Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Karel Roden
6.2
Gump – We Are Duo (2024) Gump – Jsme dvojka
Gump – We Are Duo (2024)IMDb Rating (6.2) ဒီဇာတ်လမ်း လေး ကတော့ 2021 ကထွက်ရှိခဲ့တဲ့ Gump - Una Lección de Vida ဆိုတဲ့ ဇာတ်လမ်းလးရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ဒီဇာတ်လမ်းကတော့ဂမ့်ဆိုတဲ့ ခွေးလေး တစ်ကောင်နဲ့ ဖရက်ဒီဆိုတဲ့ သူ့ရဲ့ သခင်ကြားက မေတ္တာ တရားကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းလးဖြစ်ပါတယ်။တနေ့မှာ သူ့ရဲ့သခင်ဖြစ်တဲ့ ဖရက်ဒီ သေဆုံးသွားပြီးတဲ့နောက်မှာ နက်ဒ်ဆိုတဲ့ လူလတ်ပိုင်း လူတစ်ယောက် စီမှာ သူ့သခင်က သူ့ကို အပ်နှံ ထားခဲ့ပါတယ်။ဒီလိုနဲ့ သူရဲ့ သခင် အသစ်နဲ့ ဘယ်လို နေထိုင်သွားမလဲ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာနဲ့ သူ့ရဲ့ သခင်ဟောင်းဖြစ်တဲ့ ဖရက်ဒီနဲ့ ကော ပြန်လည် ဆုံတွေ့နိုင်ပါ့မလား ဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှု့ ခံစားလိုက်ပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie
Gump – We Are Duo (2024) Gump – Jsme dvojka
2024
7.3
Running Scared (2006)
Paul Walker နဲ့ Conjuring ဇာတ်ကြားတွေနဲ့လူသိများတဲ့ Vera Farmiga တိုရဲ့ အက်ရှင်ကားကောင်းတစ်ကားကို Paul Walker အလွမ်းပြေတင်ဆက်ပေးလိုက်ပါတယ်။ဂျိုဝီဟာ လူမိုက်ဂိုဏ်းတစ်ခုကဖြစ်ပြီး တစ်နေ့မှာ တိုက်ခိုက်လူသတ်မိကြရာ သူတိုသတ်လိုက်တဲ့သူတွေက အကျင့်ပျက်ရဲတွေဖြစ်နေတယ်။ သက်သေဖျောက်ရမယ့်တာ၀န်က ဂျိုဝီရဲ့တာ၀န်ဖြစ်တာမိုလို သေနတ်တွေကို လက်စဖျောက်ဖို ယူလာခဲ့တယ်။လက်စဖျောက်ရမယ့်သေနတ်ကို မဖျောက်ဘဲ သိမ်းထားရာကနေ သေနတ်တစ်လက်ကြောင့် ဂျိုဝီတစ်ယောက် အရူးမီးဝိုင်းရပြီ။ သေနတ်ကို ဘေးအိမ်က ဂျိုဝီ့သားရဲ့သူငယ်ချင်း ရုရှားကောင်လေးကယူသွားခဲ့တယ်။ သူတိုဟာလည်း ရုရှားမာဖီးယားတွေနဲ့ ဆက်စပ်နေလေတော့ ဂျိုဝီတစ်ယောက် ဘယ်လိုမျိုးတွေဖြေရှင်းရမလဲ။ ဇာတ်လမ်းက ၁၈ နာရီအတွင်း ဖြစ်ပျက်တာတွေကို ရိုက်ထားတာဖြစ်ပြီး တစ်ကားလုံး intense ဖြစ်ပါတယ်။ File size…(2.4 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:02:00 Genre... Action, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie
Running Scared (2006)
6.7
Blade II (2002) Blade 2
Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီးMCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီးလူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel ဒေါင်းပါ။ File size…(9.2 ...
movie
Blade II (2002) Blade 2
4K HEVC
5.8
Bulletproof Monk ( 2003 )
အက်ရှင်ကားလေးတွေကြိုက်နှစ်သက်တဲ့သူတွေအတွက်သဘောကျမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယကမ္ဘာစစ်တွင်းမှာ တိဘတ်တောင်တန်းပေါ်မှာ အနန္တစွမ်းအင်တွေရနိုင်မယ့် ပေလိတ်ကိုစောင့်ရှောက်တဲ့ဘုန်းကြီးတွေနေထိုင်ပြီး အနှစ်၆၀တစ်ခါ စောင့်ရှောက်သူလွှဲပြောင်းပါတယ်နာဇီစစ်ဗိုလ်တစ်ယောက်ဟာအဲ့ဒီစွမ်းအင်ကိုတပ်မက်လွန်းလို့ အနှစ်၆၀တိုင်တိုင် ဇွဲကြီးကြီးနဲ့လိုက်နေပါတယ် နာဇီရဲ့အကြံကတော့သူစွမ်းအားတွေရရင် နိမ့်ကျတယ်လို့သူယူဆရဲ့တဲ့လူမျိုးစုတွေ အပြတ်ရှင်းပြစ်ပြီး သူ့စိတ်တိုင်းကျကမ္ဘာတည်ထောင်မှာဖြစ်ပါတယ် ဒါကိုကာကွယ်ဖို့ ဘုန်ကြီးဟာအနှစ်၆၀ထွက်ပြေးရင် နှစ်၆၀ပြည့်တဲ့အချိန်မှာ ဘယ်သူ့ကိုစောင့်ရှောက်သူအဖြစ်လွှဲအပ်မလဲ နာဇီစစ်ဗိုလ်ကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ပေါ့ပေါ့ပါးပါး အက်ရှင်ကားကောင်းတစ်ကားအနေနဲ့ကြည့်ရမှာပါပေလိတ်ကိုစောင့်ရှောက်သူဘုန်းကြီးအဖြစ် Chow Yun Fatကပါဝင်သရုပ်ဆောင်ထားပါတယ် Filesize : 1.87 GB / 985 MB Quality : BrRip 1080p , 720p Format : mkv Genres : Action , Comedy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Bulletproof Monk ( 2003 )
2003
6.8
Hellboy (2004)
Hellboy (2004) IMDb - 6.8/10 Genre - Action, Adventure, FantasyHell Boy ဆိုရင် အားလုံး သိကြတဲ့ အမှီးပါတဲ့ အနီရောင်လူသားကြီး ပေါ့သူ့ ဂျိုတွေကိုလဲ ဖြတ်ထားသေးတယ်...Hell Boy ဇတ်လမ်း အစက နာဇီ ခေတ်ကတည်းက လို့ ဆိုရမယ် ဟစ်တလာ က သူ့ တပ်တွေ အနိုင်ရဖို့ အတွက်မှော်ပညာရှင် အဖွဲ့အစည်းတစ်ခုကို စေခိုင်းပြီး ငရဲတံခါး ကို ဖွင့်ခိုင်းခဲ့တယ်...အဲ့ဒီတံခါးကနေ အတော်ဆုံး မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်ပြီး ဟစ်တလာ ကမ္ဘာကို သိမ်းပိုက်မယ့်အကြံဆိုးနဲ့ပေါ့ ဒါပေမဲ့ အစိုးရ အဖွဲ့က အချိန်မှီ ရောက်လာပြီး တိုက်ပွဲတွေ ဖြစ်ပြီးနောက်ဟစ်တလာ ရဲ့ မကောင်းဆိုးဝါး အဖွဲ့လဲ အစ ပျောက်သွားခဲ့ပါတယ်...ဒါပေမဲ့ စစ်တပ် နဲ့ အတူ ပါလာတဲ့ ဒေါက်တာ ...
movie
Hellboy (2004)
2004
4K HEVC
5.4
Frankenstein’s Army (2013)
Frankenstein's Army (2013)IMDb - 5.4/102013 မှာထွက်ရှိထားပြီး ကြည့်ရှုသူ Viewer တွေကြား ရွံစရာ ကြောက်စရာ မနှစ်မြို့စရာကောင်းတယ်ဆိုတဲ့ Review တွေရထားတဲ့ Frankenstein's Army ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျဇာတ်လမ်းအညွှန်းဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ရုရှားစစ်သားတွေ ဂျာမနီရွာလေးတစ်ရွာမှာရှိတဲ့ လျို့ဝှက်ဓါတ်ခွဲခန်းထဲ မျှားခေါ်ခံလိုက်ရပြီး သိပ္ပံပညာရှင် ဗစ်တာဖရက်ကန်စတိုင်းတစ်ယောက်တီထွင်ထားတဲ့ လူ့တစ်ပိုင်းသံတစ်ပိုင်းတွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်ဒါပေမယ့် ဒီလျို့ဝှက်ဓါတ်ခွဲခန်းကိုဘယ်သူကမျှားခေါ်ခဲ့တာလဲ ဒီဟာတွေရဲ့နောက်ကွယ်မှာ ဘာရည်ရွယ်ချက်တွေရှိလဲဆိုတာတွေကိုဘယ်သူမှ မသိခဲ့ရပါဘူးသိပ္ပံပညာရှင် ဗစ်တာဖရက်ကန်စတိုင်းဟာလည်း သူ့အဖိုး အဖေတွေရဲ့ နည်းတွေကနေ သွေဖယ်ပြီး ဘာရည်ရွယ်ချက်ကြောင့် ဒီလို လူတစ်ပိုင်းသံတစ်ပိုင်းအရာတွေကို တီထွင်နေရလဲဆိုတာတွေကို ရိုက်ကူးပြသထားတဲ့ သည်းထိတ်ရင်ဖိုကားကောင်းလေးပဲဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ DB ပဲ ဖြစ်ပါတယ် )File size_(1.8GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:24:00 Genre_Horror , Sci-Fi Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB
movie
Frankenstein’s Army (2013)
6.2
A Christmas Story (2022)
A Christmas Story (2022)ခရစ္စမတ်ဇာတ်လမ်းလေးလို့ အမည်ရတဲ့ Family type ချက်ဇ်စကားပြော ခရစ္စမတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မိသားစု၀င်တွေကြားက နားလည်မှုတွေ မိတ်ဆွေ သမီးရည်းစား ဇနီးမောင်နှံတွေရဲ့ ဆက်ဆံရေးတွေကို ပေါ့ပေါ့ပါးပါး အစုံအလင် ခံစားရမှာပါ။ မိသားစုကားဆိုတဲ့အတိုင်း ဇာတ်ကောင်များများနဲ့ သူတို့ရဲ့ ခရစ္စမတ်နေ့မှာ ကြုံရတဲ့ အဖြစ်အပျက်လေးတွေကို စုစည်းတင်ဆက်ထားတာပါ။မိန်းမထိန်းချုပ်တာခံနေရတဲ့ ထရန်းဒရိုင်ဘာရယ်... သူ့ကို ထရန်းပေါ်မှာ ရန်စတဲ့ လူရယ်... အင်တာဗျူးမှာ ၀န်ကြီးကို ဝေဖန်လေကန်နေတာကို မတော်တဆလွှင့်မိသွားလို့ ပြသာနာတက်နေတဲ့ Deputy ရယ်... သူ့ချစ်သူပဲရစ်က ပြန်လာမှာကိုမျှော်နေတဲ့ Deputy အမေအဘွားကြီးရယ်... သူတို့သားသမီးတွေကလည်း ကိုယ်စီ ဇာတ်လမ်းလေးတွေနဲ့... ဒီလူတွေက ဘယ်လိုရေစက်တွေနဲ့ ဆက်ပြီး ပတ်သက်မိမှာလဲ... နောက်ထပ် ဘယ်ဇာတ်ကောင်တွေရော ဆက်နွယ်နေမှာလဲ... သူတို့တွေအားလုံး ခရစ္စမတ်ကို ဘယ်လိုဖြတ်သန်းကြလဲဆိုတာ... ရသမျိုးစုံနဲ့ ရှုစားနိုင်ပါပြီ။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK ...
movie
A Christmas Story (2022)
2022
7.7
The Bourne Supremacy (2004)
The Bourne Supremacy (2004)IMDb Rating (7.7) / Rotten Tomatoes (82%)++++++++++++Jason Bourneဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး ...
movie
The Bourne Supremacy (2004)
4K HEVC
6.2
A Lonely Place to Die(2011)
စကော့တလန်ကတောင်တန်းတွေပေါ်တက်ကြတဲ့တောင်တက်သမားအုပ်စုတစ်ဖွဲ့ တောင်ကြားတစ်လျှောက်လမ်းလျှောက်နေရင်းနဲ့တစ်နေရာအရောက်မှာ အော်သံတစ်ခုကြားလိုက်ရတဲ့အခါအရဲစွန့်ပြီးတော့ အဲ့နေရာကိုသွားခဲ့ကြပါတယ်။ ရောက်တဲ့အခါမှာတော့လေထွက်ပေါက်ပုံစံလိုပိုက်ခေါင်းထဲက အသံကြားရတာဖြစ်ပြီးအဲ့ဒီအပေါက်ကလဲမြေကြီးထဲကနေထွက်နေတာပါ. ကလေးမလေးတစ်ယောက်အသံလိုကြားနေရတာမလို့ ကယ်ဆယ်ဖို့သူတို့တွေကူညီကြတဲ့အခါမှာ ဘာကြောင့် ဒီကလေးမလေးကဒီထဲကိုရောက်နေတယ်ဆိုတာရယ် ဘာတွေဆက်ဖြစ်မယ်ဆိုတာရယ်ကိုတော့ ဇာတ်ကားထဲမှာဆက်လက်ပြီးတော့ကြည့်ရှုခံစားပေးကြပါဦးဗျာ၁ နာရီခွဲနီးပါးကြာသလို ratingတွေလဲကောင်းတာကြောင့်Action, Mystery & thriller ကိုမှကြိုက်တဲ့သူတွေအတွက်တော့ဇာတ်ကားကောင်းလေးဖြစ်စေမှာပါ File size…2.13GB / 998MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 39m Genre ..... Action , Adventure , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie
A Lonely Place to Die(2011)
5.5
The Abandoned(2006)
သရဲကားကြိုက်တဲ့ ပရိတ်သတ်တွေအတွက် 2006ခုနှစ်မှာ ထွက်ခဲ့တဲ့ The Abandonedဆိုတဲ့ horrorကားကို တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်လမ်းထဲမှာတော့ မာရီဟာ ငယ်စဉ်ကတည်းက မွေးစားမိဘတွေနဲ့ ကြီးပြင်းလာခဲ့သူတစ်ဦး ဖြစ်ပါတယ်။မာရီဟာ သူ့ဘဝသက်တမ်းရဲ့ တစ်ဝက်လောက်ကို မိဘအရင်းတွေကိုရှာရင်းကုန်ဆုံးခဲ့ပေမယ့် ဘာသတင်း အစအနမှ မရခဲ့ပါဘူး။ တစ်နေ့မှာတော့သူ့ရဲ့ မိဘတွေနဲ့ပတ်သတ်လို့ ရှေ့နေတစ်ဦးက မာရီဆီကို ဆက်သွယ်ခဲ့ပါတယ်။အကြောင်းရင်းကတော့ သူ့မိဘတွေနေခဲ့တဲ့ ကိတ်ဒန်နော့စကီ ခြံကြီးကို အမွေဆက်ခံဖို့ပါပဲ။ကိတ်ဒန်နော့စကီ ခြံကြီးဟာ လူသူမနီးတဲ့အရပ်မှာ တည်ရှိပြီး မြစ်ပတ်လည်ဝိုင်းနေတဲ့အတွက်တံတားနဲ့သွားရတဲ့ ကျွန်းသဖွယ်ဖြစ်နေတဲ့ ခြံကြီးပါ။ မာရီတစ်ယောက် သူ့မိဘအရင်းတွေအကြောင်းကိုရှာဖွေဖို့အတွက် ဒီခြံကြီးကိုရောက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာပါ။ ဒီခြံကြီးရဲ့ အတိတ်မှာ ဘာတွေဖြစ်ခဲ့ပြီး မာရီနဲ့ဘယ်လိုဆက်စပ်နေမလဲ၊ မာရီတစ်ယောက်ရော သူလို့ချင်တဲ့အတိတ်ကိုရှာတွေ့နိုင်မလား ဒါမှမဟုတ် မာရီရဲ့အတိတ်ကပဲ မာရီကိုလိုက်ရှာနေခဲ့တာလား ဆိုတာကိုရင်တထိတ်ထိတ် ကြည့်ရှုရမှာဖြစ်ပါတယ်။Horrorကားကောင်းတွေ ကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ File size…1.85GB / 686.5MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ...
movie
The Abandoned(2006)
6.5
Il Boemo (2022)
Il Boemo (2022)ဂီတပညာရှင်ကြီးမိုးဇက်ဆိုရင်တော့ မကြားဖူးတဲ့သူ မရှိသလောက် ရှားမှာပါ။ ဒါပေမဲ့ Il Boemo လို့ အီတလီမှာ လူသိများတဲ့ ဂျိုးဇက်ဖ် မိစလက်ဗစ်ချက်ကိုတော့ ကြားဖူးတဲ့သူ သိပ်ရှိလောက်မယ်မထင်ဘူး။ တကယ်ဆို သူက ၁၈ ရာစုနှောင်းပိုင်းရဲ့ ဂန္ထဝင်ဂီတအင်အားစုကြီးတစ်ခုမှာ အားဖြည့်ခဲ့တဲ့ တေးရေးဆရာတစ်ယောက်ပါ။ မိုးဇက်ကိုယ်တိုင်တောင် ငယ်ငယ်လေးကတည်းက ခင်မင်လေးစားအားကျရတဲ့ ချက်လူမျိုး ဂီတပညာရှင်တစ်ယောက်ဖြစ်ခဲ့တာပါ။ ဒီရုပ်ရှင်ဟာ သူ့အကြောင်းပဲဖြစ်ပါတယ်။မွေးရပ်မြေ ချက်နိုင်ငံ ပရဂ်မြို့ကိုခွာပြီး အီတလီအော်ပရာစင်မြင့်တွေမှာ သူ့လက်ရာတွေ ထွန်းတောက်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးတစ်ဦးပါပဲ။ အသက်ရှင်စဉ်ကာလမှာ လျှမ်းလျှမ်းတောက်ခဲ့သလို သေဆုံးသွားပြီးနောက်ပိုင်းလည်း ဂန္ထဝင်ဂီတလေ့လာသူတွေကြားမှာ မှေးမှိန်မသွားပါဘူး။ ဒါပေမဲ့ သူ့မိသားစု သူ့အိုးအိမ်အကြောင်း၊ သူ့မေတ္တာရေးရာအကြောင်း၊ ကိုယ်ပိုင်ဘဝအကြောင်းတွေကိုတော့ မှတ်တမ်းမှတ်ရာ မတွေ့ရှိရပါဘူး။ ဒီရုပ်ရှင်ဟာ ခေတ်ကိုအခြေခံပြီး စိတ်ကူးနဲ့ ပြန်လည်ရေးဖွဲ့ပုံဖော်ထားတာဖြစ်လို့ ဒီထဲက သူ့အချစ်ရေးအချစ်ရာတွေ ပတ်သက်နေတဲ့ မိန်းမတွေဟာ အမှန်ဖြစ်မယ်လို့ ယူဆလို့မရပါဘူး။ ဒါပေမဲ့ မိုးဇက်ရဲ့ ...
movie
Il Boemo (2022)
2022
7.2
RocknRolla(2008)
RocknRolla(2008)=============== နာမည်ကြီး Director Guy Ritchie ရဲ့လက်ရာ အက်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့ Rocknrollaကိုတင်ဆက်ပေးလိုက်ပါတယ်။လန်ဒန်မြို့ရဲ့ဒုစရိုက်လောက၊ မူးယစ်ဆေး၊ အိမ်ခြံမြေဥပဒေပိုင်းအကျင့်ပျက်ခြစားမှုတွေကို လှည့်ကွက်ကောင်းကောင်းနဲ့တင်ဆက်ထားလို့ အက်ရှင်ကားကြိုက်ရင် ကြည့်သင့်တဲ့ ပေးရတဲ့အချိန်နဲ့တန်စေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဇာတ်အိမ်ကတော့ လန်ဒန်အိမ်ခြံမြေလောကကို လက်ခုပ်ထဲထည့်ထားတဲ့ လောဘကြီးတဲ့သူဌေးကြီး လန်နီကိုးလ်ဆီကို ရုရှားသူဌေးတစ်ဦးက လုပ်ငန်းအတွက်ဆက်သွယ်လာရာမှ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေနဲ့ နှစ်ဦးကြားကို ပတ်သက်မိသွားတဲ့ ဒုစရိုက်အဖွဲ့ဝိုင်းဘန့်ချ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးအဖြစ်အပျက်တွေက ဝိုင်းဘန့်ချ်ကို စောင့်ကြိုနေမလဲ၊ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေက ဘာတွေဆက်ဖြစ်လာစေမလဲ၊ အကွက်ကျ ကောက်ကျစ်တတ်တဲ့သူဌေးနှစ်ဦးကြားမှာ မြေစာပင်ဖြစ်သွားမလားဆိုတာကို ပြကွက်တစ်ကွက်ချင်းဆီက အချိတ်အဆက်မိမိနဲ့ ဆွဲခေါ်သွားမှာပါ။ File size…1.13GB / 502MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ..... Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chloe Khin
movie
RocknRolla(2008)
Medieval (2022)
Mediveal (2022)ဥရောပအလယ်ခေတ်ဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဘိုဟီးမီးယန်း(ချက်နိုင်ငံ)မင်းဆက် သမိုင်းဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၄ရာစုတုန်းက ဘိုဟီးမီးယန်းနယ်မြေရဲ့ အကြီးကျယ်ဆုံး စစ်သူရဲတစ်ယောက်ဖြစ်တဲ့ ယန်ဇစ်ဇကာရဲ့ ကနဦးစွန့်စားခန်းတစ်ခုကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။၁၄ရာစုနှစ် ချားစ်ဘုရင်-၄ နတ်ရွာစံပြီးနောက် ဘိုဟီးမီးယန်းနယ်မြေတွင်း ဂိုဏ်းဂဏတွေကွဲပြီး ရောမရှိပုပ်ရဟန်းမင်းနဲ့ ပြင်သစ်ဘုရင်လက်အောက်ရှိ ပုပ်ရဟန်းမင်းဆိုပြီး ဘာသာရေးအရပါ ၂ပိုင်းကွဲသွားပါတယ်။ ချားစ်-၄ နတ်ရွာစံပြီးနောက် သားတော်ဖြစ်သူ ဝင်ဆယ်ဆလက်စ် နန်းတက်ရမှာဖြစ်ပေမယ့် ရောမရှိပုပ်ရဟန်းမင်းကြီးဆီမှာ နန်းတက်ပွဲခံပြီးမှသာ ရှင်ဘုရင်သစ်ဖြစ်လာမှာဖြစ်လို့ ဝင်ဆယ်ဆလက်စ်အနေနဲ့ ဘိုဟီးမီးယားနယ်ကနေ ရောမကိုသွားဖို့ လိုအပ်နေတာဖြစ်ပါတယ်။ဒါပေမဲ့ ဝင်ဆယ်ဆလက်စ်ဟာ အခွံသာရှိပြီးအဆံမရှိသူဖြစ်လို့ ကြွေးမှီများစွာတင်နေပြီး ရောမကိုသွားဖို့တောင် ရဲမက်စရိတ် စားစရိတ်ကအစ ချေးငှားရမယ့်အခြေအနေပါ။ သူတို့ချေးငှားနေကျ သူကြွယ်အရှင် ရိုဆင်ဘာ့ဂျ်ကလည်း ချေးငွေထုတ်မပေးတာကြောင့် အကျပ်ရိုက်နေတာပါ။ ဒါကြောင့် ကြံရာမရတဲ့အဆုံး ရိုဆင်ဘာ့ဂျ်ရဲ့ ဇနီးလောင်း လေဒီကတ်သရင်းကို ပြန်ပေးဆွဲပြီး ပြန်ပေးငွေတောင်းဖို့ ကြံပါတော့တယ်။ပြန်ပေးဆွဲရမယ့်တာဝန်ကတော့ ကြေးစားစစ်သည် ယန်ဇစ်ဇကာရဲ့ တာဝန်ဖြစ်လာပါတယ်။ ဇစ်ဇကာအနေနဲ့ လေဒီကတ်သရင်းကို ပြန်ပေးဆွဲတဲ့ကိစ္စ အောင်မြင်မှာလား၊ အရှင်ဝင်ဆယ်ဆလက်စ်ရဲ့ အကြံအစည်က ထင်သလောက် ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားပါ့မလား။ နောက်ကွယ်က နိုင်ငံရေး ဘာသာရေးအရှုပ်အထွေးတွေကြား ဘယ်လောက်ထိ ပွေလီဦးမလဲဆိုတာ တိုက်ခိုက်ခန်း၊သတ်ဖြတ်ခန်းများများနဲ့ ...
movie
Medieval (2022)
The Racer (2020)
The RacerRating - 5.6 /10ခင်ဗျားတို့ ကိုယ်ရဲ့ career တစ်လျှောက်လုံးသူများအဖြည့်ခံအဖြစ် အသုံးချခံရဖူးလား?သာဒီးလူရဲ့ 'လိုသုံး' ထဲက မလိုတော့တဲ့အခါချောင်ထိုးခံရပြီး လိုတဲ့အခါမှ အသုံးချခံရဘူးလား?အနည်းနဲ့အများတော့ ဘယ်နယ်ပယ်မဆို အသုံးချခံရမှာပါ။ဒီလိုပါပဲ ဒီဇာတ်ကားက sport film ဖြစ်ပြီစက်ဘီးသမားတစ်ယောက်ရဲ့ အသက်အရွယ်ကို ခုတုံးလုပ်ပြီး အသုံးချခံရတဲ့ အကြောင်းပါ။sport crazy တွေနဲ့ မစိမ်းတဲ့ The sport series ထဲမှ Louis Talpeကခေါင်းဆောင်အဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ပြင်သစ်ခရီးစဥ်( Tour de france) ဆိုတာ နိုင်ငံတွေဖြတ်၊ ပြည်နယ်တွေဖြတ်ပြီးအဆင့်လိုက် စက်ဘီးစီးပြိုင်ရတဲ့ နာမည်ကြီးပြိုင်ပွဲတစ်ခု။စက်ဘီးသမားတွေအတွက် အဝါရောင်ဂျာဆီ၊ အဖြူရောင်ဂျာဆီအတွက်အလုအယက်ယှဥ်ပြိုင်ရတဲ့ ပြိုင်ပွဲ။ အဝါရောင်ဂျာဆီရတဲ့သူဟာပြိုင်ပွဲတစ်ပွဲလုံးရဲ့ ခေါင်းဆောင်လို့ ပြောနိုင်ပါတယ်။အဖြူရောင်ဂျာဆီကတော့ အသက် ၂၅နဲ့ ၂၅အောက်ပြိုင်ပွဲဝင်တွေကို ချီးမြှင့်တာဖြစ်တယ်။အော့စရိတ်ဂျ်လို့ခေါ်တဲ့ အသင်း အိုင်ယာလန်ကို၁၉၉၈ ပြင်သစ်ခရီးစဥ်အတွက် လာရောက်တဲ့အခါ.....အသုံးချခံရလိုက် ချောင်ထိုးခံရလိုက်နဲ့ အသက်ကြီးပြီဖြစ်တဲ့ ...အသင်းခေါင်းဆောင်ပဲ နိုင်ရမယ်လို့ အသင်းကသတ်မှတ်ပြီးသား ပြိုင်ပွဲမှာ နိုင်လို့မဖြစ်တဲ့အထောက်စက်ဘီးသမားတစ်ယောက်...ခေါင်းဆောင်စက်ဘီးသမားနိုင်အောင်အမြဲအနစ်နာခံပေးရတဲ့ ...
movie
The Racer (2020)
2020
6.4
Mr. Bean’s Holiday (2007)
Mr. Bean's Holiday (2007)__________IMDb - 6.4/10အက်ရှင်တွေ အချစ်တွေ အကြမ်းတွေ များလာတော့ ဒီတစ်ခါ ပရိသတ်ကြီးပေါ့ပေါ့ပါးပါး လေးဖြစ်သွားအောင် Mr.Bean's Holidayလေး တင်ပေးလိုက်ပါတယ် Mr.Beanရယ်လို့ အသံကြားလိုက်ရုံနဲ့ ရုပ်ရှင် ခရေဇီတွေရော သာမန်ရုပ်ရှင်ပရိသတ်တွေပါ အလိုလို အူမြူးလာတတ်ကြပါတယ်။ဒီ Mr.Bean's holidays ဟာ ဆိုရင်လည်း ရုပ်ရှင် ပရိသတ်တွေ တော်တော်များများ အထူးနှစ်ခြိုက်ခဲ့ကြတဲ့ ဇာတ်ကားတစ်ကားပါ။ 'Old but gold' ဆိုတဲ့စကားဟာ ဒီ ဇာတ်ကားလေး အတွက်လည်း မှန်တယ်ခင်ဗျ။ မြန်မာစာတန်းထိုး နဲ့မှ ကြည့်ရတာ ဖီးလ် ပိုရှိတယ်ဆိုတဲ့ ချစ်ပရိသတ်ကြီးတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးရဲ့ အစမှာတော့ Mr.Beanက ကံကောင်းတယ်ဗျ။ကန်းနက်စ် ကို ခရီးသွားဖို့ လက်မှတ်ရယ် ဗွီဒီယိုကင်မရာလေးတစ်လုံးရယ် ယူရို ၂၀၀ ရယ် မဲပေါက်ခဲ့တာကိုး (ဒါတောင်ဆရာသမားက တေ့လွဲ လွဲဦးမို့) ...
movie
Mr. Bean’s Holiday (2007)