Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Justine Bachelet
6.6
A Real Job (2024)
A Real Job (2024)IMDb Rating (6.6) ဒီဇာတ်ကားလေးက ဒီနေ့ခေတ် ကျောင်းဆရာ၊ဆရာမတွေရဲ့ လူမှုဘဝမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်တွေ အခက်အခဲတွေကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ဘန်ဂျမင်ဆိုတဲ့ Ph.D ဘွဲရထားတဲ့ကျောင်းသားလေးက ပိုက်ဆံအခက်အခဲဖြစ်နေတာကြောင့် အလယ်တန်းပြ ဆရာအသစ်အဖြစ်နဲ့ ကျောင်းတစ်ကျောင်းကို ရောက်လာခဲ့ပါတယ်။ဇာတ်လမ်းထဲမှာ ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေရဲ့ နေ့စဉ်ဘဝ၊ တိုးတက်မှုဆိုင်ရာ ကြိုးပမ်းမှုတွေနဲ့ ကိုယ့်တက်လမ်းကိုရှာနေတဲ့ ဆရာ၊ဆရာမတွေအကြောင်း အထူးအလေးပေးပြီးရိုက်ထားတာပါ။ဘန်ဂျမင်တစ်ယောက် ကျောင်းဆရာ ဖြစ်ရတာ ဘယ်လောက်ခက်ခဲကြောင်းနဲ့ ပြဿနာတွေကိုဘယ်လို ကိုင်တွယ်မလဲဆိုတာ သဘာဝကျလှတဲ့ သရုပ်ဆောင်မှုတွေနဲ့ အတည်းအဖြတ်မှန်တဲ့ နောက်ခံသီချင်းလေးတွေကြားမှာမျှောပါရင်း ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KarmT ပဲဖြစ်ပါတယ်) File size… (1.7 GB) / (910 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:41:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by KarmT
movie
A Real Job (2024)
2024
6.7
Lover for a Day (2017)
Lover for a Day (2017)~ IMDb - 6.7/10, Rotten Tomatoes - 82% ~ပြင်သစ်ဆန်ဆန် အချစ်အကြောင်းလေးတစ်ပုဒ်။ ဓားရာကိုယ်စီနဲ့ ချစ်ဝေဒနာသည်တွေအတွက် အိုအေစစ်တစ်ခု။အဖြူအမည်း၊ ဝတ်လစ်စလစ်အခန်းတွေ၊ စီးကရက်သောက်နေတဲ့လူတွေ၊ ရုတ်တရက်ထပြီး ဒဿနဆန်ပစ်တဲ့ ဒိုင်ယာလော့ခ်တွေနဲ့ နောက်ခံစကားပြော။ ဒါက ပြင်သစ်ရုပ်ရှင်စစ်စစ်ပါပဲ။ ပြင်သစ်အထာဆိုတာ ဒါ လို့ ကိုယ့်မျက်နှာရှေ့ ကပ်မပြောရုံတမယ်ပါ။ပြင်သစ်ဒါရိုက်တာ Philippe Garrel ဟာ မှတ်ကျောက်တစ်ခုအနေနဲ့ Garrel's Trilogy of Love ဆိုပြီး အချစ်အကြောင်း အဖြူအမည်း ရုပ်ရှင်သုံးခု ရိုက်ထားပါတယ်။ ဒါကတော့ အဲဒီ ၃ ကားထဲက နောက်ဆုံးတစ်ခုပေါ့။အချစ်ဆိုတာ ဘာလဲ။ ဒီမေးခွန်းကို ခေတ်အဆက်ဆက်မေးခဲ့ကြတယ်။ ခေတ်အဆက်ဆက်အဖြေထုတ်(ဖို့ကြိုးစား)ခဲ့ကြတယ်။ အချစ်ဟာ အချစ်ပါပဲ။ အချစ်ကို ဘာနဲ့ဖွဲ့စည်းထားတာပါလို့ ဓာတုဗေဒမဆန်ကြရအောင်လေ။အချစ်ဆိုတာ ရေလို့ပဲသတ်မှတ်တာပေါ့။ ပုံသဏ္ဍာန်အတည်တကျမရှိ။ မရှိတဲ့နည်းတူ ...
movie
Lover for a Day (2017)
2017
6.6
[18+] Benedetta (2021)
[18+] Benedetta (2021)Benedetta ဟာ ၁၇ ရာစုဝန်းကျင်က အီတလီနိုင်ငံမထင်မရှားမြို့ငယ်လေးတစ်မြို့မှာ တကယ်ရှိခဲ့ဖူးတဲ့ Benedetta Carlini ဆိုတဲ့သီလရှင်ရဲ့ဘ၀ဇာတ်ကြောင်းကိုအခြေခံထားတာဖြစ်ပါတယ်။ငယ်ဖြူဆရာလေးတစ်ပါး စည်းကမ်းတင်းကျပ်တဲ့ ဘာသာရေးအရိပ်အာဝါသအောက်မှာနေထိုင်ရင်း ဖောက်လွှဲဖောက်ပြန် အမြင်အာရုံတွေ ရလာတာ... ကြောက်မက်ဖွယ်ကောင်းလောက်အောင် ညစ်ညမ်းတဲ့ လောကသဘာဝနဲ့သွေဖည်နေတဲ့ အိမ်မက်တွေကတစ်ဆင့် ပြင်ပလောကမှာလဲ သူတို့ ကျောင်းတော်အရိပ်ကို ခိုလှုံဖို့ရောက်ရှိလာတဲ့ နောက်ထပ် ဖခင်နဲ့ အစ်ကိုတွေရဲ့ဖိနှိပ်ခံဆိတ်ကျောင်းသူလေးတစ်ယောက်ကို ကိုယ်ဖိရင်ဖိစောင့်ရှောက်ရာက သဒ္ဒါလွန်လို့ တဏှာကျွံမိပုံတွေကတစ်ဆင့် ဘာသာရေး၊ လူမှုရေး ၊ ခေတ်ကာလနဲ့ အစရှိတဲ့အကြောင်းအရာများစွာကို တို့ထိကစားပြသွားခဲ့ပါတယ်။အငြင်းပွားစရာများစွာရှိတဲ့ ဆတ်ဆတ်ထိမခံတဲ့ ဘာသာရေးအချက်အချာနေရာက ဘာသာရေးခေါင်းဆောင်တွေကို အဓိကဇာတ်အိမ်တည်ထားတာဖြစ်တဲ့အတွက် တစ်ချို့အကြောင်းအရာကိစ္စတွေကိုပုံဖော်ထားတဲ့နေရာမှာ နှုတ်နဲ့ဖွင့်လို့တောင်မပြောဝံ့စရာ ညစ်ပတ်စုတ်ပဲ့တဲ့ အခြေအနေမျိုးတွေနဲ့ တွေ့မြင်ရပါလိမ့်မယ်။ဘာသာရေးကို ခုတုံးလုပ်ပြီး လူတွေကိုလှည့်စားရတာ ဘယ်လောက်လွယ်ကူနိုင်သလဲ၊ ဘာသာရေးဟာ ဘယ်လောက်အထိ အလွယ်တကူဝင်ငွေကြမ်းနိုင်တဲ့ စီးပွားရေးတစ်ခုဖြစ်နိုင်လဲ၊ ဘာသာရေးအဆောက်အအုံတွေမှာ နေထိုင်အရိပ်ခိုကြတိုင်း သူတော်စင်သူတော်ကောင်းဖြစ်နိုင်ပါ့မလား... အစရှိတဲ့ခေတ်အဆက်ဆက် မေးချင်ပေမယ့်မမေးဝံ့လို့ လက်ရှောင်ခဲ့ကြရတဲ့ မေးခွန်းတွေရဲ့အဖြေတွေကိုလဲ တစ်စိတ်တစ်ဒေသမြင်တွေ့ရပါလိမ့်မယ်။တစ်ခေတ်တစ်ခါက ...
movie
[18+] Benedetta (2021)
2021