Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kasper Dalsgaard
5.8
Maybe Baby aka Bytte bytte baby (2023)
ဤဇာတ်ကားတွင် မိသားစုနှင့်ကြည့်ရှုရန်မသင့်သောဇာတ်ဝင်ခန်းအချို့ပါရှိပါသည်။ဒီဇာတ်ကားလေးမှာကျွန်တော်တို့ပုံမှန်တွေ့နေရတာနဲ့ ကွဲထွက်နေတဲ့ဇာတ်လမ်းလေးကိုရှုစားကြရမှာပါ။ ဒီဇာတ်ကားမှာပါတဲ့ ခေါင်းဆောင်မင်းသားကြီး Lars Rantheနဲ့ မင်းသမီးကြီး Mille Dinesenတို့ဟာ ဒိန်းမတ်ပြည်တွင်းမှာသာမကဘဲ နိုင်ငံတကာရုပ်ရှင်ဆုများပါ ခူးဆွတ်ရယူဖူးသူတွေဖြစ်ကြပါတယ်။ နာမည်ကြီးဒိန်းနစ်သရုပ်ဆောင်တွေပါဝင်သရုပ်ဆောင်ထားပြီး ဒိန်းနစ်ရုပ်ရှင်ဆုများခူးဆွတ်ထားတဲ့ ဒါရိုက်တာ Barbara Topsøe-Rothenborgရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။Cecilie ဟာ အသက်ကြီးကြီး၊ အရမ်းစည်းကမ်းကြီးပြီးစာအုပ်ကြီးအတိုင်းသွားတတ်တဲ့မိန်းမတစ်ယောက်ဖြစ်ပြီး ခေတ်မီဆေးပညာကို အကြွင်းမဲ့ယုံကြည်သူတစ်ဦးပါ။ တစ်ဖက်က Liv ကတော့ ခပ်ငယ်ငယ် ပြီးတော့ Cecilie နဲ့ဆန့်ကျင်ဖက်။ စာအုပ်ကြီးလမ်းစဉ်တွေ၊ ခေတ်မီဆေးပညာတွေကိုအယုံအကြည်မရှိ စိတ်ဝိညာဉ်ကျန်းမာမှ ကိုယ်ရောစိတ်ပါကျန်းမာမယ်ဆိုတဲ့ယုံကြည်ချက်ကြောင့် လွတ်လပ်စွာနေထိုင်တတ်တဲ့လူမျိုး။သူတို့နှစ်ယောက်က လမ်းချင်းတောင်တူစရာအကြောင်းမရှိလောက်အောင် မတူကွဲပြားကြတဲ့မိန်းမနှစ်ယောက်ဖြစ်ကြပေမယ့် သူတို့မှာတူညီတဲ့အချက်တစ်ချက်ရှိပါတယ်။ ဒါကတော့ သူတို့နှစ်ယောက်လုံးဟာကလေးလိုချင်ပေမယ့် သဘာဝအတိုင်းရနိုင်ဖို့ခက်ခဲနေကြတာပါပဲ။ သန္ဓေအောင်ဖို့ဆေးခန်းပြရင်း ဆေးခန်းရဲ့မတော်တဆတစ်ခုကြောင့် သူတို့နှစ်ယောက် တစ်ယောက်ကိုယ်ဝန်ကိုတစ်ယောက်လွယ်ရဖို့ဖြစ်လာတဲ့အခါမှာ သူတို့နှစ်ယောက်ကြားက မတူညီမှုတွေကိုဘယ်လိုညှိယူကြရမလဲ၊ ဘယ်ကလေးကိုဘယ်သူကယူကြမှာလဲ၊ ကြားထဲမှာရော ဘယ်လိုအလွဲတွေကြုံရဦးမလဲဆိုတာကို ဟာသလေးတွေနဲ့ရယ်မောပြီးရှုစားကြရမှာပါ။ဒီကားလေးက ဇာတ်လမ်းလှည့်ကွက်များများစားစားမပါဘဲ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့ ထူးခြားတဲ့အကြောင်းအရာတစ်ခုကို ဟာသနှောပြီးတင်ဆက်ထားလို့ ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေကြိုက်ကြမယ့်ကားလေးပါ။ File size…(1.7 GB)/(930 Mb) Quality….Webrip 1080p ...
movie
Maybe Baby aka Bytte bytte baby (2023)
5.6
Maybe Baby 2 (2024)
ဒီဟာသကားလေးကတော့ ၂၀၂၃ ခုနှစ်မှာထွက်ခဲ့တဲ့ဒိန်းမတ်စကားပြော Maybe Baby ရဲ့အဆက်ပါ။အန်ဒရီရာ- စီစီလီ စုံတွဲနဲ့ မော့ထ်-လိဗ် စုံတွဲနှစ်တွဲရဲ့အလွဲလေးတွေအကြောင်းရိုက်ထားတာပါ။ပထမကားမှာ သူတို့စုံတွဲကို ဆေးခန်းက မတော်တဆမျိုးဥချင်းမှားထည့်ပေးမိလိုက်လို့ ကလေးမွေးပြီးမှကလေးချင်းလဲလိုက်ရပါတယ်။ဘယ်လိုတောင်ပြောရမလဲ ကိုယ်ကမွေးတဲ့သူများကလေးနဲ့သူများမွေးတဲ့ကိုယ့်ကလေးပေါ့။ အဲ့တာနဲ့ ကလေးလေးတွေ၂ နှစ်ပြည့်ရောက်ခါမှ ဇာတ်လမ်းကပြန်စလာတယ်။အဲ့အချိန်တုန်းက ဆေးခန်းက သူနာပြုရဲ့ တိကျမှုကြောင့်မျိုးဥတွေမလွဲပါဘူးတဲ့ ကိုယ်မွေးခဲ့တာကိုယ့်ကလေးအရင်းခေါက်ခေါက်ပါတဲ့။ ကဲဘယ်လိုလုပ်ကြမလဲ။အတော်နောက်တဲ့ဆေးခန်း။ အဲ့ဒီတော့ ၂နှစ်လောက်တောင်ကိုယ့်ကလေးလို့ထင်ပြီး သံယောဇဉ်တွေတွယ်လာကြတာပြန်လဲမပေးချင်၊ တစ်ဖက်စုံတွဲဆီက ကိုယ့်ကလေးအရင်းလေးနဲ့လည်း နေချင်ဆိုတော့ နောက်ဆုံးနှစ်အိမ်ထောင်ပေါင်းပြီး ပူးတွဲနေထိုင်ရေးအစီအစဉ်လုပ်ကြပါတော့တယ်။ဒါပေမယ့် သွေးမတော်သားမစပ်တွေ ပေါင်းနေတဲ့အချိန်မှာမတူညီတဲ့အကျင့်စရိုက်တွေ၊ ကိုယ့်ကလေးကို ပိုင်ဆိုင်ချင်တဲ့လောဘစိတ်တွေနဲ့ ဘယ်လိုတွေလွဲကြ ပြန်ပေါင်းထုပ်ကြမလဲဆိုတာ တစ်ချက်မှမပျင်းရဘဲနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size… (1.72GB) / (895MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
Maybe Baby 2 (2024)