Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jurnee Smollett
5.6
One Last Thing (2018)
ချစ်ခြင်းမေတ္တာဆိုတာ တစ်ဦးနဲ့တစ်ဦးနည်းမျိုးစုံနဲ့ပေါက်ဖွားနိုင်ပါတယ်ဖြစ်ပေါ်လာတဲ့ မေတ္တတရားကိုလည်း ဖော်ပြပေးရမယ့်စကားလုံးလေးတွေလုပ်ရပ်လေးတွေလည်းအမျိုးမျိုးရှိတာပေါ့နော်ဒီဇာတ်ကားလေးထဲမှာ ဆိုးသွမ်းတဲ့ဇနီးနဲ့သားလားသမီးလားမသိတဲ့ကလေးကို၂၅ နှစ်လောက် ရှာဖွေနေတဲ့အထီးကျန်လှတဲ့ သွားဆရာဝန်ကြီးတစ်ယောက်အကြောင်းကနေ စတင်ပါတယ်မိသားစုကို ပြန်ဆုံချင်လို့ လိုက်ရှာပေမယ့်ကံဆိုးကံကောင်းစွာနဲ့ သမီးလေး ရှိနေသေးတယ်ဆိုတာကိုသိလိုက်ရလို့သမီးဖြစ်သူနဲ့ဆုံဖို့သွားတော့ ကျောက်ကပ်မကောင်းတဲ့ဝေဒနာကိုခံစားနေရတဲ့သမီးဖြစ်သူနဲ့ဆုံခဲ့ရပါတယ်သမီးဖြစ်သူကလည်း ကိုယ့်အဖေဖြစ်တာကိုမယုံရဲယုံရဲလက်ခံပြီးသားအဖနှစ်ယောက်ကြားမှာရှိတဲ့ ၂၅ နှစ်တာဝေးကွာထားတဲ့စိမ်းကားမှုတွေကိုကြိုးစားဖြေဖျောက်ကြရင်းကိုယ့်ကိုယ်ကိုဝေဒနာနဲ့သေဆုံးတော့မယ်ဆိုတာလက်ခံထားတဲ့ သမီးဖြစ်သူရဲ့နောက်ဆုံးဆန္ဒ ….သမီးဖြစ်သူကို ကျောက်ကပ်အစားထိုးကုသပြီးအရာအားလုံးပေးထားခဲ့ချင်တဲ့အဖေတစ်ယောက်ရဲ့ ဆန္ဒ တွေကိုနှစ်ယောက်စာ ခံစားရင်း စီးမျောရမယ့်ဇာတ်ကားကောင်းလေးပါ… File size… 1.4 GB / 611 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 31m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htoo Htoo Ka Joe
movie
One Last Thing (2018)
2018
7.3
The Order (2024)
The Order (2024)IMDb Rating (7.3) / Rotten Tomatoes (90%) မင်းသားကြီး ဂျုလော နဲ့ နစ်ကလက်ဟော့တို့ပါဝင်ထားတဲ့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံ Crime, Drama, Thriller ရုပ်ရှင်အသစ်ဖြစ်ပါတယ်။အမေရိကန် သမိုင်းမှာ နာမည်ကြီးအမဲစက်တွေဖြစ်တဲ့ ၁၉၈၀ ဝန်းကျင်လူဖြူကြီးစိုးရေးဝါဒီ၊ အစွန်းရောက် နာဇီလက်သစ်တွေရဲ့ ပြဿနာတွေကိုအခြေခံထားတာဖြစ်ပါတယ်။၁၉၈၀ ကျော်မှာ ပေါ်ပေါက်ခဲ့တဲ့ The Order ဆိုတဲ့ အစွန်းရောက် ဂျူးမုန်းတီးရေးအဖွဲ့ကို အက်ဖ်ဘီအိုင်နဲ့ ရဲတွေလိုက်လံ နှိမ်နင်းရပုံကို ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်းအက်ဖ်ဘီအိုင်အေးဂျင့် ဟက်စ်ဟာ ဂျေမီဆိုတဲ့ ရဲသားလေးနဲ့ပေါင်းပြီး ဓားပြမှုတွေကို စုံစမ်းရာကနေ ဓားပြမှုတွေဟာ ရန်ပုံငွေစုတဲ့သဘောဖြစ်နေပြီးအကြီးအကျယ် အကြမ်းဖက်မဲ့ အစီအစဉ်တွေ တစ်နိုင်ငံလုံးကိုတိုက်ခိုက်မဲ့အစီအစဉ်တွေပါရှိနေတဲ့ အစွန်းရောက်အဖွဲ့ကို ခြေရာခံမိသွားပါတယ်။သူတို့ခြေရာခံနေစဉ်အတွင်းမှာပါ ဘဏ်ဓားပြမှုတွေ ဆက်တိုက်ဖြစ် လုပ်ကြံမှုတွေပါဖြစ်လာပြီး နောက်ဆုံး လက်နက်ကိုင် တော်လှန်ရေးအဆင့်အထိရောက်လာခါနီးမှာ အပြန်အလှန်တိုက်ပွဲတွေဖြစ်ပြီး ဖမ်းဆီးရပုံတွေကို ပြသထားတာပါ။၁၉၈၀ အထာတွေနဲ့ ဇာတ်လမ်းကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်းကြည့်ချင်ရင် ...
movie
The Order (2024)
2024
7.1
We Grown Now (2023)
We Grown Now ရုပ်ရှင်ကတော့ အမေရိကန်နိုင်ငံရဲ့လူမည်းအိမ်ရာစီမံကိန်းမှာ မွေးပြီး ကြီးပြင်းလာကြတဲ့ဆယ်ကျော်သက်သူငယ်ချင်းနှစ်ယောက်ရဲ့ သူတို့ကြုံတွေ့ရတဲ့ ပြဿနာတွေကို ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။မာလစ်နဲ့ အဲရစ်တို့သူငယ်ချင်းနှစ်ယောက်ဟာဘဝရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့အခါ ရိုးသားတဲ့ကလေးတွေရဲ့ စိတ်နှလုံးသားတွေအကြောင်း၊သူတို့ရဲ့ရုန်းကန်မှု၊ သူတို့ရဲ့စူးစမ်းလေ့လာလိုစိတ်နဲ့ဘဝအိပ်မက်တွေအကြောင်း ထိထိမိမိမြင်တွေ့လာရတာပါ။ လက်လုပ်လက်စားမိသားစုမှာအရွယ်ရောက်လာတဲ့ တကယ့်လက်တွေ့ဘဝထဲကကလေးငယ်တွေအကြောင်း သရုပ်ဖော်တင်ဆက်ထားတာဖြစ်ပြီး ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…1.20GB / 534MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie
We Grown Now (2023)
6.6
Birds of Prey (and the Fantabulous Emancipation of One Harley Quinn) 2020
DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Birds of Prey (and the Fantabulous Emancipation of One Harley Quinn) 2020
4K HEVC
7.1
The Burial (2023)
The Burial (2023)~ IMDb - 7.1/10, Rotten Tomatoes - 91% ~ဒီကားမှာ ကားမရိုက်တာ နည်းနည်းတော့ကြာပြီဖြစ်တဲ့ Tommy Lee Jones ကြီးက စကေးပြန်ပြထားသလို Jamie Foxx လည်းပါပါတယ်။ The Great Debaters တို့ Birds of Prey တို့ Lovecraft Country တို့မှာ သရုပ်ဆောင်စွမ်းပြခဲ့ဖူးတဲ့ Jurnee Smollett လည်းပါပါတယ်။ ဒီထဲလည်း စကေးထပ်ပြပြန်တာပါပဲ။ ဒီကားကို ဖြစ်ရပ်မှန်ဇာတ်လမ်းပေါ် အခြေတည်ထားတယ်။ အော်စကာဝိုင်းလား မတ်တွိုင်းရဲ့စကားလားတော့မသိဘူး။ တစ်ခါတခါ လက်တွေ့ဘဝက ဖစ်ရှင်တွေထက် ပိုဆန်းကြယ်တယ်ဆိုတဲ့ စကားလိုပဲ။ ဒီဖြစ်ရပ်မှန်ကလည်း သောက်ဆန်းကြီးပါပဲ။ပြောရရင် ဒီကားထဲ တွမ်မီလီဂျုန်းကြီးက သုဘရာဇာလုပ်တာ... သုဘရာဇာလုပ်ငန်းကို ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားလို မျိုးနဲ့ရိုးနဲ့လုပ်လာတာ။ သူမွေးထားတဲ့ များပြားလှတဲ့ သားသမီးမြေးမြစ်တွေကို အမွေပေးဖို့ ...
movie
The Burial (2023)
2023
5.9
Lou (2022)
Lou (2022)(1080p ရပါပြီ)အသစ်ထွက်ရှိလာတဲ့ Action, Crime, Drama အမျိုးအစားဖြစ်ပြီး ဇာတ်ကောင်လေး လက်တစ်ဆုပ်စာရယ် Plot twist တွေရယ်နဲ့ ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကားဖြစ်ပါတယ်။လူးက အမေရိကားနိုင်ငံက ကျွန်းလေးတစ်ကျွန်းမှာ ခွေးတစ်ကောင်နဲ့ တစ်ကိုယ်တည်း ဘဝကိုရှင်သန်နေတဲ့အမျိုးသမီးကြီးတစ်ဦးပါ။ဟန်နာနဲ့ ဗီကတော့ သူ့အိမ်ကိုငှါးနေရတဲ့ သားအမိနှစ်ယောက်ပေါ့။ ဗီလေးရဲ့ ဖခင်ကတော့ ဆုံးပါးသွားပြီလို့ ဆိုထားပါတယ်။မုန်တိုင်းထန်တဲ့တစ်ညမှာ ဗီလေးကို လူတစ်ယောက်က ပြန်ပေးဆွဲသွားတဲ့အခါ မိခင်ဖြစ်သူ ဟန်နာတစ်ယောက် အပေါက်ဆိုးပြီး ပဟေဠိဆန်တဲ့ လူးနဲ့အတူ သမီးပျောက်ရှာပုံတော်ထွက်ပါတော့တယ်ဒီလိုနဲ့ တဖြည်းဖြည်း လူးရဲ့ ရှုပ်ထွေးပွေလီတဲ့ နောက်ကြောင်းရာဇဝင်တွေကို တစွန်းတစ်စသိလာရတဲ့အခါ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu က ပါ။)File Size : 2.3GB, 823MB, 385MB Quality ...
movie
Lou (2022)
2022
6.2
Spiderhead (2022)
Spiderhead (2022) ============== IMDb Rating 6.2/10Thor မင်းသား Christ Hemsworth ဦးဆောင်ပါ၀င်ထားပြီး၊ Miles Teller လည်း ပါဝင်တဲ့ Netflix ရဲ့ရုပ်ရှင် အသစ်လေးထွက်လာပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ သေဒဏ်ချခံထားရပြီး ဘ၀ဆုံးနေတဲ့ အကျဉ်းသားတွေဟာ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့အတွက် စပိုက်ဒါဟက်ဆိုတဲ့ ဆေးဝါးထိန်းချုပ်ရေးပရိုဂရမ် တစ်ခုမှာ စေတနာ့၀န်ထမ်းလုပ်ကြပါတယ် ။ ဒီပရိုဂရမ်ကို ဦးဆောင်တဲ့ သူကတော့ စတိဗ် အက်ဘနက်စ်ကိ( Chris Hemsworth ) ပါ ။ ဒီအကျဉ်းသားတွေရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ် လေ့လာရင်း N-40 ဆိုတဲ့ ပီယ ဆေးဝါးအသစ်ကို ဆန်းသစ်တီထွင်ကြပါတယ် ။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီစပိုက်ဒါဟက်အကျဉ်းထောင်နဲ့ ကျွန်းကြီးမှာ မထင်မှတ်ထားစရာတွေကလည်း အများကြီး စောင့်မျှော်လို့နေသေးတာမို့ ဆက်လက်အားပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Thiha Yan Naing, Mr.Anderson, Chit Tee တို့ဖြစ်ပါတယ်။)File Size..........(1.05 GB) / (576 MB) ...
movie
Spiderhead (2022)
2022
7.6
The Great Debaters(2007)
The Great Debaters(2007) IMDb.....7.6,,,,,Rotten....79% စကားလုံးတွေရဲ့စွမ်းအားက ဘယ်လောက်ကြီးကြောင်းကို အားလုံးလည်းသိပါတယ်....ကျွန်တော်တို့ငယ်ငယ်ကဖတ်ဖူးခဲ့တဲ့ ခုံတော်မောင်ကျဘမ်းဆိုတာစာပေကျမ်းဂန်မှာ နှံ့စပ်ကျွမ်းကျင်တဲ့သလို စကားအရာမှာလည်း တစ်ဘက်ကမ်းခတ်ကျွမ်းကျင်တဲ့အတွက်အကြောင့် ကျပန်းဆိုတာ သူ့ဆီကလာတာ အားလုံးလည်းသိမှာပါ...ကျွန်တော်ဘာလို့ ဒါတွေပြောနေရလဲ ဆိုတော့ ဒီကားရဲ့နာမည်ကိုက The Great Debaters ဆိုတော့ခင်ဗျားတို့လည်းမှန်းမိလောက်မှာပါ....ကျွန်တော်တို့ရဲ့ မင်းသားကြီး Denzel Washington က debate ပြိုင်ပွဲအတွက်လေ့ကျင့်ပေးရတဲ့ပါမောက္ခအဖြစ်သရုပ်ဆောင်ထားတယ်....သူကနေ့ဘက်ဆိုရင် ကျောင်းဆရာလုပ်ပြီးတော့ ညဘက်ဆိုရင်တော့ အလုပ်သမားလူတန်းစားအတွက် တက်ကြွလှုပ်ရှားသူဖြစ်တယ်...ဒီကားက ဖြစ်ရပ်မှန်အပေါ်အခြေခံရိုက်ကူးထားတာဖြစ်လို့ အဲ့ဒီ့အချိန်က အမေရိကန်ရဲ့ ခေတ်၊ စနစ်နဲ့ လူမှုဘဝကို လွဲမှန်းနေတဲ့ဟန်ပန်တွေမြင်နေရလိမ့်မယ်...ဒီကားကိုကြည့်မယ်ဆိုရင် debate ပွဲတွေများစွာကြည့်ရမယ့်အပြင်ဘယ်လိုယှဉ်ပြိုင်သင့်တယ်..ဘယ်လိုပြင်ဆင်သင့်တယ်..ဘယ်လိုယူဆထားသင့်တယ်ဆိုတာတွေလည်းတွေ့လိမ့်မယ်..ခေတ်စနစ်ရဲ့ ဆိုးကျိုးတွေ...အဲ့ဒီအချိန်အခါက လွဲမှားနေတဲ့အယူအဆတစ်ချို့တွေ တွေ့ရလိမ့်မယ်...နောက်ပြီး Debate ရဲ့ ခမ်းနားကြီးကျယ်ခြင်းတွေကိုလည်း လေ့လာပြီးသားဖြစ်နေလိမ့်မယ်...ပြီးတော့ ဒီကားကြည့်နေစဉ်မှာ စကားလုံးတွေရဲ့ စွမ်းအားကိုသဘောကျလွန်းလို့ ခင်ဗျားဟာကျေနပ်ပီတိဖြစ်တဲ့အပြုံးတွေလည်း ဝေနေလိမ့်မယ်....ဘာသာပြန်သူကတော့ Scarlett May ပဲဖြစ်ပါတယ်.... File Size : (1GB) Quality : Blu-Ray 720p Format…mp4 Duration…02:06:00 Genre : ...
movie
The Great Debaters(2007)
2007