Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kate Moyer
7.2
Out of My Mind (2024)
Drama အမျိုးအစားဖြစ်တဲ့ Out of My Mind ဟာစိတ်ဓာတ်လှုံ့ဆော်မှုပေးနိုင်တဲ့ကလေးကားလို့ပြောလို့ရပါတယ်။ ဦးနှောက်အကြောသေရောဂါကြောင့် စကားမပြောနိုင်ဘဲ ဘီးတပ်ကုလားထိုင်တစ်ခုနဲ့ပဲသွားလာရတဲ့ခြောက်တန်းကျောင်းသူလေးမယ်လိုဒီဟာ ဥာဏ်အရမ်းကောင်းပြီး ထူးချွန်ပေမယ့် သူ့ရဲ့မသန်စွမ်းတဲ့အခြေအနေကြောင့်ခွဲခြားဆက်ဆံခံရတဲ့အပြင် သက်တူရွယ်တူတွေလို တူညီတဲ့အခွင့်အရေးတွေလည်းမရခဲ့ပါဘူး။ တစ်ရက်မှာတော့ပညာရေးလေ့လာမှုအတွက်ကျောင်းကိုရောက်ရှိလာတဲ့ဒေါက်တာတစ်ယောက်ကြောင့် မယ်လိုဒီဟာ မသန်စွမ်းအတန်းမဟုတ်ဘဲ ပုံမှန်ကျောင်းသားတွေတက်တဲ့ခြောက်တန်းအခန်းထဲမှာ စာသင်ခွင့်ရရှိလိုက်ပါတယ်။အတန်းထဲမှာ မယ်လိုဒီဟာ တခြားကျောင်းသားတွေထက်ထူးချွန်ပေမယ့် ခွဲခြားဆက်ဆံမှုတွေကတော့ရှိနေဆဲပါပဲ။ဇာတ်လမ်းရဲ့အဆုံးပိုင်းမှာ တကယ်တော့ အသံမထွက်နိုင်တဲ့မယ်လိုဒီအတွက် ဘယ်လိုစကားပြောရမလဲဆိုတာကအရေးမကြီးဘဲ သူပြောစရာရှိတာကိုပြောနေဖို့ပဲလိုတယ်ဆိုတဲ့အချက်ကို မယ်လိုဒီတစ်ယောက်သဘောပေါက်နားလည်သွားခဲ့ပါတယ်။ အစစအရာရာလိုက်လုပ်ပေးဖို့လိုတဲ့ မယ်လိုဒီလိုကလေးတစ်ယောက်အတွက် မယ်လိုဒီရဲ့မိဘတွေရဲ့အပင်ပန်းခံပံ့ပိုးပေးမှုကလည်း မယ်လိုဒီရဲ့အောင်မြင်မှုနဲ့ထူးချွန်မှုအတွက်အဓိကအခန်းကဏ္ဍကပါဝင်နေတယ်ဆိုတာမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ File size… (1.64GB) / (853MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Out of My Mind (2024)
Children of the Corn (2020)
Children of the Corn (2020)ဒီကားလေးကတော့ ၂၀၂၀ ခုနှစ်တုန်းကထွက်ရှိထားတာဖြစ်ပြီး Horror King လို့တောင်ခေါ်ကြတဲ့ နာမည်ကြီးစာရေးဆရာကြီး Stephen King ရဲ့ ဝတ္တုတိုလေးတစ်ပုဒ်အပေါ် အခြေခံရိုက်ကူးထားတဲ့ Horror ကားလေးတစ်ကားဖြစ်ပါတယ်။ နှစ်၄၀လောက်အကြာမှ မူလပထမရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ပြီးထွက်ရှိလာတာဖြစ်ပါတယ်။ရှပ်ရှင်ထဲမှာတော့ Nebraska ပြည်နယ်၊ Rylstone မြို့လေးက သေခါနီးပြောင်းခင်းတစ်ခုကို လက်လျော့နေကြတဲ့လူကြီးတွေအကြောင်းနဲ့ ပြောင်းခင်းကိုကိုးကွယ်တဲ့ အယူသီးကလေးမလေးတစ်ယောက်ကနေ အပေါင်းအပါတွေနဲ့အုပ်စုလိုက်ဖြစ်လာပြီး ဘယ်လိုယဇ်ပူဇော်မှုတွေကို ရက်ရက်စက်စက်လုပ်ကြမလဲဆိုတာကို စတီဖင်ကင်းဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ကြောက်စရာလန့်စရာအပြည့်၊ ချောက်ချားစရာအပြည့်နဲ့ ကြည့်ရှူရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.8GB, 720MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated ...
movie
Children of the Corn (2020)
2020
6.2
Buffaloed (2019)
2019 ထွက် ဟာသရုပ်ရှင်ကောင်းတစ်ခုလောက် ကြည့်လိုက်ရအောင်။ မင်းသမီးက Peg ဆိုတဲ့ ဉာဏ်အရမ်းကောင်းတဲ့ကောင်မလေးပေါ့။ Wall Street မှာ အလုပ်လုပ်နိုင်ဖို့ ငွေကြေးပိုင်းဆိုင်ရာဘွဲ့တွေလိုချင်လို့ ကောလိပ်ကောင်းကောင်းကိုရအောင်တတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းလခမတတ်နိုင်တော့ ငွေရှာဖို့ မဟုတ်တရုတ်တွေလုပ်ရင်းနဲ့ ထောင် ၄ လ ကျသွားရော။ ထောင်ကလွတ်တဲ့အချိန်မှာ မြေအောက်လောက အကြွေးတောင်းအဖွဲ့တွေနဲ့ တွေ့ပြီး အကြွေးတောင်း လူလည်မကြီးဖြစ်လာရနေ ဖျံအချင်းချင်း လူလည်ကျ ကတုံးပေါ်ထိပ်ကွက်ကြပုံတွေကို ဟာသဆန်ဆန်နဲ့ စိတ်ဝင်စားစရာကြည့်ရမှာပါပဲ။ ဒီခေတ်ကြီးထဲမှာ လုပ်စားဖို့ အကွက်စုံလေးတွေလေ့လာချင်ရင်တော့ ဒီရုပ်ရှင်က ခင်ဗျားတို့အတွက်ပါပဲ။File size…(1.87GB)/(953MB)/(457 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mash Island
movie
Buffaloed (2019)
4.4
Delia’s Gone (2022)
Delia's Gone (2022)ငယ်စဉ်က မြစ်ထဲပြုတ်ကျခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့် ဦးနှောက်ထိခိုက်ခဲ့ရတဲ့လူးဝစ်စ်တစ်ယောက်မှာ ခင်တွယ်စရာဆိုလို့ အစ်မဖြစ်သူဒေလီယာတစ်ယောက်ပဲရှိပါတယ်။ပြောင်းလဲမှုကိုမနှစ်သက်တဲ့လူးဝစ်စ်ကို ဒေလီယာက အလုပ်အတွက် အိမ်ပြောင်းမယ့်အကြောင်းကို ထုတ်ပြောလာချိန်မှာတော့ မောင်နှမနှစ်ယောက် ကတောက်ကဆဖြစ်ပြီး ဒေလီယာတစ်ယောက် လူးဝစ်စ်ကို လှည့်ပတ်ပြောဆိုလို့ အိမ်ကနေခိုးထွက်သွားပါတယ် ။ အဲဒီညက လူးဝစ်စ်လည်း မူးရင်သွေးဆိုးတတ်တာကိုမေ့ပြီး အရက်သောက်မိသွားပါတယ်။ ပြောင်းလဲမှုကို မနှစ်သက်တဲ့ လူးဝစ်စ်အတွက်တော့ အဲဒီညလေးက ကြမ္မာဆိုးငင်တဲ့ညလေးဖြစ်ခဲ့တဲ့အခါ...နောက်တစ်ရက်နိုးလာချိန်မှာ အစ်မဖြစ်သူအလောင်းနဲ့အတူ လက်မှာသွေးတွေပေကျံရင်း နိုးထလာတဲ့လူးဝစ်စ်တစ်ယောက် အစ်မကိုသတ်တဲ့လူအဖြစ် ထောင်ကျသွားတဲ့အချိန်မှာ လူသတ်သမားအဖြစ်ခံယူရင်း ကိုယ့်ကိုယ်ကို ပိတ်လှောင်ပြီး ၇ နှစ်တာကြာမြင့်ခဲ့ပါတယ်။ ဒီအချိန်မှာ မဖိတ်ခေါ်ဘဲရောက်လာတဲ့ စတက်ကာကိုးလ်ဆိုတဲ့ဧည့်သည်နဲ့ သူနဲ့အတူပါလာတဲ့ ဒေလီယာသေဆုံးမှုနဲ့ပတ်သတ်တဲ့သဲလွန်စ ပေါ်ထွက်လာချိန်မှာတော့ ဒေလီယာရဲ့ သေဆုံးမှုနောက်ကွယ်က ခါးသီးတဲ့အမှန်တရားကို လူးဝစ်စ်တစ်ယောက် ဘယ်လိုရှာဖွေမလဲဆိုတာ ဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါစို့လား။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Chirst ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Mystery Quality…. 1080p | 720p | 480p File size…1.16GB | 633MB | 284MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle ...
movie
Delia’s Gone (2022)
2022
5.2
Our House (2018)
အီသန် ဟာ စာကျိုးစားတဲ့ ကျောင်းသား တစ်ယောက်ဖြစ်ပြီး ကျောင်း ပရောဂျက် တစ်ခု အတွက် သူငယ်ချင်းများနဲ့ စက်တစ်ခုကို တီထွင်နေခဲ့ပါတယ်... သူတို့ တီထွင်နေခဲ့တာက စက်ပစ္စည်းတွေကို ကြိုးတွေမလိုပဲ လေလှိုင်းထဲကနေ ချိတ်ဆက်တဲ့ နည်းပါ... ဒီလို လေ့ကျင့်ခန်း တွေ ပရောဂျက်တွေ ကြောင့် အချိန်မရှိ လုံးပမ်းနေရပြီး မိသားစု နဲ့ ရော မောင်နှမတွေနဲ့ပါ တစ်ဖြေးဖြေး အဆက်ပြတ်လာခဲ့ပါတယ်... တစ်နေ့သော အခါမှာတော့ ကျောင်းပရောဂျက် အတွက် စက်ကို တီထွင်နေကြရင်း ထိုညက အီသန် အိမ်မပြန်ဖြစ်ပါဘူး သူအိမ်မပြန်တဲ့ အတွက် သူ သွားကြိုရမယ့် အဒေါ်ဖြစ်သူကို မိဘ ၂ ပါး သွားကြိုကြရင်း လမ်းမှာ အက်ဆီးဒင့် တစ်ခုကြောင့် ပွဲချင်းပြီး ဆုံးပါးသွားပါတော့တယ်... ဒီလိုနဲ့ ကျောင်းကိစ္စ နဲ့ သူ့အိပ်မက်တွေကို လက်လျှော့လိုက်ပြီး အီသန် တစ်ယောက် ရရာ အလုပ်လုပ်ရင်း ညီလေး ညီမလေးတွေကို စောင့်ရှောက်နေရပါတော့တယ်... ဒါပေမဲ့ အီသန် မသိလိုက်တာကတော့ သူတို့ အိမ်ထဲကို အမျိုးအမည် ဖော်ပြမရတဲ့ တစ်ခုခု ၀င်ရောက်နေခဲ့တယ်ဆိုတာပါပဲ... ဒီရုပ်ရှင်ကားကို ဝေဇင် က ဘာသာပြန်ပေးထားပါတယ်
movie
Our House (2018)
2018