Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kate Burton
5.7
The Surrender (2025)
The Surrender (2025)IMDb Rating (5.7) / Rotten Tomatoes (80%) ကိုယ့်မိဘ၊ ကိုယ့်မိသားစု၊ ကိုယ်ချစ်ရတဲ့သူ သေသွားလို့ အစီအရင်တွေနဲ့ အသက်ပြန်သွင်းလို့ရမယ်ဆို သွင်းမှာလား။ဒီဇာတ်ကားလေးမှာတော့ The Boys စီးရီးက ကျားကြီးကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဖြစ်သွားတဲ့ အက်ရှလေနေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီး ကိုဘီ မနီဖီက လက်စွမ်းပြထားပါတယ်။ဇာတ်လမ်းအကျဉ်းမီဂန်ဟာ နယူးရော့ခ်မှာ ကျောင်းတက်နေရင်းက ကင်ဆာဖြစ်နေတဲ့ အဖေဖြစ်သူ ရောဘတ်က အခြေအနေမဟန်တော့တာကြောင့် ဇာတိမြို့ကလေးကို ပြန်လာခဲ့ပါတော့တယ်။သူမရဲ့အမေဖြစ်သူ ဘာဘရာလည်း လင်ဖြစ်သူကို ပြုစုရလွန်းလို့ စိတ်ထောင်းကိုယ်ကြေဖြစ်လို့နေရှာပါတယ်။တစ်ညမှာတော့ သူတို့နှစ်ယောက်သား ဆေးတိုက်ရမဲ့အချိန် အမှတ်မှားပြီး နှစ်ခါတိုက်မိသလို ဖြစ်သွားခဲ့ပါတယ်။ဘာမှမဖြစ်လောက်ဘူးထင်ပြီး နှစ်ယောက်သား အိပ်လိုက်ရာက မနက်နိုးလာချိန်မှာ ရောဘတ်က အသက်မရှိတော့ပဲ အေးစက်မာတောင့်နေပါပြီ။လောကီရေးရာတွေ လေ့လာလိုက်စားတဲ့ ဘာဘရာဟာ ရောဘတ်သေတာကို ဖြည်မဆည်နိုင်ပဲ သူမရဲ့ ဝါသနာတူမိတ်ဆွေ ဒက်ဘရာညွှန်းပေးတဲ့အမည်မသိလူတစ်ယောက်ကို ဆက်သွယ်ပြီး သူမဟာ ...
movie
The Surrender (2025)
2025
6.6
Barefoot (2014)
Barefoot (2014)IMDb Rating (6.5)ဒီဇာတ်ကားလေးကတော့ Comedy နဲ့ Dramaကိုရောစပ်တဲ့နေရာမှာလူသိများတဲ့ ဒါရိုက်တာ Andrew Fleming ရိုက်ကူးထားတာဖြစ်ပြီး Evan Rachel Wood နဲ့ Scott Speedman တို့က အတွဲညီညီ သဘာဝကျကျသရုပ်ဆောင်ထားကြပါတယ် Romance နဲ့ comedy ကိုအချိုးကျကျလေး ချစ်စရာကောင်းအောင် ပေါင်းစပ်ထားတဲ့ ခေတ်သစ်နတ်သမီးပုံပြင်လေးတစ်ခုလို့ပြောရင်လည်း ပုံကြီးချဲ့ရာမကျဘူးလို့ ရဲရဲကြီး အာမခံပါတယ်ဇာတ်လမ်းကတော့ လူကုံထံမိသားစုကလာတဲ့ ခပ်ဆိုးဆိုးဂျေးနဲ့တစ်သက်လုံးနီးပါးအိမ်ထဲမှာအပိတ်ခံထားရပြီး လောကကြီးအကြောင်းဘာမှနားမလည်တဲ့ ချစ်စရာဒေစီလေးရဲ့ စင်ဒရဲလားဆန်ဆန် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် Japanese anime waifu တွေ Korea မင်းသမီးလှလှလေးတွေထက်ပိုပြီး ချစ်စရာမကောင်းရင်တောင် သူတို့ထက်လျော့စရာအကြောင်းမရှိဘူးလို့ပြောရလောက်အောင် မင်းသမီးလေးရဲ့ cuteness overload ဖြစ်နေမှုက အမေရိကန်ဇာတ်ကားတစ်ကားအနေနဲ့ တကယ်အံ့အားသင့်စရာကောင်းလောက်အောင်ပါပဲကြည့်ရတာ ပေါ့ပေါ့ပါးပါးလေးဆိုပေမယ့် တကယ့်ကို Emotional ဖြစ်စရာ Dialogue တွေကြောင့် ရည်းစားဟောင်းကို ပြန်လွမ်းမိတဲ့အထိ ဟက်ထိသွားနိုင်ပြီး ရည်းစားမရှိတဲ့လူတွေလည်း နွားပွဲစားရှေ့ရောက်သလို တစ်ချိန်လုံးသွားကြီးဖြီးပြီးကြည့်ရင်ကြည့် မဟုတ်ရင် စောင်ကိုက်ပြီးကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ခုဆိုတာအာမခံပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nice Guy မှ တင်ဆက်ထားပါတယ်။) File size…(3.1 GB ...
movie
Barefoot (2014)
2014
Martyrs (2015)
ီုဇာတ်လမ်းဟာ ဒါရိုက်တာ Pascal Laugier ရဲ့ ၂၀၀၈ ခုနှစ်ထွက်ရုပ်ရှင်ကို အမည်မပြောင်းလဲဘဲRemake ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်.။လူစီဟာ ကလေးဘဝအရွယ်မှာ သူ့ကို ညှင်းပန်းနှိပ်စက်နေတဲ့ လူတစ်စုရဲ့လက်ထဲကနေလွတ်မြောက်လာခဲ့သူဖြစ်ပါတယ်.။သူ့ကို နှိပ်စက်ရာ အကျဉ်းခန်းကို ရဲတွေကို ညွှန်ပြနိုင်ခဲ့ပေ့မယ်ထူးဆန်းစွာပဲ ခြေရာလက်ရာတစ်ခုမှမကျန်တဲ့ အဆောက်အဦးတစ်ခုသာ ဖြစ်နေခဲ့ပါတယ်။နောက်တော့ လူစီဟာ စိန့်မေရီမိဘမဲ့ကလေးကျောင်းမှာ ကြီးပြင်းခဲ့ရပြီး သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းအန်နာကိုလည်း အဲဒီမှာပဲ တွေ့ဆုံခဲ့ပါတယ်.။ငယ်ရွယ်တဲ့အရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကြောင့် မကောင်းဆိုးဝါးတွေကို အမြဲတမ်းမြင်ယောင်နေပြီးစိတ်ကူးနဲ့လက်တွေ့ကို မခွဲခြားနိုင်တဲ့ စိတ်ရောဂါကို နှစ်ရှည်လများ ခံစားခဲ့ရပါတယ်။အန်နာတစ်ယောက်သာ သူ့အတွက် ဘဝသဲကန္တာရထဲက အိုအေစစ်လေးတစ်ခုဖြစ်ခဲ့ပါတယ်။၁၀ နှစ်အကြာ လူစီအရွယ်ရောက်လာတော့ သူ့ကိုဖမ်းဆီးသွားသူ မိသားစုကို ရှာတွေ့ခဲ့ပါတယ်။နှစ်များစွာကြာမြင့်ခဲ့ပေမယ့် သူ့ကို ညှင်းပန်းနှိပ်စက်ခဲ့သူရဲ့ မျက်လုံးတွေကို မှတ်မိနေခဲ့ပါတယ်။တစ်မိသားစုလုံးကို ကျူပင်ခုတ်ကျူငုတ်မကျန် သတ်ဖြတ်ခဲ့ပြီးနောက် သူ့သူငယ်ချင်း အန်နာကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ပါတယ်။အန်နာရောက်လာတဲ့အချိန်မှာ မသေချာမရေရာတဲ့ထင်ကြေးတစ်ခုတည်းနဲ့ မိသားတစ်စုလုံးကို သတ်ဖြတ်ခဲ့တဲ့ လူစီကိုခွင့်မလွှတ်နိုင်ခဲ့ဘဲ သူ့အပေါ် ဆက်မကူညီနိုင်တော့ကြောင်းပြောကာ ထွက်သွားဖို့ ...
movie
Martyrs (2015)
7.2
Big Trouble in Little China (1986)
မင်းသားကြီး Kurt Russell ရဲ့ 1986 ခုနှစ်ထွက် သဘာဝလွန် ဟာသအက်ရှင်ရုပ်ရှင်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျက်ခ်ဘာတန် (Kurt Russell) ဟာ ထရပ်ကားဒရိုင်ဘာတစ်ယောက်ဖြစ်ပြီးအချိန်ပြည့်လမ်းပေါ်မှာအချိန်ကုန်နေတဲ့လူစားမျိုးပါ။တစ်ညမှာတော့ ဆန်ဖရန်စစ္စကိုက ဝာရုတ်တန်းမှာ သူ့မိတ်ဆွေဝမ်ချီဆီရောက်ဖြစ်ရင်းနဲ့လေဆိပ်မှာ ဝမ်ချီရဲ့ ဇနီးလောင်းကိုသွားကြိုဖို့ လမ်းကြုံလိုက်ပို့ပေးခဲ့ပါတယ်။ဒါပေမဲ့အဆင်ပြေမသွားဘဲ ဝမ်ရဲ့ ဇနီးလောင်းကို သေခြင်းသခင်ဆိုတဲ့ ဝာရုတ်လူမိုက်ဂိုဏ်းက ဝင်ဖမ်းသွားတဲ့အတွက်မိတ်ဆွေအတွက်ဆို ဘာမဆိုစွန့်စားရဲတဲ့ ဂျက်ခ်တစ်ယောက် လိုက်ကူညီပေးရင်းသေခြင်းသခင်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ လိုပန်ဆိုတဲ့ အောက်လမ်းနတ်ဆရာ ရဲ့ အောက်လမ်းမှော်အတတ်တွေနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ဝမ်ကိုလိုက်ကူညီရင်း ဂျက်ခ်ရဲ့ ထရပ်ကားပါအခိုးခံလိုက်ရတာဖြစ်လို့ ဝမ်ရဲ့ဇနီးလောင်းနဲ့ သူ့ရဲ့ထရပ်ကားကို ပြန်ရနိုင်မလားဂျက်ခ်နဲ့ ဝမ်တို့ ဘာတွေကို ရင်ဆိုင်ဖြတ်ကျော်ကြရမလည်းဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size : 1.8 GB, 883 MB Quality : WEB-DL 1080p / 720p Running Time : 1hr 39min Format : Mp4 Genre : Action, ...
movie
Big Trouble in Little China (1986)
7.5
127 Hours (2010)
127 Hours (2010)IMDb Rating (7.5) / Rotten Tomatoes (93%) 127 hours တောင်တက်သမားတစ်ယောက်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတဲ့ 127 hours ဟာ Rating 7.5 ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။အေရွန်ရော်စတန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ James Franco ဟာ ဒီ 127 hours ဇာတ်ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ပိတ်ရက်မှာ အေရွန်တစ်ယောက် ဘယ်သူ့ကိုမှ မပြောဘဲ ကန်နွန်လမ်းကို ထွက်ခွာလာခဲ့ပါတယ်။လမ်းခရီးမှာ လမ်းပျောက်နေတဲ့ကောင်မလေးနှစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး သူတို့ကို လမ်းပြပေးခဲ့ပါသေးတယ်။ခွဲခွာပြီးနောက် မကြာခင်မှာပဲ အေရွန်တစ်ယောက် ချောက်တစ်ခုထဲကို ပြုတ်ကျသွားခဲ့ပြီး သူ့လက်က ကျောက်တုံးကြားမှာ ညှပ်နေခဲ့ပါတယ်။အေရွန်တစ်ယောက် သူ့မှာပါလာတဲ့ပစ္စည်းလေးတွေနဲ့ ဒီချောက်ထဲကနေ အပေါ်ကို ပြန်ရောက်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရသလဲ?ငါးရက်ကြာအောင် ...
movie
127 Hours (2010)
2010
Swimfan (2002)
အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်တဲ့ ဘန်ဟာ အတိတ်ဆိုးတွေရှိခဲ့ပေမယ့် ပင်ကိုစိတ်ရင်းကောင်းပါတယ်။ ကျောင်းရေကူးအသင်းမှာလဲ စံချိန်ကောင်းတွေရထားပြီး တက္ကသိုလ်ပညာတော်သင်ဆုရဖို့နီးစပ်နေပါပြီ။ အချိန်ပိုင်းအလုပ်အနေနဲ့လဲ သူနာပြုလုပ်နေပါတယ်။သူ့ကိုသိပ်ချစ်တဲ့ချစ်သူလေး အေမီဆိုတာလဲရှိပါသေးတယ်။ အရာရာပြီးပြည့်စုံနေပြီး တက်လမ်းတွေပါဖြောင့်ဖြူးနေတဲ့ သူ့ရဲ့ဘဝဟာ မက်ဒီဆင်ဆိုတဲ့ နောက်ကြောင်းမရှင်းတဲ့မိန်းကလေးတစ်ယောက်နဲ့ တစ်ညတာပတ်သတ်မိရာကနေ ထက်အောက်ပြောင်းပြန်လှန်ပြီး ဗြောင်းဆန်သွားရပါတော့တယ်။ ရက်ပိုင်းလေးအတွင်းမှာတင် ဘဝတစ်ခုကို မိန်းကလေးတစ်ယောက် ဘယ်လို ခြေမွှဖျက်ဆီးပစ်လိုက်မလဲဆိုတာကိုတော့ ဆက်လက်ရှုစားပေးပါ။ Jesse Bradford နဲ့ Erika Christensen တို့က ဉီးဆောင်ပါဝင်ထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူ T-Lone ပါ)File size…(1.3 GB)/(684 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Lone
movie
Swimfan (2002)
Our Son (2023)
Our Son (2023)~ Rotten Tomatoes - 58%, Meta - 86% ~ရိုးရိုးလေးနဲ့ လက်တွေ့လောကမှာဖြစ်တတ်တဲ့ အချစ်ရေးမိသားစုအရေးတွေကို LGBTQ+ စုံတွဲနဲ့ပုံဖော်ထားတဲ့ Drama အမျိုးအစားဖြစ်ပါတယ်။နယူးယောက်မှာ လိင်တူစုံတွဲတွေ လက်ထပ်ခွင့်ရကတည်းက ၁၃နှစ်ကြာလက်ထပ်ပေါင်းသင်းလာကြတဲ့ နစ်ကီနဲ့ဂေဘရီရယ်တို့ ဂေးစုံတွဲ... သူတို့မှာ နစ်ကီရဲ့မျိုးစေ့နဲ့ အငှားကိုယ်၀န်ဆောင်ပြီးယူထားတဲ့ အို၀မ်ဆိုတဲ့ ၈နှစ်အရွယ်သားလေးရှိတယ်။နစ်ကီက စာအုပ်ထုတ်ဝေသူဖြစ်ပြီး ဂေဘရီရယ်ကတော့ နစ်ကီကိုမွေးပြီးကတည်းက ကလေးစောင့်ရှောက်ဖို့ဆိုပြီး အရင်သရုပ်ဆောင်အလုပ်ကနေနားလိုက်တာ အခုထိပါပဲ။ နှစ်တွေအကြာကြီးပေါင်းလာပြီး တဖြည်းဖြည်းနဲ့ သံယောဇဉ်ကုန်လာတယ်ပြောရမလား... ဂေဘရီရယ်က နစ်ကီက သူတို့သားကို ဂရုမစိုက်ဘူး အလေးမထားဘူးလို့ တစ်စတစ်စမြင်လာပါတယ်။ နစ်ကီမသိအောင် တခြားတစ်ယောက်ပါတွေ့နေပြီး နောက်ဆုံးမှာ ကွာရှင်းဖို့ ထုတ်ပြောလာပါတယ်။နစ်ကီကလည်း အို၀မ်ကို မပေးနိုင်... ဂေဘရီရယ်ကလည်း အို၀မ်အတွက် သူကပိုသင့်တော်တယ်ဆိုပြီး နှစ်ယောက်သား ကလေးအုပ်ထိန်းခွင့်လုကြရင်း တရားရုံးထိပါရောက်သွားတဲ့အခါ...၁၃နှစ်ကြာခဲ့တဲ့ သူတို့ရဲ့ဆက်ဆံရေးက နောက်ဆုံးမှာ တခြားသူတွေလိုပဲ ကွာရှင်းခြင်းနဲ့ အဆုံးသတ်မလား... အို၀မ်အတွက် ...
movie
Our Son (2023)
2023
6.9
Dumb Money (2023)
Dumb Money (2023) =============== IMDb Rating - 6.9/10Covid-19 ကပ်ရောဂါ ကာလအတွင်းကနေစပြီး ခေတ်စားလာတဲ့ အလုပ် ကတော့ စတော့ခ်ရှယ်ယာတွေ ကစားကြတဲ့ အလုပ်လို့ ဆိုရမယ်။ အိမ်မှာ တင်နေရင်း စီးပွားဖြစ်လုပ်ကြရင်းကနေ အမြတ်တွေရပြီး ဘောစိဖြစ်သွား ကြသလို၊ ရှိတာလေးတွေပါ ပါသွားကြရတာလည်း မနည်းမနောဆိုပါတော့။ဒီဇာတ်ကားကတော့ စတော့ခ်ရှယ်ယာကစားကြတဲ့ အသေးစားလုပ်ငန်းရှင် လေးတွေနဲ့ ကုမ္ပဏီကို လက်ဝါးကြီးအုပ် ခြယ်လှယ်နေကြတဲ့ ဘီလျံနာတွေ ကြားက ဖြစ်ရပ်မှန်တွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းကောင်းတစ် ပုဒ်ပါပဲ။ကိတ်သ်ဂေးလ်က ဂိမ်းစတော့ဆိုတဲ့ ကမ္ဘာ့နာမည်အကြီးဆုံး ဂိမ်းကုမ္ပဏီတစ် ခုမှာ ရှယ်ယာဝင်ထားတဲ့ သာမညလေးတစ်ယောက်ပါ။ ရှိစုမဲ့စုလေးတွေနဲ့ All in လုပ်ထားရတယ် ဆိုပါတော့ဗျာ။ သူက သူရှယ်ယာ ဘယ်လောက်ဝယ် တယ် ဘယ်လောက်ရှုံးတယ် ဘယ်လောက်မြတ်တယ် ဆိုတာတွေကို Live လွှင့်ရင်းလည်း ပြောနေတတ်တဲ့သူပါ။ သူ့ရဲ့ ဖန်တွေကလည်း သူလုပ်တာတွေ ကြည့်ပြီး ဂိမ်းစတော့မှာ လိုက်ရင်းနှီးမြှုပ်နှံလာကြတာပေါ့။ ဒီလိုနဲ့ သူတို့ရဲ့ စတော့ခ်ရှယ်ယာဈေးကွက်ကြီး မျက်စိတစ်မှိတ်အတွင်းမှာတင် ထိပ်ဆုံးကို ရောက်သွားခဲ့ပါတယ်။ဒါဟာ ရှယ်ယာဈေးကွက်အတွက်တော့ ပထမဆုံး ကြုံတွေ့ရတဲ့ အံ့ဖွယ်ဖြစ်ရပ် တစ်ခုပါ။ ...
movie
Dumb Money (2023)
2023
6.7
Stay(2005)
Stay (2005)==========Ryan Gosling Ewan McGregor တို့လိုဝါရင့်သရုပ်ဆောင်ကြီးများပါ၀င်ထားတဲ့ThrillerMystery ကားလေးတကားနဲ့မိတ်ဆက်ပေးပါရစေဆမ် ဖော်စတာဟာစိတ်ရောဂါကုဆရာ၀န်တယောက်ပါ။တနေ့မှာ ဟင်နရီဆိုတဲ့ စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့အနုပညာကျောင်းသားလေးတယောက်ကသူ့ဆီကိုရောက်လာခဲ့တယ်။ထူးဆန်းတာကဟင်နရီရဲ့အဖြစ်အပျက်တွေ အခြေအနေတွေကတခုမဟုတ်တခုထူးဆန်းနေတယ်။ အနာဂတ်ကိုကြိုပြောနိုင်တာမျိုးတွေလည်းရှိသလို ဆမ်နဲ့တခြားလူတွေရဲ့တချို့အကြောင်းကိစ္စတွေကိုမပြောပဲသိနေတာတွေကအစရှိနေတယ်။ဟင်နရီကသူ့ကိုယ်သူ၃ရက်အတွင်းအဆုံးစီရင်တော့မယ်လို့ပြောပြီးနောက်မှာတော့ဆမ်တယောက်ဟင်နရီ့ကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ဟင်နရီရဲ့အတွေးကမ္ဘာ အတုအယောင်ဆိုတာကနေကယ်ဖို့ကြိုးစားရင်း ဆမ်ကရောကိုယ့်ရဲ့ဖြစ်တည်မှုကိုအစစ်အမှန်လားမေးခွန်းထုတ်ရတဲ့အထိဖြစ်လာတဲ့အခါမှာတော့ဘာကအမှန်လဲဘာကအမှားလဲဘာကတကယ့်အစစ်အမှန်ဖြစ်ပေမယ့်ဘာကကိုယ့်စိတ်ကကိုယ့်ကိုလှည့်စားနေတာဖြစ်နေတာလဲ?ဟင်နရီ့ကိုရောကယ်တင်နိုင်ပါ့မလားဆိုတာကိုstay ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးပါဦး။ File size…1.26GB / 562MB Quality…Blu-Ray 1080p5.1CH / 720p Format…mp4 Duration….1h 39m Genre .....Drama , Thriller , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
Stay(2005)
6.7
Liberal Arts (2012)
Liberal Arts (2012)~ IMDb - 6.7/10, Rotten Tomatoes - 71% ~Cast တွေကို ကြည့်လိုက်ရုံနဲ့တင် ပေါ့ပေါ့တန်တန်ကား မဟုတ်တာ သဘောပေါက်ကြမယ့် ၂၀၁၂ ထွက် Drama Comedy ဇာတ်ကားလေးတစ်ကားပါ။ ပုရိသတို့အသည်းစွဲ မမ Elizabeth Olsen ရယ်၊ HIMYM က ကိုယ်တွေရဲ့ ဘော်ဒါကြီးတက်ဒ် ဖြစ်တဲ့ Josh Radnor တို့ရယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့။ဒီဇာတ်ကားလေးမှာတော့ တက်ဒ်ဟာ ကျောင်း၀င်ခွင့်အရာရှိတစ်ယောက်ဖြစ်တဲ့ ဂျက်ဆီနေရာကနေ သရုပ်ဆောင်ထားပါတယ်။ HIMYM မှာကတည်းက အသည်းကွဲဘော်ဒါကြီး တက်ဒ်ဟာတော့ ဒီထဲမှာလည်း အိမ်ထောင်ကွဲခါစ အသည်းကွဲသမားကြီး ဖြစ်နေပြန်ပါတယ်။ ဂျက်ဆီရဲ့ ကျောင်းသားဘ၀က ဆရာဖြစ်သူ ပီတာရဲ့ အငြိမ်းစားယူပွဲလေးကြောင့် ကောလိပ်တက်ခဲ့ရာဒေသကို ခဏပြန်လာခဲ့ရင်း ကျောင်းသူတစ်ဦးဖြစ်တဲ့ ဇစ်ဘီနဲ့ ဆုံမိကြတယ်။ အိမ်ထောင်ကွဲခါစ ဂျက်ဆီနဲ့ ကောလိပ်က ...
movie
Liberal Arts (2012)
2012
6.3
Breaking (2022)
ဒီတစ်ခါ ပရိသတ်ကြီးကို တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားလေး တစ်ကားနဲ့ တင်ဆက်ပေးပါ့မယ် အစိုးရဌာနတွေဆိုတာ ဘယ်နိုင်ငံမှာဖြစ်ဖြစ် အကျင့်ပျက်ခြစားပြီး သူများရပိုင်ခွင့်ကို ရရင်ရသလို ညှစ်ထုတ်တတ်တဲ့သူတွေဆိုတာ ဒီကားကသက်သေပြနေတာပါ နိုင်ငံအတွက်အသက်နဲ့ရင်းပြီး တိုင်းတပါးမှာ စစ်ပွဲဆင်နွှဲရလို့ မသန်စွမ်းဖြစ်တဲ့သူအတွက် တိုင်းပြည်ကပေးထားတဲ့ လစာကို ဖြတ်စားလာဘ်စားလုပ်တာကတော့ တကယ့်ကို ရွံ့ရှာစက်ဆုပ်စရာပါပဲ ခေါင်းပုံဖြတ်ခံထားရတဲ့ ပိုက်ဆံလေးရခဲ့ရင် သမီးလေးကို ခွေးလေတစ်ကောင်ဝယ်ပေးချင်တဲ့ အလုပ်မလုပ်နိုင်တော့တဲ့ ဖခင်တစ်ယောက်ရဲ့ ဝမ်းနည်းစရာဇာတ်ကြောင်းကိုလည်းသေချာလေးခံစားရမှာပါ ဇာတ်လမ်းအကျဉ်း ဘရိုင်ရန်ဆိုတဲ့ မသန်စွမ်းစစ်ပြန်ကြီးဟာ အလုပ်မလုပ်နိုင်တော့လို့ မသန်စွမ်းလစာလေးကို မှီခိုပြီး စားသောက်နေရတဲ့သူပါ မိန်းမနဲ့ကလည်းကွဲ အလုပ်ကလည်းမလုပ်နိုင် စိတ်အခြေအနေကလည်းပုံမှန်မဟုတ်တဲ့သူတစ်ယောက်အတွက် သူမှီခိုနေရတဲ့ လစာကိုမှ စစ်မှုထမ်းဟောင်းရေးရာနဲ့ နည်းပညာ ကောလိပ် တစ်ခုတို့ ပေါင်းရိုက်ပြီး ဖြတ်စားနေတာကို သိသွားတဲ့အချိန်မှာတော့ အဲဒီပိုက်ဆံပြန်ရဖို့နဲ့ စစ်မှုထမ်းဟောင်းရေးရာရဲ့ အကျင့်ပျက်ခြစားတာကိုလူတိုင်းသိသွားအောင်လို့ ဘဏ်တစ်ခုကို အနုကြမ်းစီးပြီး သူတောင်းဆိုတဲ့အရာလုပ်ပေးဖို့ မလုပ်ပေးရင် ဗုံးဖောက်ခွဲပစ်မယ်ဆိုပြီးခြိမ်းခြောက်ခဲ့တာပါ အဲဒီလိုအနုကြမ်းစီးပြီးနောက်မှာပဲ ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ သူက အနုကြမ်းစီးပြီး ဘာကိုတောင်းဆိုချင်မှာလဲ ဓားစာခံတွေကိုရောဘယ်လိုဆက်ဆံမှာလဲ ...
movie
Breaking (2022)
6.5
Max Payne(2008)
Max Payne(2008) အညွှန်း*********************Video Game အပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီး Mark Wahlberg နဲ့မင်းသမီးချော Mila Kunis ပါဝင်သရုပ်ဆောင်ထားကြပါတယ်....မက်စ်ပိန်းဟာ နယူးယောက်က စုံထောက်ကျော် တစ်ယောက်ပေါ့…တစ်ရက်မှာ သူချစ်ရတဲ့ဇနီးသည် မီရှဲလ်နဲ့ လူမမယ်မွေးကင်းစကလေးလေးကိုဓားပြလာတိုက်တဲ့လူတစ်စုက ရက်ရက်စက်စက်သတ်သွားခဲ့ပါတယ်…တရားခံတွေလွတ်မြောက်သွားခဲ့ပြီး ဘယ်လိုစုံစမ်းစုံစမ်း အမှုမှန်မပေါ်ပေါက်တာကြောင့်မက်စ်လည်း အတော်လေးစိတ်ဆင်းရဲရတဲ့ကြားထဲအမှုစာရင်းသွင်းတဲ့ စာရေးသာသာ ရာထူးကိုပါ ချခံလိုက်ရပါတော့တယ်…ဒါပေမဲ့လည်း အားမလျှော့တဲ့ မက်စ်က ဆက်လက်စုံစမ်းရာက သူမထင်ထားတဲ့ ထူးထူးဆန်းဆန်းအရာတွေနဲ့ ကြုံဆုံလာရတဲ့အခါသူ့ဇနီးနဲ့ကလေးကို သတ်သွားခဲ့တဲ့တရားခံကို သူကိုယ်တိုင် တရားစီရင်နိုင်ပါ့မလား ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ..... File Size : (2.05GB)(889MB) and (263MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:40:00 Genre : Adventure, Crime, Action Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
Max Payne(2008)
6.5
Where’d You Go, Bernadette (2019)
ဒီကားလေးကတော့လူတွေနဲ့ပေါင်းသင်းဆက်ဆံဖို့ကိုတွန့်ဆုတ်တဲ့အောင်မြင်ကျော်ကြားတဲ့ဗိသုကာပညာရှင်တစ်ယောက်ရဲ့ဘဝအခက်အခဲတွေပြဿနာတွေရင်ဆိုင်တာတွေကိုသေချာရိုက်ကူးထားတဲ့မိသားစုဒရမ်မာဇာတ်ကားကောင်းလေးပါဘါနန်ဒတ်ဆိုတဲ့မိန်းမတစ်ယောက်ကတစ်ချိန်ကအရမ်းကိုအောင်မြင်ကျော်ကြားတဲ့ဗိသုကာပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင်ပြီးပြည့်စုံတဲ့ခင်ပွန်းရယ်မကြာခင်နိုင်ငံခြားမှာကျောင်းသွားတက်တော့မယ့်သမီးလေးရယ်နဲ့ပျော်ရွှင်နေခဲ့ပေမယ့်အကြောင်းတစ်ခုကြောင့်လူကြားထဲကနေပျောက်ကွယ်ပြီးစီရက်တယ်မှာပဲတိတ်တဆိတ်မိသားစုနဲ့အတူနေထိုင်နေခဲ့ပါတယ်အဲဒီအကြောင်းပြချက်ကြောင့်ပဲသူကလူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာပြဿနာရှိနေခဲ့ပြီး အချိန်ကြာလာတော့ယောကျာ်းကပါသူ့ကိုစိတ့ရောဂါဖြစ်နေတယ်ဆိုပြီး စိတ်ရောဂါကုတဲ့နေရာကိုပို့ပါတော့တယ်အဲဒီမှာပဲဘာနန်ဒတ်တစ်ယောက်ထွက်ပြေးလာပြီးအန္တာတိကကိုရောက်သွားတဲ့အခါမှာသူ့သမီးလေးကသူ့အမေပျောက်သွားလို့လိုက်ရှာဖို့ကြိုးစားတဲ့အခါဘါနန်ဒတ်တစ်ယောက်အထင်အမြင်လွဲနေတာတွေကိုဘယ်လိုဖြေရှင်းမလဲသူ့သမီးလေးနဲ့ရောပြန်ဆုံနိင်မလားသူ့ယောကျာ်းနဲ့ရောပြန်လည်အဆင်ပြေမလားသူကိုယ်တိုင်ရောဘယ်လိုပြန်လည်ရုန်းထမလဲဆိုတာတွေကိုကြည့်ရှုရမယ့်ဇာတ်ကားကောင်းပါဘဝကိုအရှူံးမပေးတဲ့မိန်းမတစ်ယောက်ရဲ့အကြောင်းကိုမပျင်းရအောင်သေချာရိုက်ပြထားတဲ့အပြင်အန္တာတိကရဲ့အလှတရားတွေ ပင်ဂွင်းလေးတွေကိုပါကြည့်ရမှာပါ File Size : ( 977 MB , 328 MB )Quality : WEB-DL 720pRunning Time : 1 hr 49 minFormat : Mp4Genre : Comedy , Drama , MysterySubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie
Where’d You Go, Bernadette (2019)
2019
6.6
Sherrybaby (2006)
ရှယ်ရီဆွမ်စန်က မှုးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ကျနေတာ သုံးနှစ်ရှိပါပြီ။ ဒါပေမဲ့ သူ့ရဲ့ရှစ်နှစ်သမီးလေး အလက်ဇစ်နဲ့ တစ်အိမ်တည်းနေခွင့်ရဖို့အတွက် မူးယစ်ဆေးဖြတ်ပြီး လူကောင်းတစ်ယောက်အဖြစ်နေထိုင်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ စည်းကမ်းကျပ်တဲ့ထောင်အုပ်ဆီက အာမခံရဖို့မလွယ်ကူပေမယ့် အလက်ဇစ်က သူ့အစ်ကိုဘော်ဘီနဲ့ ဇနီးဖြစ်သူ လင်းနက်တို့အပေါ်အချစ်ကြီးစွဲလမ်းနေတာကိုမြင်ရခြင်းက သူမအတွက် ပိုပြီးခံစားရခက်စေပါတယ်။ မိဘနဲ့သားသမီးတို့ကြားက ချစ်ခြင်းမေတ္တာကို အပြည့်အဝခံစားရမှာဖြစ်ပြီး ဘယ်လောက်ဆိုးတဲ့ မိဘဖြစ်နေပါစေ သားသမီးအပေါ်ချစ်တဲ့စိတ်က တစ်ထောင့်တစ်နေရာမှာကျန်ရှိနေတတ်ကြောင်းနဲ့ အတိတ်ကဆိုးသွမ်းခဲ့သမျှကို မေ့ပစ်ပြီး သမီးဖြစ်သူနဲ့ ဘဝသစ်ပြန်စချင်နေတဲ့ မိခင်တစ်ဦးရဲ့ မေတ္တာတရားကို မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။Translated By : Kay Khaing Tun Encoded By :XCode
movie
Sherrybaby (2006)
2006
6.7
Unfaithful
ကားနာမည်ဖတ်ရုံနဲ့တင် ဇတ်အိမ်ကိုအကဲခတ်လို့ရလောက်ပါပြီ မိသားစုတစ်စု ယောက်ျားကအလုပ်များတဲ့လုပ်ငန်းရှင်တစ်ယောက် မိန်းမက မလုပ်လည်းအိမ်မှာထိုင်နေလို့ရတဲ့အလုပ်တစ်ခုရှိတယ် သားကကျောင်းနေအရွယ် မနက်မိုးလင်းရင် အမျိုးသားနဲ့သားက အလုပ်နဲ့ကျောင်းကိုသွား တစ်ရက်မမျှော်လင့်ပဲ အမျိုးသမီးက ပြစ်သစ်လူမျိုးခပ်ချောချောကောင်လေးနဲ့ဆုံခဲ့မိတယ် ဒီကားအကြောင်းကို ဆက်မပြောခင် ကျနော်တို့ဘဝမှာ အိမ်ထောင်ရေးဖောက်ပြန်တာတွေ မိန်းမ တိတ်တိတ်ပုန်းဖောက်ပြန်တာ ယောင်္ကျားက ဖောက်ပြန်တာ တွေဒုနဲ့ဒေး ကြားနေရတယ် ကလေးမျက်နှာကိုထောက်ထားပြီး အိမ်ထောင်ရေးမပြိုကွဲစေဖို့ ဟန်ချက်ညီအောင်ပြန်လည်ထိန်းသိမ်းကြတာမျိုးရှိသလို စိတ်အလိုလိုက်ပြီး ဖောက်ပြန်တယ်သူတွေကို အမှုတွေကျူးလွန်ခဲ့တာတွေလည်းရှိပါတယ် ဒါတွေအားလုံးဟာ ugly truthဆိုတဲ့အကျဉ်းတန်အမှန်တရား ပါ 18+ဇတ်ဝင်ခန်းဆိုတာလည်း အိမ်ထောင်ရေးဇတ်ကားအနေနဲ့ အတော်များများပါပေမဲ့ ဇတ်အိမ်လည်းခိုင် ပီပီပြင်ပြင်သရုပ်ဆောင်ချက်တွေကြောင့် Hollywood မှာတန်းဝင်အိမ်ထောင်ရေးကားဖြစ်ပေမဲ့ တစ်ချို့သူတွေအတွက်တော့ အတော်လေးအောင့်သီးအောင့်သက်နိုင်မဲ့ကားတစ်ကားပါ ဒါပေမဲ့ ugly truth ဆိုတဲ့အကျဉ်းတန်အမှန်တရားပါပဲ ဆွဲဆောင်မှုအရှိဆုံးမင်းသားလို့သတ်မှတ်ခံရဖူးတဲ့ RICHAD GERE မင်းသမီး DIANE LANEတို့ပါဝင် သရုပ်ဆောင်ထားပါတယ် သူမရဲ့သရုပ်ဆောင်ချက်တွေက ချီးကျူးရမှာဖြစ်ပါတယ် ဆွဲဆောင်မှုရှိပြီး မှားနေမှန်းသိရက်နဲ့ ရှေ့ဆက်ဇွတ်တိုးပြီး ကိုယ့်ကိုယ် ကိုယ်ပြန်မုန်းမိနေတဲ့ အိမ်ထောင်သည်တစ်ယောက်ရဲ့ခံစားချက်တွေကပီပြင်လွန်းပါတယ် ဗျာများနေတဲ့အိမ်ထောင်ရှင် RICHAD GEREရဲ့ သရုပ်ဆောင်ချက်တွေကိုလည်း ပီပီပြင်ပြင်တွေ့ရမှာဖြစ်ပါတယ် ဒီလောက်ဆိုရင်လုံလောက်ပြီလို့ ထင်ပါတယ်အကျဉ်းတန် အမှန်တရားလေးကိုခံစားပေးကြပါဦးလို့ (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်ကတော့ အမည်မဖော်လိုသူပဲ ဖြစ်ပါတယ်) @joker -------------------------------------------------------------------- ကားနာမည်ဖတ်ရုံနဲ့တင် ဇတ်အိမ်ကိုအကဲခတ်လို့ရလောက်ပါပြီ မိသားစုတစ်စု ယောက်ျားကအလုပ်များတဲ့လုပ်ငန်းရှင်တစ်ယောက် မိန်းမက မလုပ်လည်းအိမ်မှာထိုင်နေလို့ရတဲ့အလုပ်တစ်ခုရှိတယ် သားကကျောင်းနေအရွယ် မနက်မိုးလင်းရင် အမျိုးသားနဲ့သားက အလုပ်နဲ့ကျောင်းကိုသွား တစ်ရက်မမျှော်လင့်ပဲ အမျိုးသမီးက ပြစ်သစ်လူမျိုးခပ်ချောချောကောင်လေးနဲ့ဆုံခဲ့မိတယ် ဒီကားအကြောင်းကို ဆက်မပြောခင် ကျနော်တို့ဘ၀မှာ အိမ်ထောင်ရေးဖောက်ပြန်တာတွေ မိန်းမ တိတ်တိတ်ပုန်းဖောက်ပြန်တာ ယောင်္ကျားက ဖောက်ပြန်တာ တွေဒုနဲ့ဒေး ကြားနေရတယ် ကလေးမျက်နှာကိုထောက်ထားပြီး အိမ်ထောင်ရေးမပြိုကွဲစေဖို့ ဟန်ချက်ညီအောင်ပြန်လည်ထိန်းသိမ်းကြတာမျိုးရှိသလို စိတ်အလိုလိုက်ပြီး ဖောက်ပြန်တယ်သူတွေကို အမှုတွေကျူးလွန်ခဲ့တာတွေလည်းရှိပါတယ် ဒါတွေအားလုံးဟာ ...
movie
Unfaithful
2002
6.9
Puncture (2011)
ဒီဇတ်လမ်းဟာ ရှေ့နေတွေအတွက် အကြီးမားဆုံး သမိုင်းတစ်ခု လဲ ဖြစ်ပါတယ် တကယ့်ဖြစ်ရပ်မှန် အပေါ် အခြေခံပြီး ရိုက်ကူးထားတာပါ ဒီဇတ်လမ်းမှာ ကိုယ်တွေရဲ့ အချစ်တော် ကပ္ပတိန်အမေရိက အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Chris Evans ပါဝင် သရုပ်ဆောင်ထားပါတယ် ဇတ်လမ်းပုံစံကတော့ ဘာကိုမှ သံရောဇဉ် စွဲစွဲမြဲမြဲ မထားတက်တဲ့ အတော်ဆုံးရှေ့နေ တစ်ယောက် ဖြစ်တဲ့ မိုက်ဝှိုက်စ် နဲ့ ဇတ်လမ်းစထားပါတယ် သူလိုက်တဲ့ အမှုတွေဟာ မနိုင်သလောက် မရှိအောင် ရှားပါးပါတယ် မိုက် ဟာ အရမ်းတော်တဲ့ ရှေ့နေ လူငယ်တစ်ယောက်ဖြစ်သလို သူ့ရဲ့ အမှောင်ဘက်ခြမ်းမှာတော့ ဆေးစွဲနေတဲ့ သူ တစ်ဦးပါ မူးယစ်ဆေးကို ခုံမင်နေတဲ့သူပေါ့... တစ်ရက်မှာတော့ မိုက် တို့ ဆီကို အမှု တစ်ခု ရောက်လာတယ် ဆေးရုံက သူနာပြု ခေါင်းဆောင် တစ်ဦးဟာ Aids ဝေဒနာရှင် တဦးကို ထိုးထားတဲ့ ဆေးထိုးအပ် စူးသွားရာကနေ ရောဂါ ကူးစပ်သွားတဲ့ ကိစ္စပါ ဆေးရုံဘက်ကို တရားစွဲ ဖို့ မိုက်တို့က သွားရောက်တွေ့ဆုံခဲ့ပေမဲ့ သူမ ကတော့ သူမ တစ်ဦးထဲ အတွက် ဆိုတာထက် အခြား သူနာပြု နဲ့ ဆရာဝန်တွေ လုပ်ငန်းခွင်ထဲမှာ ဘေးကင်းဖို့ အတွက် ထပ်မံ ...
movie
Puncture (2011)
2011