Channel Myanmar

K.C. Coombs

Autumn and the Black Jaguar (2024) 6.0
Autumn and the Black Jaguar (2024)  ဒီတစ်ခေါက် ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့နာမည်အတိုင်းပဲ အော်တန် ဆိုတဲ့ ကလေးမလေးနဲ့ “ဟုပ်” လို့အမည်ရတဲ့ သူ့ရဲ့ ကျားသစ်နက်လေးအကြောင်းပါ ။အော်တန်ဟာ တောထဲမှာ မွေးပြီး တောထဲမှာ ကြီးပြင်းခဲ့တဲ့ကလေးမလေးဖြစ်တာမို့ သဘာဝပတ်ဝန်းကျင်အပေါ်ရောတိရစ္ဆာန်လေးတွေအပေါ်ရော အရမ်းကြင်နာတဲ့ ကလေးတစ်ယောက်ပါ ။ဒီလိုနဲ့ သူ့အမေ သေဆုံးပြီးတဲ့နောက်မှာ အရွယ်ရောက်လာတဲ့အော်တန်ဟာ နယူးယောက်မြို့ကြီးပေါ်ကို ပြောင်းလာခဲ့ပြီးတစ်နေ့မှာတော့ သူ့ရဲ့ တောတွင်းမိသားစုတွေဆီက ပို့လိုက်တဲ့စာကို မြင်လိုက်ရပါတော့တယ် ။ “ဟုပ်” လေး အသက်အန္တရာယ်ရှိနေတယ်ဆိုတဲ့ သတင်းကို ကြားပြီးတဲ့ အော်တန်ဟာ အမေဇုန်တောထဲကို မရမကသွားပြီး ဟုပ်ကို ကယ်ဖို့ ကြိုးစားပါတော့တယ် ။နောက်ဆုံးမှာ အော်တန် တကယ်ပဲ တစ်ကောင်တည်းကျန်တော့တဲ့ရှားပါးကျားသစ်နက်လေး ဟုပ်ကို ကယ်နိုင်ပါ့မလား ။ဇာတ်လမ်းအစမှာတင် အော်တန် အရမ်းမုန်းနေတဲ့ သူ့ဇီဝဗေဒဆရာမမစ္စရှိုင်းမောကရော ဘယ်လိုပြောင်းလဲလာမလဲ ။ဒီရုပ်ရှင်လေးမှာတော့ အော်တန်နဲ့ မစ္စရှိုင်းမောတို့ မတည့်အတူနေဆရာတပည့်နှစ်ယောက်ရဲ့ စွန့်စားခန်းတွေကို ဟာသလေးနှောပြီးကြည့်ရှုရမှာဖြစ်ပါတယ် ။  File size… (2.41GB) ...
movie

Autumn and the Black Jaguar (2024)