Channel Myanmar

Karen Gillan

Guardians of the Galaxy (2014) 8.1

Guardians of the Galaxy (2014)

2014
4K HEVC
The Call of the Wild (2020) 6.7
The Call of the Wild (2020)  စာရေးဆရာကြီး ဂျက်လန်ဒန်ရဲ့ နာမည်ကျော်စာအုပ်ကိုရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပါ။ ခေတ်ကတော့ ၁၉ရာစုနှောင်းပေါင်း ရွှေမုဆိုးတွေရဲ့ ခေတ်ပါပဲ။မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ် ပါဝင်ထားပါတယ်။ အဓိကဇာတ်ကောင်ကတော့ အင်မတန်လိမ္မာတဲ့ ဘက်ခ်ဆိုတဲ့ ဧရာမခွေးကြီးတစ်ကောင်ပါပဲ။ ဘက်ခ်ဟာ သခင်နဲ့အတူ ပျော်ရွှင်စွာနေထိုင်တဲ့ ဘဝကနေ စွပ်ဖားလှည်းဆွဲတဲ့ခွေးအဖြစ် ရောင်းစားခံခဲ့ရတယ်။စွပ်ဖားလှည်းတစ်စီးနဲ့အတူ စွန့်စားခန်းတွေ ဖွင့်ခဲ့ရင်း သခင်မဲ့သွားချိန်မှာ အဘိုးကြီး တစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ရပြန်ပါရော။ အဲဒီအဘိုးကြီးနဲ့အတူ ဘက်ခ်ဟာ လူသူမရောက်ဖူးတဲ့နေရာတွေကို စွန့်စားခန်းတွေထွက်ရင်း သူ့ဘဝအပြောင်းလဲကြီးပြောင်းလဲစရာတွေ ဆက်တိုက်ကြုံလာရပါတော့တယ်။ဒီရုပ်ရှင်ဟာ တိရစ္ဆာန်ချစ်သူတွေ၊ စွန့်စားခန်းတွေနဲ့ စိတ်ကူးယဉ်ရတာ ချစ်သူတွေအတွက်တော့ အကောင်းစားရုပ်ရှင်တစ်ကားပါပဲ။ File size…(1.7 GB)/(970 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:40:00 Genre... Adventure, Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wai Yan Maung
movie

The Call of the Wild (2020)

Late Bloomers (2023) 6.1
Late Bloomers (2023)  IMDb Rating – 6/10ဒီကားလေးက ဒါရိုက်တာ Lisa Steen ရိုက်ကူးထားပြီးမင်းသမီးKaren Gillan နဲ့ မင်းသမီးကြီး Malgorzata Zajaczkowska တို့အဓိကပါဝင်ထားတာပါ။ဘဝမှာ ကံအဆိုးဆုံးလူသားလို့ ခံစားရတဲ့ အချိန်တွေ ရှိဖူးပါသလား။အသက်28နှစ်အရွယ် လူဝီက ရုတ်တရက် သစ္စာဖောက်ခံရပြီးsingle ဖြစ်သွားတဲ့အပြင် အဆိုတော်အလုပ်ကလဲ မအောင်မြင်တာကြောင့် စိတ်ဓာတ်ကျနေခဲ့ပါတယ်။တစ်နေ့မှာအရက်မူးနေရင်း မတော်တဆ တင်ပါးရိုးကျိုးသွားတဲ့အခါလောကကြီးကိုအဆိုးမြင်နေတဲ့ လူဝီက ဆေးရုံမှာ ဒေါသကြီးပြီးအင်္ဂလိပ်လိုလဲ နားမလည်တဲ့ polish လူမျိုး အန်တိုနီနာဆိုတဲ့အဖွားကြီးနဲ့ အခန်းဖော်ဖြစ်လာပါတယ်။ဘာသာစကားနဲ့ဆက်သွယ်မှုမလုပ်နိုင်တဲ့ နှစ်ယောက်က အလွဲတွေရဲ့ကြား သံယောဇဉ်ရှိသွားပြီး အယ်ဇိုင်းမားရောဂါရှင်အမေဖြစ်သူတွက်ကုသငွေလိုနေတဲ့ လူဝီက အန်တိုနီနာရဲ့ နာနီဖြစ်လာပါတော့တယ်။လုပ်သမျှအဆိုးတွေဖြစ်ကုန်လို့ ဘာမှမလုပ်တော့ပဲ လမ်းပျောက်နေတဲ့လူဝီက အန်တိုနီနာကိုစောင့်ရှောက်ရင်း ဘဝရဲ့အဓိပ္ပာယ်ကို သိမြင်လာနိုင်မလား.......အရမ်းဆိုးတဲ့ အန်တိုနီနာကို လူဝီဘယ်လိုနည်းနဲ့ စောင့်ရှောက်သွားမှာလဲ......လူဝီကရော လူကြီးဘဝရဲ့ အဓိပ္ပာယ်ကိုတွေ့ပြီး ရင့်ကျက်လာမှာလား........အချစ်စစ်ကိုရော ရှာတွေ့မှာလား....ဆေးရုံမှာတွေ့ခဲ့တဲ့ အ‌ဖွားတွေကရော သူတို့အတွေ့အကြုံတွေနဲ့လူဝီကို ဘယ်လိုစိတ်ခွန်အားတွေပေးမလဲ.........ဒါတွေကို ဒီဘဝသရုပ်ဖော်ကားလေးမှာ လူဝီနဲ့အတူ ဘဝကိုပါဝင်ဖြတ်သန်းရင်း ...
movie

Late Bloomers (2023)

The Circle (2017) 5.3
The Circle (2017) မင်းသားကြီး တွန်မ် ဟန့်ခ် နဲ့ မင်းသမီး အမ်မာဝက်ဆန်တို့ရဲ့ ဇာတ်ကားသစ်ပါ။ IMDb ကတော့ 5.3 ပဲရှိပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ တွန်ဟန့်ခ်နဲ့ သူငယ်ချင်းတစ်ယောက်တည်ထောင်ထားတဲ့ အင်မတန်ကြီးမားတဲ့ နည်းပညာကုမ္မကြီးတစ်ခုဆီကို သာမာန်ဝန်ထမ်းလေးအဖြစ် Mae Holland(အမ်မာဝတ်ဆန်) ရောက်ရှိလာပါတယ်။ သူ့ရဲ့ထူးခြားတဲ့အရည်အချင်းတွေကြောင့် အမြန်ပဲ ရာထူးတွေ တက်လာခဲ့ပြီး ကုမ္မဏီရဲ့ အရေးပါတဲ့ လျိုှုဝှက်ချက်တစ်ခုကို သိလိုက်ရပါတော့တယ်။ သူသိလိုက်ရတဲ့ အချက်က လူသားတွေရဲ့ လွတ်လပ်မှုအတွက် အရမ်းကိုအရေးပါတဲ့ အရာကြီးဖြစ်နေတဲ့အခါ.....ဒီရုပ်ရှင်က လက်ရှိ လူမှုကွန်ယက်သုံးစွဲနေတဲ့သူတွေကို ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ပတ်သတ်ပြီး သတိထားမိစေချင်လို့ မီးမောင်းထိုးပြတဲ့ သဘော ရိုက်ကူးထားပုံရပါတယ်။ ဒါပေမယ့် အလှည့်အပြောင်းနည်းပြီး အေးစက်စက်နိုင်တဲ့အတွက် ပရိသတ်တွေ အကြိုက်မတွေ့ကြဘူးထင်ပါတယ်။ မြည်းစမ်းကြည့်ချင်သူတွေတော့ ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။File size…(1.5 GB)/(671 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ MKV Duration….01:56:00 Genre...  Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by ...
movie

The Circle (2017)

2017
Sleeping Dogs (2024)
Sleeping Dogs (2024)  ဒါရိုက်တာကြီး Adam Cooper ရိုက်ကူးထားပြီး 2024 March 22 တုန်းကမှ Release လုပ်ထားတဲ့ Crime/Mystery/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း..... မင်းသားကြီး Russell Crowe၊ Marton Csokas နဲ့ Tommy Flanagan တို့လို နာမည်ကြီး မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကတော့ Karen Gillan အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့..... ကားမတော်တဆမှုဖြစ်ပြီး မှတ်ဉာဏ်တွေဆုံးရှုံးထားတဲ့ ရဲစုံထောက်တစ်ယောက်ဖြစ်တဲ့ ရွိုင်းဖရီးမန်း ဟာ တာဝန်မှ အနားပေးခြင်းခံလိုက်ရပါတယ် ဆေးကုသမှုမျိုးစုံနဲ့ ကုသနေရပြီး အတိတ်ကို သတိမရတချက် ရတချက် ဖြစ်နေတာပေါ့ တစ်နေ့တော့ တစ်ချိန်က သူနဲ့ သူ့ရဲ့ပါတနာနဲ့ လိုက်ထားတဲ့လူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားတစ်ယောက်က သူနဲ့တွေ့ချင်ပါတယ်လို့အကြောင်းကြားလို့ သွားတွေ့ရာကနေ..... အတိတ်က သူတို့လိုက်ခဲ့တဲ့အမှုတွေက ဘယ်လိုမျိုးတွေလဲ..... ဒီလူသတ်မှုရဲ့ တရားခံအစစ်က ဘယ်သူလဲ..... သူတို့တွေ တကယ်ပဲ အမှုကို သေချာလိုက်ခဲ့ကြရဲ့လား.... ...
movie

Sleeping Dogs (2024)

Guardians of the Galaxy Volume 3 (2023) 8.4
Guardians of the Galaxy Volume 3 (2023) Guardians of the Galaxy Volume 3 (2023)**************************************WEB-DL ကြည်တောက်ရှင်းထွက်ရှိလို့လာပါပြီဒါရိုက်တာ ဂျိမ်းဂန်းပဲ ရိုက်ကူးထားပြီး မူရင်းသရုပ်ဆောင်တွေပဲ ပါဝင်ထားတာဖြစ်ပါတယ်။ Rating 8.4 အထိ IMDb မှာတက်နေတာမို့ အတော်လေးကောင်းမယ်ဆိုတာ သိသာပါတယ်။ GotG 1 တုန်းကတောင် 8 အထိပဲ တက်ခဲ့တာပါ။ဇာတ်လမ်းအကျဉ်းဂါဒီယံတွေဟာ နိုးဝဲမှာ အေးအေးဆေးဆေးအနားယူနေချိန်၊ ပီတာကြီးလည်းအသည်းကွဲပြီးမူးရူးလို့ကောင်းနေချိန်မှာ အန္တရာယ်အသစ်ပေါ်ပေါက်လာပါတယ်။ပထမဆုံးအန္တရာယ်ကောင်ကတော့ အဒမ် ဝေါလော့ခ်ပါပဲ။ အဲဒီနောက်မှာတော့သူ့ကို ခိုင်းစေနေတဲ့ဟိုက်အီဗော်လူရှင်နရီဆိုတဲ့ ဉာဏ်ကြီးရှင်ကြီးတစ်ယောက်ပါလာပါတယ်။သူ့ရဲ့ ရည်ရွယ်ချက်ကတော့ နှစ်ပေါင်းများစွာ မျိုးဗီဇတွေကို ဆန်းသစ်တီထွင်ပြီး ပြီးပြည်စုံတဲ့မျိုးစိတ်တွေနဲ့ကမ္ဘာကို ဖန်တီးဖို့ပါပဲ။ အဲဒီမတိုင်ခင် မျိုးစုံစမ်းသပ်ထားတဲ့ ကမ္ဘာတွေပါ ရှိနေတာမို့ သူ့ကိုနတ်ဘုရားအဆင့်လို့တောင် သတ်မှတ်ကြပါတယ်။ အဲဒီလို အင်အားကြီးတဲ့ဟိုက်အီဗော်လူရှင်နရီက ဂါဒီယံအဖွဲ့ထဲက ရော့ကတ်ကို အသေရရ အရှင်ရရ လိုချင်နေတာပဲဖြစ်ပါတယ်။အဲဒီအကြောင်းရင်းက ဘာဖြစ်မလဲ ဂါဒီယံတွေကရော အရမ်းအင်အားကြီးတဲ့ ဗီလိန်ကိုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စွန့်စားခန်းတွေနဲ့ ထုံးစံအတိုင်းဟာသတွေနဲ့ကြည့်ရမှာပါပဲ။ဒါလေးကိုမကြည့်ခင် Guardians ...
movie

Guardians of the Galaxy Volume 3 (2023)

4K HEVC
The Guardians of the Galaxy Holiday Special (2022) 7.9
The Guardians of the Galaxy Holiday Special (2022) The Guardians of the Galaxy Holiday Special (2022) ===================================== IMDb Rating - 7.9/10Marvel ရဲ့ Gotg 3 မလာခင်မှာ ခရစ်စမတ် အထူး အပိုင်းတစ်ခုအနေနဲ့  Holiday Special ထွက်လာပါတယ်။ Gotg အဖွဲ့သားတွေအားလုံးကိုမြင်တွေ့ရမှာဖြစ်ပြီး၊ ပီတာကွေး (စတားလော့ဒ်) ရဲ့ ဂါမိုရာကို ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်းမှာ ပူဆွေးဝမ်းနည်းနေမှုကို နှစ်သိမ့်ပေးဖို့အတွက် Gotg အဖွဲ့သားတွေ ကမ္ဘာမြေက ခရစ်စမတ်ပွဲတော်ကို အလည်လာကြတဲ့ အကြောင်းကို ရိုက်ပြထားပါတယ်။Gotg ရဲ့ထုံးစံအတိုင်း ရယ်စရာဟာသတွေနဲ့အတူ ခရစ်စမတ်ရဲ့ အငွေ့ အသက်တွေကိုပါ ခံစားရနိုင်မယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naingမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size..........(3.16 GB) / (1.21 GB) / (400 MB) Quality............WEB-DL 4K HEVC, 1080p, 720p Duration.........46mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Comedy Translator.......CM Team Encoder..........SWM
movie

The Guardians of the Galaxy Holiday Special (2022)

2022
4K HEVC
Next Exit (2022) 5.7
Next Exit (2022) Next Exit (2022)အခုတလောမှ အသစ်ထွက်လာတဲ့ Sci-Fi/ Drama ကားအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.6, Rotten Tomatoes 85 % အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ နောက်ဘဝဆိုတာ တကယ်ရှိကြောင်း အတည်ပြုထားတဲ့ အနာဂတ်ကာလတစ်ခုမှာ ရို့စ်ဆိုတဲ့ ကောင်မလေးဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီးတော့ နောက်ဘဝကို ကူးပြောင်းပြီး ဝိညာဥ်အဖြစ်နေနိုင်အောင် ကူညီပေးတဲ့ Life Beyond ဆိုတဲ့ လေ့လာရေးအစီအစဉ်မှာ ပါဝင်ဖို့ စာရင်းပေးခဲ့ပါတယ်။ အဆိုပါ အစီအစဉ်မှာ ပါဝင်ဖို့အတွက် ဆန်ဖရန်စစ္စကိုမြို့ဆီ သွားရမှာပါ။ သို့သော် ရို့စ်ဟာ အစီအစဉ်ကပေးတဲ့ လေယာဉ်နဲ့ မသွားချင်ဘဲ ကားနဲ့ သွားချင်တာကြောင့် အငှားကားငှားဖို့ အငှားကားကုမ္ပဏီဆီကိုရောက်ခဲ့ပါတယ်။ တက်ဒီဆိုတဲ့ လူတစ်ယောက်ဟာလည်း ထိုအစီအစဉ်မှာ ပါဝင်ဖို့ သွားရမှာဖြစ်တာကြောင့် အငှားကားကုမ္ပဏီကို ရောက်လာပါတယ်။ သို့သော် အငှားကားကုမ္ပဏီမှာ အဆင်မပြေဖြစ်ရာကနေ နှစ်ဦးသား သွားမယ့်နေရာကလည်း တူနေတာမို့ နှစ်ယောက်သား ကားတစ်စီးတည်းနဲ့ ခရီးအတူတူသွားဖို့ ဖြစ်လာပါတော့တယ်။ \ ခရီးတစ်ခုတည်းကို အတူတူသွားကြမယ့် လူနှစ်ယောက်က ဘာကြောင့် ...
movie

Next Exit (2022)

Thor: Love and Thunder (2022) 7
Thor: Love and Thunder (2022) ဒီရုပ်ရှင်ကတော့ စတုတ္ထမြောက် သောရ် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အရှေ့မှာတော့ Thor, Thor : Dark World, Thor Ragnarok တို့ ထွက်ထားခဲ့ပြီးပါပြီ။ ဒီဇာတ်လမ်းကတော့ Avengers : Endgame အပြီးမှာ Guardians of the Galaxy နဲ့အတူ အာကာသထဲမှာ စွန့်စားခန်းဖွင့်ဖို့ ထွက်လာခဲ့တဲ့ သောရ်ရဲ့အကြောင်းပါပဲ။ဒီတစ်ခါ သောရ်ရင်ဆိုင်ရမှာကတော့ နတ်ဘုရားသတ်သမား ဂေါရ် ဆိုတဲ့ ဗီလိန်ပါပဲ။ ဂေါရ်ဟာ အရင်က နတ်ဘုရားကို ယုံကြည်ကိုးကွယ်ခဲ့သူဖြစ်ပေမဲ့ သူတို့ဂြိုလ်ကြီး အငတ်ဘေးဆိုက်ပြီး နောက်ဆုံး သူ့ရဲ့သမီးလေးပါ သေသွားတာကို နတ်ဘုရားတွေက ပျက်ရယ်ပြုပြီး လျစ်လျူရှုထားတာကိုတွေ့အပြီးမှာ နတ်ဘုရားတွေကိုမုန်းတီးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နတ်ဘုရားတွေကို သတ်နိုင်တဲ့ ရှေးဟောင်းလက်နက်တစ်ခုဖြစ်တဲ့ ကျိန်စာသင့် နက်ခရိုဓားဟာ ဂေါရ်ရဲ့လက်ထဲကို ရောက်လာခဲ့ပါတယ်။ အဲဒီဓားနဲ့ ဂေါရ်တစ်ယောက် စကြဝဠာတစ်ခွင်က နတ်ဘုရားတွေကို လိုက်သတ်နေရင်း ...
movie

Thor: Love and Thunder (2022)

4K HEVC
Dual (2022) 6.2
Dual (2022) Dual (2022)~ IMDb - 6.2/10, Rotten Tomatoes - 72% ~ဘာရောဂါနဲ့မှန်းမသိ သေတော့မယ့် ကောင်မလေးတစ်ယောက်ကို ဆရာ၀န်က သေဖို့သေချာနေပြီလို့ ပြောတော့ ကောင်မလေးက သူ့မှာ ဘာများရွေးချယ်စရာ ရှိသေးလဲလို့မေးတော့ ဆရာ၀န်ကပြန်ဖြေတယ်။ "မြေမြုပ်မလား မီးသင်္ဂြိုလ်မလား ရေထဲမျှောမလား ရွေးချယ်လို့ရပါတယ်"ဆိုပြီး သူသာဆို မြေပဲမြုပ်မယ့်အကြောင်း ဋီကာချဲ့ပြီးနောက် ကိုယ်သေသွားပေမဲ့ ကိုယ်ချစ်တဲ့သူတွေအတွက် ကိုယ့်ပုံတူကိုယ်ပွား အစားထားခဲ့လို့ရတဲ့အကြောင်း ကြော်ငြာစာရွက်ကလေးပေးလိုက်တယ်။ဒီလိုနဲ့ ကောင်မလေးက ကိုယ်ပွားပွားပေးတဲ့ဆီ ကိုယ်ပွားသွားပွားတယ်။ Ethic စောက်ရမ်းရှိတဲ့ ဆရာ၀န်က ကိုယ်လုံးတီးဖြစ်နေတဲ့ သူ့ကိုယ်ပွားကို ဘူးသွားတာကလွဲ အားလုံးအဆင်ချောပါတယ်။ နောက်မှ ဆရာ၀န်က ဘာမှားလဲမသိပေမဲ့ မသေတော့ပါဘူး ကောက်လုပ်ပြန်တော့ ကောင်မလေးခဗျာ ကိုယ်ပွားကြီးအဖတ်တင်ပါရော။ ပြဿနာက ခုနကိုယ်ပွားက လူစစ်စစ်ပဲ။ စက်မဟုတ်ဘူး။ ဆိုတော့ သူ့ကိုဖျက်သိမ်းဖို့က သတ်ပစ်ရတာပဲ။ဥပဒေအရ သေခါနီးလူမဟုတ်ရင် ကိုယ်ပွားပွားလို့ မရတော့ တစ်ယောက်ပဲရှင်ရမယ်။ ...
movie

Dual (2022)

2022
The Bubble (2022)
The Bubble (2022) The Bubble (2022) စိတ်အပန်းပြေ ရယ်နေရတဲ့ ဟာသကားလည်းကြည့်ချင် ရုပ်ရှင်ထုတ်လုပ်ရေးလောကရဲ့ အခြေအနေကို ရှယ်သရော်ထားတဲ့ ကားတစ်ကားကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်က သင့်အတွက်ပါပဲ။ ရယ်ရတယ်ဆိုရာမှာ တစ်ချို့အခန်းတွေက ရုပ်ရှင်နဲ့ပတ်သက်တဲ့ ဗဟုသတနည်းနည်းရှိမှ ရယ်ရမှာဖြစ်ပြီး တစ်ချို့အခန်းတွေကတော့ တမင်ကလိထိုင်ထိုးနေတဲ့ ဟာသကားတွေလို ရယ်ရပါတယ်။ အကုန်နားလည်ရင်တော့ ခွက်ထိုးခွက်လန် ရယ်နေရမယ့်ကားပါပဲ။ Rating တော့ နည်းပါတယ်။ ဒါပေမဲ့ ခင်ဗျားကို တော်တော်အူမြူးစေမှာကတော့ အမှန်ပါပဲ။ မယုံရင် ဂူးဂဲမှာ ဝေဖန်ရေးသမားပေးတာမဟုတ်တဲ့ User Reviewတွ ဖတ်ကြည့်လို့ရပါတယ်။ရုပ်ရှင်ထဲပါ၀င်သူတွေကတော့ Professor X ခေါ် James McAvoy, Mandalorian တစ်ဖြစ်လဲ Pedro Pascal, Nebula တစ်ဖြစ်လဲ Karen Gillan, Dr. Strange ခေါ် သခွားသီး၊ X-Files စီးရီးတွေထဲက အေးဂျင့် Muldor တစ်ဖြစ်လဲ David Duchovny ...
movie

The Bubble (2022)

2022
Jumanji: The Next Level (2019) 6.8
Jumanji: The Next Level (2019) အကုန်လုံးစောင့်နေတဲ့ Jumanji တော့လာပါပြီIMDb 7 နဲ့ toamtoes မှာ 71 ရထားပါတယ်ပထမကထက်ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းပြီးတော့ ဟာသတွေပိုပါဝင်လာမှာပါစပန်ဆာတစ်ယောက်နေရင်းထိုင်ရင်းJumanji ထဲပြန်ဝင်သွားရာကနေ ဇာတ်ရှုပ်ပါတော့တယ်အဲဒီမှာပဲသူ့ကောင်မလေးနဲ့ကျန်ခဲ့တဲ့သူငယ်ချင်းတွေကပြန်လိုက်ခေါ်ဖို့လုပ်ပါတော့တယ်ဒါပေမယ့်ဂိမ်းထဲကိုပြန်ဝင်လာတာသူတို့အုပ်စုတင်မဟုတ်ပဲစပန်ဆာရဲ့အဖိုးနဲ့သူငယ်ချင်းဖြစ်သူတို့ပါပါလာတဲ့အခါမှာတော့ဇာတ်လမ်းကပိုပြီးအရှိန်တက်လာပါတော့တယ်ဂိမ်းထဲကိုရောက်တဲ့အခါမှာလည်းပထမတစ်ကားတုန်းကဇာတ်ကောင်တွေမဟုတ်တော့ပဲဇာတ်ကောင်အပြောင်းအလဲတွေဖြစ်သွားတဲ့အခါမှာဘယ်လိုတွေတိုင်ပတ်ကြမလဲ အခက်အခဲတွေကိုထုံးစံအတိုင်းဘယ်လိုကျော်ပြီးအပြင်ကိုဘယ်လိုပြန်ထွက်မလဲသူတို့ကိုလုပ်ခိုင်းတဲ့ missionကိုရောပြီးမြောက်အောင်လုပ်နိုင်မလားဆိုတာ...။File Size : (4.6 GB)/(2.2 GB)/(1.2 GB) Quality : BluRay 4K HEVC / 1080p /720p Running Time : 2 hr 03 min Format : mkv/mp4 Genre : Action , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Phue Encoded by Moe Myint Lwin,Nyeinsaeya Aung
movie

Jumanji: The Next Level (2019)

4K HEVC
Jumanji: Welcome to the Jungle (2017) 6.9
Jumanji: Welcome to the Jungle (2017) ၁၉၉၅ လောက်ကတည်းက ပရိသတ်တွေ ရင်းနှီးခဲ့ပြီးသား Jumanji ဇာတ်လမ်းပြီးနောက် သီးခြားဇာတ်လမ်းတစ်ခုနဲ့ ထပ် ထွက်လာတာမို့ ရသအသစ်အဆန်းလေး ဖြစ်တဲ့အတွက် ပရိ သတ်တွေ သဘောကျကြမှာပါ။ဇာတ်လမ်းအဓိကအကြောင်းအရာကတော့ ဆယ်ကျော်သက်ကလေးလေးယောက် ဗီဒီယိုဂိမ်းကစားကာ ဂျူမန်းဂျိ ကမ္ဘာထဲရောက်သွားပြီး စွန့်စားခန်းမျိုးစုံ ဖြတ်ကျော်ရတဲ့ အကြောင်းလေး တင်ဆက်ထားတာ ဖြစ်ပါတယ်။၁၉၉၆ ကာလက အဲလက်စ် ဆိုတဲ့ ဆယ်ကျော်သက်ကောင် လေးဟာ ဂျူမန်းဂျိဂိမ်းဘုတ်ပြား လေးကို ကမ်းခြေနားက ကောက်ရ ခဲ့ပေမယ့် ဗီဒီယိုဂိမ်းတွေပဲ ကစား ဖြစ်နေတာမို့ ဂိမ်းမကစားဖြစ်ဘဲ သိမ်းထားခဲ့ပါတယ်။ ဒီလိုနဲ့ တစ် ညမှာ ဂျူမန်းဂျိဘုတ်ပြားထဲက ဂိမ်းတွေဟာ ဗီဒီယိုဂိမ်းအဖြစ် ပြောင်းသွားပြီး အဲလက်စ်က ဂိမ်း စက်ဖွင့်လိုက်ပြီးနောက်မှာတော့ သူပါပျောက်သွားခဲ့ပါတယ်။နှစ် ၂၀ လောက်ကြာခဲ့ပြီး နောက်မှာတော့ ဂျူမန်းဂျိဂိမ်းစက် က ပြန်ပေါ်လာခဲ့ပါတယ်။ စပန် ဆာ၊ ဘယ်သန်နီ၊ မာသာနဲ့ ဖရစ်ဂျ်ဆိုတဲ့ ...
movie

Jumanji: Welcome to the Jungle (2017)

4K HEVC
Gunpowder Milkshake (2021) 5.2
Gunpowder Milkshake (2021) Gunpowder Milkshake (2021)ဒီကားကတော့ ဂျွန်ဝစ် မိန်းမ ဗားရှင်းပဲ ပြောရမှာပါပဲ။ဂိမ်းအော့သရုန်းရဲ့ မင်းသမီးကြီးနဲ့ မစ်ချဲယိုတို့ပါဝင်ထားပြီး အဓိက မင်းသမီးကတော့ မာဗယ်ရဲ့ နီဗြူလာလေး ဖြစ်တဲ့ ကာရမ်ဂယ်လန် ပါပဲ။ ဒီထဲမှာတော့ ဆမ် လို့ ခေါ်တဲ့ လူသတ်သမားလေးပေါ့။ သူ့အမေက လူဆိုးဂိုဏ်းနဲ့ ပြဿနာဖြစ်ပြီး ခြေရာဖျောက်နေတဲ့ လူသတ်သမားမကြီးပါ။ တစ်နေ့တော့ သူ့အလုပ်ကနေ ကလေးမလေးတစ်ယောက်ထဲ ကျန်နေတာကို သနားလို့ ကယ်လာတယ်။ လူဆိုးခေါင်းဆောင်ရဲ့ သားကိုလည်း သတ်မိတယ်၊ဒီတော့ အုပ်လိုက်ကြီးနောက်ကလိုက်သတ်တယ်၊ သူ့အမေနဲ့ပေါင်းပြီး ပြန်သမတယ်ပေါ့...အက်ရှင်ကြမ်းကြမ်းကောင်းကောင်းလေးပါပဲ..... ကြိုက်ကြမှာပါ...အညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။IMDb - 5.2/10File size....2 GB, 996 MB and 713 MB Quality….WEB-DL 1080p, 720p and 480 p Format…mp4 Duration….1h 54min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August
movie

Gunpowder Milkshake (2021)

2021
The Big Short (2015) 7.8
The Big Short (2015) The Big Short (2015) Won 1 Oscar... Another 37 wins & 80 nomination IMDb….7.8/10_____Rotten….88% [Unicode]The Big Shortစကားဦးသန်းချင်တာကတော့ ရုပ်ရှင်တစ်ကားကို ချဉ်းကပ်တဲ့အခါ အပျင်းပြေကျော်ကြည့်ချင်ရုံသက်သက်ဆို ဒီရုပ်ရှင်ကို လက်ရှောင်သင့်ပါတယ်။ ဘာတစ်ခုမှနားလည်လိုက်မှာ မဟုတ်ပါဘူး။ The Wolf of Wall Streetတို့ Moneyballတို့လိုကားတွေကြိုက်တယ်ဆိုရင်တော့ ဒီကားက ခင်‌ဗျားအတွက်ပါပဲ။ဒီရုပ်ရှင်ကို Brad Pittရဲ့ Plan B Productionက ထုတ်ထားပြီး Brad Pittကိုယ်တိုင်ပါတဲ့အပြင် Christiain Bale, Steve Carell,Ryan Glosingတို့ရဲ့ မှော်ဝင်မှုတွေလည်း ခမ်းနားပါတယ်။ Margot Robbieနဲ့ Selena Gomezတို့လည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါပါတယ်။ Best adapted Screenplay awardနဲ့ အော်စကာရခဲ့ပြီး Baleရဲ့ Best supporting Acotrအပါအဝင် ဆန်ခါတင်လေးဆုဝင်ထားပါတယ်။ 2010မှာထွက်ခဲ့တဲ့ The Big Shortဆိုတဲ့ စာအုပ်ကို ရိုက်ထားတာပါ။2008တုန်းက Financial Crisis ဘဏ္ဍာရေးပျက်ကပ်တစ်ခု ဖြစ်ခဲ့တယ်။ အမေရိကန်သမိုင်းမှာ ဒီ့ထက်ကြီးတာဆိုလို့ ၁၉၃၀က Great Depression စီးပွားပျက်ကပ်ပဲကျန်ပါတယ်။ ကျောက်တုံးကို တူနဲ့ထုခွဲရင် ကျောက်တုံးကွဲတာ နောက်ဆုံးထုချက်ကြောင့်သက်သက်မဟုတ်ပါဘူး။ အရှေ့က အားစိုက်မှုတွေပါပါတယ်။ဒီဖြစ်ရပ်က ၂၀၀၈မှာ ဖြစ်ခဲ့တယ်ဆိုပေမယ့် ဘယ်အဖြစ်အပျက်ကမှ ဝုန်းခနဲကျကွဲသွားမတတ်ပါဘူး။ ၂၀၀၅ကတည်းက ဘွန်းတွေရဲ့ ...
movie

The Big Short (2015)

Spies in Disguise (2019) 6.8
Spies in Disguise (2019) unicodeကာတွန်းကား ကောင်းကောင်းကြည့်ချင်တဲ့ သူတွေအတွက် လာပါပြီ။ရယ်လည်းရယ်ရတယ် ဇာတ်လမ်းလည်းမိုက်တယ်။အသံသရုပ်ဆောင်ထားသူတွေကတော့ မပြောရင်တောင်အသံကြားတာနဲ့ သိမယ့် ၂ ယောက်ပါပဲ။ဝယ်လ် စမစ်သ် ရယ် တွမ် ဟော်လန် ရယ်ပါ။တကယ်လိုက်ဖက်တဲ့ သူတွေပါပဲ။ဝယ်လ်စမစ်သ်က လန့်စ်စတာလင်ဆိုတဲ့ အရမ်းတော်တဲ့ စပိုင်တစ်ယောက်။သူက အရမ်းတော်ပေမယ့် တစ်ကိုယ်တော်ပဲ လှုပ်ရှားတတ်တဲ့သူ။တွမ်ဟော်လန်ကတော့ ဝေါ်တာ ဘက်ကက် ဆိုတဲ့ ဉာဏ်ကြီးရှင်တီထွင်သူအူကြောင်ကြောင် ကောင်လေး အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။ဝေါ်တာရဲ့ တီထွင်ချက်တွေကိုအေဂျင်စီမှာ ဘယ်သူမှ အထင်မကြီးတဲ့အပြင် လန့်စ်ကိုပါပြဿနာ သွားလုပ်မိလို့ အလုပ်ဖြုတ်ခံလိုက်ရတော့တယ်။ဒါပေမယ့် လန့်စ်နဲ့ မျက်နှာတူလူဆိုးတစ်ယောက်ကြောင့် လန့်စ် တစ်ယောက် အထင်လွဲခံရပြီးထွက်ပြေးရတဲ့အခါမှာ မလွှဲမရှောင်သာ ဝေါ်တာနဲ့ပူးပေါင်းပြီးအလွဲလွဲအချော်ချော်နဲ့ လူဆိုးကို အမိဖမ်းဖို့ ကြိုးစားရပါတော့တယ်။File Size : ( 948 MB , 345 MB ) Quality : BluRay 720p Running Time : 1 hr ...
movie

Spies in Disguise (2019)

Stuber (2019) 6.2
Stuber (2019) မျက်လုံးခွဲစိတ်ထားရတဲ့ စိတ်မြန်လက်မြန်သမားရဲတစ်ယောက်နဲ့ အိစိစိနဲ့ စိတ်ပျော့လွယ်တဲ့ အူဘာတက္ကစီသမားတို့ ဘိန်းဖြူရောင်းဝယ်ရေးဂိုဏ်းကိုစုံစမ်းထောက်လှမ်းဖို့ အကြောင်းဖန်လာပါတယ် ဘယ်လိုမှကိုမကိုက်ညီကျတဲ့ သူတို့နှစ်ယောက် ကြမ်းပေ့ရမ်းပေ့ဆိုတဲ့လူဆိုးတွေ ကြားထဲမှာ သတ်လိုက်ဖြတ်လိုက် ပြေးလိုက်လွှားလိုက်နဲ့ပဲ ဘိန်းမှောင်ခိုသမားကိုဖမ်းမိနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ကြယ်၅ပွင့်လေးလိုချင်လွန်းလို့ သူမှာ သေရေးရှင်ရေးကြားထဲအထိကို ရောက်သွားတဲ့ အူဘာသမားလေးရဲ့ ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဗျ။ တကယ့်ကိုပေါ့ပေါ့ပါးပါးနဲ့ရီနေရတဲ့ဇာတ်ကားလေးပါ။File size…(1.3 GB) and (670 MB) Quality…1080p WEB_DL.DD.5.1 H264 FGT Format…mp4 Duration…1h33min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Charm,Dolly and August
movie

Stuber (2019)

2019