Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Karrueche Tran
7.4
The Nice Guys (2016)
The Nice Guys (2016)IMDb Rating (7.4) / Rotten Tomatoes (91 %)The Nice Guys 2016 အမေရိကန်ဇာတ်ကားဟာဆိုရင်ဖြင့် မင်းသားကြီး Russell Crowe နဲ့ Ryan Gosling တို့ ဦးဆောင်ပါဝင်ထားတဲ့ အပစ်အခတ် အညစ်အပတ် ဟာသဇာတ်တစ်ခုဖြစ်ပါတယ်။ IMDb 7.4 ကို အချိုအချောင်ရထားတဲ့ဇာတ်ကားမဟုတ်ပါဘူး။ ခရမ်းချဉ်သီးပုပ် 91 ရာနှုန်းကလည်း ဝေဖန်ခံနိုင်တဲ့ ဇာတ်ကားကောင်းဖြစ်တယ်ဆိုတာ သိသာစေတာပေါ့။ဇာတ်ကွက်တစ်ခုချင်းဆီမှာ ဖော်ကွက်လေးတွေပါပြီး မြန်ဆန်တဲ့ plot twist တွေကို ဖြေထုတ်ထားတာပါ။ အကြမ်းအရမ်းကို Russell Crowe က တာဝန်ယူထားပါတယ်။ Gladiator 2000 မှာ မြင်တွေ့ခဲ့ရသလိုပဲ မင်းသားကြီးက တည်ငြိမ်ရင့်ကျက်ပြီး အေးအေးမှန်မှန် သရုပ်ဆောင်သွားတာကို တွေ့ရမှာပါ။ဟာသဘက်ကိုတော့ Ryan Gosling ပဲ သယ်ရတာပေါ့လေ။ ...
movie
The Nice Guys (2016)
2016
4K HEVC
5.9
Divinity (2023)
Divinity (2023)~ IMDb - 5.9/10, RT - 57%, Meta - 61% ~ဦးနှောက်ခြောက်စရာမရှိလို့ ကိုယ့်ထမင်းကိုယ်စားပြီး ဦးနှောက်ခြောက်ချင်တဲ့လူတွေအကြိုက်တွေ့စေမယ့်ရုပ်ရှင်ပါ။လက်တွေ့လူ့သမိုင်းတလျှောက်မှာ မအိုဆေးရှာပုံတော်ဖွင့်ခဲ့ကြတာ တစ်ပုံတပင်ရှိပါတယ်။ ဒီအကြောင်းကိုရုပ်ရှင်တွေ ဝတ္ထုတွေ ရေးခဲ့ကြတာလည်း မနည်းပါဘူး။ ဒီရုပ်ရှင်ကတော့ မအိုဆေးရှာတွေ့သွားပြီး မအိုဆေးသောက်ကြသူတွေရဲ့ကမ္ဘာဖြစ်သွားပုံပါ။ တကယ့်အပြင်မှာ မအိုဆေးဆိုပြီး အရက်သောက်ကြသလိုတော့မဟုတ်ဘူး။ ဒါက မအိုဆေးစစ်စစ်ပေါ့။ ဒါပေမဲ့ ဒီဆေးမှာ ဘေးထွက်ဆိုးကျိုးတစ်ခုရှိတယ်။ အဲဒါကိုလည်း ကြည့်ရင်းနဲ့မှ တွေ့ရပါလိမ့်မယ်။ အဲဒီဆေးရဲ့ ပါဝင်ပစ္စည်းကလည်း သိပ်ကောင်းတဲ့အရာတော့မဟုတ်ဘူး။ ဒါပေမဲ့ လူတွေက မသိဘဲ သောက်သုံးကြတာပေါ့။ တစ်နေ့မှာ ထူးဆန်းတဲ့ ညီအစ်ကို ၂ ယောက်က ကောင်းကင်ပေါ်က ကျလာပြီး အဲဒီဆေးဖန်တီးတဲ့လူကို ဖမ်းချုပ်ပြီး သူ့ရဲ့ဆေးကိုပြန်သွင်းတယ်။ အဲဒီကနေမှ တဖြည်းဖြည်း အထုတ်ဖြည်ပြသွားတာပါပဲ။ထူးခြားတဲ့အချက်ကတော့ ဒီရုပ်ရှင်ကို အဖြူအမည်းနဲ့ရိုက်ထားတယ်။ ကမ္ဘာကြီးက အိပ်မက်ဆိုးကြီးလိုဖြစ်သွားပုံကိုပြချင်တဲ့သဘောပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ ...
movie
Divinity (2023)
2023
4.4
House Party (2023)
House Party ရုပ်ရှင်ကားကို ၂၀၂၃ခုနှစ် ဇန်နဝါရီလမှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ ယခင် ၁၉၉၀ နဲ့ ၁၉၉၁ ခုနှစ်ကပြသခဲ့တဲ့ House Party 1 နဲ့ 2 ကိုreboot ပြန်လည်ရိုက်ကူးထားတဲ့ Comedy Drama ဟာသဒရမ်မာ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ကယ်ဗင်နဲ့ ဒါ့မွန်ဆိုတာက အယ်လ်အေမြို့မှာနေတဲ့ သန့်ရှင်းရေးအလုပ်သမားတွေဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သူတို့ကအိမ်ပါတီပွဲစီစဥ်တဲ့သူတွေ ဖြစ်နေပြန်ပါတယ်။ တစ်နေ့မှာ သူတို့အလုပ်လုပ်နေရင်း အလုပ်လည်းပြုတ် ပိုက်ဆံစိုက်ထားတဲ့ ပါတီပွဲကနေလည်း အနှင်ထုတ်ခံလိုက်ရပါတော့တယ်။ ပိုက်ဆံလိုနေတဲ့တစ်ချိန်တည်းမှာပဲ ကံဆိုးမိုးမှောင်ကျတာမလို့ ကြံမိကြံရာလုပ်ဖို့ ရည်ရွယ်တဲ့အခါမှာတော့ သူတို့သန့်ရှင်းရေးလုပ်နေဆဲ အိမ်ကြီးဟာ ဘတ်စကတ်ဘော ကစားသမား လီဘရွန်ဂျိမ်းစ်ရဲ့အိမ်ကြီးဖြစ်နေပြီးတော့ အိမ်ရှင်ကလည်း ခရီးထွက်သွားပါတယ်။ ဆိုတော့ကာ လူမရှိတဲ့အိမ်မှာ သူတို့ပါတီပွဲပေးပြီး ငွေရှာဖို့လုပ်ပါတော့တယ်။ သူတို့ ပိုက်ဆံကို ဖြောင့်ဖြောင့်တန်းတန်းရှာနိုင်လေမလား ဘာပြဿနာတွေတက်ကြမလဲ ဘယ်လိုတွေရော ဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှု့ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်ကားတစ်ကားလုံးမှာ အဆဲစကားလုံးတွေကို ဖောဖောသီသီသုံးထားတဲ့အပြင် မူးယစ်ဆေးသုံးတဲ့ပြကွက်တွေ ...
movie
House Party (2023)
7.0
Embattled(2020)
Embattled(2020)2020 ထဲမှာထွက်ရှိခဲ့တဲ့ အက်ရှင် ဒရာမာ အမျိုးအစားဇာတ်ကားဖြစ်ပါတယ် MMA Caged Fights တွေကိုအခြေတည်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်လို့ လက်ဝှေ့ပွဲပရိတ်သတ်တွေ နှစ်သက်ကြမယ်ထင်ပါတယ်...ကတ်ရှ်က MMA မှာ ဘုရင်လို့တောင် တင်စားခံရတဲ့ ထိတ်ထန်း ဖိုက်တာတစ်ယောက်ပါ....၃၇ပွဲမှာ တစ်ပွဲသာရှုံးနိမ့်ဖူးတဲ့ ဖိုက်တာာတစ်ယောက်ပေါ့..တကယ်တော့ သူဟာ ကလေး(၂)ယောက်ရှိခဲ့ပြီး အမျိုးသမီးနဲ့ အဆင်မပြေလုိ့လမ်းခွဲခဲ့ပြီးနောက်မှအောင်မြင်လာတဲ့သူပါ..ယခုလည်းနောက်အိမ်ထောင်ပြုလိုက်ပါပြီ...ပထမအိမ်ထောင်နဲ့ရခဲ့တဲ့သားကြီး ဂျက်ကတော့အောင်မြင်လာတဲ့သူ့အဖေကိုအားကျပြီး MMAလောကထဲကို ဝင်ရောက်ဖို့ကြိုးစားလာပါတယ်..ကတ်ရှ်က သူ့သားအောင်မြင်ဖို့ ကူညီပေးပြီး ထရိန်နာတွေနဲ့ ကူညီပေးပါတယ်...အဲ့ဒီနောက် သားဖြစ်သူ ဂျက်တစ်ယောက် လက်စောင်းလေးထက်လာပြီး MMAလောကအကြောင်းနဲ့သူ့အဖေအကြောင်းတွေသိလာရတဲ့အချိန်မှာတော့...ဘယ်လိုတွေဆက်ပြီး ပွဲတွေကြမ်းမလဲဆိုတာကိုတော့..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Myat Thu ပဲဖြစ်ပါတယ်...File Size :(928MB) and (333MB) Quality : WEB-DL 720p Format…mp4 Duration…01:57:00 Genre : Action, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
Embattled(2020)
5.9
Jay and Silent Bob Reboot (2019)
Jay နဲ့ Silent Bob ဆိုတာကတော့ အပြင်မှာတကယ်ရှိတဲ့ဆေးသမား ၂ ယောက်ကို အခြေပြုပြီး Kevin Smith ကဖန်တီးထားခဲ့တဲ့ဇာတ်ကောင်တွေပါသူတို့ကို Bluntman နဲ့ Chronic လို့လည်းသိထားကြပါတယ်...ဒီ Reboot မတိုင်ခင် သူတို့ Universe အတိုင်းဇာတ်ကားပေါင်းများစွာထွက်ရှိထားပါသေးတယ်...ဒီ Reboot ထဲမှာတော့ တကယ့်အပြင်က Jay နဲ့ Bob တို့တစ်တွေသူတို့နာမည်တွေကိုလုယူပြီး ရုပ်ရှင်ရိုက်မယ့်Kevin Smith ကိုတားကြမှာဖြစ်ပါတယ် Comedy ရသအပြည့်အဝနဲ့ အတူChris Hemsworth, Ben Affleck, Matt Damon နဲ့နောက်ဆုံး Stan Lee ပါ Cameo အဖြစ်ပါဝင်ထားကြတာမို့လို့ကြည့်ကောင်းပါတယ်လို့ လက်တို့လိုက်ရင်းစကားအသုံးအနှုန်းကြမ်းတာလေးတော့သတိပြုစေချင်ပါတယ်လို့... File Size : ( ...
movie
Jay and Silent Bob Reboot (2019)