Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kang Hye-jung
6.3
Herb (2007)
Herb (2007) *************2007 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီကားလေးကတော့ Chunsa Film Art Awards အပါအဝင် Best New Actor Award ,Excellent Actor Award ဆုတွေပါ ရရှိထားပြီး Cast တွေအနေနဲ့ကလည်း မင်းသမီးကြီး Bae Jong-Ok , ချစ်စရာမင်းသမီးလေး Kang Hye -Jung နဲ့ မင်းသားချော Jung Kyung -Ho တို့မှ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်း ~ချာဆန်းအွန်းဆိုတဲ့ အသက်၂၀ အရွယ်ကောင်မလေးဟာ ရုပ်လေးလည်း လှသလို စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့အပြင် စက္ကူရုပ်မျိုးစုံကိုလည်း ခေါက်တတ်တဲ့ ပါရမီပါသူလေးပါ။ ဒီလို ပြီးပြည့်စုံပေမဲ့လည်း သူမဟာ ဉာဏ်ရည်နှောင့်နှေးတဲ့ရောဂါကို ခံစားနေရတာကြောင့် အသက် ၇နှစ်အရွယ် ဉာဏ်ရည်ကိုသာ ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ် ။ဒီလိုမျိုး လူ့လောကအကြောင်းကို အပြည့်အဝနိုင်လည်နိုင်စွမ်းမရှိဘဲ ပုံပြင်ထဲက မင်းသားလေးကိုပဲ စောင့်မျှော်နေပြီး ကလေးတစ်ယောက်လို ဖြူစင်လှတဲ့ ဆန်းအွန်းလေးကိုယ်တိုင် အရာရာကို ကိုယ့်အားကိုယ်ကိုးပြီး လုပ်နိုင်ဖို့ အတွက် သူမ အရမ်းချစ်ရတဲ့အမေက အမြဲတမ်း ...
movie
Herb (2007)
6.5
Why Did You Come to My House? (2009)
Why Did You Come to My House? (2009)************************************ဒီတစ်ခေါက် ချန်နယ်မြန်မာကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2009တုန်းကထွက်ရှိခဲ့တဲ့ Why did you come to my house ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ ဂန်ဟယ်ဂျောင်းနဲ့ ဘတ်ဟီဆွန်းတို့က ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်း****************မိန်းမဖြစ်သူ သေသွားပြီးကတည်းက ဘဝကို စိတ်ပျက်လက်ပျက်နဲ့နေလာခဲ့တဲ့ ဂင်ဗြောင်ဟီးတစ်ယောက် .. တစ်နေ့မှာတော့ သူ့အိမ်မှာပဲဆွဲကြိုးချသေဖို့ လုပ်ပါတော့တယ်။ထိုအချိန်မှာပဲ သူ့ရဲ့အိမ်ထဲကြိုရောက်နေပြီးသား မိန်းမတစ်ယောက်ရဲ့လက်ချက်ကြောင့် မသတ်သေဖြစ်ခဲ့တဲ့အပြင် ထိုမိန်းမရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကိုပါ ခံလိုက်ရပါသေးတယ်။ဒီမိန်းမက ဘာကြောင့်သူ့အိမ်ထဲကိုရောက်နေရတာလဲ၊ဘာလို့သူ့ကိုဖမ်းဆီးထားခဲ့ရတာလဲဆိုတာကိုတော့Why did you come to my house ဆိုတဲ့ ဇာတ်ကားလေးမှာ အဖြေရှာလိုက်ကြတာပေါ့။ (အညွှန်းကို Double M မှ ရေးသားထားပါတယ်) File size…2.20GB / 729MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 47 min. Genre ….. Comedy, Romance Subtitle….Myanmar Subtitle (Hard ...
movie
Why Did You Come to My House? (2009)
5.8
Girlfriends (2009)
Girlfriends (2009)*******************လက်ရှိရည်းစားရဲ့ Side Chick လေးတွေနဲ့ ညီအစ်မလိုဖြစ်နေတဲ့သူလေးတွေ ရှိကြလား ..ယောက်ျားတစ်ယောက်အပေါ် အကြိုက်ချင်းတူတဲ့ မိန်းကလေး ၃ယောက်ဟာ သူတိုချင်း ရင်းနှီးသွားတဲ့အခါ ရည်းစားကိုတောင် သတိမရတော့ဘဲ အချင်းချင်း အရမ်းချစ်ခင်သွားကြတဲ့ အကြောင်းကို 2009 ခုနှစ်မှာ ထွက်ခဲ့တဲ့ Girlfriends ဆိုတဲ့ ဇာတ်ကားလေးမှာ သရုပ်ဖော်ထားရိုက်ကူးထားတာဖြစ်ပါတယ် ...ဇာတ်လမ်းအကျဉ်းလေးကတော့ ************************ အသက် ၂၉ နှစ် အရွယ် ဆုန်းရီက လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဂျင်းဟိုနဲ့ မထင်မှတ်ဘဲ တွဲဖို့ဖြစ်လာတာကနေ စခဲ့တာပဲဖြစ်ပါတယ်။ရည်းစားဖြစ်တဲ့ ဂျင်းဟိုက အခြားမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်ထင်ပြီး အဲဒီမိန်းကလေးနဲ့ တွေ့ဖို့ ချိန်းခဲ့ပါတယ်။အဲဒီအချိန်မှာပဲ ဆုန်းရီထင်ခဲ့သလို တစ်ယောက်တည်း မဟုတ်ဘဲ နောက်ထပ်တစ်ယောက်ပါ ရှိနေတာကိုသိသွားခဲ့ပါတယ်။ယောက်ျားတစ်ယောက်တည်းကိုပဲ ချစ်နေတဲ့ မိန်းကလေး ၃ ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာ ဒီကားလေးမှာ ကြည့်ရှုခံစားကြည့်ပါဦးနော် .. (အညွှန်းကို Estel မှ ရေးသားထားပါတယ်) File size…2.41GB / 956MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 54 min. Genre ….. Comedy, Romance Subtitle….Myanmar ...
movie
Girlfriends (2009)
6.9
How to Steal a Dog (2014)
How To Steal A Dog (2014)"လောကကြီးမှာ ရှင်သန်နေထိုင်ရတာ ခက်ခဲပင်ပန်းနေရင်တောင် ဒါက မင်းတစ်ယောက်ထဲ ရင်ဆိုင်နေရာတမဟုတ်ပါဘူး။ မင်းထက် ပိုဆိုးတဲ့ အခြားသူတွေလည်းရှိနေနိုင်ပါတယ်" တဲ့ကမ္ဘာကျော် Storyteller Aesop ရဲ့ "The hares and the fogs" ဆိုတဲ့ ပုံပြင်လေးနဲ့ ဇာတ်လမ်းကို စထားပါတယ်။ဒီဇာတ်လမ်းမှာ ဂျီဆူဆိုတဲ့ကလေးမလေးတို့ မိသားစုက အိမ်ခြေရာမဲ့အနေနဲ့ ကားထဲမှာ နေထိုင်ရင်း ဘဝကို ဖြတ်သန်းနေရပုံကို ဦးစားပေးရိုက်ကူးထားပါတယ်။ကားထဲမှာနေရတဲ့ဂျီဆူက ဝမ်၅သန်းနဲ့ အိမ်တစ်လုံးရနိုင်တယ်လို့ထင်သွားတဲ့အခါမှာတော့ ဝမ်၅သန်းရဖို့အတွက် ခွေးတစ်ကောင်ကို သူမရဲ့သူငယ်ချင်းနဲ့အတူ ခိုးဖို့ ကြံစည်ပါတော့တယ်။ ခွေးကိုခိုးပြီးတဲ့နောက် ပိုင်ရှင်က ခွေးပျောက်ကြော်ငြာဝေပြီး ဆုကြေးငွေ ဝမ်၅သန်း ချီးမြင့်မယ်ဆိုရင် ခွေးကို ပြန်ပေးဖို့အတွက် စဉ်းစားခဲ့ပါတယ်။ဒါပေမဲ့ သူခိုးလာခဲ့တဲ့ခွေးက သူ့အမေအလုပ်လုပ်ဖူးတဲ့ မာရစ်ချယ်စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ခွေးဖြစ်နေတဲ့အခါ... အခြေအနေတွေက သူမထင်သလို ရိုးရှင်းမနေတဲ့အခါမှာတော့ သူမဘယ်လိုဖြေရှင်းပြီး ကျော်လွှားမလဲ? နောက်ဆုံး သူမလိုချင်တဲ့ ဝမ်၅သန်းကိုရပြီး အိမ်တစ်လုံးပိုင်ဆိုင်နိုင်မှာလားဆိုတာကို ရသစုံလင်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အညွှန်း နဲ့ ...
movie
How to Steal a Dog (2014)
6.2
Lucid Dream (2017)
Lucid Dream 2017Lucid Dream ဆိုတာ လူတစ်ယောက်က အိပ်မက်ထဲမှာရောက်နေပေမယ့် ဒါဟာအိပ်မက်ပဲလို့ သူ့မှာ အသိစိတ်ရှိနေတာမျိုး အဲဒီ အိပ်မက်ကို Control လုပ်နိုင်တာမျိုးကို Lucid Dream လို့ခေါ်ပါတယ် အပြင်မှာ ကိုယ်အမှတ်မထင်ဖြစ်သွားတဲ့ အရာတွေကိုတောင်မှ Lucid Dream ထဲမှာပြန်မက်လိုက်ရင် ရှင်းရှင်းလင်းလင်းမြင်နိုင်စေလောက်တဲ့ အိပ်မက်မျိုးပေါ့ဒီဇာတ်ကားမှာတော့ မင်းသားကြီး Go Soo နဲ့ Sol Kyung Gu တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းစုံထောက်ချွဲဒယ်ဟိုဟာ လူချမ်းသာတွေ အာဏာရှိလူတန်းစားတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို အမြဲတမ်းဖော်ထုတ်လေ့ရှိတဲ့ သတင်းထောက်တစ်ယောက်ပါဒါကြောင့်လည်း အာဏာရှိလူတန်းစားတွေ လူကုံထံတွေက သူ့ကို အမြင်မကြည်ကြပါဘူးသူ့မှာ အရမ်းချစ်ရတဲ့ တစ်ဦးတည်းသောသားလေး ချွဲမင်အူရှိပါတယ် အမိမဲ့သားလေး မင်အူက သတင်းထောက်ချွဲရဲ့ဘဝမှာ အရေးအပါဆုံးသူပေါ့တစ်ရက် သားအဖနှစ်ယောက် ကစားကွင်းတူတူသွားရင်း မင်အူလေး ပြန်ပေးဆွဲခံခဲ့ရပါတယ် ဒီပြန်ပေးဆွဲမှု ၃ နှစ်ကြာတဲ့အထိ ဘာသဲလွန်စတစ်ခုမှ မရခဲ့ဘူးအဲဒီအချိန်မှာ LUCID DREAM ကနေတစ်ဆင့် ပြန်ပေးသမားတွေ တရားခံတွေကို ...
movie
Lucid Dream (2017)
7.6
Welcome to Dongmakgol (2005)
Welcome to Dongmakgol (2005)ဒီတစ်ခါမှာတော့ 2005ခုနှစ်က ထွက်ရှိခဲ့တဲ့ ကားလေးနဲ့မိတ်ဆက်ပေးပါ့မယ်။ဒီကားလေးကတော့ 1950ခုနှစ် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြား စစ်ပွဲကာလကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ဝေးလံခေါင်းပါးတဲ့ တောင်ပေါ်မှာ လက်ရှိခေတ်အခြေအနေနဲ့ ဝေးကွာနေတဲ့ ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးရှိပါတယ်။လေယာဉ်ပျက်ကျပြီး ဘာသာစကားမတူညီ လူမျိုးမတူညီတဲ့ ရွာလေးကိုရောက်လာတဲ့ အမေရိကန်လေတပ်က ကပ္ပတိန်တစ်ဦးရယ်....စစ်ပွဲကြောင့် တောထဲလမ်းပျောက်နေကြတဲ့ တောင်ပိုင်းက စစ်သား၂ယောက်နဲ့ မြောက်ပိုင်းက စစ်သား၃ယောက်ရယ်....ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးမှာ ရေစက်လာစုံကြပါတော့တယ်။တစ်ဖက်က လူမျိုးမတူတဲ့ လေတပ်ကကပ္ပတိန်.... နောက်တစ်ဖက်မှာက တကယ့်ရန်သူတော်ကြီးတွေ.... ကြားထဲမှာကတော့ ဘာဆိုဘာမှမသိတဲ့ ရိုးသားတဲ့ ရွာသူရွာသားတွေသူတို့ကြားထဲက အလွဲလေးတွေကို ဟာသနှောရိုက်ကူးထားပေမယ့်ထည့်ထားတဲ့အနှစ်သာရတွေကတော့ အချစ်၊အမုန်း၊သံယောဇဉ် စသဖြင့် အစုံအလင်ပါပဲ။ရယ်လည်းရယ်ချင်တယ် နွေးထွေးပြီး အရသာကောင်းတာလေးလည်း ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ဖို့ အကြံပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama, War Quality….WEB-DL 1080p and 720p and 360MB File size…2.1GB and 1.1GB and ...
movie
Welcome to Dongmakgol (2005)
2005
8.4
Oldboy (2003)
Oldboy (2003) *************** (1080p UFHDRip) IMDb - 8.4/10 Rotten - 82%အိမ်ထောင်သည်အမျိုးသားတစ်ယောက် သမီးလေးတစ်ယောက်ရှိတယ် သူ့သမီးလေး ၄နှစ်မြောက်မွေးနေ့မှာ မွေးနေ့လက်ဆောင်လေးပေးဖို့ဝယ်ထားတယ် အရက်တွေသောက် စရိုက်ဆိုးလူတစ်ယောက်ဖြစ်လေတော့ စုံတွဲတစ်တွဲနဲ့ပြသနာတက်ပြီး ရဲစခန်းရောက်သွားတယ် ရဲစခန်းက ပြန်ထွက်လာတော့နောက်ကျနေလို့ အမြန်ပြန်လာမဲ့အကြောင်း ဖုန်းဆက်ခဲ့တယ် မိုးတွေကလည်းရွာနေတယ် ဖုန်းပြောပြီးမိုးရွာထဲမှာ ရုတ်တရက်လူတစ်ယောက်သူ့အနားရောက်လာတယ် အဲ့ဒီသူကြောင့်သူသတိလစ်သွားတယ် သူသတိရလာတော့ စားစရာထည့်ပေးတဲ့အပေါက်လေးကလွဲလို့ နံရံတွေကြီးရှိတဲ့အလုံပိတ်အခန်းထဲရောက်နေတယ် ၁၅နှစ်တောင် ထောင်ထဲမှာသူအကျဉ်းကျနေခဲ့တယ် .....ဘယ်နေရာရောက်နေမှန်းလည်းမသိ တီဗွီလေးတစ်လုံးနဲ့အဖော်ပြုရင်း စိတ်ဓာတ်ကျစရာအခြေအနေတွေ ဆက်တိုက်ကြုံခဲ့ရတယ်ဘယ်သူက သူ့ကိုအကျဉ်းချခဲ့တာလဲ ဘာအကြောင်းကြောင့် ၁၅နှစ်ဆိုတဲ့အချိန်ကာလကြီး တစ်ခုလုံး သူ့ကိုချုပ်နှောင်ထားရတာလဲ.....ထူးဆန်းစွာပဲ ၁၅နှစ်ပြည့်တဲ့အချိန်မှာ သူ့ကိုလွှတ်ပေးလိုက်တယ် ဒီဇတ်ကားကကြည့်ဖူးသမျှထဲမှာအဆန်းဆုံးဇတ်ကွက်လို့ပြောရမယ်ထင်တယ် ကြည့်နေရင်းကိုယ်က ဇတ်အိမ်ထဲအလိုလိုမြောသွားတယ် ထောင်လိုအခန်းထဲရောက်သွားတယ်ဘာကြောင့်လဲ ဘာဖြစ်လို့လဲဆိုတဲ့မေးခွန်းတွေကို ကိုယ်ပါအရမ်းသိချင်တယ် ဖြတ်သန်းရတဲ့ဒုက္ခ သူ့ကိုခုလိုလုပ်တသူကိုရအောင်ပြန်ရှာပြီး လက်စားချေဖို့ ပြင်ဆင်ပုံတွေ တကားလုံးအပြီးထိဆွဲဆောင်နိုင်လွန်း အားကြီးတယ်ပေးချင်တဲ့ messageကလည်း ကျနော်တို့မြန်မာစကားပုံနဲ့ဆို ကြမ်းပေါက်ကျွံရင်နှုတ်လို့ရတယ် စကားကျွံရင်နှုတ်မရဘူး နှုတ်ကြောင့် ဖြစ်ပျက်ပုံမျိုးတွေပေးထားတယ်ခင်ဗျားရဲ့နှလုံးသားကို ခပ်စပ်စပ်ရသလေးပေးတဲ့ကားမျိုးကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီကားက အသင့်တော်ဆုံးပါလို့အကြံပေးပါရစေဒါရိုက်တာ Park Chan-yongရဲ့လက်ရာမြောက်ကားတစ်ကားပါပဲ သူ့ရဲ့လက်ရာရဲ့ပေါက်ရောက်မှုက Hollywood ကနေ အမေရိကန် Oldboy ဆိုပြီးပြန်ရိုက်လိုက်တယ် အဓိကသရုပ်ဆောင် Choi Min-sikရဲ့သရုပ်ဆောင်ချက်တွေကိုလည်းခံစားလိုက်ပါဦး လက်ဖျားခါလောက်တယ်ကဲ ပြောရတာလည်းရှည်နေပါပြီဗျာ IMDB 8.4 တောင်ရထားတယ်ဆိုတော့ အထူးပြောစရာမလိုတော့ဘူးထင်ပါတယ်..ဒီကားကိုဘာသာပြန်ပေးတာကတော့ Ichika ဘဲဖြစ်ပါတယ်...File ...
movie
Oldboy (2003)
2003
7.6
Lady Vengeance (2005)
Lady Vengeance (2005)_____IMDb - 7.6/10 Zawgyi ******* Thriller ကားမျိုးမှာ ဒီလိုမျိုး IMDb 7.6 လောက်ရတာရှားတယ်လို့ပြောရပါမယ် ဒီတစ်ခါတော့ psycho ဆန်ဆန်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်... ချန်ဂင်ဆိုပြီး နာမည်ကြီးတဲ့ Jo Jung-eun ရဲ့ ငယ်ရုပ်အလှကိုပါ ခံစားနိုင်မှာပါ... ဒီကားလေးကတော့ ၁၉ နှစ်အရွယ်ကောင်မလေးတစ်ယောက် ၅ နှစ်သားကလေးလေးကို ပြန်ပေးဆွဲ သတ်တဲ့အမှုနဲ့ ထောင်ကျသွားခဲ့သူတစ်ယောက်အကြောင်းပါ... ဒီကောင်မလေးက တကယ်ပဲ ပြန်ပေးဆွဲ လူသတ်သမားလား... သူဘာတွေ လျို့ဝှက်ထားတာက ဘာလဲ...အဖြေကို ဇာတ်လမ်းကြည့်မှ သိနိုင်မှာပါ... Unicode ******* Thriller ကားမျိုးမှာ ဒီလိုမျိုး IMDb 7.6 လောက်ရတာရှားတယ်လို့ပြောရပါမယ် ဒီတစ်ခါတော့ psycho ဆန်ဆန်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်... ချန်ဂင်ဆိုပြီး နာမည်ကြီးတဲ့ Jo Jung-eun ရဲ့ ငယ်ရုပ်အလှကိုပါ ခံစားနိုင်မှာပါ... ဒီကားလေးကတော့ ၁၉ နှစ်အရွယ်ကောင်မလေးတစ်ယောက် ၅ နှစ်သားကလေးလေးကို ပြန်ပေးဆွဲ သတ်တဲ့အမှုနဲ့ ထောင်ကျသွားခဲ့သူတစ်ယောက်အကြောင်းပါ... ဒီကောင်မလေးက တကယ်ပဲ ပြန်ပေးဆွဲ လူသတ်သမားလား... သူဘာတွေ လျို့ဝှက်ထားတာက ဘာလဲ...အဖြေကို ဇာတ်လမ်းကြည့်မှ သိနိုင်မှာပါ... Translated & Review By ...
movie
Lady Vengeance (2005)
2005