Channel Myanmar

Karry Wang

Bureau 749 ( 2024 ) 5.9
Bureau 749 ( 2024 ) တရုတ်နိုင်ငံမှာ အောင်မြင်နေတဲ့ သရုပ်ဆောင်တွေအားလုံးကို ခေါ်ရိုက်ထားသလားထင်ရအောင် နာမည်ကြီးသရုပ်ဆောင်တွေစုပေါင်းအားဖြည့်ထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ TF boys အဖွဲ့ဝင် Karry Wang က ခေါင်းဆောင်သရုပ်ဆောင်ထားတဲ့ သိပ္ပံအက်ရှင်စွန့်စားခန်းရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်။အနာဂတ်ခေတ်မှာ ကမ္ဘာပေါ်မှာ အမည်မသိသက်ရှိတွေ ထွက်ပေါ်လာတဲ့အတွက် ၇၄၉ သက်ရှိသုတေသနစခန်းကို ဖွဲ့စည်းခဲ့ပါတယ်။ ဟုန်ခွမ့်သတ္တုတွင်းပြိုကျပြီးနောက် သတ္တုတွင်းတစ်ဝိုက်မှာ မြူငွေတွေ ထွက်ပေါ်လာပါတယ်။ အဲဒီမြူငွေ့တွေက လူတွေအတွက် အန္တရာယ်မရှိပေမဲ့ တဖြည်းဖြည်းပိုပြီး သိပ်သည်းလာပါတယ်။ဟုန်ခွမ့်သတ္တုတွင်းထဲမှာလည်း ထူးဆန်းတဲ့ သက်ရှိတစ်မျိုးကို တွေ့ခဲ့ပြီး အဲဒီသက်ရှိဟာ သတ္တုရော ပရိုတင်းဓာတ်ကိုရော စုပ်ယူဝါးမြိုနိုင်ပြီး အဲဒီအကောင်ကို အနိုင်ယူနိုင်တဲ့အရာမရှိ ဖြစ်နေပါတယ်။ အဲဒီသက်ရှိကို အမှတ်သုညသက်ရှိအဖြစ် နာမည်ပေးခဲ့ပါတယ်။ အမှတ်သုညသက်ရှိက ကြီးလာတာနဲ့အမျှ လူတွေအတွက် အန္တရာယ်ရှိလာခဲ့ပါတယ်။သတ္တုတွင်းထဲက ပြဿနာကို ဖြေရှင်းဖို့ သာမန်ကောင်လေးတစ်ယောက်အဖြစ် ဘဝကို အေးချမ်းစွာဖြတ်သန်းနေတဲ့ မာရှန်းကို ၇၄၉ စခန်းက လိုအပ်လာတဲ့အတွက် မာရှန်းရဲ့ဘဝဟာ စတင်ပြောင်းလဲရပါတော့တယ်။မာရှန်းရဲ့ လျှို့ဝှက်ချက်က ဘာလဲ...... သတ္တုတွင်းထဲက သက်ရှိကိုရော ဘယ်လို အနိုင်ယူရမလဲ...... ၇၄၉ စခန်းက ဒီအန္တရာယ်ဘေးက ကျော်ဖြတ်နိုင်မလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 7.70 GB ...
movie

Bureau 749 ( 2024 )

4K HEVC
Stand By Me ( 2024 ) 5.8
Stand By Me ( 2024 ) သွေးမတော်သားမတော်ဘဲ ကိုယ်တိုင်ကလည်း ပြည့်စုံနေတာ မဟုတ်ဘဲ လူတစ်ယောက်ကို မေတ္တာထားနိုင်မလား။ ဒီရုပ်ရှင်လေးက ဖြစ်ရပ်မှန်အဖြစ်အပျက်ကို ပြန်ရိုက်ကူးထားတဲ့ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ပတ်ဝန်းကျင်ထဲမှာ ဒီလိုကလေးတွေ ရှိနေပါတယ်။ အဖေရော အမေရော သက်ရှိထင်ရှား ရှိနေပေမဲ့ အုပ်ထိန်းသူမရှိတဲ့ လမ်းဘေးရောက်ကလေးတွေပေါ။ မာလျန်ကလည်း အဲလိုကလေးအဖြစ်နဲ့ ကြီးပြင်းလာသူ ဖြစ်ပါတယ်။ အရည်အချင်း တစ်စုံတစ်ရာမရှိတဲ့သူ့အတွက် တစ်ခုတည်းသော သက်မွေးဝမ်းကြောင်းနည်းက ပစ္စည်းတွေ ခိုးပြီး ပြန်ရောင်းရတာပေါ့။တစ်နေ့မှာ အဘိုးအဘွားကမချစ် မိဘက ပစ်ထားပြီး ရပ်ကွက်ထဲမှာ အနိုင်ကျင့်ခံနေရသူ ရွှမ်းရွှမ်းနဲ့တွေ့ခဲ့ပြီး သူက ပစ္စည်းခိုး ကလေးကို ပစ္စည်းပြန်ရောင်းခိုင်းနဲ့ အပေးအယူတည့်သွားပါတယ်။ ဘဝတူတဲ့ သူတို့နှစ်ယောက်က သွေးမတော်ပေမဲ့ မိသားစုလို အချင်းချင်း မှီခိုနေထိုင်ပြီး သံယောဇဉ် ရှိသွားခဲ့ပါတယ်။ဒါပေမဲ့ သူတို့နှစ်ယောက်ကို ဒုစရိုက်အဖွဲ့အစည်း တစ်ခုက သတိထားမိသွားတဲ့အခါမှာတော့ သူတို့ရဲ့ သာယာမှုမရှိတဲ့ဘဝမှာ ကံဆိုးမိုးတွေ ရွာသွန်းလာခဲ့တာပေါ့။ TFboys အဖွဲ့ဝင် Karry Wang က အဓိကဇာတ်ဆောင်အနေနဲ့ သရုပ်ဆောင်ထားပြီး ဇာတ်ပို့တွေကလည်း အားလုံးရင်းနှီးပြီးသား သရုပ်ဆောင်ကောင်းတွေပဲ ဖြစ်လို့ ဒီရုပ်ရှင်ကိုတော့ ကြည့်သင့်တဲ့ရုပ်ရှင်ကားအဖြစ် ညွှန်းလိုက်ပါတယ်။ Filesize : 1.53 GB / 898 ...
movie

Stand By Me ( 2024 )

The Fallen Bridge ( 2022 ) 6.4
The Fallen Bridge ( 2022 ) "တရားမျှတမှုနဲ့ အမှန်တရားဆိုတာ အမြဲတစေဆိုသလို ဒွန့်တွဲနေတဲ့အရာတစ်ခုပါ အမှန်တရားဆိုတာ ဘယ်လိုမှ ဖုံးဖိလို့မရတဲ့ အရာတစ်ခုဆိုလဲမမှားဘူး"ဖခင် သေဆုံးမှူအတွက် အမှန်တရားကို အပူတစ်ပြင်းရှာဖွေနေတဲ့ တက္ကသိုလ်ကျောင်းသူလေး - ဝမ်ရှောင်းယွီ ဝမ်ရှောင်းယွီရဲ့ ဖခင်သေဆုံးမှုက မျက်မြင်သက်သေ တစ်ယောက်ဖြစ်တဲ့ စက်ပြင်သမားလေး - မုန့်ချောင်းကျုံးနမ်တံတားဟူသည် ဟွမ်ချွဲ့မြို့ကြီးရဲ့ အဓိက ပေါင်းကူးတံတားဆိုရင်လဲ မမှားပါဘူး တစ်နေ့မှာ တံတားကြီး ပြိုကျပျက်ဆီးသွားခဲ့တဲ့အခါ ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်အဲ့တာကတော့ တံတားအတွင်းမှာ လူသေအရိုးစုတစ်ခု တွေ့ရှိခဲ့ရခြင်းပါပဲ အဲဒီသေဆုံးသူကတော ဝမ်ရှောင်းယွီရဲ့ ဖခင်ဖြစ်သူ ဝမ်လျောင့်ပါ တစ်နေ့မှာတော့ မုန့်ချောင်းရဲ့ အကူအညီပေးမှုနဲ့အတူ ဖခင်ရဲ့သေဆုံးမှုဟာ သွေးရိုးသားရိုးမဟုတ်တဲ့အကြောင်း ဝမ်ရှောင်းယွီသိရှိသွားခဲ့ပါတော့တယ် နစ်မြုပ်နေတဲ့ သဲလွန်စ တစ်စချင်းဆီနောက်ကို နှစ်ယောက်သား အတူတူလိုက်လံရှာဖွေရင်း ဝမ်ရှောင်းယွီရဲ့ မွေးစားအ​ဖေဖြစ်သူ ကျူးဖန်းကျန့် ကလူသတ်သမားဖြစ်နိုင်​ချေရှိတဲ့ အကြောင်း သိရှိသွားချိန်မှာတော့.....?❏ ဘာတွေဆက်ဖြစ်ကြမလဲ ? ❏ နောက်ကွယ်က လျို့ဝှက်ဆန်းကြယ်တဲ့ အရာတွေကရော ဘာတွေဖြစ်လာမလဲ ? ❏ လူသတ်သမားကရော သူတို့ထင်ထားတဲ့အတိုင်းဖြစ်နေနိုင်ပါ့မလား ? ❏ သူတို့တွေ အပူတပြင်းရှာနေတဲ့ အမှန်တရားကရော ထွက်ပေါ်လာပါ့မလား ? ဆိုတာ စိတ်ဝင်စားဖွယ် ရင်တထိတ်ထိတ်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်ရှင်သရုပ်ဆောင်တွေအနေနဲ့ကတော့ တရုတ်ပြည်မကြီးမှာ နာမည်ကြီးအဖွဲ့တစ်ခုဖြစ်တဲ့ TFBOYS အဖွဲ့ရဲ့ ...
movie

The Fallen Bridge ( 2022 )

Home Coming ( 2022 ) 6.5
Home Coming ( 2022 ) ဒီနေ့မှာဆိုရင်တော့ Channel Myanmar က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ရုံတင်ခဲ့ပြီး ရုံဝင်ငွေ ၁.၅ ဘီလီယံကျော်ရရှိခဲ့တဲ့《Home Coming》 ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေNumedia နိုင်ငံစစ်ပွဲဖြစ်စဥ် အချိန်ကာလ , သံရုံးမှာ လူအင်အားမမျှသောကြောင့် စစ်ပွဲအတွင်းက တရုတ် ပြည်သူတွေကိုသာ ကယ်ဆယ်ဖို့ စီစဥ်ထားပေမဲ့လဲ အဆင်မပြေခဲ့ပါဘူး တစ်ဆက်ထဲမှာပဲ အဲဒီနေ့ကမှ ဇာတိမြေကို ပြန်ဖို့စိတ်ကူးထားတဲ့ သံတမန်ဝန်ကြီးချုပ်ဟောင်း ဇုံးတဝေ နဲ့ နိုင်ငံရေးဌာနမှ လူသစ်တစ်ဦးဖြစ်တဲ့ ချန်လန် တို့ဟာ အန္တရာယ်ကြားထဲကနေပြီးတော့ တာဝန်တွေကို သက်စွန့်ဆံဖျား လုပ်ကိုင်ပေးခဲ့ကြပြီး မိမိတို့ အိမ်ပြန်မည့် အခွင့်အရေးကို လက်လွှတ်ကာ စစ်ပွဲအတွင်းက ပြည်သူများ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့အတွက် နေရစ်ခဲ့ကြပါတယ်အဲဒီနောက်မှာတော့ တာဝန်တွေကို ကြိုးစားလုပ်ကိုင်ရင်း တာဝန်ပြီးဆုံးသွားပြီလို့ ထင်နေပေမဲ့ နောက်ထပ် စစ်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ တစ်ပြည်ထဲသား လူတစ်စု ရှိနေသေးတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ပိုင်ဟွ ဆိုသူရဲ့ ဦးဆောင်လမ်းပြမှုနဲ့ အတူတူ နယ်စပ်ရွှေ့ပြောင်းရေး စခန်းကို သွားရောက်ခဲ့ကြပါတော့တယ် အရေးပေါ်ဖြစ်နေတဲ့ အခြေအနေအောက်မှာ နှစ်ယောက်သားဟာ အိမ်ပြန်ဖို့ အခွင့်အရေးကို ထပ်မံစွန့်လွှတ်ခဲ့ကြပြီးတော့ စစ်ပွဲအတွင်းထပ်မံခြေချခဲ့ပြန်ပါတော့တယ် အဲဒီနောက်မှာတော့ ...
movie

Home Coming ( 2022 )

L.O.R.D: Legend of Ravaging Dynasties 2 (2020) 5.0
L.O.R.D: Legend of Ravaging Dynasties 2 (2020) L.O.R.D ပရိသတ်ကြီးရေ .... အပိုင်း(၂) လေး အခက်အခဲများစွာနဲ့ ထွက်လာပါပြီ ။ အမျိုးမျိုးသော အကြောင်းပြချက်တွေကြောင့် ဇွန်လ ထွက်မယ်လို့ကြေငြာပြီးမှ ဒီဇင်ဘာ ၄ ရက်နေ့မှ အွန်လိုင်းကနေ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ် ။အပိုင်း (၁) ကိုမကြည့်ရသေးသူအဖို့ (၁) ကိုအရင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်နော် ။ မကြည့်ချင်လည်းရပေမယ့် ဇာတ်လမ်းအချိတ်အဆက်ပိုမိတာပေါ့.... အခုမှအသစ်ကြည့်တဲ့ ပရိသတ်တွေကတော့ လုံးဝကိုမှင်သက်သွားစေပါလိမ့်မယ် ။ မိနစ်အပိုင်းလေးတင်မှာပင် ဇာတ်လမ်းရဲ့ဆွဲဆောင်မှုကို သင်ခံလိုက်ရပါပြီ ။ အတည်ပြောတာနော်။ဇာတ်လမ်းအကျဉ်းနည်းနည်းပြောမယ်နော် ။အခု အပိုင်း (၂) မှာ မင်းသား ရင်းချန် ရဲ့ဆရာ ကျီအယ်ကျားမေရှီ ကိုကယ်တင်တဲ့အပိုင်းလေးပါ ။ ၅၂၈ /၁၅၀၀ ချစ်ခြင်းမေတ္တာတရားကို သေချာလေးဖော်ကျူးပေးထားပါတယ်။ သူတို့ကယ်တင်ချင်တဲ့ ဆရာကို ဇာတ်လမ်းပြီးတဲ့ထိ မပြဘူးဆိုတော့ အပိုင်း (၃) လာဉီးမယ့်သဘောပါ ။တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလိုပဲ သူတို့တိုက်ခိုက်နေတဲ့ ရန်သူကရော ...တကယ့်အစစ်အမှန်ရန်သူဖြစ်ရဲ့လား ဒါမှမဟုတ် မိတ်ဆွေဆိုတာက... ...
movie

L.O.R.D: Legend of Ravaging Dynasties 2 (2020)

The Great Wall (2016) 5.9
The Great Wall (2016) The Great Wall (2016)_____IMDb...5.9/10   (အက်ရှင်အလန်းစားနဲ့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်သည်နှင့်အညီ Blu-Ray 1080p 5.1 CH,720Pတို့ဖြင့် ပြန်လည်တင်ဆက်ထားပါသည်....) Matt Damon ကို ထည့်သုံးထားတာဖြစ်ပါတယ်။ ဒီကားက Song Dynasty (960 ကနေ 1279) ကြား ကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Matt Damon က ဥရောပ ကလာတဲ့ Mercenary ဖြစ်ပြီး သူတို့ က တရုတ်ပြည်က ယမ်းမှုန့်ကိုလိုချင်လို့ လာကြတာဖြစ်ပါတယ်။ဒီကားက Fantasy Si-fi ဖြစ်ပြီး တရုတ်က မဟာတံတိုင်းက လူတွေသိထားသလို မွန်ဂိုတွေရန်ကိုကာကွယ်ဖို့တင်မဟုတ်ပဲ၊ Alien Monster တွေရဲ့ရန်ကို ကာကွယ်ဖို့ ဆောက်ထားတာဖြစ်လို့ စိတ်ကူးယဉ်တင်ဆက်ထားပါတယ်။ Matt Damon တို့က ဒီ Monster တွေနဲ့ တွေ့လို့ ထွက်ပြေးလာရင်းနဲ့ တရုတ် ခံတပ်မှာ အဖမ်းခံရပါတယ်။ ဒီကနေ သူရဲ့ မြှားပစ်စွမ်းရည် ကြောင့်ရယ်၊ တိုက်ရည်ခိုက်ရည်ကောင်းတာကြောင့်ရယ်၊ သူ့ကို မသတ်တော့ပဲ တရုတ်စစ်တပ်နဲ့ အတူ ...
movie

The Great Wall (2016)

2016
HEVC 1080p 6.1
Namiya (2017) 5.8
Namiya (2017) CM Fan တွေ အတွက် မင်းသားကြီး ဂျက်ကီချန်း ပါဝင်ထားတဲ့ ရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်... ရုပ်ရှင်ကား နာမည်ကတော့ နာမီယာ တဲ့... ရုပ်ရှင်ကားထဲမှာတော့ နာမီယာ စတိုး ဆိုင်လေးပါ... ဒီရုပ်ရှင်ကားဟာ အချိန်စက်ဝိုင်း တစ်ခုဆီ စပ်ကြားက စာတိုက်ပုံးလေး တစ်ခု နဲ့ စတင်ထားပါတယ်.... ဟုတ်ပါတယ် .... နာမီယာ စတိုးဆိုင် ရဲ့ ပိုင်ရှင် ဟာ လူတိုင်းရဲ့ အခက်အခဲတွေကို သူ့ စာတိုက်ပုံးကနေ လက်ခံပြီး အကြံဥာဏ်တွေပေး ၊ အားပေး နှစ်သိမ့်စကားတွေ ပြောတက်သူပါ သူကလဲ အချိန်ပေးပြီး စာပြန်တက်ပါတယ်... နာမီယာ ရဲ့ ပရိတ်သက်တွေကတော့ ကလေးအများစု ဖြစ်ပါတယ် သူတို့ အိမ်တွင်းရေးတွေကို တိုင်ပင်ကြပါတယ် သူတို့ နှစ်သက်တဲ့ စူပါဟီးရိုး တွေ ၊ အနုပညာရှင်တွေ ဆီ စာရေးကြပါတယ်... စာတွေကို ဒိုင်ခံပြန်ပေးနေသူကတော့ နာမီယာ စတိုးဆိုင် ပိုင်ရှင် အဘိုးအိုကြီး တစ်ယောက်ပဲ ဖြစ်ပါတယ်.... ဒီလိုနဲ့ အဘိုးအိုလဲ သေဆုံးပြီး ကလေးတွေလဲ အရွယ်ရောက်ကုန်ကြသလို နာမီယာ စတိုးဆိုင်ဟာ ပိတ်ထားခဲ့တာ နှစ်တွေ ချီသွားခဲ့ပါတယ်... ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာတဲ့အခါမှာ အဲ့ဒီ စာတိုက်ပုံးကနေ အချိန်စက်ဝိုင်း အရှေ့ ...
movie

Namiya (2017)

2017