယ်ငယ်ကကြီးပြင်းလာတဲ့ အိမ်ဖြစ်သလို သူငယ်ချင်းတွေရှိနေတဲ့ နေရာလေးကို ကယ်တင်ဖို့မိုး၊ လယ်ရီနဲ့ကာလီတို့ဟာ လိုတဲ့ ငွေ ဒေါ်လာ ၈၃၀,၀၀၀ ကိုရှာဖို့ မြို့တက်လာခဲ့ပါတယ်မလွဲရမနေနိုင် မိုး တို့သုံးယောက် ဘယ်လိုများ လိုတဲ့ပိုက်ဆံကိုရှာမှာလဲ။ ဘာတွေလွဲချော်မလဲ။ဘယ်လိုတွေရယ်ရမလဲ ဆိုတာကို ခံစားကြည့်လိုက်ကြပါ။ File Size : 1.9 GB, 1.2 GB Quality : WEB-DL 1080p / 720p Running Time ...
movie
The Three Stooges (2012)
2012
5.4
Sweet Dreams (2024)
Sweet Dreams (2024) ================ IMDb - 5.4/10လမ်းမှားရောက်နေတဲ့သူအားလုံးဟာ အရင်တစ်ချိန်က ကောင်း ကောင်းမွန်မွန်ဘ၀ကို ပြန်ရဖို့ အိမ်မက်လှလှလေးမက်မိတာ သ ဘာ၀ပါပဲ။ မော်ရစ် တစ်ယောက်ဟာ အရက်စွဲနေတာကြောင့် မူးယစ်ဆေးဖြတ်တဲ့သူတွေစုနေတဲ့ Sweet Dreams ဆိုတဲ့ ဂေ ဟာကိုရောက်လာပါတယ်။ ဂေဟာမှာက မူးယစ်သေစာအမျိုး မျိုးစွဲလမ်းနေတဲ့ လူတန်းစားအမျိုးမျိုးရှိနေပြီး ရောက်ခါစမှာ တော့ မော်ရစ် တစ်ယောက် လိုက်လျောညီထွေစွာနေနိုင်ဖို့ရုန်း ကန်ရပါတယ်။သူတို့တွေဟာ အပျော်တမ်း ဆော့ဖ်ဘောကစားကြလေ့ရှိပြီး တစ်နေ့မှာတော့ ဂေဟာရဲ့ငွေကြေးအခက်အခဲကြောင့် ဒေါ်လာ ရှစ်သောင်းရရှိမယ့် ပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်ကြပါတယ်။ အဲဒီအခါ မှာတော့ မော်ရစ် ဟာ မထင်မှတ်ဘဲ သူတို့ဂေဟာရဲ့ ဆော့ဖ် ဘောအသင်းကို နည်းပြလုပ်လိုက်ရပါတယ်။ အားကစားကြောင့် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ တဖြည်းဖြည်းနဲ့ နားလည်မှု၊ နွေးထွေးမှုတွေရှိလာကြပုံတွေ... မော်ရစ်တစ်ယောက်သူချစ်ရတဲ့ သမီးလေးနဲ့ ပြန်တွေ့ရဖို့နဲ့ သူ့ရဲ့အရင်အောင်မြင်ခဲ့တဲ့ဘ၀ကို ရရှိဖို့ ပြန်လည်ကြိုးစားပုံတွေကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲဖြစ် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(2.16 GB) / (920 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 35Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, ...
movie
Sweet Dreams (2024)
2024
7.0
Tower Heist(2011)
Tower Heist(2011) အညွှန်း ************************ IMDb...7.0 နာမည်ရင်းတွေသာမသိရင်နေမယ် ..ဟာသလေးတွေနဲ့ပရိတ်သတ်ကို ရင်ထဲ တစ်ခုခုချန်ချန်သွားတတ်တဲ့ ဒီသရုပ်ဆောင်ကြီး (၂)ဉီး Eddie Murphy ,Ben Stiller ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်... ဒီကားက ဓားပြတိုက်တဲ့ကားစာရင်းတွေထဲမှာ အကောင်းဆုံးစာရင်းဝင်ခဲ့သလို ဝင်ငွေလည်းစံချိန်တင်ခဲ့ပါတယ်... ဂျော့ရှ် ကိုဗက်ခ်စ် ဆိုတဲ့ လူတစ်ယောက်ဟာ နယူးယောက်မြို့ရဲ့ နာမည်အကြီးဆုံး "The Tower" ဆိုတဲ့ အဆောက်အဦမှာ အလုပ်လုပ်တဲ့ အရည်အချင်းရှိ မန်နေဂျာတစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီ တာဝါ မှာရှိတဲ့ တိုက်ခန်းတွေက New York မှာဈေးအကြီးဆုံးဖြစ်ပြီးတော့ တကယ့်ကျိကျိတက် သူဌေးတွေပဲ နေထိုင်ကြတဲ့နေရာလည်းဖြစ်ပါတယ်။ ဂျော့်ရှ်ဟာ စပ်စပ်တယ်...ထက်မြက်တယ်....သနားကြင်နာတတ်တဲ့စိတ်လည်းရှိတယ်.... ဒါ့ကြောင့် တာဝါမှာရှိတဲ့အလုပ်သမားတွေကလည်း သူ့ကို အားကိုးကြတယ်... တစ်နေ့တော့ ဒီတာဝါမှာ ရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့ အာသာရှောကို ငွေကြေးမသာမှုနဲ့ FBI ကဖမ်းဆီးသွားပါတယ်.... အဲ့ဒီနောက် ဂျော့ရှ်မထင်မှတ်ထားတဲ့ ကိစ္စတွေဆက်တိုက်ဖြစ်လာခဲ့သလို့ သူလုံးဝမမျှော်လင့်ထားတဲ့ဟာတွေလည်းသိလာခဲ့တယ်... အာသာရှောဟာ ပင်စင်လစာတွေပါ အလွဲသုံးစားလုပ်သွားတဲ့အပြင် အောက်ခြေအလုပ်သမားတွေရဲ့ ရင်းနှီးမြှုတ်နှံငွေတွေပါ ဖျောင်သွားတာမျိုးပေါ့... တစ်ချို့အလုပ်သမားတွေဆို ကွကိုယ်သတ်သေတဲ့အထိဖြစ်သွားတယ်... အဲ့ဒီနောက် ဂျော့ရှ်ဟာ အကြီးအကျယ်ပေါက်ကွဲပြီးတော့ အာသာရှော ပိုင်တဲ့ penthouse ကို သူကိုယ်တိုင်ဉီးဆောင်ပြီး ဓားပြတိုက်ဖို့ကြံကြပါတော့တယ် ...
movie
Tower Heist(2011)
7.4
The Disaster Artist (2017)
The Disaster Artist (2017) IMDb - 7.4/10_____Rotten - 91% နိုင်ငံတိုင်းမှာ ရုပ်ရှင်လောကတိုင်းမှာ ပေါကားဆိုတာရှိစမြဲပါ။ပေါတဲ့ခံယူချက်ကတော့ တူကြမှာမဟုတ်ပါဘူး။သရုပ်ဆောင်မကောင်းလို့၊ ဇာတ်အိမ်မကောင်းလို့၊ ကိုယ့်အနုပညာကို ပရိသတ်မြင်လာအောင်မချပြနိုင်လို့ပေါကားဖြစ်သွားကြတာတွေရှိသလို သူများနဲ့မတူအောင် ရိုက်ရာကနေ ပေါသွားတာမျိုး၊ ပိုက်ဆံရရင်ပြီးရော ပရိသတ်ကိုနားလည်ပါးရိုက်လုပ်နေတဲ့ ပေါကားတွေလဲ ဒုနဲ့ဒေးပါပဲ။ဒီ Disaster Artist ဆိုတဲ့ရုပ်ရှင်ကားကတော့၂၀၀၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်၊ အပေါဆုံးရုပ်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်တွေရယူထားနိုင်တဲ့ The Room ဇာတ်ကားရဲ့ပဲ့ကိုင်ရှင် Tommy Wiseau အကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ဘယ်ကလာတယ်၊ အသက်ဘယ်နှနှစ်လဲ၊ ဘယ်မှာမွေးတာလဲ၊ ပိုက်ဆံတွေဘယ်လိုရလာသလဲဆိုတဲ့ နောက်ကြောင်းရာဇဝင် ဘာဆိုဘာမှမသိရတဲ့ Tommy Wiseau နဲ့ သရုပ်ဆောင်ဖြစ်ရရင်၊ အောင်မြင်ရရင် ကျေနပ်ပါပြီဆိုတဲ့ Greg။သူတို့နှစ်ယောက် လော့အိန်ဂျလိစ်ရဲ့လမ်းမထက်မှာ အိပ်မက်ကိုယ်စီမက်ခဲ့ကြတယ်။တစ်ယောက်ကိုတစ်ယောက် အားပေးဖို့၊ ကိုယ့်အိပ်မက်ကို ဘယ်တော့မှလက်မလျှော့ဖို့ ကတိပေးခဲ့ကြတယ်။ဟောလိဝုဒ်မှာ နေရာတစ်နေရာရလာဖို့ အမျိုးစုံကြိုးစားခဲ့ပေမယ့် ဟောလိဝုဒ်က သူတို့ကိုငြင်းပယ်လာတဲ့အခါ.....သူတို့နှစ်ယောက်မှာ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်တစ်ကားဖြစ်လာဖို့ ကမ္ဘာ့အကောင်းဆုံးအကြံတစ်ခုထွက်လာကြပါတယ်။အဲ့ဒါကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ...
movie
The Disaster Artist (2017)
2017