Channel Myanmar

Kareena Kapoor Khan

Mujhse Dosti Karoge! (2002) 5.1
Mujhse Dosti Karoge! (2002) "ငါနဲ့သူငယ်ချင်းလုပ်မလား"သူငယ်ချင်း၊ ရင်းနှီးမှုအချစ်ဆိုတာ ဘာပါလဲ"အချစ်ဆိုတာ ရင်နှီးမှုပါပဲ လူတစ်ယောက်ကို မရင်းနှီးဘဲနဲ့ ဘယ်လိုမှ မချစ်နိုင်သလို သံယောဇဉ်လည်း မတွယ်နိုင်ပါဘူး ကဲ့ ဒါကြောင့် ငါနဲ့ သူငယ်ချင်းလုပ်မလား "ဒီဒိုင်ယာလော့လေးကတော့ နာမည်ကြီး ဂန္တဝင်အချစ်ဇာတ်ကား တစ်ကားဖြစ်တဲ့ Kuch Kuch Hota Hai (1998) ထဲကပဲဖြစ်ပါတယ်။အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကလည်း တခမ်းတနားနဲ့ အမှန်အကန်တင်ဆက်ထားတဲ့ ဘောလီဝုဒ်ကားကောင်း တစ်ကားပါပဲနာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Hrithik Roshan (ခ) လက်ပွားမင်းသား Rani Mukerji နှင့် Kareena Kapoor တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး တပုဒ်လည်း ဖြစ်ပါတယ်အခုလို မိုးရာသီဖွဲဖွဲလေးမှာ ဒီလို Romance, Dramaကား ခပ်ကောင်းကောင်းလေးကို တခါကြည့်ဖူးရုံနဲ့ ဇာတ်ဝင်တေးအားလုံးကလည်း တသက်လုံး မေ့လျော့နိုင်မှာ မဟုတ်ပါဘူးဒီကားကို ကြည့်ဖူးတဲ့သူတွေရှိသလို လုံးဝမကြည့်ရသေးတဲ့သူတွေလည်း ရှိပါလိမ့်မယ် အခု CMက ပြန်လည်တင်ဆက်ပေးထားတာကတော့ ရုပ်သံအကြည်လင်းဆုံးနဲ့ သီချင်းတွေကအစ မြန်မာမှုပြုပေးထားလို့ သိမ်းထားချင်သူတွေအတွက် နှစ်ခြိုက်စရာပါပဲဇာတ်လမ်းလေးကတော့ ရာ(ဂျ်)၊ တီနာနဲ့ ပူဂျာတို့ဟာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းသုံးယောက်ပါ ဒီထဲမှာမှ ရာ(ဂျ်)က ...
movie

Mujhse Dosti Karoge! (2002)

2002
Bombay Talkies (2013) 6.6
Bombay Talkies (2013) Bombay Talkies ဟာဘောလိ၀ုဒ်ရုပ်ရှင်လောကရဲ့ နှစ်တစ်ရာပြည့်အဖြစ်ပွဲထွက်ခဲ့တာဖြစ်ပြီး Karan Johar, Dibakar Banerjee, Zoya Akhtar နဲ့ Anurag Kashyap တို့ နာမည်ကျော်ဒါရိုက်တာလေးဦးရဲ့ ဇာတ်လမ်းတိုလေးပုဒ်နဲ့ဖွဲ့စည်းထားတဲ့ anthology film ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဒါရိုက်တာလေးဦးရဲ့ anthology သုံးကားတွဲထဲက ပထမဆုံးဇာတ်ကားဖြစ်ပြီး နောက်ပိုင်းမှာ အားလုံးသိကြတဲ့ Lust Stories (2018) Ghost Stories (2020) တို့ဆက်ပြီး ထွက်ရှိထားပါသေးတယ်။ ဇာတ်လမ်းတိုတွေထဲမှာ Rani တို့လို Nawazuddin Siddiqui တို့လိုနာမည်ကျော်တွေ ပါဝင်သလို သရုပ်ဆောင်ဘက်မှာမခေတဲ့ အဲ့ဒီခေတ်အခါက တက်သစ်စတွေလည်းအင်တိုက်အားတိုက်ပါဝင်ထားပါတယ်။ Amitabh Bachchan တို့ Katrina Kaif တို့ကိုလည်း cameo နေရာမှာတွေ့မြင်ရမှာပါ။ ဘောလိ၀ုဒ်နှစ်တစ်ရာ ဂုဏ်ပြုသီချင်းဖြစ်တဲ့ အပိတ်သီချင်းမှာတော့ ပိတ်ကားပေါ်မှာ တစ်စုတစ်စည်းထဲ မြင်ရခဲတဲ့ ဘောလိ၀ုဒ်ရဲ့နာမည်ကျော် ဒိတ်ဒိတ်ကြဲ မင်းသားမင်းသမီးတွေ အများကြီးကို သီချင်းတစ်ပုဒ်ထဲမှာတွေ့မြင်ရမှာဖြစ်တဲ့အတွက် ဘောလိ၀ုဒ်ချစ်သူတွေလက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဆိုတာတော့လက်တို့လိုက်ပါရစေ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Alias ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Bombay Talkies (2013)

2013
Main Prem Ki Diwani Hoon (2003)
Main Prem Ki Diwani Hoon (2003) Main Prem Ki Diwani Hoon (2003)"အချစ်ကြောင့်ရူး" ========================================လက်ပွားမင်းသားကြီး ရီသိက်ရိုရှန်းနဲ့ မင်းသမီးကြီး ကရီနာကပူးရ်တို ငယ်ရွယ်စဉ်က တွဲဖက်ရိုက်ကူးခဲ့တဲ့ ၂၀၀၃ ခုနှစ်ထွက် အချစ်ဟာသ ကလက်စစ်ရုပ်ရှင်ဟောင်းလေးကို ဘောလိဝုဒ်ပရိသတ်တွေအတွက် ပြန်လည် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ရိုးမလိုနဲ့ ဆန်းပါတယ်။အိန္ဒိယကမိဘတွေရဲ့ မိဘအိမ်ထောင်ချပေးရင် သားသမီးခေါင်းငြိမ့်ဆိုတဲ့ ဓလေ့ကို ချိုးဖျက်ချင်နေတဲ့ ဆန်ဂျနာဆိုတဲ့ ကောင်မလေး။ဆန်ဂျနာဟာ သူတင်မကဘဲ သူများတွေကိုပါ ကိုယ်ချစ်တဲ့သူကိုလက်ထပ်ဖို တိုက်တွန်းနေပေမဲ့ သူ့အမေကတော့ သူ့ကို ပရမ်းဆိုတဲ့ ဥစ္စာပေါ၊ ရုပ်ချော သူဌေးလေးတစ်ယောက်နဲ့ ပေးစားဖိုအတွက် ကြိုးပမ်းလာခဲ့ပါတယ်။ခေတ်ပညာတတ်မလေး ဆန်ဂျနာဟာ အစပိုင်းမှာ အချစ်ဟာသရုပ်ရှင်တွေရဲ့ထုံးစံ ဇာတ်လိုက်ပရမ်းကို ဒုက္ခတွေပေး၊ ပြန်ပြေးအောင် ကြံစည်ပေမဲ့ ဥစ္စာပေါ ရုပ်ချောရုံသာမက တော်ကီပါကောင်းတဲ့ ပရမ်းကို ကြွေစပြုလာတဲ့အချိန်မှာ ဘယ်သူမှမထင်ထားတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပြီး ပရမ်းနဲ့ ဆန်ဂျနာတို ဆက်ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေကို ဒီအချစ်ဟာသရုပ်ရှင်လေးထဲမှာ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.8 GB / 2.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ ...
movie

Main Prem Ki Diwani Hoon (2003)

Golmaal 3 (2010) 5.7
Golmaal 3 (2010) Golmaal 3 (2010) ပရမ်းပတာ ၃အဂျေးနဲ့ ကရီနာကပူးရ်တို့ရဲ့ Golmaal series ထဲက တတိယမြောက်ကားကို ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးချင်ပါတယ်။ဒီ တတိယမြောက် Golmaal ရုပ်ရှင်ဟာဆိုရင် သူ့ခေတ်သူခါမှာတော့ တစ်နှစ်တာ ဒုတိယဝင်ငွေအများဆုံးဖြစ်ခဲ့တဲ့ထိ အောင်မြင်ခဲ့တာပါ။ဇာတ်လမ်းလေးကတော့ Golmaal ကားတွေရဲ့ထုံးစံ.. အစပိုင်းမှာ ဂိုပယ်တို့မိသားစု ဂိုအာကမ်းခြေမှာ စီးပွားရေးပေါင်းစုံလုပ်ဖို့ ကြိုးစားနေကြတုန်းမှာ ဘာလုပ်လုပ် သူတို့နဲ့ အကြံတူနေပြီး မြင်တာနဲ့ ရန်ဖြစ်ကြတဲ့ သားအဖလေးယောက်နဲ့ ကွိုင်တွေတက်ပုံကို မြင်ကြရမှာပါ။ဒါပေမဲ့ အဲဒီသားအဖလေးယောက်ထဲက မုဆိုးဖိုအဖေကြီးက ဂိုပယ်တို့အမေရဲ့ ရည်းစားဦးဖြစ်နေပြီး သူတို့ ပြန်ပေါင်းထုပ်ဖို့ ကြိုးစားကြတာကို သားတော်သမီးတော်များက မတည့်မရှုနဲ့ တကျက်ကျက်ဆန့်ကျင်ကြပုံတွေကို ဟာသတွေတခွီခွီနဲ့ ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်။ဒါ့အပြင် ဘောလီးဝုဒ်ရွှေခေတ်ရဲ့ ထုံးစံ အဆိုအကကောင်းကောင်း စော်လန်းလန်းတွေကို ကမ်းခြေမှာပတ်ပြေးခိုင်းထားတဲ့ သီချင်းအလန်းလေးတွေပါ ကြည့်ရမှာဖြစ်လို့ ရှေ့က Golmaal ကားတွေကိုကြိုက်နှစ်သက်ကြတဲ့ CM ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးထားတာကြောင့် လက်မလွတ်တမ်းအားပေးလိုက်ဖို့ ညွှန်းဆိုတိုက်တွန်းလိုက်ပါတယ်။….. File size… 6.1 GB / 3.2 GB Quality…BluRay 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Golmaal 3 (2010)

Golmaal Returns (2008) 5.3
Golmaal Returns (2008) Golmaal Returns (2008) "ပရမ်းပတာ"တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ Golmaal ဟာသ ဇာတ်လမ်းတွဲထဲက ဒုတိယမြောက်ကားလေးကို ပရိသတ်တို့အတွက် ပြန်လည်တင်ဆက်ထားပါတယ်ဒီကားထဲမှာ မင်းသားအဂျေး (Ajay Devgn) နဲ့ ဝါရင့်မင်းသမီးကရီနာကပူးတို့က ခေါင်းဆောင်ပါဝင်ထားပြီး ၂၀၀၈ မှာ ဝင်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင်စာရင်းထဲ ပါခဲ့တာပါဇာတ်လမ်းအကျဉ်းကတော့ ဇာတ်လိုက်ကျော် ဂိုပယ်က စကားမပြောတတ်တဲ့ သူ့သူငယ်ချင်း လပ်ကီးရဲ့အစ်မဖြစ်သူ အက်တာနဲ့ အိမ်ထောင်ကျသွားခဲ့ပြီး ငါးလုပ်ငန်းကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်နေပါတယ်သူ့မိန်းမအက်တာက တီဗွီဇာတ်လမ်းတွဲတွေအကြည့်များပြီး သူ့ယောကျ်ားကို အိမ်ထောင်ရေးဖောက်ပြန်နေတယ်လို့ သံသယများနေတဲ့အပြင် ရဲအရာရှိတစ်ယောက်ကလည်း သူတို့ကုမ္ပဏီက ငါးပုဇွန်တင်တဲ့ သင်္ဘောထဲမှာ မူးယစ်ဆေးတွေရှိနိုင်တယ်လို့ သင်္ကာမကင်းဖြစ်နေပြန်ပါတယ်တစ်ရက်မှာ ဂိုပယ်က မီရာဆိုတဲ့ မိန်းကလေးတစ်ယောက်ကို ကယ်မိလိုက်ရာကနေစလို့ ဘယ်လိုပြဿနာတွေ တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်လာမလဲ ဆိုတာကတော့ ----အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 4.1 GB / 1.98 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Golmaal Returns (2008)

Singham Again (2024) 5.8
Singham Again (2024) Singham Again 2024 (IMDb 5.8/10) ဆင်ဂဟမ် ပြန်လာပြီ.....အခုတစ်ခါမှာတော့ ထူးထွေပြီး ညွှန်းနေစရာမလိုလောက်အောင် ပရိသတ်ကြီးအားလုံးစောင့်မျှော်နေကြတဲ့ ရဲမှူးကြီး ဆင်ဂဟမ်ပြန်လာပါပြီဒါရိုက်တာရှက်တီရိုက်ကူးတင်ဆက်ပေးနေတဲ့ Police Universe ရဲ့ ငါးကားမြောက်ပဲ ဖြစ်ပါတယ်2017 ခုနှစ်ထဲက ကြေငြာခဲ့ပြီး ထွက်ရှိလာချိန်မှာလည်း ရုံဝင်ငွေ ဒေါ်လာ ၄၇ သန်းနီးပါးရရှိခဲ့ပြီး ကမ္ဘာအနှံ့ဆို တတိယမြောက်နဲ့ အိန္ဒိယမှာတော့ ဆဌမချိတ်တဲ့ ရုံတင်ကားကြီးပဲဖြစ်ပါတယ်Cast အင်အားကလည်း နာမည်ကြည့်ရုံနဲ့ လဲသေလို့ရအောင် အလောင်းဖျောက်ကားနဲ့နာမည်ကြီးတဲ့ အာဂျေး ဆလူးဘိုင်တစ်ဖြစ်လဲ ဆယ်လ်မန်ခန်း ရဲသားကြီး အာရှေးကူးမား တက်သစ်စ အာဂျွန်ကပူးရ် အက်ရှင်ဆရာကြီး တိုက်ဂါးတို့အပြင် ညှို့ဓာတ်ပြင်း မင်းသမီး ဒီပီကားပဒ်ကိုနီ ဝါရင့်မင်းသမီးကြီး ကရီနာကပူးရ်တို့ပါ ဝင်ရောက်သရုပ်ဆောင်ထားပါတယ် သရုပ်ဆောင်ကြေးနဲ့တင် မွဲသေလို့ရနိုင်တဲ့ ဇာတ်ကားပါပဲဇာတ်ကားနာမည် သရုပ်ဆောင်နဲ့တင် ရှိန်စရာမို့ဇာတ်လမ်းအကျဉ်းလေးကို နဲနဲလေးပဲပြောပါတော့မယ်။ ဇာတ်လမ်းကတော့ အာရှေးရဲ့ရဲအဖွဲ့သစ်ကို တည်ထောင်ပြီးချိန်မှာ အငြိုးကြီးတဲ့ရန်သူတွေက အာရှေးဇနီးကို ပြန်ပေးဆွဲတာကို ကယ်တင်ဖို့အတွက် ရာမာယနဇာတ်ကို Reference ယူထားပြီးတော့ အာရှေးနဲ့သူ့အဖွဲ့သားတွေက ကြိုးစားကြတာကို မိန်းမလဲကယ် နိုင်ငံတော်ကို ဘယ်လိုကာကွယ်မလဲဆိုတာ အချစ်အလွမ်းအက်ရှင်စုံစွာနဲ့ ...
movie

Singham Again (2024)

4K HEVC
Singham Returns (2014) 5.7
Singham Returns (2014) ဇာတ်လမ်းအကျဉ်းကတော့သမာသမတ်ကျတဲ့ ရဲအရာရှိဘာဂျီရို ဆင်းဂမ်ရဲ့ နိုင်ငံရေးအကောက်ကြံတဲ့လူတွေကို ခြေမှုန်းတဲ့အကြောင်းပါပဲအသိဉာဏ်နည်းပြီး အယူသီးသူတွေရဲ့ကိုးကွယ်မှုကြောင့် အင်အားကြီးနေတဲ့ဘိုးတော်လိုလို ဘာလိုလို ဘာဘာကြီးဆိုသူဟာ နိုင်ငံရေးပါတီတစ်ခုက ခေါင်းဆောင်တစ်ယောက်နဲ့ပေါင်းပြီး ရွေးကောက်ပွဲအနိုင်ရဖို့ ပိုက်ဆံသုံးပြီး ဆင်းရဲတဲ့ပြည်သူတွေဆီက မဲတွေဝယ်ယူဖို့ကြိုးစားကြပါတယ်ဒီလိုနဲ့မထင်မှတ်တဲ့ ကိစ္စတစ်ခုကြောင့်သူတို့လုပ်ရပ်တွေ ပေါ်မလိုဖြစ်သွားတဲ့ အခါမှာတော့ သူတို့သရုပ်မှန်ကို ဖုံးကွယ်ဖို့ အကြမ်းဖက်ပြီးတော့ရော နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ပါ ကြိုးစားကြပါတော့တယ်ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ သူတို့ရှိတာသိပေမယ့် သက်သေမရှိလို့ ဖမ်းမရပဲ ဖြစ်နေခဲ့ပါတယ် ဆင်းဂမ်က သူတို့ကို ဘယ်လို အဆုံးသတ်ပေးမလဲဆိုတာတော့ ဒီဇာတ်ကားထဲမှာ ကြည့်ရှုသွားရမှာပါ .......................................................ဆင်းဂမ်က တရားဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ဥပဒေရအပြစ်ပေးလို့မရတဲ့သူတွေကို ဘယ်လိုဘယ်နည်းနဲ့ အပြစ်ပေးလည်းဆိုတာတော့ ပထမကားကြည့်ပြီးတဲ့သူတွေသိပြီးသားဖြစ်မှာပါဒုတိယကားမှာလည်း ပထမကားထက် ပိုမိုက်တဲ့ပုံစံတွေနဲ့ ဥပဒေအရ ထိလို့မရတဲ့ လူဆိုးတွေကို ဆုံးမသွားမှာပါ ဇတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Chanyein Soe ဖြစ်ပါတယ် File size…3.77 GB / 1.75 GB Quality…BluRay 1080p HEVC / 720p Format…mkv/mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Chanyein Soe 
movie

Singham Returns (2014)

2014
The Buckingham Murders (2024) 7.1
The Buckingham Murders (2024) The Buckingham Murders ( 2024 ) ဘက်ကင်ဟမ်လူသတ်သမားများဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဘောလိဝုဒ်ပရိသတ်ကြီးတွေအကြိုက်တွေ့မယ့် လျှို့ဝှက်သည်းဖိုစုံထောက်ကားပဲဖြစ်ပါတယ်။ နာမည်ကြီးမင်းသမီးကြီး ကရီးနာကပူးရ်ပါဝင်သရုပ်ဆောင်ထားပြီး IMDb 7.1 ရရှိထားတာဆိုတော့ အထွေအထူးညွှန်းဖို့တောင်လိုမယ်မထင်ပါဘူးဗျာ။ဇာတ်လမ်းကို ဂျက်စ်မိဘမ်ရာလို့အမည်ရတဲ့ စုံထောက်တစ်ဦးပေါ်အခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂျက်စ်ဟာ လတ်တလောတင်မှ ကလေးဆုံးရှုံးထားတဲ့မိခင်တစ်ဦးဖြစ်ပြီး တခြားမြို့ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့မှပဲ ၁၀ နှစ်သားကောင်လေးတစ်ဦးပျောက်ဆုံးတဲ့အမှုနဲ့ တည့်တည့်တိုးပါတော့တယ်။သူက ဒီအမှုကိုလိုက်ရင်း သူ့ကလေးကိုဆုံးရှုံးခဲ့ရတဲ့ ကြေကွဲဝမ်းနည်းမှုတွေကို ပြန်လည်သတိရတာကြောင့် သူ့အတွက် ထိရှလွယ်တဲ့အမှုဖြစ်လို့နေပါတယ်။ ဒါကြောင့် သူ့အတွက် ဒီအမှုကို အောင်မြင်စွာဖြေရှင်းနိုင်ပါ့မလား။ ပျောက်ဆုံးနေတဲ့ကောင်လေးကိုရော အသက်ရှင်လျက်ရှာတွေ့နိုင်ပါ့မလားဆိုတာကို ဇာတ်ကွက်အရမ်းနိုင်တဲ့ ဒါရိုက်တာ Hensal Mehta ရဲ့လက်ရာကိုကြည့်ရှုခံစားရင်း ရင်ခုန်စွာကြည့်ရှုခံစားပေးပါဦးဗျာ။ဒီဇာတ်ကားဟာ သရုပ်ဆောင်ချက်ကောင်းမွန်မှုကြောင့် အထူးချီးကျူးမှုတွေရရှိထားတာဖြစ်ပြီး သားသမီးဆုံးရှုံးထားတဲ့မိခင်ရဲ့စိတ်ဒဏ်ရာ ၊ နောင်တတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတို့ရဲ့အတွေ့အကြုံတို့ကိုပါ စုံလင်စွာရိုက်ကူးထားတာဖြစ်လို့ အချိန်ကုန်ဘေကုန်ရကျိုးနပ်မယ့်ဇာတ်ကားကောင်းတစ်ခုဖြစ်မှာ အသေအချာပါပဲ။( ဘာသာပြန်နဲ့အညွှန်းကိုတော့ V, Yunni , Tomo, Alex နဲ့ LinnLunn တို့မှရေးသားထားတာဖြစ်ပါတယ် ) File size… 1.25 GB / 638 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 47m Subtitle….Myanmar ...
movie

The Buckingham Murders (2024)

Khushi (2003) 5
Khushi (2003) Khushi (2003)"ခူရှီ" ===============မင်းသမီးကြီး ကရီနာကပူးရ်ရဲ့ လှသွေးအကြွယ်ခဲ့ဆုံးအချိန်တုန်းကရိုက်ကူးခဲ့တဲ့ အချစ်ဟာသ ရွမ်ကွမ်ရုပ်ရှင်ကားဟောင်းလေးတစ်ခုကို CM Bollywood Team ကနေ ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ချစ်ခြင်းမေတ္တာဟာ ဆန်းကျယ်ပါတယ်။ မတူညီတဲ့အခြေအနေတွေနဲ့ အဝေးကြီးမှာရှိနေတဲ့လူနှစ်ယောက်ကို စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဟာ ပေါင်းဖက်ပေးနိုင်တယ်။ဒီရုပ်ရှင်ထဲမှာလည်း ကိုလ်ကာတာမြို့သားလေး ကာရန်နဲ့ တခြားပြည်နယ်တစ်ခုရဲ့ ရွာလေးတစ်ရွာက ခူရှီဆိုတဲ့ကောင်မလေးဟာ မတူညီတဲ့အခြေအနေတွေနဲ့ အဝေးကြီးမှာရှိနေတဲ့လူနှစ်ယောက်ပေါ့။ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ မွေးလာတဲ့အချိန်ကတည်းက ဆုံဆည်းဖို့အတွက် ကံကြမ္မာကစီမံပေးတာခံထားရတဲ့သူတွေပါ။ ကနေဒါကိုသွားဖို့လုပ်နေတဲ့ ကာရန်နဲ့ ကိစ္စတစ်ခုကနေ ထွက်ပြေးဖို့ကြိုးစားနေတဲ့ ခူရှီတို့ ဘယ်လိုဆုံဆည်းပြီး ကံကြမ္မာစေရာနောက် ဘယ်လိုလိုက်ကြမလဲဆိုတာကို ဒရာမာနဲ့ ဟာသလေးတွေအချိုးကျရောထားတဲ့ ဒီအချစ်ရုပ်ရှင်လေးထဲမှာ မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.33 GB / 1.67 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team
movie

Khushi (2003)

Mujhe Kucch Kehna Hai (2001) 4.8
Mujhe Kucch Kehna Hai (2001) Mujhe Kucch Kehna Hai (2001)"ပြောစရာတွေကျန်သေးတယ်" ==============================================မင်းသမီး ကရီနာကပူးရ်ရဲ့ ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Rom-com ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ကာရန်ဟာ လုပ်ချင်ရာလုပ်ပြီး ပျော်ပျော်နေတတ်တဲ့ ၁၀ ကျော်သက် ကောလိပ်ကျောင်းသားတစ်ယောက်ပါ။ သူဟာ အဲဒီအရွယ် ယောက်ျားလေးတွေရဲ့ထုံးစံအတိုင်းပဲ သူ့ကို အမြဲတမ်း ဆူပူနေတဲ့ အဖေဖြစ်သူနဲ့လည်း မတည့်ပါဘူး။အဲဒီလို လူပျော်လေး ကာရန်ဟာ ပူဂျားဆိုတဲ့ မိန်းမလှလေးတစ်ယောက်နဲ့ အမှတ်မထင် စုံဆည်းခွင့်ရခဲ့ပြီး အချစ်စိတ်တွေ ပေါက်ဖွားခဲ့ပါတယ်။ဒါပေမဲ့ စိုးရိမ်စိတ်တွေကြောင့် ချစ်တာကို ချစ်တယ်လို့ ဖွင့်မပြောရသေးခင်မှာပဲ ကံကြမ္မာက သူတို့ကို တစ်မျိုးတဖုံ ကျီစယ်လှည့်စားပုံတွေကို ဒီရုပ်ရှင်လေးထဲမှာ မြင်ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.89 GB / 1.49 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mujhe Kucch Kehna Hai (2001)

3 Idiots (2009) 8.4
3 Idiots (2009) IMDb (8.4/10) /Rotten Tomatoes (100%)December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့ 3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်...မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ် လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်...ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာ သူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး....သိလဲ မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေ ဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို အနုပညာလို ဘာသာရပ်တွေမှာ မှေးမှိန်ခဲ့ကြရပါတယ်။ဒီအကြောင်းတွေကို ...
movie

3 Idiots (2009)

2009
4K HEVC
Aitraaz (2004) 6.6
Aitraaz (2004) Aitraaz (2004) “ကန့်ကွက်ချက်” Genre – Drama, Romance, Thriller IMDB – 6.6/10ဟောင်းပေမဲ့ ကောင်းနေဆဲ ဖြစ်တဲ့အပြင် သရုပ်ဆောင်တွေကလည်း ဆရာကြီးတွေဖြစ်ကြတဲ့ Akshay Kumar တို့ Kareena Kapoor တို့ Priyanka Chopra တို့ အုပ်လိုက်အစွမ်းပြထားကြတဲ့ ၂၀၀၄ ခုနှစ်ထွက် အချစ်လျှို့ဝှက်သည်းဖို ဘောလိဝုဒ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါစေဗျာ။ဒါရိုက်တာဆိုရင်လည်း ဘောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသားတွေနဲ့ လက်တွဲလုပ်ကိုင်ဖူးခဲ့တဲ့ Burmawalla ညီအစ်ကိုနှစ်ယောက်ပါ။ သူ့ခေတ်သူ့အခါက ရုံတင်ဝင်ငွေ ၂၆ ကုဋေ ရရှိခဲ့တဲ့ကားလည်း ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင် မိုက်ကယ်ဒေါက်ဂလပ်နဲ့ ဒယ်မီမိုးလ်တို့ရဲ့ Disclosure ကို အနည်းငယ် အခြေခံထားတယ်လို့ဆိုပြီး ဒီရုပ်ရှင်နဲ့ Chopra ရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ် အသိအမှတ်ပြုခဲ့ကြကာ ဆုပေးပွဲတွေမှာလည်း စကာတင်တွေ ဝင်ခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင်တော့ အစပိုင်းကို ပျော်ရွှင်ဖွယ်ရာ အချစ်ကားဆန်ဆန် အစပျိုးထားပါတယ်။ ဖုန်းကုမ္ပဏီမှာ လုပ်နေတဲ့ ...
movie

Aitraaz (2004)

Angrezi Medium (2020) 7.6
Angrezi Medium (2020) Angrezi Medium (2020)IMDb Rating (7.2/1)ဘောလိဝုဒ်ဖန်တွေအတွက် သဘာဝမင်းသားကြီး Irrfan Khan ရဲ့  Angrezi Medium (2020) ရုပ်ရှင်ကို တင်ဆက်လိုက်ပါတယ်။Hindi Medium (2017) နဲ့ဆက်စပ်မှုတော့မရှိပေမယ့် Theme တူပါတယ်။မိသားစု ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်မိသားစုတွေနဲ့အတူ ရယ်ရယ်မောမောနဲ့ ခံစားလိုက်ကြပါဦးဇာတ်လမ်းကတော့အိန္ဒိယမုန့်အချိုဆိုင်ပိုင်ရှင် လူလတ်တန်းစားတစ်ယောက်ဖြစ်တဲ့ ချမ်ပက်ဟာသမီးတစ်ယောက်နဲ့ မုဆိုးဖိုးတစ်ယောက်ဖြစ်ပါတယ်ငယ်စဉ်ကတည်းက မိခင်ဖြစ်သူဆုံးပါးသွားတဲ့အတွက် သူ့သမီးကို အဖေလိုရော အမေလိုပါ လိုလေသည့်မရှိရအောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်ဒါပေမဲ့ သူ့သမီးဖြစ်သူ တာရူးဆီမှာတော့ ငယ်ငယ်ကတည်းက နိုင်ငံခြားသွားချင်တဲ့အိပ်မက်တစ်ခုရှိပါတယ်ဒီလိုနဲ သူ့သမီးအရွယ်ရောက်လာတဲ့အခါ အထက်တန်းကျောင်းပြီးတော့လန်ဒန်မှာ တက္ကသိုလ်ဆက်တက်ချင်တဲ့ အိပ်မက်ကိုလူလတ်တန်းစားချမ်ပက်တစ်ယောက် ဘယ်လိုကြိုးစားအကောင်အထည်ဖေါ်ပေးမလဲဆိုတာ......။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။) File size….(2 GB )/(1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:25:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Zaw Htoo
movie

Angrezi Medium (2020)

2020
Agent Vinod (2012) 5.2
Agent Vinod (2012) James Bond ဇာတ်ကားလို ကြည့်ရှုရမယ့် အိန္ဒိယအေးဂျင့် ဗီနွတ် အဖြစ်  ဆစ်အလီခန်း နဲ့ မင်းသမီးချော ကရီနားကပူရ် တို့ရဲ့ သည်းထိတ်ရင်ဖို အက်ရှင်စပိုင်ဇာတ်ကြမ်းကား တစ်ကားဖြစ်ပါတယ်။Agent Vinod ဟာ ဂျိမ်စ်းဘွန်းလို ရုပ်ချောစတိုင်ကျ လျင်မြန်သွက်လက် ဉာဏ်ကောင်းတဲ့အေးဂျင့်တစ်ယောက်ဖြစ်ပါတယ်သူဟာ သူ့ရဲ့သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက်ဖြစ်တဲ့ ရာဂျန်အသတ်ခံရတဲ့ကိစ္စမှာ အမှုမှန်ကိုဖေါ်ထုတ်ဖို့တာဝန်ပေးထားခြင်းခံရပါတယ်Vinod ဟာ တရားခံကိုဖေါ်ထုတ်ဖို့ကြိုးစားနေရင်းက အမှုကနက်နဲလာပြီးကမ္ဘာတစ်ဝှမ်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကနေတဆင့်ကြီးမားတဲ့ သဲလွန်စတွေကိုခြေရာခံမိပါတော့တယ်...ခြေရာအားလုံးက "424" ဆိုတဲ့အရာပေါ်မူတည်နေပြီး ဒီဇာတ်လမ်းရဲ့အသက် "၄၂၄" ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ အဖြေရှာရမှာပါ။တစ်ကားလုံးမပျင်းရအောင် အပစ်အခတ်အက်ရှင်တွေနဲ့ ဆွဲဆောင်သွားမှာဖြစ်တဲ့အပြင် မင်းသမီးချော ကရီနားကပူရ်းကလဲ လန်ပျံနေအောင်မိုက်တာရှုစားရမှာပါ။ File size…(3.5 GB )/(1.5 GB) Quality….WEB-DL 1080p / 720p Format…mkv/mp4 Duration….02:29:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by H&Y
movie

Agent Vinod (2012)

2012
Crew (2024) 6.4
Crew (2024) Crew (2024) "မဒီသုံးဖော်"IMDb - 6.4/10တဘူး၊ ကရီးနား၊ ကရီတီးဆိုတဲ့ အသီးသီးတောက်ပခဲ့ကြပြီး တောက်ပနေတုန်းဖြစ်တဲ့ အိန္ဒိယရဲ့စတားမင်းသမီး သုံးယောက်တွဲထားတဲ့ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ The Great Indian Kapil Showရဲ့ အစီအစဉ်မှူး ကာပီလ်နဲ့ နာမည်ကျော်ပန်ချာပီအဆိုတော်သရုပ်ဆောင် ဒေလ်ဂျိဒိုဆန်တို့လည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ရုံတင်ငွေ ၁၅၆ ကုဋေရထားပြီး ပေါ့ပေါးပါးပါး ကြည့်ရမယ့် ရွှေခိုးသယ်တဲ့ ဟာသရုပ်ရှင်လေးပါ။အိပ်မက်ကိုယ်စီနဲ့ လေယာဥ်မယ်သုံးယောက်၊ ဝါသနာအလုပ်ကို လုပ်နေရပေမယ့် လေကြောင်းလိုင်းက လစာမပေးတော့တာ ခြောက်လကြာသွားတယ်။လေကြောင်းလိုင်း ဒေဝါလီခံလိုက်ရတာ သိလိုက်ရတော့ စည်းမျဥ်းတွေကို စွန့်ပယ်ပြီး ဖြတ်လမ်းလိုက်ဖို့ လေဒီသုံးယောက်သား ရွေးချယ်လိုက်ရတဲ့အခါမှာ ရွှေခိုးသယ်နေကျ သူတို့ HR ဆရာကြီးရဲ့ လျှို့ဝှက်ချက်ကို အသုံးချပြီး သူတို့သုံးယောက်ကို တာဝန်ပေးဖို့ အပေးအယူလုပ်ကာ ဘယ်သို့ဘယ်ပုံ ဆက်ပြီး စွန့်စားခန်းထွက်ကြပုံကို ... ဒီရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားကြရမှာပါ။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 1.9GB / 900MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h ...
movie

Crew (2024)

2024
Aśoka (2001) Ashoka the Great 6.6
Aśoka (2001) Ashoka the Great IMDb Rating (6.6) / Rotten Tomatoes (100%)သမိုင်းမှတ်တမ်းဝင်ဘုရင်တွေထဲမှာ အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့တဲ့ တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သလို ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သီရိဓမ္မာသောကမင်းတဖြစ်လဲ အာသောကမင်းကြီး အကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်လမ်းကြီးဖြစ်ပါတယ်။မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာရီနာကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အချိန်က ခရစ်တော်မပေါ်မီ BC 260 ဝန်းကျင်ကာလတွေဖြစ်ပါတယ်။အာသောကမင်းဟာ ဗိန္ဓုသာရမင်းနဲ့ ဓမ္မာမိဖုရားတို့ရဲ့သားတော်ဖြစ်ပြီး အိန္ဒိယနိုင်ငံသမိုင်းမှာ ပထမဆုံးသောအင်ပါယာ မောရိယနိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့တဲ့ စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်ပါတယ်။ဘိုးတော်ရဲ့အင်ပါယာမှာ မသိမ်းပိုက်နိုင်ဘဲ ကျန်ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့ကို သူ့လက်ထက်မှာ ဆက်လက်သိမ်းပိုက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်...တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့ပေမယ့် အိန္ဒိယအရှေ့ဖက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်)ကိုဝင်ရောက်တိုက်ခိုက်ရာမှာ ကလိင်္ဂကတိုင်းသားတို့က ရဲရဲဝံ့ဝံ့ပြန်လည်ခုခံတာကြောင့် ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး လူပေါင်းများစွာ သေကြေပျက်ဆီးပြီးမှ အောင်နိုင်ခဲ့ပါတယ်။အရာအားလုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။အာသောကမင်းကြီးအနေနဲ့ သူ့ရဲ့အောင်နိုင်မှုတွေဟာ လူသေအလောင်းတွေအပေါ်မှာသာရှိတယ်လို့ ကလိင်္ဂကတိုက်ပွဲမှာ ထိတ်လန့်တကြားမြင်တွေ့သွားတဲ့အခါမှာတော့....ချစ်ခြင်းမေတ္တာနဲ့ လူတွေကိုထွေးပွေ့ဖိုအတွက် စစ်ကိုစွန့်လွှတ်ခဲ့ပါတော့တယ်။ဒီ့နောက်မှာတော့ သူဟာ ဗုဒ္ဓရဲ့ ဓမ္မဖက်မှာပဲ စိတ်ကိုမြုပ်နှံခဲ့ပြီး ...
movie

Aśoka (2001) Ashoka the Great

Chup Chup Ke (2006) 6.9
Chup Chup Ke (2006) Chup Chup Ke (2006)"ရွာလည်တဲ့ နဖူးစာ" =================================ဘာအမျိုးမှမတော်ကြတဲ့ နာမည်ကြီးကပူးရ်နှစ်ယောက်ဖြစ်တဲ့ ရှာဟစ်ကပူးရ်နဲ့ ကရီနာကပူးရ်တို့ရဲ့ အချစ်ဟာသဇာတ်လမ်းဟောင်းလေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။Kabir Singh နောက်ပိုင်းမှ ရှာဟစ်ကိုရင်းနီးလာတဲ့ပရိသတ်တွေအတွက်တော့ ဒီရုပ်ရှင်ထဲမှာ ရှာဟစ်ရဲ့ရုပ်ကို မနည်းပြန်ဖမ်းယူရမှာပါ။ဂျီတူးဆိုတဲ့ကောင်လေးဟာ အလုပ်လုပ်ချင်စိတ်ရှိသူပါ။ အလုပ်တိုင်းကို စိတ်ပါလက်ပါလုပ်ပေမဲ့ တစ်ခုမှမအောင်မြင်ဘဲ အကြွေးတွေသာ တင်ပြီးရင်းတင်ကာ ကြိုးစားတိုင်းမဖြစ်နိုင်ကြောင်းပြနေတဲ့ သက်ရှိသက်သေပေါ့။သူဟာ တစ်နေ့ အကြွေးရှင်တွေအားလုံးကို ခေါ်ပြီး အားလုံးရှေ့မှာပဲ မြစ်ထဲကိုခုန်ချကာ သေမှန်းမသိရှင်မှန်းမသိပျောက်သွားခဲ့ပါတယ်။အဲဒီလိုပျောက်သွားတဲ့အတွက် အရင်က သူ့ကိုချေခဲ့တဲ့ မိသားစုဝင်တွေ၊ အကြွေးရှင်တွေ နောင်တရပြီး သူ့ကို အောက်မေ့နေကြတုန်းမှာ သူဟာ ပုံစံအသစ်နဲ့ပြန်ပေါ်လာခဲ့ပြီး ပေါ့ပေါ့ပါးပါး ရယ်ရမောရတဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ် ပေါ်ပေါက်လာပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.9GB /1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Chup Chup Ke (2006)

2006
Dosti: Friends Forever (2005) 5.3
Dosti: Friends Forever (2005) Dosti: Friends Forever (2005) "အခင်ဆုံးသူငယ်ချင်းနှစ်ယောက်"2005 ကထွက်ရှိခဲ့တဲ့ ရိုမန့်/ဒရာမာ ကားဟောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် မင်းသားချော အာရှေးကူးမားနဲ့ အတူ Bobby Deol နဲ့ Kareena Kapoor တို့ပါဝင်ထားတဲ့ အတိတ်ကို ပြန်လွမ်းချင်သွားမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ရုံတင်ဝင်ငွေအရလည်း အောင်မြင်ခဲ့တဲ့ကားတစ်ကားပါ"မိတ်ဆွေသူငယ်ချင်းဆိုတာ ဘုရားသခင်ပေးတဲ့ အကောင်းဆုံးဆုလာဘ်တစ်ခုပဲ" ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့ဘဝမှာ ချစ်သူနဲ့တောင် ဝေခွဲဆုံးဖြတ်လို့မရနိုင်တဲ့ အခင်ဆုံးသူငယ်ချင်းတစ်ယောက် ရှိကြမှာပါ ဒီဇာတ်လမ်းထဲမှာ "ကာရန်" နဲ့ "ရာ့ဂျ်" တို့ရဲ့သူငယ်ချင်းနှစ်ယောက်ဆက်ဆံရေးကို လှပစွာ ပုံဖော်ထားနိုင်ခဲ့ပြီး အာရှေးကူးမားရဲ့ မျက်နှာပြောင်ပုံတွေကလည်း ဖျော်ဖြေပေးနိုင်သလို သူ့ရဲ့ ဒရာမာချိုးပုံကလည်း ထိမိဂွိကြောင်းပါကာရန်က ကျိကျိတက်ချမ်းသာတဲ့ မိသားစုက သူဌေးသားဆိုပေမယ့် သူ့အတွက် မိသားစုဝင်ဖြစ်ခဲ့တာကတော့ သူငယ်ချင်း ရာ့ဂျ် ပဲဖြစ်ပါတယ် အဖေက စီးပွားရေးနဲ့ အမြဲအလုပ်ရှုပ်နေခဲ့ပြီး အမေကလည်း သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အတင်းအဖျင်းပြောဖို့လောက်သာ အာရုံစိုက်ခဲ့တဲ့သူမို့ ကာရန်ဟာ ငယ်ငယ်လေးတည်းက ရွှေဘုံပေါ်မှာ အထီးကျန်ဆန်တဲ့ ...
movie

Dosti: Friends Forever (2005)

Bajrangi Bhaijaan (2015) 8.1
Bajrangi Bhaijaan (2015) Bajrangi Bhaijaan (2015) ------------------------------ မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကို ဒီဇာတ်ကားလေးညွှန်းဆိုထားပုံက  ရင်ထဲမှာတသသကျန်ရှိစေပါတယ်။  IMDb Rating  8.1 ထိရရှိထားပြီး ရိုက်ကူးရေးဘက်ဂျက် ရူပီးကုဋေ ၉၀ ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ ရူပီးကုဋေ ၉၀၀ ကျော် ပြန်လည်ရရှိတဲ့အထိ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသားကြီးဆယ်မန်ခန်း၊နဝါးဇ်၊မင်းသမီး ကရီးနာကပူးတို့မှအဓိကပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းအိန္ဒိယနိုင်ငံဒေလီမြို့မှာပွဲတော်ကြီးကျင်းပချိန်ပေါ့။ ပဝန်(ဆလက်မန်ခန်း)ဟာလည်း ပါဝင်ဆင်နွှဲပြီးစားသောက်ဖွယ်ရာတွေကိုမြိန်မြိန်စားနေတဲ့အခိုက်အတန့်မှာ ပဝန်သတိထားမိတာက သူ့အားစိုက်ကြည့်နေတဲ့ ၆နှစ်အရွယ်ကလေးမ။ ပဝန်ဟာ ကရုဏာသက်မိရင်း ကလေးမလေးကိုအစားအစာတွေကျွေးမွေးခဲ့တယ်။ ပဝန်အိမ်ပြန်တော့လည်းကလေးမလေးဟာ နောက်ကတကောက်ကောက်လိုက်နေခဲ့ပါတယ်။ ဒီလိုနဲ့နာမည်လည်း မေးမရ စကားလည်းမပြောတတ်သောကလေးအား ထားမရစ်နိုင်သည့်အဆုံး ပဝန်ဟာသူ့ယောက္ခမဆီခေါ်လာခဲ့ပါတော့တယ်။ပဝန်ဟာကလေးမလေးရဲ့နေရပ်လည်းမသိ သူ့မိဘတွေကိုလည်းမသိပေမဲ့ စိတ်ထားဖြူစင်မှုအရင်းခံနဲ့ ကလေးမလေးကို သူ့မိဘဆီပြန်ပို့နိုင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ကလေးမလေးကို မွန်နီလို့အမည်မှည့်ပေးလိုက်ပါတယ်။ တစ်နေ့မှာတော့ ဖန်သားပြင်ထက်က ခရစ်ကတ်ကစားပွဲမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့အပြိုင်အဆိုင်ကစားနေကြပြီး အိန္ဒိယအမှတ်သာလျှင် မွန်နီလေးမှာမပျော်သလိုဖြစ်ပြီး ပါကစ္စတန်နိုင်လျှင် ဝမ်းသာလျက်ရှိနေပါတယ်။ အဲ့အချိန်က အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ စစ်ရေးအရတစ်ဖက်နဲ့တစ်ဖက်မတည့်ကြပါ။ပဝန်တို့မိသားစုတို့ကလည်း ဘာသာရေးအရဟိန္ဒူဘုန်းကြီးမျိုးနွယ်ဝင်တွေဖြစ်တာကြောင့် ပါကစ္စတန်သူမွတ်စလင်ဖြစ်သူ မွန်နီအားလက်မခံသင့်ကြောင်း၊ပါကစ္စတန်နိုင်ငံသို့ပြန်ပို့သင့်ကြောင်း ပဝန်ကိုတိုက်တွန်းကြပါတယ်။ ပဝန်လဲ ပါကစ္စတန်သံရုံးဆီ မူနီကို သွားရောက်ပို့ပေးပေမယ့် သံရုံးမှာ အိန္ဒိယနိုင်ငံသားတို့ဆန္ဒပြနေတာနဲ့ ကြုံတွေ့ခဲ့ရပြီး သံရုံးရဲ့စာရင်းသမားက မှောင်ခိုလမ်းကနေ ပြန်ပို့ဖို့ ပဝန်ကို အကြံပေးလိုက်ပါတယ်။ ပဝန်ကလဲ ယုံစားမိပြီး မွန်နီကို ချန်ထားခဲ့ပါတော့တယ်။ လမ်းတစ်ဝက်ရောက်ခါမှ ကစားစရာဝယ်ရင်း မွန်နီကို ပေးရန်ပြန်အလှည့်မှာတော့ မွန်နီလေးရောင်းစားခံရမှန်းသိလိုက်ရပါတော့တယ်။ အဲ့ဒီနောက်မှာတော့ပဝန်ဟာ ...
movie

Bajrangi Bhaijaan (2015)

1080p Untouched
Jaane Jaan (2023) 7.7
Jaane Jaan (2023) Jaane Jaan (2023) ==================== IMDb-6.0/10 ဒီကားကတော့ ၄တန်းအောင် အဂျေးရဲ့ အလောင်းဖျောက်ပုံ အလီဘိုင်ရှာပုံတွေနဲ့ ပုံစံဆင်တူတဲ့ ဇာတ်ကားတစ်ကားပါ Netflix ကထုတ်လွှင့်ပြီး Rating အနေနဲ့ရော Plot အနေအထားအရပါ အတော်လေးကြည့်ရှုလို့ကောင်းတဲ့ Crime / Mystery ဇာတ်ကားအမျိုးအစားဖြစ်ပါတယ် မင်းသမီးကြီး ကရီနားကပူးဟာဆိုရင်လည်း အပိုအလိုမရှိ ပါဝင်သရုပ်ဆောင်ထားပြန်ပါတယ်ဘောလိဝုဒ်ကားတွေက အင်စပက်တာတွေ အမှုလိုက်တော်တဲ့ကားတွေပဲများပေမဲ့ ဒီကားကတော့ criminal ဘက်ကနေ ဘယ်လောက်ထိပိရိအောင်လုပ်နိုင်လဲဆိုတာကိုကြည့်ရှုရမှာပါဉာဏ်ပညာထက်မြက်မှုနဲ့ ရူးသွပ်မှု..ဒီ၂ခုကြားမှာ မျဉ်းကြောင်းလေးတစ်ကြောင်းပဲ ခြားပါတယ် သင်္ချာပညာရပ်ကို ရူးသွပ်လို့ ဆယ်စုနှစ်တစ်ခုအထိ လေ့လာလိုက်စားလာခဲ့ပြီး အရာရာကို သင်္ချာနည်းတကျ စေ့စပ်တွေးခေါ်တတ်တဲ့လူတစ်ယောက်က လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်လာခဲ့မယ်ဆိုရင်ရော..နည်းနည်းလောက်သာပိုတွေးမိရင် မျက်စိရှေ့က အမှန်တရားကိုမြင်နိုင်ပေမဲ့ မကြိုးစားခဲ့ကြသူတွေနဲ့ ချစ်ရတဲ့မိသားစုကိုကာကွယ်ဖို့ အဘက်ဘက်ကကြိုးစားကြတဲ့လူတွေကြားက တိုက်ပွဲတစ်ခု ..လူသတ်သမားကိုသိနေတာတောင် အလီဘိုင်က အစစအရာရာပြည့်စုံနေပြီး ဟာကွက်မရှိနေတဲ့ ပြီးပြည့်စုံတဲ့ လူသတ်မှုတစ်ခု ..ဉာဏ်ပညာထက်မြက်မှုနဲ့ အမှန်တရားကြား ဘယ်သူကအနိုင်ရသွားမလဲ ဇာတ်ကားတစ်ကားလုံးက ပစ်ရက်စရာရှိအောင် ပြည့်စုံလွန်းတာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ YH ~ Alex ...
movie

Jaane Jaan (2023)

2023
4K HEVC