Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kalyanee Mulay
7.1
Mukkam Post Devach Ghar (2025)
Mukkam Post Devach Ghar (2025) "တို့ဖေဖေ"ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် အရမ်းကောင်းတဲ့ မိသားစုဒရာမာဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ကျေးလက်လူနေမှုဘ၀ကို နောက်ခံထားပြီး မူလတန်းအရွယ်ကလေးမလေးတစ်ယောက်ရဲ့ဘ၀ကို ချစ်စရာဖြစ်အောင်ရော သနားစရာဖြစ်အောင်ပါ ပုံဖော်ထားရိုက်ကူးထားပါတယ်။ရွာလေးတစ်ရွာမှာ ဂျီဂျာဆိုတဲ့ ချစ်စရာမူလတန်းကျောင်းသူလေးရှိပါတယ်။ ဂျီဂျာလေးဟာ အမေရယ် အဘွားရယ်နဲ့အတူနေပါတယ်။ အဖေဖြစ်သူကတော့ ဆုံးပါးသွားပြီး ဂျီဂျာတောင်မမြင်ဖူးလိုက်ပါဘူး။ဂျီဂျာလေးဟာ ကလေသဘာ၀အတိုင်း စားလိုက် ဆော့လိုက်နဲ့ ပျော်ပျော်နေပေမဲ့ စိတ်ထားလေးကောင်းပြီ ကူညီတတ် သနားတတ်သူလေးပါ။ တစ်ခါမှမမြင်ဖူးလိုက်တဲ့ သူ့အဖေ့ကိုလည်း သတိရရကောင်းမှန်း မသိပါဘူး။တစ်နေ့တော့ ကျောင်းအုပ်ဆရာကြီးကဂျီဂျာ့ကို ကျောင်းပြိုင်ပွဲတစ်ခုမှာ "တို့ဖေဖေ" ခေါင်းစဉ်နဲ့ ယှဉ်ပြိုင်ရမယ်လို့ ပြောလိုက်ရာကစလို့ ဂျီဂျာတစ်ယောက် သူ့အဖေအကြောင်း သိချင်လာခဲ့ပါတယ်။ သူ့အမေကိုမေးပေမဲ့လည်း အရှင့်အိမ်မှာဆိုတာကလွဲပြီး သေချာအဖြေမရခဲ့ပါဘူး။နောက်တော့ ဂျီဂျာလေးဟာ ဘယ်ရောက်နေမှန်းမသိတဲ့ သူ့အဖေဆီ စာတိုက်ကနေစာပို့ဖို့ အကြံရလာခဲ့ပါတယ်။ ဒီလိုနဲ့ ဂျီဂျာပို့လိုက်တဲ့စာတွေဟာ ဘယ်ကိုရောက်သွားမလဲ...ဂျီဂျာတစ်ယောက် သူ့အဖေအကြောင်းကိုသိခွင့်ရမလား၊ ပြိုင်ပွဲမှာ "တို့ဖေဖေ" အကြောင်း ဘာတွေပြောသွားမလဲ ဆိုတာကို ...
movie
Mukkam Post Devach Ghar (2025)
7.8
Ringan aka The Quest (2017)
Ringan 2017 ကိုးကွယ်ရာဒုက္ခအတိရောက်ပြီဆို လူသားတွေအရင်ဆုံးရှာဖွေကြတာ အားကိုးရာတစ်ခုပေါ့။ တချို့ကတော့ ဘာသာရေးကနေ အားကိုးရာရှာတယ် တချို့ကျ မိဘ တချို့ကျ ဆွေမျိုး မိတ်ဆွေအပေါင်းအသင်း အစရှိသဖြင့်ပေါ့လေ။ဒီကားလေးထဲမှာလေ အက်ဘ်ဒူတို့ သားအဖနှစ်ယောက် ဒုက္ခတွေကြားထဲက ငြိမ်းချမ်းရာကို ရှာဖွေပုံလေးကို ရှုစားရမှာပါ။မိုးခေါင်ရေရှားမှုကြောင့် လယ်သမားတွေ စီးပွားရေးကြပ်တည်းရတဲ့ထဲ ဇနီးဖြစ်သူရဲ့ နာမကျန်းမှုကြောင့် အကြွေးလည်ပင်းမြုပ်နေတဲ့ အာဂျွန်၊ ဒီကြားထဲမှာမှ ဇနီးကလည်းဆုံးပါးသွားပြန်တော့ မိတဆိုးသားလေးနဲ့ အကြွေးတွေပဲကျန်ရစ်ခဲ့တာပေါ့။အက်ဘ်ဒူလေးက သိတတ်စအရွယ်ကိုရောက်နေပြီဖြစ်လို့ အမေဘယ်မှာလဲဆိုတာ မေးတဲ့အခါ အာဂျွန်က အရှင့်စံရာကျောင်းကို ရောက်သွားပြီလို့ တစ်ဖက်လှည့်နဲ့ပြောတတ်ပေမဲ့ အက်ဘ်ဒူလေးကတော့ သူ့အမေကတကယ်ပဲ အရှင်ဗစ်တယ်နဲ့အတူရှိနေတာလို့ ယုံကြည်နေတာပါ။ဒီလိုနဲ့ လနဲ့ချီ မိုးခေါင်ရေရှားမှုကလည်းဆက်နေတော့ အာဂျွန်တစ်ယောက် ဆွေမျိုး အပေါင်းသင်းတွေဆီက ချေးငှားဖို့လုပ်တော့လည်း အကုန်လုံးကငြင်းကြ၊ လယ်ပြန်လုပ်ဖို့ ရာသီဥတုကလည်း မကောင်းတော့ နောက်ဆုံးမှာ အရှင်ဗစ်တယ်ဆီကိုသွားပြီး ဝတ်ပြုဆုတောင်းဖို့ စီစဉ်လိုက်ပါတော့တယ်။ဒီအချိန်မှာလည်း လူတကာငြင်းတာခံနေရတဲ့ အက်ဘ်ဒူလေးကလည်း အရှင့်ဆီသွားရင် အရှင်နဲ့အတူရှိနေတဲ့ အမေကိုတွေ့ရတော့မယ်ဆိုပြီး မျှော်လင့်ချက်ကိုယ်စီနဲ့ ခရီးထွက်ခဲ့ချိန်မှာတော့....(အညွန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.4 GB / 709 MB Quality…WEB ...
movie
Ringan aka The Quest (2017)
8.2
A Thursday (2022)
A Thursday (2022)4K HEVCဒီတစ်ခါမှာတော့ ကြာသပတေးနေ့တစ်နေ့အကြောင်းကို ရိုက်ကူးထားတဲ့ A Thursday ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်Nina Jaiswal က Rohit Mirchandandi နဲ့ စေ့စပ်ထားပြီး Rohit ပိုင်တဲ့ အိမ်မှာ ကလေးထိန်းကျောင်းတစ်ခုဖွင့်ထားတဲ့ အမျိုးသမီးတစ်ယောက်ပါ ကလေးတွေရဲ့ ချစ်ခင်မှုကိုရော မိဘတွေရဲ့ ယုံကြည်လေးစားမှုကိုပါ ရရှိထားတဲ့ ဆရာမ တစ်ယောက်ဖြစ်ပါတယ်နေမကောင်းလို့ ၃ ပတ်လောက် အနားယူနေရာကနေ ကြာသပတေးနေ့တစ်နေ့ရဲ့ မနက်ခင်းတစ်ခုမှာတော့ Nina ဟာ ကလေးထိန်းကျောင်းကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်မိဘတွေက ကလေးတွေကို ထားခဲ့ပြီး ကလေးထိန်းကျောင်းက အကူကိုလည်း ခွင့်ပေးလိုက်ပြီးတဲ့နောက် ကလေးထိန်းကျောင်းမှာ Nina နဲ့ ကလေး ၁၆ ယောက်ပဲ ကျန်ခဲ့ပါတော့တယ် ကလေးတွေနဲ့ပဲ ကျန်တော့တဲ့ အချိန်မှာ Nina က Colaba ရဲစခန်းကို ဖုန်းဆက်ပြီး ကလေး ၁၆ ယောက်ကို ဓာစားခံအနေနဲ့ ဖမ်းထားပြီး ရဲအရာရှိ Javedd Khan နဲ့ စကားပြောချင်တဲ့အကြောင်း ပြောပါတော့တယ်အခင်းဖြစ်တဲ့နေရာကို ကိုယ်ဝန်သည် ရဲအရာရှိ ...
movie
A Thursday (2022)
2022
4K HEVC Web-DL