Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jung Yi-seo
6.8
Kundo: Age of the Rampant (2014)
Kundo: Age of the Rampant(2014) **********************************IMDb...6.8(၂၀၁၄)ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားကို ပြန်တင်ဆက်ပေးရတဲ့ အကြောင်းအရင်းက Ma Dong-seok ကြောင့်ဆိုရင်လည်းမမှားပါဘူး....ဗလခပ်တောင့်တောင့်ဒီမင်းသားဟာ Along with the Gods, Unstoppable ,The Outlaws တို့မှာ ပါဝင်ခဲ့ပြီးတော့ သရုပ်ဆောင်စဉ်မှာလည်း ရိုးသားဟန်တွေပေါ်နေတဲ့သူ့အမူအရာကြောင့် မြန်မာပရိတ်သတ်တွေအကြိုက်ဖြစ်ခဲ့သလို တစ်ချက်တစ်ချက် ထိုးလိုက်ရင်အုန်းသီးခပ်ကြီးတစ်လုံးလောက်ရှိတဲ့ သူ့လက်သီးကြောင့် ခုနှစ် ခုနှစ်လီ ၄၉ပေလောက်လွင့်သွားတာလည်း အားရစရာကြီးပါပဲ...ဒီကားထဲမှာလည်း သံလုံးကြီးတွေကိုလက်နက်အဖြစ်အသုံးပြုတဲ့သိုင်းသမားအဖြစ်ပါဝင်ထားပါတယ်...နောက်ပြီးတော့ ခေါင်းဆောင်မင်းသားဖြစ်တဲ့ Jung-woo Ha ကိုတော့ အထွေအထူးမိတ်ဆက်စရာမလိုပါဘူး..သူရိုက်သမျှကားတိုင်းဟာ ကောင်းမွန်တယ်လို့တောင်မှတ်ကျောက်တင်ခံရတဲ့သူပါ....ဒီကားက ဂျိုဆွန်းခေတ်က အရင်းရှင်တွေ မင်းမှုထမ်းတွေက တောင်သူလယ်သမားတွေအပေါ်နဲ့ချို့တဲ့သူတွေကိုအနိုင်ကျင့်တဲ့အတွက်ကြောင့် သိုင်းပညာတော်တဲ့သူတွေစုပြီး တွန်းလှန်တဲ့အကြောင်းကိုရိုက်ပြထားတာပါ...ဇာတ်လမ်းဇာတ်ကွက်လည်းကောင်းသလို ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း ကိုရီးယားရဲ့နာမည်ကျော်တွေကြီးပဲစုရိုက်ထားသလားမှတ်ရပါတယ်... ပြီးတော့ အက်ရှင်ခန်းပေါင်းများစွာပါဝင်တဲ့အတွက်ကြောင့် Action ကားကောင်းကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါဘူး... (အညွှန်းကို Megumi မှ ရေးသားထားပါတယ်) File size…1.72GB / 878MB Quality… Blu-Ray 1080p/ 720p Format…mp4 Duration….2h 17m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Megumi Encoded by AHtet
movie
Kundo: Age of the Rampant (2014)
6.1
The Killers (2024)
The Killers (2025) ***************** IMDb.....6.1 ၁၉၅၄ ခုနှစ်မှာ စာပေ ပညာ နိုဘယ်ဆု ရရှိထားတဲ့ Ernest Hemingway ရဲ့ "The Murders" ဝတ္ထုကိုမှီငြမ်းပြီး ရိုက်ကူးထားတဲ့ "The Killers" ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။Castတွေ အနေနဲ့ကတော့ Shim Eun Kyung, Yeon Woo Jin, Hong Sa Bin, Jang Hyun Sungတို့နဲ့အတူ တခြား သရုပ်ဆောင်များစွာ ပါဝင်ပါတယ်။ဇာတ်လမ်းအညွှန်း အနေနဲ့ကတော့..နောက်ကျောမှာ ဓားစိုက်နေတဲ့ ယောကျ်ားတစ်ယောက်၊ လူသတ်ပေးဖို့ တောင်းဆိုလာတဲ့ မိန်းမတစ်ယောက်၊လူတိုင်းက စောင့်မျှော်နေတဲ့ လူတစ်ယောက်၊ လူတစ်ယောက်ကို စောင့်မျှော်နေတဲ့ တစ်စုံတစ်ယောက်..အစရှိသဖြင့် ရှူထောင့် ၄ခုကနေ ဇာတ်လမ်း ၄ပုဒ် တည်ရှိနေပြီးတော့ ညမိုးချုပ် အချိန် ပဟေဠိဆန်တဲ့စားသောက်ဆိုင်တစ်ဆိုင်ကို ဓားစိုက်နေတဲ့ လူတစ်ယောက် ရောက်ရှိလာချိန်မှာပဲ ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ဟာ စတင်လာပါတော့တယ်။ဒီ ...
movie
The Killers (2024)
5.5
Real (2017)
Real (2017)************ကိုးရီးယားရဲ့ နာမည်ကျော် မင်းသား Kim Soo Hyun နဲ့ မင်းသမီး Sulli တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး US$ 7 သိန်းအကုန်အကျခံရိုက်ကူးခဲ့တဲ့ Action ဇာတ်ကားဖြစ်ပါတယ် .. ။ဒီဇာတ်ကားမှာ နာမည်ကျော်မင်းသမီးတွေဖြစ်တဲ့ Suzy, IU , Ahn Soo He နဲ့ မင်းသား Park Seo Joon တို့ကလည်း Cameo အနေနဲ့ ပါဝင်ထားပေးပါသေးတယ်။Suzy ဆိုရင် ဆေးမှင်ကြောင်ထိုးပေးတဲ့အမျိုးသမီးအဖြစ် စက္ကန့်ပိုင်းလေး သရုပ်ဆောင်ဖို့ကို ၁၂နာရီလောက် အချိန်ကုန်ခံပြီး ယာယီတက်တူးတွေ တစ်ကိုယ်လုံးမှာ ဆေးခြယ်ပြီးမှကို သရုပ်ဆောင်ပေးခဲ့တာပါ။ဇာတ်လမ်းအကျဉ်းကတော့ .. ***********************ဂျန်ထယ်ယောင်းဆိုတဲ့ သတင်းရေးဆရာတစ်ယောက်က မူးယစ်ဆေးစွဲနေပြီး ဝေဒနာခံစား နေရတဲ့ သူ့ရဲ့ချစ်သူကို မကြည့်ရက်လို့ သတ်ပစ်မိသွားခဲ့ရာကနေ ခန္ဓာကိုယ်တစ်ခုတည်းမှာတင် စိတ်နှစ်မျိုးကွဲသွားတဲ့ ဝေဒနာလိုစတင်ခံစားလာရတယ် .. ။ကြမ်းတမ်းခက်ထန်တဲ့ ဂျန်ထယ်ယောင်းက နောက်ထပ်စိတ်ခွဲတစ်ခုအနေနဲ့ ပေါ်လာခဲ့ပြီး အဲဒီဝေဒနာကိုကုသဖို့ စိတ်ရောဂါဆရာဝန်နဲ့ ကုသရင်း ကြမ်းတမ်းတဲ့စိတ်ဖြစ်လိုက် နူးညံ့တဲ့စိတ်ဖြစ်သွားလိုက်နဲ့ ပြောင်းလဲနေခဲ့ပါတယ် .. ။တစ်နေ့ ...
movie
Real (2017)
Her Hobby (2023)
Her Hobby (2023)အရိုးစွဲနေတဲ့ဓလေ့နဲ့ နိမ့်ရာကိုလှံစိုက်တတ်ကြတဲ့ လူ့သဘာဝကတော့ နေရာတိုင်းမှာရှိစမြဲပါပဲဒီဇာတ်လမ်းအကျဉ်းကတော့ ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းပြီး ရွာကိုပြန်ရောက်လာတဲ့ ဂျောင်အင်းကို ရွာကလူတွေဟာ ရှေ့မှာပေါ်တင်တစ်မျိုး၊ နောက်ကွယ်မှာတစ်ဖုံ အမျိုးမျိုးကဲ့ရဲ့ပြောဆိုနေကြတာပါတစ်ကောင်ကြွက်လိုဖြစ်နေတဲ့ဂျောင်အင်းကို နိုင်စားရာလိုမြင်နေကြတဲ့အတွက် ခိုကိုးရာမဲ့နေခဲ့တာပါအဲလိုနဲ့ ရွာကိုအသစ်ပြောင်းလာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ခင်မင်ပြီးတဲ့နောက် ဂျောင်အင်းဟာ ခံယူချက်တွေပြောင်းလာပြီး ရွာကလူတွေကို လက်စားချေပါတော့တယ်မိန်းကလေးတွေဆို ပြောချင်ဆိုချင်ကြတဲ့လောကကြီးက ဂျောင်အင်းအတွက် ဘယ်လိုလောကကြီးဖြစ်မလဲ... ဂျောင်အင်းကရော နောက်ဆုံးမှာ ဘယ်လိုမျိုးတုံ့ပြန်မလဲဆိုတာ ကြည့်ရှုပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Mystery Quality…. 1080p | 720p File size… 1.4GB | 679MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie
Her Hobby (2023)
2023
7.6
Decision to Leave (2022)
Decision to Leave ( 2022) ----------------------- ဒီရုပ်ရှင် နာမည်စထွက်ကတည်းက ပတ်ချန်းဝုရိုက်ပြီး Lust Cautionတစ်ကားနဲ့တင် ဆင်ဆာစပယ်ရှယ်မိထားတဲ့ ထျန်းဝေက အဓိကသရုပ်ဆောင်ထားတာမို တော်တော်လေး မျှော်နေခဲ့တာပါ။ ထျန်းဝေမှာလည်း သရုပ်ဆောင်သာကောင်းတယ် တရုတ်ပြည်ကမကြည်တာမို ပိုင်ကန်ရဲ့ long daysတို အန်းလီရဲ့ Lust cautionတိုကလွဲ ဘာကားမှကောင်းကောင်းများများမရှိလှဘူးမလား။ နောက် ဆရာပတ်ကတော့ သိကြတဲ့အတိုင်း Old Boyကားနဲ့ လျှမ်းလျှမ်းတောက်ခဲ့ပြီး အနောက်ကမ္ဘာကပါ ပြန်ရိုက်ရသလို တောင်ကိုရီးယားဒါရိုက်တာတွေထဲ သူ့ကိုကြိုက်တဲ့သူလည်းတော်တော်များပါတယ်။ ရိုက်သမျှကားအကုန်လည်း ရှယ်တွေချည်းပဲကိုး၊ပ တ်ချန်းဝုဟာ တောင်ကိုရီးယားရုပ်ရှင်လိုင်းမှာ လီချန်းဒုံပြီးရင် ကျွန်တော့်အတွက်တော့ ကားအသစ်အထွက်စေချင်ဆုံး ဒါရိုက်တာပါပဲ။ ဆရာကြီးလီကတော့ ထွက်မလာပေမဲ့ ပတ်ချန်းဝုကတော့ ထွက်လာပါပြီ ဒီရုပ်ရှင်ကိုလည်း အင်္ဂလိပ်စာဖိုင်မထွက်သေးတာကြောင့် ဇာတ်လမ်းတော့ သေချာမကြည့်ရသေးပေမဲ့ စီနီမာတိုဂရပ်ဖီတွေပတ်ကြည့်ထားတာတော့ အကုန်အပျံစားတွေချည်းပါပဲ။ စီနီမာတွေကိုချည်း ထိုင်ကြည့်နေရင်တောင် ပျင်းစရာကိုမရှိပါဘူး။ ပတ်ချန်းဝုရဲ့ အရည်အသွေးမကျဘဲ ပတ်ချန်းဝုကားပီပီသသနဲ့ထွက်လာတယ်ပြောရပါမယ်။ ဇာတ်အိမ်ကိုတော့ သေချာမကြည့်ရသေးဘူးပေါ့။ ...
movie
Decision to Leave (2022)
2022
7.8
Josée(2020)
Josée(2020)အညွှန်း*******************IMDb...7.8တစ်လောတုန်းက Start Up စီးရီးနဲ့ ဟန်ဂျီးဖြောင်းလောက်မကောင်းဘူး ဘာညာ ဝေဖန်ခံခဲ့ရတဲ့နမ်ဒိုဆမ်းရဲ့ ကားသစ်လေးလာပါပြီ....သို့ပေမဲ့ မင်းသားNam Joo-Hyuk ကတော့ အမာခံဖန်တွေလျှော့သွားတာရယ်တော့မဟုတ်...Nam Joo Hyuk နဲ့ Han Ji Min တို့ကို ဒုတိယအကြိမ်တူတူတွဲတွေ့ရတာဖြစ်ပြီးဒီကားလေးက 2003 လောက်ကထွက်ထားတဲ့ Japan movie "Josee, The Tiger and The Fish"ကို remake ပြန်ရိုက်ထားတယ်လို့ဆိုပါတယ်....Nam Joo Hyuk ကတော့ ကြင်နာတတ်တဲ့ တက္ကသိုလ်ကျောင်းသားလေးအဖြစ်သရုပ်ဆောင်ထားပြီးHan Ji Min ကတော့ မသန်မစွမ်းကောင်မလေးအဖြစ်သရုပ်ဆောင်ထားပါတယ်...သူတို့ ဘယ်လို့တွေဆုံကြမလဲ...အချစ်ဆိုတာကရော ဘယ်လိုမျိုးလဲ...တခြားသူတွေအမြင်တစ်ခုက အရေးပါနေလား...ဆောင်းရာသီလေးမှာ စောင်ခြုံပြီး ကော်ဖီတစ်ခွက်ရဲ့ ရနံနဲ့ ရစ်မူးလို့ကောငး်မဲ့အချစ်ဇာတ်လမ်းလေးမို့ ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Phyu Zawပဲဖြစ်ပါတယ်... File Size :(1.2GB) and (550 MB) Quality : HDRip 720p Format…mp4 Duration…01:57:00 Genre ...
movie
Josée(2020)
6.8
Samjin Company English Class (2020)
ဒီဇာတ်ကားကိုတော့ ၁၉၉၅ခုနှစ်မှာ အခြေခံထားပါတယ် လီဂျာယောင်း ဂျောင်ယူနာ ရှင်းဘိုရမ်ဆိုတာ တက္ကသိုလ်ဆက်မတက်နိုင်တဲ့ အထက်တန်းကျောင်းထွက်တွေဖြစ်ကြပေမယ့် ဘဝကိုကြိုးကြိုးစားစားနေထိုင်ကြပြီး ဆမ်ဂျင်းအီလက်ထရောနစ်ကုမ္ပဏီရဲ့အမျိုးသမီးဝန်ထမ်းတွေလည်းဖြစ်ကြပါတယ် အလုပ်မှာထူးချွန်သူတွေဖြစ်ကြပေမယ့် တက္ကသိုလ်မတက်နိုင်ခဲ့တော့ အဆင့်အတန်းခွဲခြားခံရင်း တစ်နေ့မှာ မန်နေဂျာဖြစ်နိုင်ဖို့ မျှော်လင့်နေကြတဲ့သူတွေပေါ့ ဒီလိုနဲ့ တစ်နေ့ ကုမ္ပဏီမှာ TOEIC အမှတ်၆၀၀ကျော်ရင် မန်နေဂျာဖြစ်နိုင်တယ်လို့ ကြေညာစာထွက်လာခဲ့တယ် အဲဒီအချိန်ကစပြီး သူငယ်ချင်း၃ယောက် ကြိုးစားပမ်းစား အင်္ဂလိပ်စာသင်ခဲ့ကြတယ် တစ်ချိန်တည်းမှာပဲ ကုမ္ပဏီရဲ့ရှေ့ရေးကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတရားမဝင်စွန့်ထုတ်မှုတွေ ကြုံတွေ့လာရတဲ့အခါ မန်နေဂျာဖြစ်ဖို့ကြိုးစားနေတဲ့ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို ထိခိုက်မလာစေဖို့ ဒီတရားမဝင်စွန့်ထုတ်မှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိလဲ ဒီကုမ္ပဏီကို ဘယ်လိုတွေကာကွယ်ရမလဲ ဘယ်သူ့လက်ထဲကနေ ကာကွယ်ရမလဲဆိုတာ ဒီကားထဲမှာ စောင့်ကြည့်လိုက်ကြရအောင် မင်းသမီး၃ယောက်လုံးကိုတော့ ကိုရီးယားဒရာမာပရိသတ်တွေ သေချာပေါက်ရင်းနှီးနေမှာအမှန်ပါပဲ စုပေါင်းခြင်းသည်အင်အားဆိုတဲ့ ဆိုရိုးစကားကို ဒီဇာတ်ကားလေးထဲမှာ အသေအချာတွေ့နိုင်ပါလိမ့်မယ် နောက်ပြီးတော့လည်း သူငယ်ချင်းသံယောဇဉ် အထက်လူကြီးတစ်ယောက်ရဲ့မေတ္တာ အလုပ်ခွင်သံယောဇဉ်နဲ့ယုံကြည်မှုတွေကို အပြည့်အဝခံစားရပါလိမ့်မယ် သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ ညွှန်းပေးချင်ပါတယ် Translated by : Phue Nge Nge Thein Encoded by : Thit San Khant Quality : 1080p and 720p File Size : 1.16 Gb and 541 Mb
movie
Samjin Company English Class (2020)
2020
8.6
Parasite (2019)
(Unicode)ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Bong Joon-Ho ရဲ့ နောက်ထပ် ပြောင်မြောက်တဲ့လက်ရာတစ်ခုပါပဲ။ဒီဒါရိုက်တာကို မသိရင်တောင် သူရိုက်ခဲ့တဲ့ Mother တို့ Memories of murder တို့ကို သိကြမှာပါ။အခုလည်း ဒီရုပ်ရှင်ဟာ 2019 Cannes ရုပ်ရှင်ပွဲတော်ရဲ့ The Palme d'Or ဆုကို ဆွတ်ခူးသွားပြီး ကမ္ဘာကျော်သွားခဲ့ပြန်ပါတယ်။ဒီကားကို ရုံမှာကြည့်ခဲ့တဲ့ သူတိုင်းလည်း ရင်သပ်ရှုမောနဲ့ အကြိုက်တွေ့ခဲ့ရတာချည်းပါပဲ။အခုတင်ပေးထားတဲ့အထဲမှာတော့ ရုံမှာမပါလိုက်တဲ့ အခန်းတစ်ခု အပိုပါပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လိုညွှန်းရမှန်းကိုမသိပါဘူး။ဇာတ်လမ်းကတော့ ဆင်းရဲသားမိသားစု တစ်စုဟာ လူချမ်းသာမိသားစုတစ်ခုဆီက လှည့်စားအမြတ်ထုတ်နေရင်း မထင်မှတ်တာတွေ အများကြီးဖြစ်လာတာဆိုပါတော့။ဒီရုပ်ရှင်မှာ ချဲ့တွေးရင်တွေးနိုင်သလောက် သဘောတရားတွေ အများကြီးပြထားပါတယ်။ရိုက်ချက်တွေ ဒါရိုက်တာပြထားတာတွေကလည်း ခံစားရင်ခံစားနိုင်သလောက် သဘောကျစရာတွေ ပြည့်နေတာပါ။ဒီတော့ အရမ်းကောင်းတယ် ကြည့်ကိုကြည့်သင့်တယ်လို့ပဲ ညွှန်းချင်ပါတော့တယ်။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်... File ...
movie
Parasite (2019)
2019