Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Karthi
7.3
HIT: The Third Case aka HIT: The 3rd Case (2025)
HIT: The Third Case (2025)"မှုခင်းရဲ: တတိယအမှုတွဲ" =============================================အိန္ဒိယရဲ့ အကောင်းဆုံးမှုခင်းရုပ်ရှင်တွဲတွေထဲကတစ်ခုဖြစ်တဲ့ တေလေဂူးစကားပြော HIT ရုပ်ရှင်တွဲတွေရဲ့ တတိယမြောက်ရုပ်ရှင် ထွက်ရှိလိုလာပါပြီ။ဒီ The Third Case မှာတော့ ပြီးခဲ့တဲ့ The second case ရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းမှာ Cameo ပြခဲ့တဲ့ ယင်ကောင်မင်းသား နာနီက အဓိကပါဝင်ထားပါတယ်။ဒီရုပ်ရှင်မှာတော့ ဒေါသကြီးပြီး အမှုတွေကို ကိုင်တွယ်တာကြမ်းတယ်လိုနာမည်ကြီးတဲ့ HIT အဖွဲရဲ့ အရာရှိသစ် အာဂျွန်ဆာကာကို ကတ်ရှ်မီးယားနယ်စပ်ဒေသက လက်သည်မပေါ်တဲ့ လူသဝာ်မှုတွေ ဖြေရှင်းဖို စေလွှတ်ရာကနေ တုံးတိုက်ကျားကိုက် အမှုဖြေရှင်းပုံတွေ၊ ဂျွန်ဝစ်ဆန်ဆန်အက်ရှင်ခန်းတွေကို ပရိသတ်တွေ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်။HIT ရုပ်ရှင်တွေဟာ မှုခင်းရုပ်ရှင်အနေနဲ့ အထိုက်အလျောက်အောင်မြင်ခဲ့တာကြောင့် ပထမဆုံးရုပ်ရှင်ကိုဆိုရင် Bollywood ကတောင် remake ပြန်ရိုက်ခဲ့ပါသေးတယ်။HIT 3 ဟာ ရှေ့ကားတွေကို မကြည့်ဖူးလည်း တန်းကြည့်လိုရတဲ့ Standalone sequel တစ်ခုဖြစ်ပြီး HIT ရုပ်ရှင်တွေဟာ တကယ် စိတ်လှုပ်ရှားစရာကောင်းတဲ့ မှုခင်းဇာတ်လမ်းတွေဖြစ်တာမလို ရှေ့ကရုပ်ရှင်တွေကို မကြည့်ရသေးဘူးဆိုရင်လည်း CM မှာ ရှာကြည့်ကြဖိုတိုက်တွန်းချင်ပါတယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie
HIT: The Third Case aka HIT: The 3rd Case (2025)
5.3
Kanguva (2024)
Kanguva (2024) "ကံကြမ္မာပဟေဠိ"(WEB DL အကြည်ဆုံးဗားရှင်းထွက်ရှိလာပြီမလို့ ထပ်မံUpdateပေးထားပါတယ်)IMDb – 5.3/10၂၀၂၄ မှာထွက်ထားတဲ့ အိန္ဒိယ တမီးလ် Fantasy Action ရုပ်ရှင်ဖြစ်ပြီး မင်းသားဆူရီယာရဲ့ သရုပ်ဆောင်ချက်တွေအတွက် မှတ်ချက်ကောင်းတွေရထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ဒီရုပ်ရှင်ဟာ ၂၀၁၉ မှာ စတင်ကြေညာခဲ့တာဖြစ်ပေမဲ့ ကိုဗစ်ကြောင့် အချိန်ရွှေ့လိုက်ရကာ ၂၀၂၄ ရောက်မှ ပရိသတ်ရှေ့ကို ရောက်လာတာဖြစ်ပါတယ်။အိန္ဒိယနယ်စပ်နားလေးမှာ ဦးနှောက်လုပ်ဆောင်ချက်တွေကို စောင့်ကြည့်လေ့လာပြီး စူပါပါဝါအကြောင်း စမ်းသပ်မှုတွေလုပ်နေတဲ့ ရုရှားဇီဝဆေးသုသေသနအဖွဲ့တစ်ဖွဲ့ရှိပါတယ်။တစ်နေ့ သူတို့ဆီကနေ ဇေတာဆိုတဲ့ကလေးတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဖရန့်စစ်နဲ့ သူ့သူငယ်ချင်းက ရဲတွေဆီကနေ ငွေလက်ခံပြီး သူတို့အလိုရှိတဲ့သူကို လိုက်ဖမ်းပေးတဲ့အလုပ်လုပ်ပါတယ်။တစ်နေ့ သူတို့ပစ်မှတ်ကို ဖမ်းနေတုန်း မတော်တဆ လက်လွန်ကာ သတ်မိသွားပါတယ်။ ဒီပစ်မှတ်က နောက်ခံတော်တော်တောင့်တာမို့ ဘယ်သူမှမသိခင် အသာလေးလစ်ထွက်လာဖို့လုပ်နေတုန်း ဇေတာနဲ့တိုးပါတယ်။ဒါပေမဲ့ ကလေးဆိုတော့ သူတို့ရုပ်တွေကို မှတ်မိလောက်မှာမဟုတ်ဘူးဆိုပြီး ပေါ့ပေါ့တန်တန်တွေးကာ ထွက်ပြေးလာကြပါတယ်။ဇေတာက သူတို့တွေကို တကယ်ပဲ မမှတ်မိနိုင်ဘူးလား။ သူနဲ့ ဖရန့်စစ်ကြားမှာရော ဘာပတ်သတ်မှုတွေရှိနေသေးတာလဲ ဆိုတာကိုတော့…(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Eaindra, ToMo, Linn, Zwe, Yunni တို့ပဲဖြစ်ပါတယ်) File size…9.33 GB ...
movie
Kanguva (2024)
4K HEVC
7.5
Meiyazhagan (2024)
Meiyazhagan(2024) စစ်မှန်သောအလှပိုင်ရှင် လူသား မီယာဇ်ဟာဂန်၂၀၂၄ ထွကိ ဘောလီးဝုဒ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဆွေမျိုးတွေအကြား အမွေစားအမွေခံခွဲဝေမှုတွေကြောင့်ဘိုးဘွားပိုင်အိမ်လေးနဲ့ မွေးရပ်မြေမြို့လေးကို စိတ်နာနာနဲ့ခွဲခွာနှုတ်ဆက်ပြီး အပြီးအပိုင်ထွက်သွားခဲ့တဲ့ အာရူလ်တစ်ယောက် ...တစ်ဝမ်းကွဲညီမဖြစ်သူမှ သူ့ရဲ့မင်္ဂလာဆောင်ကို တက်ပေးဖို့ စာပို့လာတဲ့အခါမှာတော့ နှစ်ပေါင်း(၂၀) အကြာခွဲခွာခဲ့ရတဲ့ မွေးရပ်မြေဇာတိမြို့လေးကို ပြန်ရဖို့အကြောင်းဖန်လာပါတော့တယိ။ဘဝမှာထပ်မတွေ့ချင်တော့တဲ့ လူတွေရှိတဲ့ ချစ်ရတဲ့မြို့လေးကို အာရူလ်တစ်ယောက်ပြန်ရောက်အပြီး တစ်စုံတစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံပြီးတဲ့နောက်မှာ သူ့ရဲ့ဘဝမှာ အပြောင်းအလဲတွေဖြစ်လာရတဲ့အခါ.....ကြည့်ပြီးရင် နောင်တမရစေမယ့် မိသားစု ဒရမ်မာကားကောင်းလေးတစ်ကားမလို့ ကြည့်ရှူဖို့တိုက်တွန်းလိုက်ပါရစေ။(အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ကရေးသားပေးထားခြင်းဖြစ်ပါတယ်) File size… 3.00 GB / 1.27 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Meiyazhagan (2024)
8
Oopiri [Thozha ] (2016)
Thozha (imdb 8/10 Rtscore 77 %) ......(ရင်ဘတ်မိတ်ဆွေ)......ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တာကတော့ 2016 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသဒရာမတောင်ပိုင်းကားလေးတစ်ကားပါပဲ ဘာဟူဗလီကားထဲက မင်းသမီးချောဖြူနုအုဖတ်လေး သမန်းနားလဲပါဝင်ထားပြီး ဇာတ်ပို့မင်းသားကြီး ပရာကတ်ရာ့ဂျ်တို့လို သရုပ်ဆောင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပါတယ်ဒီကားလေးကတော့ မသန်စွမ်းရောဂါဖြစ်နေတဲ့ သူဌေးကြီးတစ်ယောက်ဟာ သူ့ကိုပြုစုစောင့်ရှောက်ဖို့အတွက် ဘဝမှာ ဘာကိုမှအလေးမထား အချုပ်ကျလိုက် လမ်းဘေးရှကီထုလိုက်နဲ့ အလေလိုက်နေတဲ့ စီနူဆိုတဲ့သူကို အလုပ်ခန့်လိုက်ပါတယ်..ဆရာသမားက လက်ကြောလဲမတင်း အလုပ်ကလဲကြေးများတဲ့အပြင် ဘာကိုမှလဲအလေးအနက်မရှိပါဘူး ဒီအလုပ်ကို လျှောက်တော့လဲ သူဌေးရဲ့အတွင်းရေးမှူးမလေးကို ဖွန်ကြောင်ချင်လို့ ဝင်အလုပ်လျှောက်တာပါသူဌေးကတော့ သူ့ရိုးသားပွင့်လင်းမှုကို သဘောကျပြီး အလုပ်ခန့်လိုက်တဲ့အခါမှာ တစ်ယောက်အခက်အခဲကို တစ်ယောက်ဘယ်လိုဖေးမကူပြီး ဘာဆက်ဖြစ်မလဲ....ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးပဲ မိတ်ဆွေစစ်ရဲ့အဓိပ္ပာယ် ဘာလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.9GB / 1.18GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Oopiri [Thozha ] (2016)
2016
5.8
Kaatru Veliyidai (2017)
Kaatru Veliyidai (2017) "ဓါးသွားထက်က ပျားရည်စက်များ" IMDb - 5.8/10ယခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ အက်ရှင်ကြမ်းကြမ်း အချစ်ရိုမန့်စ်ဒရာမာကားလေးတစ်ကားပဲဖြစ်ပါတယ် ဗာရွန်လို့ခေါ်တဲ့ လေတပ်အရာရှိတစ်ဦးဟာ ကာဂီလ်စစ်ပွဲအတွင်း ပါကစ္စတန်မှာ ထောင်ကျနေခဲ့ပါတယ်။၈ပေ၅ပေပဲ ရှိတဲ့ အကျဉ်းထောင်လေးထဲမှာ သွေးတွေအလိမ်းလိမ်းနဲ့ နေ့လည်းမသိ ညလည်းမသိ နေခဲ့ရတဲ့အချိန်မှာ သူ့နိုင်ငံကိုချစ်တဲ့စိတ်၊ ရန်သူတွေကိုမုန်းတဲ့စိတ် ပြီးတော့ သူ့ချစ်သူလေးကို ချစ်တဲ့စိတ်နဲ့ပဲ အသက်ဆက်ရှင်နေခဲ့ရပါတယ်။သူ့ချစ်သူလေး ဒေါက်တာလီလာရဲ့ ပထမဆုံးတာဝန်ကျတဲ့နေ့မှာပဲ ကိုကိုဗာရွန်က ကားအက်စီးဒန့်နဲ့ ဆေးရုံကိုရောက်လာရင်း ဒေါက်တာလီလာရဲ့ပထမဆုံးလူနာဖြစ်ခွင့်ရခဲ့ပြီးနောက်ပိုင်း ခင်မင်ရာကနေ ချစ်သွားကြတယ်ပေါ့ ပါကစ္စတန်ထောင်ထဲမှာ ချစ်သူလေးစိတ်နဲ့ နေလာရင်း ထောင်ထဲကနေ လွတ်မြောက်လာတဲ့အခါ သူ့ချစ်သူလေးကို အရင်လိုက်ရှာခဲ့ပါတော့တယ်အဲဒီနောက်မှာတော့ ဗာရွန် ပါကစ္စတန်ထောင်ထဲကနေ ဘယ်လိုလွတ်မြောက်လာခဲ့လဲ ........ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုမျိုးလေးလဲ ........ လေတပ်အရာရှိလေးဗာရွန်နဲ့ သူ့ချစ်သူလီလာတို့ ပြန်လည်ဆုံတွေ့နိုင်ကြမှာလား ........ ဆိုတာတွေကို ရင်ခုန်ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele ...
movie
Kaatru Veliyidai (2017)
2017
Japan (2023)
Japan (2023) "(ဂျပန်) အိန္ဒိယတွင်လုပ်သည်" လိုကတ်ရှ်ယူနီဗာ့စ်ရုပ်ရှင်တွေထဲက Kaithi(2019)က မင်းသား ကာသီရဲ့ရုပ်ရှင်ကားသစ်ကို Netflixကနေ ထုတ်လွှင့်ခဲ့ပါတယ်။ မင်းသမီးကတော့ ချီကာဂိုမှာမွေးတဲ့ တောင်ပိုင်းမင်းသမီးချော အငယ်လေး အန်နူးပါပဲ။တခါတုန်းက အဆုံးမဲ့သမုဒ္ဒရာပြင်ကြီးထဲမှာ ၁၀နှစ်သား ငါးလေးတစ်ကောင်ရှိတယ်တဲ့.... တစ်နေ့မှာ အဲဒီငါးလေးက ကျင်းတစ်ခုစတူးပါရော။ အဲဒီကနေစပြီး ငါးကလေးရဲ့စွန့်စားခန်းတွေအစပြုခဲ့တာပေါ့။ ဂဏန်းအတွက် တစ်ကျင်း၊ ကင်းမြီးကောက်အတွက် တစ်ကျင်း၊ ကျင်းတွေတောင် မရေနိုင်တော့ပဲ ငါးကလေးကနေ ဝေလငါးကြီးဖြစ်သွားတဲ့အထိတဲ့။ အဲဒီမှာပဲ ဝေလငါးကြီးကို ကျန်တဲ့ ရေနေသတ္တဝါတွေကအမြင်ကတ်ပြီး ဝိုင်းဖမ်းဖို့လုပ်ကြပါတော့သတဲ့။ဒါကတော့ ဇာတ်လမ်းထဲမှာ ဂျပန်ကိုတင်စားထားတဲ့အကြောင်းလေးပါ။ ဟုတ်ပါတယ် အိန္ဒိယမှာထုတ်လုပ်ထားတဲ့ ဂျပန်။ ဂျပန်က ဘာလဲဆိုတော့ သူခိုး။ ကြည့်နေရင်းနဲ့ ဂျန်းတဲမန်းသူခိုးလူပင် တို့ ဘာတို့ကိုအမှတ်ရသွားလောက်အောင်ကို သူတို့လိုကြမ်းတဲ့ သူခိုးပါ။ ခိုးမဲ့နေရာကို ဒဲ့ပြောပါတယ် ခိုးပြီးရင် ချေ့တယ်ဘာညာ ငါ့ကိုနမ်းပါဘာညာဆိုပြီး ပေါက်ကရတွေရေးခဲ့ပါတယ်။ သူ့ခိုးနည်းတွေကို ရုပ်ရှင်ရိုက် ရုံမှာပြပြီး အဲ့တိုင်း ဒဲ့ခိုးပါတယ် ဂျပန်က ပိုက်ဆံမလိုပါဘူး ဂျပန်လိုတာ ဂုဏ်သိက္ခာနဲ့ ကျော်ကြားမှုပါ .....အဲ့တော့ ရဲတွေက ဂျပန်ကို မြင်ပြင်းကတ်လာပြီး ဘယ်လိုမိအောင် ဖမ်းဆီးကြမလဲ ဂျပန်ကလဲ ...
movie
Japan (2023)
2023
7.2
Mark Antony (2023)
Mark Antony (သို့) မာ့ခ် အန်တိုနီ (2023) IMDb - 7.2/10Amazon Prime Videoက လတ်တလောထွက်ရှိထားတဲ့ မင်းသားကြီး ဗီရှယ်လ်ရဲ့ ရုံတင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဘတ်ဂျက်ရူပီး ၂၈ကုဋေသုံးထားပြီး ကုဋေတစ်ရာကျော်ပြန်လည်ရရှိခဲ့တဲ့ကားလည်းဖြစ်ပါတယ်။အချိန်ခရီးသွားတဲ့ကားတွေအများကြီးထဲကမှ ဒီကားမှာတော့ အတိတ်ကို ဖုန်းလှမ်းဆက်လို့ရတဲ့ဖုန်းတစ်လုံးနဲ့အစပြုခဲ့တယ်။ ဒီလို အတိတ်ကိုဖုန်းဆက်ပြီး ပစ္စုပ္ပန်ကိုလိုသလိုပြုပြင်လို့ရတဲ့ဖုန်းကို တီထွင်တဲ့သိပ္ပံပညာရှင်ကိုယ်တိုင်တောင် သူ့ရဲ့သေခြင်းတရားကိုတော့မလွန်ဆန်နိုင်ခဲ့။ ဒါပေမဲ့ အဲဒီဖုန်းကလူဆိုးဂိုဏ်းတစ်ခုဆီရောက်သွားတဲ့အခါမှာတော့။လူဆိုးဂိုဏ်းခေါင်းဆောင်နှစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဉ်ကြားမှာ အတိတ်ကိုဖုန်းခေါ်လို့ရတဲ့ ဒီလိုဖုန်းရောက်လာတဲ့အချိန်မှာ သူတို့ရဲ့ အနာဂတ်တွေဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)(CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here ) File size…10GB / 3.6GB / 1.7GB Quality…4k HEVC / 1080p WEB DL /720p Format…mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Mark Antony (2023)
2023
4K HEVC
Ponniyin Selvan: Part II (2023)
Ponniyin Selvan: Part II (2023)IMDb 8.1/10၂၀၂၂ တုန်းက အားလုံးစောင့်မျှော်နေခဲ့ကြတဲ့ Ponniyin Selvan part II ထွက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်... ရုံတင်ငွေ ကုဋေ သန်း ၃၂၅ ထိရထားတာမို့ ထပ်ပြီးစဥ်းစားစရာလိုမနေတော့ဘူးနော်။ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်...တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ်သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ...သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်...သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သင်္ဘောကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်...ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်...ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ...ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲပေါ့။Part II မှာတော့ အရွန်းမိုဇီဟာ ...
movie
Ponniyin Selvan: Part II (2023)
4K HEVC
8.3
Ponniyin Selvan: Part I (2022)
Ponniyin Selvan: Part I (2022) ====================ကဲ အားလုံးစောင့်မျှော်နေခဲ့ရတဲ့ အိန္ဒိယသမိုင်းကားကောင်းကြီးထွက်လို့လာခဲ့ပါပြီ မင်းသား မင်းသမီးတွေ အများကြီးနဲ့ ကြည့်လို့ကောင်းမယ့် ကားလေးပါပဲဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်...ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်...တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ်သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ...သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်...သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သဘောင်္ကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်...ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်...ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ...ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...။တိုက်ရေးခိုက်ရေးတွေအပြင် အပြင်အဆင်အလှအပတွေကိုပါ မြင်တွေ့ရမှာဖြစ်လို့ ကြည့်ရတန်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…3.8GB /1.86GB Quality…4K HEVC WEB DL ...
movie
Ponniyin Selvan: Part I (2022)
2022
4K HEVC
7.8
Sardar (2022)
Sardar (2022)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးကာသီနဲ့ မင်းသမီးရာရှီးခန်နားတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ စပိုင်အက်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်....လတ်တလော မြန်မာပြည်က ရုံမချသေးပေမယ့် အကြည်ဗားရှင်းတက်လာလို့ ဦးဦးဖျားဖျား CM ကနေ စာတန်းထိုးတင်ဆက်ပေးလိုက်ပါတယ်နော်ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဗီဂျေးဟာ တမီလ်နာဒုပြည်နယ် တဝိုက်မှာ ရေပန်းစားနေတဲ့ ရဲအရာရှိလေးပေါ့ သူ့ကြောင့်နဲ့ တမီလ်နာဒုရဲဌာနကို ဂုဏ်တက်အောင် ဆောင်ကြဉ်းပေးခဲ့သူပါ...ဒါပေမဲ့ အတိတ်က အမည်းစက်က ဖျောက်ဖျက်ရခက်တယ်မလား သူ့ဖခင် ဆာဒါဟာ နိုင်ငံတော်အတွက်စပိုင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် နိုင်ငံတော်သစ္စာဖောက်ပုန်ကန်သူဆိုပြီး ကင်ပွန်းတပ်လိုက်ကြတော့ ဒီဂယက်ဟာ သူဘယ်လောက်ပဲ ကောင်းကျိုးထမ်းရွက်နေပါစေ သူ့ဆီတော့ လာရိုက်ခတ်နေပါတယ်...ဆာဒါဟာ အဲ့ဒီဖြစ်စဉ်ပြီးကတည်းက သေလားရှင်လားမသိရတော့တဲ့သူပါ...။တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ နိုင်ငံ့အကျိုးအတွက်လို့ အမည်တပ်ပြီး ပရောဂျက်တစ်ခုကနေ ပြည်သူတွေဆီက အမြတ်ထုတ်ဖို့ ကြံနေပါတယ်...ဒါကို သိတဲ့ တခြားစပိုင်တွေဟာလည်း ဒီပရောဂျက်ကြီးကို ရှင်းထုတ်ဖို့အရေးကြံရပါတော့မယ်...အဲ့ဒီလို ကြံနေတဲ့သူတွေဟာလည်း ဒီကိစ္စကို ဆာဒါတစ်ယောက်ကပဲ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လာကြတဲ့အခါ...ကဲ ရှေ့ဆက်ရမယ့် ကောင်းခန်းတွေကို ကိုယ်တိုင်သာ ရှုစားလိုက်ပါတော့နော်...။ဒီဇာတ်ကားလေးမှာ မင်းသားကာသီက နှစ်ကိုယ်ခွဲနေရာက ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် သူ့ရဲ့သရုပ်ဆောင်ချက်တွေကြားမှာလည်း စီးမျောခံစားနိုင်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်...။ File size…2.6GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by ...
movie
Sardar (2022)
2022
Viruman (2022)
Viruman (2022) Imdb-5.2/10 Times of India-1.8/5ဗီရူမန်ကတော့ မွေးချင်းညီအစ်ကို လေးယောက်ထဲမှာ အငယ်ဆုံးသားဖြစ်ပါတယ် သူငယ်ငယ်လေးထဲက သူ့အဖေအရင်းကိုတောင် ဓါးကိုင်ပြီးလိုက်ခုတ်ခဲ့ဖူးပါတယ် အကြောင်းရင်းကတော့သူ့အမေအရင်းက သူ့အဖေရဲ့နှိပ်စက်မှုဒဏ်တွေကြောင့် ဆုံးပါးသွားခဲ့ပါတယ်အဲ့ဒါကြောင့်သူ့အဖေကို နာကျည်းမုန်းတီးကာ ငယ်ငယ်ထဲက သူ့ဦးလေးတွေနဲ့ပဲနေထိုင်ကြီးပြင်းခဲ့ပါတယ် ဒီလိုနဲ့ကြီးပြင်းလာတော့ သူ့အဖေကိုLesson ပေးချင် အပြစ်တွေအတွက် ပြစ်ဒဏ်ခံယူစေချင်တာကြောင့် အမျိုးမျိုးနှောင့်ယှက်ဒုက္ခပေးပါတော့တယ်သူ့အဖေကတော့ လာဘ်စားပြီးမောက်မာဆိုးသွမ်းတဲ့လွှတ်တော်အမတ်တစ်ဦး ဖြစ်ပါတယ် ထို့အပြင်သူ့အစ်ကိုသုံးယောက်ကိုလည်း မကောင်းတဲ့ဖခင်ကိုဆန့်ကျင်စေချင်တာကြောင့် လိုက်လံစည်းရုံးပေမဲ့ သူ့အစ်ကို ၃ယောက်က ငွေ ၊ ပစ္စည်းဥစ္စာမျက်နှာကြောင့် သူ့အဖေဘက်ကနေထွက်မလာပါဘူး ဒီလိုနဲ့ ဖအေနဲ့ သားရဲ့တိုက်ပွဲမှာ နောက်ဆုံးသူ့အဖေကပဲရှုံးပြီး အပြစ်ကြွေးတွေဆပ်ရမလား... သူ့သားကပဲလက်လျှော့သွားရမလားဆိုတာ... File size…3GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & Allena & Kevin & Yunni
movie
Viruman (2022)
8.8
Vikram (2022)
Vikram (2022) ============== 1080p True WEB DLအကြည်ဗားရှင်းကိုတင်ဆက်ထားပါပြီဒီရုပ်ရှင်ကတော့ ရုံတင်ပြီး သုံးရက်အတွင်းကုဋေ၁၀၀ကျော်ရရှိထားပြီးworld wideအနေနဲ့ကုဋေ၂ရာကျော်ရရှိတဲ့အထိအောင်မြင်ထားတဲ့ရုံတင်ကားပဲဖြစ်ပါတယ်တောင်ပိုင်းက စူပါစတားတွေဖြစ်ကြတဲ့ မင်းသားကြီး ကမာလ်ဟာစန်းဗီဂျေးစည်သူပတီ ဖဟဒ်ဖာဆစ်လ် ဆူရီးယားတို့အပြိုင်ကြဲပြီးပါဝင်တစ်ယောက်ဆောင်ထားတယ်....တောင်ပိုင်းအက်ရှင်တွေကိုဆိုရင် အိုဗာများလွန်းလို့ မကြည့်ရဲတဲ့ ပရိသတ်တွေအတွက်လည်းဒီဇာတ်ကားမှာ လုံးဝ အိုဗာအက်ရှင်တွေမပါဘဲ နောက်ဆုံးထိ ဇာတ်ကွက်ကို ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်....ဇာတ်လမ်းကိုပြောရမယ်ဆိုရင် အစိုးရအရာရှိတွေကိုချည်းလိုက်သတ်နေတဲ့ မျက်နှာဖုံးစွပ်ကွင်းဆက်လူသတ်သမားအဖွဲ့တစ်ဖွဲ့ရှိေနတယ်....လူသတ်ပြီးရင် ခြေရာလက်ရာ ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် ရဲဌာနကိုပါလူသတ်ဗီဒီယိုကို ရိုက်ပို့တဲ့ထိ ရဲတင်းသတ္တိပြောင်လွန်းလှတဲ့အဖွဲ့တဖွဲ့ရှိတယ်...ဌာနကလူတွေက ဒီအမှုကိုမနိုင်တော့တဲ့အတွက် ဘလက်စကွက်ဒ်ဆိုတဲ့အဖွဲ့ကို တာဝန်ပေးလိုက်တယ်....ဒီအဖွဲ့ကလည်း မဖြေရှင်းနိုင်တဲ့အမှုရယ်လို့ကို မရှိတဲ့ထိ ဂုဏ်သတင်းကျောဇောပြီး ညဏ်ပြေးတဲ့အဖွဲ့ပါ..ဒီလို ပြိုင်စံရှားအဖွဲ့နှစ်ဖွဲ့ကြား ညဏ်ကစားမှုတွေထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်းအများကြီးနဲ့မို့ အားရကျေနပ်စေမှာ အမှန်ပါပဲ.....။(ဒီဇာတ်ကားထဲက ဇာတ်ကောင်တချို့ဟာ Kaithi(2019) ဇာတ်ကားထဲကဖြစ်ပါတယ်..Kaithi (2019) ကို ဒီမှာ https://channelmyanmar.to/kaithi-2019/ ကြည့်ပါ။ File size…7.7GB / 2.5GB / 1.38GB Quality…. 1080p True WEBDL AAC5.1CH / 720p Format… ...
movie
Vikram (2022)
2022
4K HEVC Web-DL
8.5
Kaithi (2019)
IMDb ratings : 8.5/10Genre : Action, ThrillerBudget ₹35 croreBox Office ₹106 croreဒီကားဟာ. . . သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ တမီးလ်မင်းသား ကာရ်သီ(Karthi)ရဲ့ Positive Reviews တွေကို ရရှိခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ရုံတင်စကတည်းက တာထွက်လှခဲ့တဲ့ကားဖြစ်ပြီး Diwali နေ့မှာ Release လုပ်ခဲ့တာ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့....ညတစ်ညမှာ. . . မူးယစ်ဆေးတွေ ၊ လက်နက်ခဲယမ်းတွေကို မှောင်ခိုတင်ဆောင်လာတဲ့ ဗင်ကားတစ်စီးကိုအင်စပက်တာဘီဂျွိုင်းနဲ့အဖွဲ့က ဖမ်းဆီးပြီး ပစ္စည်းတွေ သိမ်းဆည်းရာကနေ ဇာတ်လမ်းကို စဖွင့်ထားပြီးဒီနောက်တော့. . . ရဲအရာရှိတစ်ယောက်ရဲ့ အိမ်မှာ အဲ့ဒီနယ်မှာရှိတဲ့ အရာရှိ အရာခံတွေ အားလုံးနီးပါး သောက်ကြစားကြ ပျော်ပါးကြပါတယ်။သိပ်မကြာခင်မှာ ဘီဂျွိုင်းကလွဲပြီး ၊ အရာရှိအားလုံး အရက်ကတဆင့် မူးယစ်ဆေးမိပြီး မှောက်ကုန်ကြတယ်။ဒီအချိန်မှာ ဘီဂျွိုင်းနားလည်လိုက်တယ်။ဒါဟာ ...
movie
Kaithi (2019)
2019
4K HEVC
6.0
Sulthan (2021)
Sulthan (2021)အိန္ဒိယတောင်ပိုင်းရုပ်ရှင်ချစ်သူတွေအတွက် တစ်နေ့ကထွက်လာတဲ့ မင်းသား Karthi(ကာရ်သီ) နဲ့ မင်းသမီးချော Rashmika Mandanna(ရာ့ရှ်မီကာမန်ဒနား)တိုရဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဗစ်ကရမ် (ခေါ်) ဆူလ်သန်ဟာ ချန်နိုင်းမြိုက ဒိတ်ဒိတ်ကြဲလူမိုက်ကြီး စည်သူပသီရဲ့သားပါ။ လူမိုက်ပေမယ့် မှန်ကန်တဲ့လူမိုက်ကြီး စည်သူပသီဟာ ချန်နိုင်းဝန်းကျင်တစ်ဝိုက်မှာ နာမည်ကောင်းနဲ့ ကျော်ကြားပြီး ဘေးပတ်ဝန်းကျင်နယ်တွေမှာ ပြဿနာပေါ်လာတိုင်း ဖြေရှင်းပေးနေကျပေါ့။ အုပ်ထိန်းသူမိခင် မရှိတော့တဲ့နောက်ပိုင်း လူယုံ လက်ရုံးတပည့်တွေလက်ပေါ်မှာ ကြီးပြင်းလာခဲ့ရတဲ့ ဆူလ်သန့်ကို စည်သူပသီကရော ၊ တပည့်တွေအားလုံးကပါ သိပ်ချစ်ကြတယ်။အရွယ်ရောက်သည်အထိ ပညာတွေသင်ရင်း မွန်ဘိုင်းမြိုမှာနေရတဲ့ ဆူလ်သန့်အတွက် လူဆိုးလူမိုက်အလုပ်တွေကို မလုပ်ရသလို သူကိုယ်တိုင်လည်း လူမိုက်အလုပ်ကို မနှစ်မြိုသူပါ။ဒီလိုနဲ့ ဖခင်ကြီး ဆုံးပါးသွားပြီးတဲ့နောက်ပိုင်းမတော့ ဖခင်ကြီးမသေခင်က ပေးခဲ့တဲ့ကတိအတိုင်း ရွာတစ်ရွာကိုနှောက်ယှက်ပြီး အဲ့ဒီရွာကို ဒုက္ခပေးနေတဲ့ လူမိုက်ကြီးတစ်ယောက်နဲ့ ဆူလ်သန်တစ်ယောက် ရင်ဆိုင်ရဖို ဖြစ်လာပါတယ်။တောင်းပိုင်းရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း အကအလှတွေ ဝေဝေဆာဆာ ၊ အက်ရှင်ခန်းတွေ ဖောဖောသီသီနဲ့ ၂နာရီကျော်ကြာတဲ့ ပြသချိန်အတွင်း ပျင်းရိမသွားရလေအောင် ဟာသလေးတွေ အူမြူးစရာလေးတွေပါ ထည့်ထားတော့ အိန္ဒိယရုပ်ရှင်ချစ်သူတွေအတွက် ကြည့်ပျော်မှာပါ။ File size…(3 GB) and (1.9 GB) Quality….Web-DL Rip 1080p 5.1CH and 720p Format…mp4 Duration….02:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie
Sulthan (2021)
6.9
Thambi (2019)
(Unicode)ဒီတစ်ခါတော့ နာမည်ကြီးလူသိများတဲ့ တမီးလ်(Tamil)မင်းသားKarthiနဲ့ ကျောင်းအုပ်ဆရာမကြီးအဖြစ်သိကြတဲ့ မင်းသမီးJyotikaတို့ရဲ့ 'မောင်လေး' အမည်ရဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။နည်းနည်းလေး အာရုံပေးချင်ပါတယ်.... လှည့်စားချင်ပါတယ်....ဇာတ်လမ်းအကျဉ်းအရ ပထမဦးဆုံး မြင်ရတာတော့... ဆေးသမား လူငယ်တစ်ယောက် ကားပေါ်မှာ သူငယ်ချင်း အချင်းချင်း စကားများရာကနေ သံတုတ်နဲ့ ရိုက်ခံလိုက်ရတယ်။သေသလား၊သတိလစ်သွားသလာတော့ အတိအကျမသိနိုင်။ဒုတိယအနေနဲ့ မြင်ရမှာတော့ မောင်တစ်ယောက်ကို သတိရနေတဲ့ အစ်မတစ်ယောက်ရဲ့ ပူဆွေးသောကကို မြင်ရတယ်။မိသားစု လေးယောက် ရှိတယ်။ အဖေရယ်၊အမေရယ်၊မောင်လေးရယ်၊ အစ်မရယ်။အဖေဟာ ဝန်ကြီးတစ်ယောက်ပဲ။ ပျောက်နေတဲ့သား၊ အိမ်ထောင်မကျသေးတဲ့ သမီးဆိုတဲ့ နာမည်ဆိုးနဲ့ အတိုက်အခံပါတီက တိုက်ခိုက်တယ်။ပျောက်နေတဲ့သားကိုတောင် မရှာနိုင်၊မထိန်းသိမ်းနိုင်တာ ပြည်သူကို ဘယ်လို စောင့်ရှောက်မလဲဆိုတဲ့ မေးခွန်းတွေနဲ့ သူရဲ့ ဂုဏ်ပုဒ်ကို ထိခိုက်လာတယ်။ပြီးတော့ အိမ်ထောင်မကျသေးတဲ့ သမီးရှိနေတာလည်း အိန္ဒိယယဉ်ကျေးမှုအရ အားနည်းချက်တစ်ခု ဖြစ်နေတယ်။လတ်တလောမှာ ...
movie
Thambi (2019)
2019
5.0
Dev (2019)
Dev (2019) ------------------------------------------------------------------------ စွန့်စားခန်းတွေကို နှစ်သက်သဘောကျပြီး အရာရာတိုင်းကိုအကောင်းမြင်တတ်တဲ့ သူငယ်ချင်းတွေနဲ့ အပြန်အလှန် ချစ်ခင်မှုကိုရထားတဲ့ ဒေ့ဗ်…. မူကြိုအရွယ်ထဲက မွေးနေ့တူလို့ ပေါင်းမိသွားကြတဲ့ ဒေ့ဗ် ဗစ်ကီ နဲ့ နီရှာတို့ သုံးယောက်ဟာ တက္ကသိုလ်အထိအတူတူ တစ်တွဲတွဲရှိနေရာက ဗစ်ကီနဲ့ နီရှာတို့ရဲ့တိုက်တွန်းမှုကြောင့် ကံတရားရဲ့အလိုအတိုင်းဆိုပြီး ပထမ ဆယ်ယောက်ထဲမှာ နောက်ဆုံး နံပါတ် ၁ ကျတဲ့ People You May Know ကို ကောင်မလေးအဖြစ်လိုက်မယ်လို့ အလောင်းအစားလုပ်ကြရာမှ မထင်မှတ်ဘဲတွေ့လိုက်ရတဲ့ မဂ်နာ… နာကျင်စရာအတိတ်တွေနဲ့ သားအမိနှစ်ယောက်တည်း ရုန်းကန်ရင်း အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေတဲ့ မဂ်နာဟာ အချစ်ရေးကို တွေးဖို့အတွက် အချိန်လည်းမရှိခဲ့သလို အယုံအကြည်လည်းမရှိခဲ့ပါဘူး… မဂ်နာ့ကိုမြင်မြင်ချင်းချစ်မိသွားတဲ့ ဒေ့ဗ်တစ်ယောက် ခက်ခက်ခဲခဲနဲ့ ချဉ်းကပ်ဖို့ကြိုးစားခဲ့ပါတယ် သူ့ရဲ့အကောင်းမြင်တတ်တဲ့စိတ် အမြဲတမ်းပျော်နေတတ်တဲ့စိတ်လေးဟာ ဘယ်လောက်ထိ စိတ်ရှည်ရှည်နဲ့ ထားနိုင်မလဲ သူတို့တွေဘယ်လိုတွေရိုကြမလဲဆိုတာကြည့်လိုက်ကြရအောင်လား ဒီဇာတ်ကားလေးဟာ IMDb 5.1 ရထားပြီးတော့ မင်းသား Karthi နဲ့ မင်းသမီးချောလေး Rakul Preet Singh ပါဝင်သရုပ်ဆောင်ထားတဲ့ Action, Adventure, Romance ဇာတ်ကားမျိုးလေးဖြစ်ပါတယ် တစ်နေ့တည်းတစ်ရက်တည်းမွေးတဲ့ စရိုက်ကလည်းတူသူငယ်ချင်း ၃ ယောက် ဒေ့ဗ် ဗစ်ကီနဲ့ နီရှာ… ဒေ့ဗ်ရဲ့ Surprise ဒဏ်တွေကို မခံနိုင်တော့တဲ့ ဗစ်ကီတစ်ယောက်နီရှာနဲ့ပေါင်းပြီး အွန်လိုင်းသုံးပြီး ချစ်သူရှာပေးရာက မဂ်နာဆိုတဲ့ ...
movie
Dev (2019)
2019