Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Karamjeet Brar
6
Gandhi 3 (2024)
Gandhi 3 စစ်ပွဲ Imdb 6/10ဂန်ဒီ နာမည် ၂လုံးနဲ့ ရဲတွေပါကြောက်ရတဲ့လူမိုက် လူမိုက်ဆိုပေမဲ့ အများအကျိုးအတွက်ပဲမိုက်တဲ့ လူမိုက်ကောင်းပေါ့ ရောက်တဲ့နေရာတိုင်းမှာ ဒုက္ခရောက်နေသူကိုကူညီတဲ့ဂန်ဒီအဖွဲ့ ဒါပေမဲ့ ပြစ်မှုတွေကလည်းအများသားပါ အခင်းတစ်ခုခုဖြစ်ပြီဆိုတာနဲ့ ဂန်ဒီပဲဆိုပြီးဆင့်ခေါ်လို့ ရောက်တဲ့နေရာကနေ ရဲစခန်းပြေးရတဲ့ဂန်ဒီတစ်နေ့ ကလေးငယ်လေးတစ်ယောက် ပူဖောင်းဝယ်နေရင်းပြန်ပေးဆွဲခံလိုက်ရတယ် ပြန်ပေးသမားတွေက သာမန်နဲ့မတူ ငွေတောင်းတာလည်းမဟုတ် သဲလွန်စလည်းမပေးမို့ မိဘတွေက ငရဲခန်းရောက်နေသလိုပဲပေါ့ ဒီလိုနဲ့အင်စပက်တာက ဂန်ဒီပဲဆိုပြီး ဆင့်ခေါ်ပါလေရော ဂန်ဒီကလည်း သူမဟုတ်ကြောင်းပြန်ငြင်းဆိုပြီး ရဲတွေတောင်မရှာနိုင်တဲ့ဒီကလေးကို ၂၄နာရီအတွင်း သူတို့အဖွဲ့ကရှာပြမယ်ဆိုပြီး စိန်ခေါ်ခဲ့ပါတယ်ဒီတော့ ပြည်သူတွေကရော်ဘင်ဟုဒ်လို့ယူဆထားတဲ့ဂန်ဒီတစ်ယောက်အောင်မြင်သွားမလား ရှေ့လျှောက်ရော ဘယ်လိုအမှုတွေဖြေရှင်းဦးမယ်ဆိုတာကိုတော့....( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.24 GB / 1.11 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Gandhi 3 (2024)
4.8
Ik Sandhu Hunda Si 2020
ပန်ဂျက်တက္ကသိုလ်မှာ နာမည်ကြီးကျောင်းသားတစ်ယောက်ရှိတယ်။ အဲဒီကျောင်းသားကြီးက ရိုးသားဖြောင့်မတ်ပြီး မဟုတ်မခံတဲ့စိတ်လေးရှိသတဲ့။ ပြီးတော့ တစ်ခုခုဖြစ်ပြီဆိုလည်းလက်သီးနဲ့ပဲရှင်းတာများတယ်။ ဒဲ့ပဲရှင်းတတ်တာပေါ့။ ဒါကြောင့် တက္ကသိုလ်ထဲမှာက သူ့ကိုချစ်ကြတဲ့သူတွေများသလို၊ ကြည့်မရတဲ့သူနဲ့ မုန်းတဲ့သူတွေလည်းရှိတယ်။ ပြီးတော့ သူကမိန်းကလေးတွေကိုဆိုလည်း မျက်နှာချင်းတောင်ဆုံအောင်မကြည့်ဖူးတဲ့အထိ မကိစ္စနဲ့ပတ်သက်ရင် ကင်းရှင်းတယ်လို့ဆိုကြသေးတယ်။ အဲဒီကျောင်းသားကြီးရဲ့နာမည်ကတော့ ဆန်ဒူတဲ့။ ပြောခဲ့သလိုပဲ ဆန်ဒူကမဟုတ်မမှန်တာတွေကို သည်းခံလေ့ရှိတာမဟုတ်တော့ မျက်စိထဲကန့်လန့်ဖြစ်နေတာတွေ လိုက်ဖြေရှင်းရင်းတစ်နေ့မှာ မဒီချောချောလေးတစ်ဦးနဲ့ အကြည့်ချင်းဆုံဖို့အကြောင်းဖန်လာပါလေရော။ လူကလည်း မလွယ်ဘူးရယ်။ တစ်ခါလေးအကြောင်းဖန်တာနဲ့ မဒီလေးကို ရအောင်လိုက်ပါလေရော။ တစ်ဖက်မှာလည်း ကျောင်းမှာဖြစ်နေတဲ့အကျင့်ပျက်ခြစားမှုတွေကြောင့် ခေါင်းဆောင်ရွေးပွဲမှာလူသစ်တင်ဖို့ သူ့သူငယ်ချင်းကို ကိုယ်စားလှယ်နေရာဝင်ခိုင်းလိုက်ရာကနေ တစ်ဖက်က အဖွဲ့နဲ့လည်းကတောက်ကဆဖြစ်ဖို့ အကြောင်းလည်း ဖန်လာပါတယ်။ ပြီးတော့ ဆန်ဒူကြွေဆင်းသွားတဲ့ မဒီလေးနဲ့ သူ့ပြိုင်ဘက်ခြစားအဖွဲ့ခေါင်းဆောင်နဲ့က ဆွေရိပ်မျိုးရိပ်မကင်း သားအဖတော်စပ်ကြသေးတယ်တဲ့။ ဒီတော့ ဆန်ဒူတစ်ယောက် ကောင်မလေးနဲ့ရှေ့ဆက်အဆင်ပြေပါ့မလား။ တစ်ဖက်ကပြိုက်ဘက်နဲ့ကရော ဘယ်လိုတင်းမာမှုတွေနဲ့ဘယ်လိုတွေဖြစ်ကြမလဲ၊ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲဆိုတာကိုတော့... အိန္ဒိယကားတို့ ထုံးစံအတိုင်း သီချင်းတွေ၊ အကတွေ၊ လွင့်စင်ထွက်လောက်တဲ့ ဖိုက်တင်ပလေးတွေကိုလည်း ကြည့်ရှုခံစားကြရမှာပါ။ ...
movie
Ik Sandhu Hunda Si 2020