Channel Myanmar

K.C. Shankar

Dange (2024) 5.3
Dange (2024) Dange 2024 အန္တရာယ်စက်ကွင်း Imdb 5.3ဒါရိုက်တာ Bejoy Nambiar ရဲ့ လက်ရာသစ်ဖြစ်တဲ့ Danger နဲ့ ရင်တမမ ဖြစ်စေမဲ့ ခရီးစဉ်ကို စတင်လိုက်ရအောင်ဇာတ်လမ်းအစကို‌ပြောရရင် စိန့်မာတင်ကောလိပ်ရဲ့ တံခါးဝကို ခြေချလိုက်တဲ့ ကျောင်းသားသစ် ယူဗာရဲ့ ဘဝက မမျှော်လင့်ထားတဲ့ ကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားတဲ့အခါ... ‌ကောလိပ်ကျောင်းသားဘဝဆိုတာကို ပျော်ပျော်ကြီးဖြတ်သန်းဖိုအားအင်အပြည့်နဲ့ ကောလိပ်ကျောင်းသားဘဝထဲ ခြေစုံပစ်ဝင်လာခဲ့ပြီးမှ အာဏာရှင်ဆန်တဲ့ အကြီးတန်းကျောင်းသားတွေရဲ့ ရက်စက်တဲ့ အနိုင်ကျင့်မှုတွေကြားမှာ ယူဗာတစ်‌ယောက် ပါးစပ်အဟောင်းသားလေးပေါ့ ပြင်းထန်လာတဲ့နှိပ်စက်မှုတွေဖြစ်လာချိန်မှာတော့ ရဲရဲရင့်ရင့် ပြန်လည်ခုခံဖို ဆုံးဖြတ်လိုက်ပေမဲ့ကောလိပ်ရဲ့ နံရံတွေနောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ လျှိဝှက်ဆန်းကြယ်မှုတွေနဲ့ အန္တရာယ်တွေက သူ့ကို စောင့်ကြိုနေပါတယ် လူမျိုးရေးခွဲခြားမှုရဲ့ မီးတောက်တွေ တောက်လောင်နေတဲ့ ကောလိပ်မှာ အာဝါဇ်ကော်မတီရဲ့ တရားမျှတမှုအတွက် အော်ဟစ်သံတွေက ပဲ့တင်ထပ်နေချိန်မှာ ယူဗာဟာ ဘယ်သူ့ကို ယုံကြည်ရမလဲဘယ်အရာက အမှန်တရားလဲဆိုတာကို ရှာဖွေဖို ကြိုးစားရင်း မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ အန္တရာယ်တွေကြားမှာ ယူဗာရဲ့ ခရီးလမ်းဟာ မျှော်မှန်းထားသလို ...
movie

Dange (2024)

Agent Vinod (2012) 5.2
Agent Vinod (2012) James Bond ဇာတ်ကားလို ကြည့်ရှုရမယ့် အိန္ဒိယအေးဂျင့် ဗီနွတ် အဖြစ်  ဆစ်အလီခန်း နဲ့ မင်းသမီးချော ကရီနားကပူရ် တို့ရဲ့ သည်းထိတ်ရင်ဖို အက်ရှင်စပိုင်ဇာတ်ကြမ်းကား တစ်ကားဖြစ်ပါတယ်။Agent Vinod ဟာ ဂျိမ်စ်းဘွန်းလို ရုပ်ချောစတိုင်ကျ လျင်မြန်သွက်လက် ဉာဏ်ကောင်းတဲ့အေးဂျင့်တစ်ယောက်ဖြစ်ပါတယ်သူဟာ သူ့ရဲ့သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက်ဖြစ်တဲ့ ရာဂျန်အသတ်ခံရတဲ့ကိစ္စမှာ အမှုမှန်ကိုဖေါ်ထုတ်ဖို့တာဝန်ပေးထားခြင်းခံရပါတယ်Vinod ဟာ တရားခံကိုဖေါ်ထုတ်ဖို့ကြိုးစားနေရင်းက အမှုကနက်နဲလာပြီးကမ္ဘာတစ်ဝှမ်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကနေတဆင့်ကြီးမားတဲ့ သဲလွန်စတွေကိုခြေရာခံမိပါတော့တယ်...ခြေရာအားလုံးက "424" ဆိုတဲ့အရာပေါ်မူတည်နေပြီး ဒီဇာတ်လမ်းရဲ့အသက် "၄၂၄" ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ အဖြေရှာရမှာပါ။တစ်ကားလုံးမပျင်းရအောင် အပစ်အခတ်အက်ရှင်တွေနဲ့ ဆွဲဆောင်သွားမှာဖြစ်တဲ့အပြင် မင်းသမီးချော ကရီနားကပူရ်းကလဲ လန်ပျံနေအောင်မိုက်တာရှုစားရမှာပါ။ File size…(3.5 GB )/(1.5 GB) Quality….WEB-DL 1080p / 720p Format…mkv/mp4 Duration….02:29:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by H&Y
movie

Agent Vinod (2012)

2012
Wild Dog(2021) 6.1
Wild Dog(2021) Wild Dog (2021) =====================imdb 6.1/2.4kနာမည်ကြီးတေလဂူးမင်းသားကြီး Nagarjuna Akkineniအဓိကသရုပ်ဆောင်ထားတဲ့ အက်ရှင်ကားကောင်းတခုတင်ဆက်ပေးချင်ပါတယ်...ဘယ်လောက်တောင်ကြမ်းသလဲဆိုရင် TV-MAရိတ်တင်ရတဲ့ထိပါပဲ.....ဇာတ်လမ်းအကျဉ်းကတော့ အကြမ်းဖက်နိုမ်နင်းရေးအရာရှိ ဗီဂျေးဟာ အကြမ်းဖက်နိုမ်နင်းရာမှာ ကြမ်းတမ်းရက်စက်လွန်းတာကြောင့် Wild Dog (ခွေးရိုင်းကြီး)လို့နာမည်ပြောင်ပေးရတဲ့ထိ ဆိုးဝါးလှပြီး ဌာနကလည်း သူ့ကို ရုံးထိုင်အလုပ်ပြောင်းပေးခဲ့ပါတယ်... ဒါပေမယ့် တနေ့မှာတော့ နိုင်ငံတွင်း အကြမ်းဖက်ဗုံးဖောက်ခွဲမှုတွေ စိပ်လာပြီး အကြမ်းဖက်သမားတွေဟာ နိုင်ငံရဲ့လုံခြုံရေးကို ထိပါးစော်ကားလာတာကြောင့် ဌာနက သူ့ကို ပြန်လည်ရာထူးပေးအပ်ပြီး အမှုလိုက်ခိုင်းပါတော့တယ်....ဗီဂျေးဒီတခါဆုံတွေ့ရမယ့်ရန်သူက အင်မတန်ကောက်ကျစ်ဉာဏ်များပြီး ဖောက်ခွဲရေးပိုင်းဆရာတဆူဖြစ်တာကြောင့် ဗီဂျေးတစ်ယောက် ဘယ်လိုဘယ်ပုံ စွန့်စားပြီး ဉာဏ်ပညာရော ခွန်အားရော ပြိုင်ဆိုင်သွားလဲဆိုတာကို ဇာတ်လမ်းအစဆုံးထိ မလွှတ်တမ်းကြည့်ရှုချင်သွားမယ့် ရုပ်ရှင်ကောင်းတပုဒ်ပဲဖြစ်ပါတယ် File size…2.11GB / 1GB Quality…1080p UHD WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moment
movie

Wild Dog(2021)

2021
Looop Lapeta (2022) 5.8
Looop Lapeta (2022) Looop Lapeta (2022)ဘောလိဝုဒ်ရုပ်ရှင်တွေမှကြိုက်ပါတယ်ဆိုတဲ့ CM ရဲ့ပရိတ်သတ်တွေအတွက် ဒီနေ့မှ အသစ်စက်စက်ထွက်ထားတဲ့အိန္ဒိယရုပ်ရှင်ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ။မင်းသမီးကလဲ တာ့ပ်ဆီးပန်းနုဆိုတော့ သရုပ်ဆောင်ပိုင်းမှာလဲအတော်လေး မိမိုက်နေတာကို မြင်ရဦးမှာပါဒီဇာတ်လမ်းက ပုံမှန်တွေ့နေကျ ဟာသဇာတ်လမ်းတွေနဲ့ မတူပဲအတော်လေးထူးခြားတယ်ဗျ။ ရီရတယ်ဆိုတာထက် ရင်တဖိုဖိုနဲ့စိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုရင် ပိုမှန်မယ်။ဆာဗီဆိုတဲ့ အပြေးအားကစားမယ်လေးနဲ့ဆပ်သ်ရာက အပြန်အလှန်မေတ္တာမျှနေကြတာပေါ့။သူတို့ရဲ့ တွေ့ဆုံပုံကလည်း တယ်ထူးဆန်းပါတယ်။ အပြေးမယ်လေး ဆာဗီဟာမတော်တဆမှုကြောင့် သူ့ရဲ့အားကစားမယ်ဘဝကို အဆုံးသတ်ရဖို့အကြောင်းဖန်လာတဲ့အခါ ဆာဗီတစ်ယောက် စိတ်ဓာတ်ကျပြီး ဆေးရုံခေါင်မိုးပေါ်ကနေခုန်ချမလို့လုပ်ခဲ့ပါတယ်။ အဲ့အချိန် ခေါင်မိုးထပ်မှာ ဆေးလိပ်လာသောက်တဲ့ဆပ်သ်ရာက ဆာဗီကို ကယ်လိုက်ရာကနေ သူတို့နှစ်ဦး ဖူးစာဆုံခဲ့ကြတာပေါ့။ဒီလိုနဲ့ပဲ နှစ်ဦးသား အလုပ်ကိုယ်စီလုပ်ရင်းအေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းခဲ့ကြပါတယ်။ အဲ့ဒီနေ့ကို မရောက်ခင်အချိန်အထိပေါ့။ဆာဗီက သူမမှာ ကိုယ်ဝန်ရှိကြောင်း ဆပ်သ်ရာဆီ ဖုန်းဆက်ပြောမဲ့နေ့မှာပဲဆပ်သ်ရာတစ်ယောက် ပြဿနာတစ်ခုကို အကြီးအကျယ်ရှာလိုက်ပါတော့တယ်။အဲ့ဒါကတော့ ဆပ်သ်ရာက သူ့ရဲ့သူဌေး ဗစ်တာဆိုတဲ့ မာဖီးယားဂိုဏ်းချုပ်ရဲ့ငွေ ၅ မီလီယံကို ဖျောက်လိုက်တာပါပဲ။ ဟော....မာဖီးယားခေါင်းဆောင်ဆီမှာ အသတ်ခံရတော့မယ့်သူ့ကောင်လေးကို ကယ်ဖို့ ဆာဗီခမျာ ပြေးလွှားရတော့တာပေါ့ဗျာ။ ဆပ်သ်ရာမွှေသမျှအရှုပ်တွေကိုလိုက်ရှင်းရင်း ...
movie

Looop Lapeta (2022)

2022