Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Juno Rinaldi
5.6
It Feeds (2025)
It Feeds (2025)IMDb Rating (5.6) / Rotten Tomatoes (84%) စင်သီယာနဲ့ဂျော်ဒန်တို့သားအမိဟာ ပရလောကကိုမြင်နိုင်စွမ်းရှိသူတွေဖြစ်ပြီး အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့်အခုချိန်မှာတော့ ကုထုံးပညာရှင်အဖြစ်အသက်မွေးနေပေမယ် သူတို့ကူညီနိုင်လောက်တဲ့ ပေါ့ပေါ့ပါးပါးကိစ္စလေးတွေကိုတော့ကူညီလေ့ရှိပါတယ်။တစ်နေ့မှာတော့ သူတို့အိမ်ကို ရိုင်လီဆိုတဲ့ မိန်းကလေးတစ်ယောက် ရုတ်တရက်ရောက်လာခဲ့ပြီး သူ့ကိုကူညီဖို့ဇွတ်အတင်းတောင်းဆိုခဲ့ပေမယ့် သူ့အဖေဖြစ်သူရဲ့ဆွဲခေါ်မှုကြောင့်ပြန်ပါသွားခဲ့ပါတယ်။ကောင်မလေးကို ပူးကပ်နေတဲ့အရာ/မကောင်းဆိုးဝါးဟာ အလွန်ကြမ်းတမ်းပြီးကြောက်စရာကောင်းတဲ့သူဆိုတာပညာပိုရင့်သန်တဲ့ စင်သီယာက မြင်လိုက်ရလို့ဆက်မလုပ်ဖို့တားပေမယ့် ပြောဆိုရခက်တဲ့ ဆယ်ကျော်သက်အရွယ်ဂျော်ဒန်ကရှေ့ဆက်တိုးရင်း သူကိုယ်တိုင်မကောင်းဆိုးဝါးရဲ့သားကောင်ဖြစ်သွားချိန်မှာတော့ စင်သီယာတစ်ယောက်အကြောက်တရားကိုဘေးချိတ်ပြီး သမီးဖြစ်သူကို ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ထင်မှတ်မထားပဲ ကြည့်ကောင်းနေတဲ့ ဇာတ်ကားပါပဲ။ နာမည်ကျော် ဟော်ရာကားတစ်ချို့ရဲ့အငွေ့အသက်တွေမြင်ရတာမျိုးလိုတစ်ချို့ဟာကွက်လေးတွေ ဖယ်ကြည့်မယ်ဆိုရင် သရုပ်ဆောင်ကောင်းကောင်း၊ Jump scare ကောင်းကောင်းတစ်ချို့နဲ့ဟော်ရာအရသာကောင်းကောင်းခံစားရစေမယ့် ဟော်ရာချစ်သူတွေအတွက် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1 GB) / (480 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:42:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias
movie
It Feeds (2025)
2025
6.7
The Invisibles (2024)
လက်ရှိအသက်ရှင်နေထိုင်နေရတဲ့ဘ၀ကို ပိုတန်ဖိုးထားတတ်သွားအောင်ပညာပေးသွားမဲ့ ဒရာမာဇာတ်လမ်းကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ The Invisibles ဖြစ်ပြီးလက်ရှိ IMDb Rating 6.7 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်လေးအတိုင်း ကိုယ်ပျောက်လူသားတွေအကြောင်းတွေ့ရမှာဖြစ်ပြီးဒရာမာဆိုပေမဲ့စိတ်ဝင်စားစရာကောင်းအောင်ဆွဲဆောင်နိုင်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ချာလီဆိုတဲ့လူက အာမခံကုမ္ပဏီဝန်ထမ်းဖြစ်ပြီး သူ့ရဲ့ဘ၀ကြီးကထူးထူးခြားခြားတော့မရှိပါဘူး။အလုပ်သွားအလုပ်ပြန် မိန်းမနဲ့စကားနည်းနည်းပါးပါးပြောနဲ့ရိုးရှင်းတဲ့ဘ၀ပါပဲ။ဒါပေမယ့်တစ်နေ့မှာတော့ အဲ့ဒီအရာတွေ အားလုံးကပြောင်းလဲသွားပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့ သူမနက်နိုးလာတဲ့အချိန်မှာသူ့ကိုသူ့မိန်းမကမမြင်ရတော့လို့ပါပဲ။စကားတွေအကျယ်ကြီးအော်ပြော လက်ဟန်ခြေဟန်တွေပြနေပေမဲ့လည်း ဘာမှမထူးခြားလာပါဘူး။ဒီလိုနဲ့သိပ်မကြာခင်မှာပဲသူကဒီလောကကြီးနဲ့မသက်ဆိုင်တော့တဲ့ လူသားတွေမမြင်ရတော့တဲ့ ကိုယ်ပျောက်လူသားတစ်ယောက်ဖြစ်နေပြီဆိုတာကို သိလိုက်ရပါတော့တယ်။ကံကောင်းချင်တော့သူ့လိုတခြားလူတွေနဲ့တွေ့ခဲ့ရပြီး ဘာတွေဖြစ်နေတယ်ဆိုတာကိုတဖြည်းဖြည်းအဖြေရှာရင်းနဲ့ သူ့မိန်းမရှိတဲ့တကယ့်လူ့လောကအစစ်ထဲကို ပြန်သွားဖို့ကြိုးစားပုံတွေကိုတွေ့ရမှာဖြစ်ပါတယ်။ File size…1.07GB / 658MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 51m Genre ….. Fantasy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
The Invisibles (2024)
5.9
Fingernails (2023)
Fingernails (2023)Fingernails ရဲ့ ဒါရိုက်တာ Christos Nikou က Dogtooth (2009) လို နာမည်ကျော်ကားမျိုးတွေမှာ Assistant Director လုပ်ရင်းကနေ ဒါရိုက်တာအဖြစ် Apples (2020) နဲ့ ပွဲဦးထွက်ခဲ့တယ်။ သူက ဂရိလူမျိုးဆိုတော့ အဲဒီရုပ်ရှင်ကလည်း ဂရိရဲ့ အော်စကာရွေးချယ်ခံကားအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ Apples ဟာ အလိုက်အထိုက်တော့ အောင်မြင်ခဲ့တယ်။ ဒီနှစ်မှာတော့ သူ့ရဲ့ ဒုတိယကားဖြစ်တဲ့ Fingernails ကို ကိတ်ဘလန်းချက်လို နာမည်ကျော်မင်းသမီးက ပရိုဂျူဆာလုပ် ထုတ်လုပ်ပေးခဲ့ပြီး ၂၀၁၉တုန်းက Sound of Metal နဲ့ မင်းသားဆုအော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ Riz Ahmed နဲ့ ၂၀၂၂ တုန်းက The Lost Daughter နဲ့ အမျိုးသမီးဇာတ်ပို့ဆု ဆန်ခါတင်ဝင်ခဲ့တဲ့ Jessie Buckley တို့ကို သုံးနိုင်ခဲ့တယ်။ နောက်နာမည်ကြီးထဲကပဲ ...
movie
Fingernails (2023)
2023
5.3
Jennifer’s Body (2009)
ဒီဇာတ်ကားကတော့ မင်းသမီး မီဂန်ဖောက်ရဲ့ နာမည်ကြီး Horror ဇာတ်ကားပါ...Megan Fox အပြင် Amanda Seyfried လဲပါပါသေးတယ်...Horror ကားကောင်းလေးတစ်ကားဖြစ်တာနဲ့အညီ ကြည့်ရတာလည်း တော်တော့်ကိုကောင်းတဲ့ကားလေးကားလေးတစ်ကားလို့ဆိုထိုက်တယ်ဗျ။ ၂၀၀၉ ခုနှစ်ရဲ့ အချောလေးနှစ်ယောက် သူပြိုင်ကိုယ်ပြိုင်ဇာတ်ကောင်စရိုက်ယှဉ်ပြိုင်မှုတွေကလည်း နင်လား ငါလားနဲ့ကိုကြည့်ရတာအရသာတွေ့လှသလို မျက်စိပသာဒလည်းတော်တော်ဖြစ်တယ်ပေါ့လေ။ဂျနီဖာဟာတစ်ကျောင်းလုံးရဲ့အချစ်တော်အချောလေးဗျ။ အချောလေးဆိုတဲ့အတိုင်း အထက်တန်းကျောင်းပထမနှစ်လောက်တည်းကစပြီး ဘာညာကိစ္စနဲ့ပက်သက်လို့အတွေ့အကြုံရှိဖူးတယ်ပေါ့လေ။ပင်တိုင်ရည်းစားလေးရှိပေမဲ့ တစ်ခါတလေသဘောကျတဲ့ကောင်ချောလေးတွေတွေ့ရင် ကောက်ကောက်စားတတ်တဲ့ကောင်မလေးပေါ့။နိဒီကတော့ ဂျနီဖာရဲ့အချစ်ဆုံးသူငယ်ချင်းမလေးပေါ့ဗျာ။ ငယ်ငယ်တည်းကခင်လာကြတယ်ပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့စရိုက်တွေကတော့ ဆန့်ကျင်ဖက်တွေပါ.. တစ်ယောက်က တစ်ကျောင်းလုံးရဲ့အလှပဂေးဖြစ်သလို ခေတ်ရှေ့ကိုနှစ်ဆလောက်ပြေးနေတဲ့သူ ၊ တစ်ယောက်ကတော့စာကြမ်းပိုးဗိုင်းကောင်းကျောက်ဖိ လူမသိသူမသိလေးဆိုတော့ ဇာတ်ကောင်ပိုင်းအရဆို ဆန့်ကျင်ဖက်နှစ်ယောက်ကသူငယ်ချင်းတွေဖြစ်နေတယ်ဆိုပါတော့ဗျာ။ဇာတ်လမ်းစတာကတော့ သူတို့ရဲ့နယ်မြို့လေးဆီကိုမြို့ကြီးပြကြီးကရော့ခ်ဂီတတီးဝိုင်းအဖွဲ့ရောက်လာတဲ့အခါ ခေါင်းဆောင်အဆိုတော် ကောင်ချောလေးပါမှန်း သိလိုက်တဲ့ဂျနီဖာက တစ်စခန်းထရာက စပါတယ်...သူစခန်းထတာမှာ အဖော်ပါဖို့ နိဒီကိုပါခေါ်ပြီး ရှိုးပွဲသွားကြရင်း ဘယ်လိုကြောက်မက်ဖွယ်အဖြစ်အပျက်တွေကြုံကြရမလဲဆိုတာ.....။Unrated Version နဲ့တင်ဆက်ထားပြီး အဖော်အချွတ်နဲ့ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေပါလို့ မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို San Thu Aung မှ တင်ဆက်ထားပါတယ်။) File size…(1.8 GB) / (999 MB)/ (500 MB) Quality…BluRay Unrated 1080p/720p/480p Format…mp4 Duration….01:47:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie
Jennifer’s Body (2009)