Channel Myanmar

Karl Markovics

The Phoenician Scheme (2025) 6.9
The Phoenician Scheme (2025)   ဒီဇာတ်ကားလေးကတော့ အရင်လကမှ ထွက်ရှိထားပြီးတော့ ဟောလိဝုဒ် ဒိတ်ဒိတ်ကြဲထိပ်တန်းသရုပ်ဆောင်တွေများစွာ ပါဝင်ထားတဲ့အပြင် Rating အားဖြင့်IMDb 6.9/10, Rotten Tomatoes မှာ 78% တောင် ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်း +++++++++++အန်နာတိုး ကိုဒါ တဖြစ်လည်း ဇာဇာဟာ တကယ့်ကို ကျိကျိတက်ချမ်းသာပြီးတော့ ဉာဏ်နီဉာဏ်နက် ရောင်စုံထွက်တဲ့ စီးပွားရေးသမားဖြစ်ပါတယ်။သူဟာ ခေါင်းပုံဖြတ်အမြတ်ကြီးစားမှု အခွန်ရှောင်မှု ဈေးကွက်ချုပ်ကိုင်မှု လာဘ်ပေးလာဘ်ယူမှု အစရှိတဲ့ စွပ်စွဲချက်ပေါင်းစုံနဲ့ နာမည်ဆိုးနဲ့ကျော်ကြားပြီးသူ့ကို မကျေနပ်တဲ့ စီးပွားပြိုင်တွေ ဂိုဏ်းတွေ အဖွဲ့အစည်းတွေက သူ့ကို ဘုံရန်သူအနေနဲ့ သတ်မှတ်ကာ စုပေါင်းပြီး လုပ်ကြံဖို့ အမျိုးမျိုးကြိုးစားကြပါတယ်။ဒီလိုနဲ့ အသက်ပြင်းတဲ့ ကိုဒါဟာ လုပ်ကြံရေးသမားတွေလက်ချက်နဲ့ ခြောက်ကြိမ်မြောက်လေယာဉ်ပျက်ကျပြီးတဲ့နောက်မှာ သူ့ရဲ့ တစ်ဦးတည်းသောသမီးသီလရှင်လောင်းလေးကို အမွေဆက်ခံခိုင်းဖို့ စီစဉ်ပါတော့တယ်။ဖြစ်ချင်တော့ အဲအချိန်မှာပဲ စီးပွားပြိုင်လုပ်ငန်းတွေ စုပေါင်းပြီး ဈေးကွက်ကို ကစားလိုက်တဲ့အခါ ဇာဇာတစ်ယောက် သူ့လုပ်ငန်းကိုင်ငန်းတွေကမောက်ကမဖြစ်သွားပြီးသူ့ခမျာ စည်းစိမ်မပျောက်အောင် သူ့သမီး သီလရှင်ပေါက်စလေးနဲ့အတူ သူနဲ့လက်တွဲထားတဲ့ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်တွေစီပွားရေးလက်မဲကြီးတွေကို ...
movie

The Phoenician Scheme (2025)

4K HEVC
A Hidden Life (2019) 7.5
A Hidden Life (2019) A Hidden Life (2019)IMDb Rating (7.4) / Rotten Tomatoes (82%)" ကမ္ဘာကြီးကို ပိုကောင်းလာစေတဲ့ အဖြစ်အပျက်တွေထဲမှာ သမိုင်းမတွင်တဲ့လုပ်ရပ်တွေအများကြီးရှိပါတယ် မင်းတို့ငါတို့ရဲ့ ဘဝတွေ ဆိုးမသွားဘဲ အဆင်ပြေနေရတဲ့ အကြောင်းရင်းရဲ့ တစ်ဝက်လောက်က အညတရဘဝနဲ့ရှင်သန်ခဲ့ပြီး ဘယ်သူမှလာမတွေ့တဲ့ အုတ်ဂူတွေထဲက လူတွေရဲ့ ကျေးဇူးတွေပါပဲ။ " - George Eliotဒုတိယကမ္ဘာစစ်အတွင်းက အေးချမ်းပြီးလူတွေမသိတဲ့ ဘဝလေးတစ်ခု ပျက်စီးခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားပါတယ်။ဖရန့်နဲ့ ဖန်နီက ဩစတေးလျတောင်တန်းတွေကြားက အေးချမ်းသာယာတဲ့ရွာလေးတစ်ရွာမှာ ယာလုပ်ရင်း ချစ်စရာသမီးလေးသုံး‌ယောက်နဲ့အတူပျော်ရွှင်နေကြသူတွေပါ။ဒုတိယကမ္ဘာစစ်စဖြစ်ကြတော့ ဖရန့်ကို စစ်ထဲဝင်ဖို့အမိန့်စာကျလာပါတယ်.. ဒီလိုနဲ့ လေ့ကျင့်ရေးစခန်းရောက်တဲ့အခါမှာတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲနေချင်တဲ့သူ့အနေနဲ့ ခေါင်းဆောင်တွေရဲ့လုပ်ရပ်တွေ မှန်ကန်တယ်လို့မထင်၊ စစ်ပွဲကလည်း မတရားဘူးလို့ယူဆတဲ့အလျောက် ဟစ်တလာကိုသစ္စာခံပါမယ်ဆိုတဲ့ ကျမ်းသစ္စာကိုမကျိန်နိုင်ပါဘူးဆိုပြီး ငြင်းပါလေရော။ဒါကြောင့် သူဟာ အကျဉ်းထောင်ထဲပို့ခံလိုက်ရပြီး ပြစ်ဒဏ်စီရင်ချက်ချဖို့စောင့်ဆိုင်းနေရတဲ့ အကျဉ်းသားဘဝကို တန်းရောက်သွားပါတော့တယ်။ဒီရုပ်ရှင်ကားက ဇာတ်လမ်းကဘာဆက်ဖြစ်မလဲဆိုတာထက် တကယ့်အပြင်က ခံစားချက်တွေကိုပဲ ပေးစွမ်းမယ့် ရုပ်ရှင်ကားဖြစ်ပါတယ်။ အကျဉ်းစခန်းက ဖရန့်နဲ့ သူ့မိန်းမနဲ့စာတွေအပြန်အလှန်ရေးပြီးလွမ်းဆွတ်ရတာတွေကိုကြည့်ပြီး နာကျင်မှုတွေက ကိုယ်ထဲထိစီးဆင်းလာမှာပါ။သာယာပျော်ရွှင်နေတဲ့မိသားစုလေးတခုတည်ရှိခဲ့ပေမယ့် ကိုယ်မှန်တယ်ထင်တဲ့အရာကို‌ခေါင်းမာမာနဲ့ လုပ်လိုက်တဲ့လင်ယောက်ျားကြောင့် သူမဟာ ပင်ပန်းဆင်းရဲစွာအလုပ်လုပ်နေရပြီး ပတ်ဝန်းကျင်ရဲ့ဖယ်ကျဉ်ခြင်းကိုခံနေရပေမယ့် လင်ယောက်ျားအပေါ်ငြူစူခြင်းမရှိဘဲ အဆုံးထိပါရမီ‌ဖြည့်ပေးခဲ့တဲ့ မိန်းမတစ်ယောက်ကိုလည်း မှတ်ကျောက်တင်စရာမြင်တွေ့ရမှာပါ။ဒါတွေအားလုံးက တကယ်ဖြစ်ခဲ့တဲ့အကြောင်းတွေဆိုတာတွေးမိရင် A hidden life ...
movie

A Hidden Life (2019)

4K HEVC
The Dark (2018) N/A
The Dark (2018) CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့Rating 6.2 အထိရရှိထားတဲ့"The dark"ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...ကဲ ပရိတ်သတ်နဲ့ အတူ အမှောင်ထဲဝင်ရအောင်နော်အညွှန်း- ကျွန်မနာမည်က မီနာပါ...ကျွန်မမှာ ဖောင်းကားနေတဲ့ပါးလေးနဲ့ ရှည်လျားတဲ့ဆံနွယ်ရှိပါတယ်...ကျွန်မက ကျောင်းသူတစ်ယောက်ပါ..ကျွန်မဘဝကို ကျွန်မပျော်ပါတယ်..ဒါပေမဲ့တစ်နေ့မှာတော့.. ကျွန်မ အမေက လူတစ်ယောက်နဲ့ တွဲခဲ့ပါတယ်...ကျွန်မအဖေမဟုတ်တဲ့ လူတစ်ယောက်နဲ့ပါ...အဲ့လူက အမေ့ထက်ငယ်ပါတယ်...သူက ကျွန်မကို အမြဲစိုက်ကြည့်တတ်ပါတယ်...သူက လူကောင်းမဟုတ်ပါဘူး..သူက ကျွန်မကို အနိုင်ကျင့်စော်ကားပါတယ်...ကျွန်မရဲ့ အပျိုစင်ဘဝကို သူကပဲသိမ်းပိုက်ခဲ့တာပါ...ကျွန်မ ဒီဒဏ်ရာတွေနဲ့ စိတ္တဇလူတစ်ယောက်လို ဖြစ်ခဲ့ပါတယ်...တစ်နေ့တော့ သူကျွန်မကို စော်ကားနေတဲ့အချိန် ကျွန်မသူ့ကို ပြန်ခုခံခဲ့ပါတယ်...သူက ကျွန်မထက်အားကြီးသူမို့ ကျွန်မကို ရိုက်ပါတယ်...မျက်နှာမှာ ဒဏ်ရာအပြည့်နဲ့ သေခါနီးကျွန်မကိုသူ အမှောင်တစ်နေရာမှာ အရှင်လတ်လတ်မြေမြှုပ်ခဲ့ပါတယ်...ကျွန်မသဲတွေအောက် ငိုနေခဲ့ပါတယ်... ...
movie

The Dark (2018)

2018
Unknown (2011) 6.8
Unknown (2011) Unknown (2011) IMDb - 6.8/10_____Rotten - 55%  မင်းသားကြီး Liam Neeson ရဲ့အက်ရှင်ကားကောင်းလေးတစ်ကား ကိုတင်ဆက် ပေးလိုက်ပါတယ်။ ဒီကားမှာ Liam Neeson ဟာ ဒေါက်တာ မာတင် ဟဲရစ် အဖြစ် သရုပ်ဆောင်ထားပါတယ်။ မာတင် ဟာဆိုရင် ပညာရှင် တစ်ဦးဖြစ်ပြီး ဂျာမနီနိုင်ငံ ဘာလင်မြို့ကို ကွန်ဖရင့်တက်ဖို့ ခရီးထွက်လာခြင်းဖြစ်ပါတယ်။ဒီကွန်ဖရင့်မှာ မင်းသားတစ်ပါးဟာ မာတင်တို့နဲ့ အတူ တွဲလုပ်နေတဲ့ သုတေသန အကြောင်းကို ကြေငြာမှာ ကြောင့်တက်လာတာပါ  ဒီလိုနဲ့ သူတို့တည်းခိုရမဲ့ ဟိုတယ်လ် ကိုရောက်တဲ့အခါမှာ လက်ဆွဲအိတ်ကျန်ခဲ့လို့ ကျန်ခဲ့တဲ့ အတွက် မာတင်ဟာ တက္ကစီတစ်စီး ငှားပြီး ပြန်ယူပါတော့တယ်။ လမ်းမှာ တက္ကစီဟာ အက်ဆီးဒန့်ဖြစ်ပြီး မာတင် တစ်ယောက် ဆေးရုံရောက်သွားပါတယ် လေးရက်လောက် သတိမေ့နေပြီး သတိပြန်ရတဲ့အချိန်မှာတော့ သူဟာ တစ်ချို့ အရာတွေ ကို မမှတ်မိတော့ပါဘူး။ သူ့ဇနီးကို မှတ်မိ ဟိုတယ် ကို မှတ်မိပြီး ဟိုတယ် ကိုပြန်ခဲ့ ပါတယ် ဒါပေမဲ့ ...
movie

Unknown (2011)

2011