Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jung Kyung-ho
6.4
A Bloody Aria (2006)
A Bloody Aria (2006) **********************Memoir Of A Murderer ရုပ်ရှင်ကို ရိုက်ကူးဖန်တီးခဲ့တဲ့ ဒါရိုက်တာကြီး Won Shin Yun ရဲ့ IMDb 6.4 ရှိတဲ့ ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်…။ ဒါရိုက်တာ Won Shin Yun ရဲ့ ပုံစံအတိုင်း ဇာတ်လမ်းအမျိုးအစားကလည်း Thriller, Black Comedy ပုံစံမျိုးဖြစ်ပြီး ဒါရိုက်တာကိုယ်တိုင်ပဲ ဇာတ်လမ်းကို ရေးသားခဲ့တာပါ…။ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ ဒေါက်တာဂင်(ဂင်ဆာဘူ)အနေနဲ့ လူသိများကြတဲ့ Dr. Romantic စီးရီးထဲက သရုပ်ဆောင် Han Suk Kyu ၊ ကိုရီးယားကား ကြည့်တဲ့သူတိုင်း တစ်ကားကားမှာတော့ မြင်ဖူးနိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင်တွေဖြစ်တဲ့ Lee Moon Sik နဲ့ Oh Dal Su တို့အပြင် အမျိုးသမီးဇာတ်ဆောင်အနေနဲ့ Battle For Happiness , Glamorous Temptation စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ ...
movie
A Bloody Aria (2006)
6.7
Dutiful Son (2022)
Dutiful Son (2022)********************IMDb... 6.7 ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါး ဇွန်ဘီ ဟာသကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းလေးကတော့ ဂီဟိုတို့ ညီအစ်ကို ၅ယောက်ဟာ သူတို့ရဲ့ မိခင်ဖြစ်သူကြီးဆုံးပါးသွားပြီးနောက် မိခင်ဖြစ်သူ သက်ရှိစဥ်မှာ ကျေးဇူးမဆပ်နိုင်ခဲ့အတွက်ယူကြုံးမရ အတိဖြစ်နေတော့တာပေါ့။အဲဒါအပြင်ကိုမှ လယ်ကွက်တွေကို ညီတွေမသိအောင် ရောင်းခဲ့တဲ့အတွက်အစ်ကိုအကြီးဆုံးနဲ့ ညီငယ်တွေဟာလည်း အဆက်မပြတ် အချင်းများနေရရှာပါတယ်။အဲဒီလိုနဲ့ တစ်ရက် သူတို့ရန်ဖြစ်နေတဲ့အချိန်မှာပဲ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ဖြစ်သူဟာသူတို့ညီအစ်ကိုတွေ ရှေ့ကို ပြန်လည်ရောက်ရှိလာပါတော့တယ်။ဒါပေမဲ့ ပုံမှန်အတိုင်း ရောက်ရှိလာတာ မဟုတ်ဘဲ ဇွန်ဘီအဖြစ်နဲ့ ရောက်ရှိလာတဲ့အခါမှာတော့...ညီအစ်ကိုတစ်သိုက် ဇွန်ဘီဖြစ်သွားတဲ့ မိခင်ကြီးနဲ့ ဘယ်လိုစခန်းသွားကြမလဲဆိုတာကိုတော့ဇာတ်ကားလေးထဲမှာပဲ ရှုစားကြည့်လိုက်ပါဦးရှင်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ MMyo ပဲ ဖြစ်ပါတယ်။) File Size : 2.13GB/ 1.0GB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:21:55 Genre : Horror, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by MMyo Encoded ...
movie
Dutiful Son (2022)
6.7
All for Love (2005)
All for Love (2005) ********************IMDb 6.7 ရှိပြီး နာမည်ကြီး မင်းသမီးကြီး Uhm Jung Hwan နဲ့ မင်းသားကြီး Hwang Jung Min တို့ ပါဝင်ထားတဲ့ အချစ်၊ဟာသ ဇာတ်လမ်းလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်…။အားလုံးရဲ့အချစ်တော် Jung Kyung Ho ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်သလို မင်းသမီး Kim Yoo Jung ကလည်း ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါသေးတယ်…။ဒီဇာတ်လမ်းလေးကတော့ ဆိုးလ်မြို့ရဲ့ တစ်ပတ်တာအတွင်း ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကို ဖန်တီးထားတာဖြစ်ပါတယ် ..ပုံတုံးတုံးစုံထောက်နာနဲ့ စိတ်ပညာရှင်ဟောယူဂျောင်တို့ရဲ့အချစ်ဇာတ်လမ်း...။ငွေကြေးအခက်အခဲတွေ အကြွေးတွေနဲ့ပြည့်နေတဲ့ ညားခါစစုံတွဲ ချန်းဟူနဲ့ ဆွန်းအယ်တို့ရဲ့ ဇာတ်လမ်း…။စိတ်ဝေဒနာကြောင့် ကုသမှုခံနေရတဲ့ အရင်က သီလရှင်ဖြစ်ခဲ့ဖူးတဲ့ ဆူဂယောင်းနဲ့ .. ရောဂါကြောင့် အိပ်ရာထဲလဲနေရတဲ့ နာမည်ကြီးအဆိုတော် ဂျောင်ဟွန်းတို့ရဲ့ အချစ်ဇာတ်လမ်း…။ဘတ်စကတ်ဘောကစားသမား ဘတ်ဆောင်းဝမ်နဲ့ ရောဂါသည်သမီးရဲ့ သံယောဇဥ်...။အချစ်ကို စတင်တဲ့သူတွေ၊ အချစ်တစ်ခုကို အဆုံးသတ်တဲ့သူတွေ၊ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေနဲ့ လူပေါင်းများစွာရဲ့ တစ်ပတ်အတွင်း ဖြစ်ပျက်သွားတဲ့ ...
movie
All for Love (2005)
6.5
Galatea (2025)
Galatea (2025)****************The Great Queen Seondeok နဲ့ 49 Days ဒရမ်မာတွေထဲက မင်းသမီး Lee Yo Won နဲ့The Scandal of Chun Hwa, Under the Queen's Umbrella ထဲက Chani တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ AI နည်းပညာတွေ ခေတ်စားလာတဲ့ အခုလို ခေတ်ကြီးထဲမှာ လူသားအသွင်သဏ္ဌာန်နဲ့AI service သာ ရှိခဲ့မယ်ဆိုရင် သင်ရော ဘယ်လိုပုံစံနဲ့ မှာယူချင်ပါသလဲ..ဒီကားလေးထဲမှာတော့ လူသားတွေကိုယ်စား နှစ်ပေါင်းများစွာ အကြွေးဆပ်ပေးမဲ့ AI,အတိတ်က သတ္တိမရှိခဲ့လို့ လက်လွှတ်ခဲ့ရတဲ့ မိန်းကလေးနဲ့ ပုံစံတူ AI, ကိုယ်မသေခင်ကိုယ့်ရဲ့ အချက်အလက်ပေါင်းစုံကို update လုပ်ထားခဲ့လို့ရပြီး ကိုယ်သေသွားပြီးနောက်မှာတောင် ကိုယ့်အလုပ်တွေကို ဆက်လုပ်ပေးနေဦးမဲ့ AI...အစရှိသဖြင့် စိတ်ကူးယဉ် လူသား AI အမျိုးမျိုးအစားစားကို ...
movie
Galatea (2025)
6.3
Herb (2007)
Herb (2007) *************2007 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီကားလေးကတော့ Chunsa Film Art Awards အပါအဝင် Best New Actor Award ,Excellent Actor Award ဆုတွေပါ ရရှိထားပြီး Cast တွေအနေနဲ့ကလည်း မင်းသမီးကြီး Bae Jong-Ok , ချစ်စရာမင်းသမီးလေး Kang Hye -Jung နဲ့ မင်းသားချော Jung Kyung -Ho တို့မှ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်း ~ချာဆန်းအွန်းဆိုတဲ့ အသက်၂၀ အရွယ်ကောင်မလေးဟာ ရုပ်လေးလည်း လှသလို စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့အပြင် စက္ကူရုပ်မျိုးစုံကိုလည်း ခေါက်တတ်တဲ့ ပါရမီပါသူလေးပါ။ ဒီလို ပြီးပြည့်စုံပေမဲ့လည်း သူမဟာ ဉာဏ်ရည်နှောင့်နှေးတဲ့ရောဂါကို ခံစားနေရတာကြောင့် အသက် ၇နှစ်အရွယ် ဉာဏ်ရည်ကိုသာ ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ် ။ဒီလိုမျိုး လူ့လောကအကြောင်းကို အပြည့်အဝနိုင်လည်နိုင်စွမ်းမရှိဘဲ ပုံပြင်ထဲက မင်းသားလေးကိုပဲ စောင့်မျှော်နေပြီး ကလေးတစ်ယောက်လို ဖြူစင်လှတဲ့ ဆန်းအွန်းလေးကိုယ်တိုင် အရာရာကို ကိုယ့်အားကိုယ်ကိုးပြီး လုပ်နိုင်ဖို့ အတွက် သူမ အရမ်းချစ်ရတဲ့အမေက အမြဲတမ်း ...
movie
Herb (2007)
6.3
When Romance Meets Destiny (2005)
When Romance Meets Destiny (2005)**********************************ဒီတစ်ခါမှာတော့ ၂၀၁၅ တုန်းက ထွက်ရှိခဲ့တဲ့ .. အကျင့်စရိုက်လည်း မတူ အချစ်ပေါ်ထားရှိတဲ့ သဘောထားလည်း ကွဲပြားတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော် ..ဒီကားလေးထဲမှာတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Kim Joo Hyuk, Bong Tae Gyu, Lee Yo Won, Kim Ah Joon, Jung Kyung Ho အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ် ..ဇာတ်လမ်းအညွှန်း ***************အစ်ကိုဖြစ်သူ ဂွမ်ရှစ်ကတော့ တအားအရှက်အကြောက်ကြီးပြီး မိန်းကလေးတွေနဲ့ဆို စကားသေချာမပြောရဲတဲ့ လူရိုးလူအေးကြီးပါ ..ညီဖြစ်သူ ဂွမ်ထယ်ကတော့ အစ်ကိုဖြစ်သူနဲ့ မတူဘဲ ရည်းစားထည်လဲတွဲနေတဲ့ လူရှုပ်လူပွေတစ်ယောက်ပေါ့ ..တစ်နေ့မှာတော့ ဂွမ်ရှစ်က တက္ကသိုလ်တက်တုန်းက သူတစ်ဖက်သတ်ကြိုက်ခဲ့ဖူးတဲ့ ဂျူနီယာမလေး ယွန်းဂယောင်းနဲ့ ၇ နှစ်နေမှ ပြန်တွေ့လိုက်ရပါတော့တယ် ..တစ်ချိန်တည်းမှာပဲ ညီဖြစ်သူ ဂွမ်ထယ်ကလည်း မာရသွန်ပြေးပွဲမှာ ဂယောင်းဂျယ်ဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပါတယ် ...
movie
When Romance Meets Destiny (2005)
The Man from Nowhere (2010)
IMDb Rating(7.8) / Rotten Tomatoes (100%)မြန်မာပရိတ်သတ်ကြီးရဲ့ ငယ်ကျွမ်းဆွေမင်းသားကြီးလဲဖြစ် မြန်မာပြည်သူအသဲနှလုံးကို ရိုက်ခတ်ခဲ့တဲ့ <<<ဆောင်းရွက်ဦးရွက်ကြွေ ချစ်သက်သေ>>>ဇာတ်ကားမှ မင်းသား ထယ်စောက် လို့လူသိများတဲ့မင်းသား(Won Bin) ရဲ့ ကျော်ကြားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာဖြင့် ကိုရီးယားမှာ ရုံတင်ပြသရာမှာ ၄ပတ်ထဲနဲ့ ကြည့်ရှူ.သူ ၄,၀၄၇,၂၂၇ ကျော်ခဲ့လို့ စံချိန်တင်ဇာတ်ကားတစ်ကားဖြစ်ရပ်တည်ခဲ့ပါတယ် ။ ခုခေတ်မှာ အောင်မြင်နေတဲ့ John Wick ဟာ ဒီကားကို အတုယူထားတာဖြစ်တယ်လို့ ဒါရိုက်တာမင်းများက ဆိုထားခဲ့ဖူးပါတယ်။ ဒီကားထဲမှာ ထယ်စောက်ရဲ့ အက်ရှင်ဇာတ်ကြမ်းကို ကြည့်ရမှာဖြစ်တဲ့အပြင် တစ်ချို့အပိုင်းဒရာမာလေးတွေကလည်း ရင်ကိုထိစေပါလိမ့်မယ်။ဇာတ်လမ်းအကြမ်းဖျဉ်းကတော့မင်းသားဖြစ်သူဟာ စစ်ဘက်ထောက်လှမ်းရေးကနေထွက်ပြီး ဇာတ်မြုပ်နေထိုင်သူတစ်ယောက်... သူ့အိမ်လေးဘေးက ကလေးမလေးဟာ တေလေဂျပိုးသူခိုးမလေး။ သူက အပေါင်ဆိုင်လေးဖွင့်ထားတော့ ခိုးလို့ရသမျှပစ္စည်းတွေ သူ့ဆီလာပေါင်ရင်း တစ်စွန်းတစ်စ ရင်းနှီးလာကြတယ်။ ဒါပေမယ့် ကောင်မလေးရဲ့ အမေက ဆေးသမားဖြစ်နေတော့ မမျှော်လင့်ထားတဲ့ ဇာတ်ရှုပ်တွေက မင်းသားဆီကို ဆက်နွှယ်လာပါတော့တယ်။ ကလေးမလေး အဖမ်းခံရတဲ့အချိန်မှာ ထယ်စောက်တစ်ယောက်က ယခင်အတိတ်ကသူကြမ်းခဲ့တဲ့အတိုင်း ပြန်ကြမ်းလာပြီး ကလေးမလေးကို ...
movie
The Man from Nowhere (2010)
6.3
Roman Holiday (2017)
Roman Holiday (2017) ********************လူမိုက်လုပ်နေပေမဲ့ နဂိုစိတ်ထားက အရမ်းကောင်းနေကြတော့...ပြန်ပေးဆွဲတာတောင် ဓားစာခံတွေကို ပျော်အောင်ထားပေးမယ့်...သူငယ်ချင်းသုံးယောက်ရဲ့ ကိုရီးယားဟာသ ဇာတ်ကားလေးဖြစ်ပါတယ်။Cast တွေအနေနဲ့ကတော့ movie ပေါင်းများစွာမှာ ပါဝင်ခဲ့ကြတဲ့ မင်းသားတွေဖြစ်တဲ့...Im Chang Jung နဲ့ Gong Hyung Jin တို့အပြင်...ဟာသcharacter တွေနဲ့ လူသိများတဲ့ မင်းသား Jung Sang Hoon တို့က..သုံးယောက် squad အနေနဲ့ chemistry မိမိပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း --------------အင်ဟန် (Im Chang Jung), ဂီဂျူ (Gong Hyung Jin)နဲ့ ဒူမန် (Jung Sang Hoon) တို့က..ငယ်ငယ်ကတည်းက မိဘမဲ့ကျောင်းမှာ ခင်မင်ခဲ့ကြတဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေပါ။မိဘတွေမရှိဘဲ ကြီးပြင်းလာကြတဲ့ သူတို့အတွက် တခြားငွေကြေးဥစ္စာပိုင်ဆိုင်မှုတွေ မရှိပေမဲ့..ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် အမြဲဘေးမှာအဆင်သင့်ရပ်တည်ပေးခဲ့ကြတဲ့...ညီအစ်ကိုလိုသူငယ်ချင်းတွေတော့ ပိုင်ဆိုင်ခဲ့ကြတယ်။ တစ်နေ့မှာတော့ သူတို့သုံးယောက်က..ပိုက်ဆံသယ်လာတဲ့ ကုန်တင်ကားတစ်စီးကို ဓားပြတိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ဓားပြတိုက်တဲ့နေရာမှာ ...
movie
Roman Holiday (2017)
6.6
Gangster High (2006)
Gangster High (2006) ******************** CM ပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ 2006 ခုနှစ်တုန်းက ထွက်ခဲ့တဲ့Gangster High ဆိုတဲ့ ကျောင်းသားအက်ရှင်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ Hospital Playlist ထဲက မင်းသားကြီး Jung Kyung-Hoကဆန်းဟိုအဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပြီးကျောင်းသားဖိုက်တာဇာတ်ကားတွေမှာ တွေ့ရလေ့ရှိတဲ့ မင်းသား Lee Tae-Sungကဂျယ်ဂူအဖြစ် ပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ..ဆန်းဟိုတို့ သူငယ်ချင်းတစ်စုဟာ ကျောင်းမှာ“တိုက်ဂါး”ဆိုတဲ့ နာမည်နဲ့ ဘောလုံးအသင်း ဖွဲ့ထားပါတယ်။ကျောင်းမှာအငယ်တွေကို အနိုင်ကျင့်တဲ့ စီနီယာကျောင်းသားတွေပါ တိုက်ဂါးအဖွဲ့ဝင် ဖြစ်လာတဲ့နောက်ပိုင်းမှာတော့အခြားကျောင်းသားတွေရဲ့အမြင် စတင်ပြောင်းလဲလာခဲ့ပါတယ် ..ဒီလိုနဲ့ အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်ကအခြားကျောင်းက ဂိုဏ်းခေါင်းဆောင်ရဲ့ ရည်းစားဟောင်းကို စပြီးမေတ္တာသက်ဝင်မိရာကတိုက်ဂါးအဖွဲ့ဟာ ဂိုဏ်းစတားတိုက်ပွဲကြားထဲကို ရောက်ရှိသွားခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ သူငယ်ချင်းတစ်သိုက် ဘယ်လိုဒုက္ခတွေရောက်ပြီး ပြဿနာပေါင်းစုံကို ဖြေရှင်းကြမလဲဆိုတာကားလေးထဲမှာ ကြည့်ရှုခံစားကြပါဦးနော် ..(အညွှန်းကို Zuri Htoo မှ ရေးသားပေးထားပါတယ်။)File size…1.97GB / 773MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ...
movie
Gangster High (2006)
Manhole (2014)
Manhole (2014)**************Hospital Playlist ထဲမှ Jung Kyung-ho၊ The School Nurse Files ထဲမှJung Yu-mi၊ Mirror of the Witch ထဲမှ Kim Sae-ron နဲ့ တခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ Manhole ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားအညွှန်း-မိဘတွေကွယ်လွန်သွားပြီးနောက် စကားမပြောတတ်တဲ့ ဆူဂျောင်းကိုအစ်မဖြစ်သူ ယွန်းဆောက အစ်မကြီး အမိရာပီပီ စောင့်ရှောက်ပေးပြီးနှစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့သူတွေပါ။ဒါပေမဲ့ သူတို့မြို့နယ်လေးမှာ လူပျောက်တဲ့အမှုတွေက တစ်နေ့တခြားပိုပိုများလာပေမဲ့ ဘာသဲလွန်စမှ မကျန်တဲ့အတွက် ရဲဘက်ကလည်းစုံစမ်းစစ်ဆေးရာမှာ အရာမရောက်ဘဲ ခေါင်းခဲနေရသလိုပြည်သူတွေလည်း အထိတ်ထိတ်အလန့်လန့်နဲ့ သွားလာနေရတာပေါ့။တစ်နေ့ အလုပ်ကနေအိမ်ကို နောက်ကျမှပြန်လာတဲ့ ယွန်းဆောကိုဆူဂျောင်းက သွားကြိုရင်းနဲ့ မသင်္ကာစရာကောင်းတဲ့သူနဲ့ တွေ့ပြီးဆူဂျောင်းပျောက်သွားတဲ့အခါမှာတော့...ယွန်းဆောတစ်ယောက် ပျောက်သွားတဲ့ ညီမလေးကို ဘယ်လိုလိုက်ရှာမလဲ။ဘယ်မှာပြန်တွေ့ပြီး ဘယ်လိုကြောက်မက်ဖွယ်ကောင်းတာတွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုပေးပါဦးနော်။(ထိတ်လန့်ဖွယ် ဇာတ်ဝင်ခန်းတွေပါလို့ အသက်မပြည့်သေးတဲ့သူများ မကြည့်ရလို့သတ်မှတ်ထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။)File size…1.30GB ...
movie
Manhole (2014)
5.6
Fasten Your Seatbelt (2013)
Fasten Your Seat Belt (2013)Hospital playlistနဲ့ crash course in romanceထဲက မင်းသားချော Jung Kyung Ho ရဲ့ ဘဝအမောပြေစေမယ့် ဟာသဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေအများကြီး ပါဝင်ထားတဲ့အပြင် ကျွန်တော်တို့ရဲ့နာမည်ကျော်ဖိုက်တာကြီး မာဒုန်ဆော့ကိုလည်း မြင်တွေ့ရဦးမှာပါ။ဂျပန်လူမျိုးတွေကိုတောင် ကိုရီးယားအဆဲစကားလုံးတွေ သင်ချင်လာစေတဲ့အထိ ပေါက်သွားတဲ့ Mr Profanityဆိုတဲ့ ဇာတ်ကားထဲက ဇာတ်လိုက်ကျော်အဆဲဘုရင်ကြီး မာဂျွန်ဂူတစ်ယောက် ရာဇဝင်ကားရိုက်ဖို့အတွက် တိုကျိုကနေကိုရီးယားကို လေယာဉ်စီးပြီး ပြန်လာရဖို့ဖြစ်လာတာပေါ့။ ဒီလိုနဲ့ လေယာဉ်ပေါ်ရောက်တော့လည်း ပရိသတ်တွေနဲ့တွေ့ပြီး အလွဲလေးတွေစဖြစ်လာတော့ မာဂျွန်ဂူတစ်ယောက် အဆဲဘုရင်ဇာတ်ကောင်မုဝင်ပြီး ဆဲချင်စိတ်ကတဖွားဖွားပါပဲ။ခရီးစဉ်က လေယာဉ်စမထွက်ခင်ကတည်းက အဆင်မချောရတဲ့ထဲ လေယာဉ်ထွက်ဖို့ကနောက်ကျတဲ့အပြင် လေယာဉ်က မုန်တိုင်းမိပြီး လေဆိပ်ကိုဆင်းမရဖြစ်လာချိန်မှာတော့ အူကြောင်ကြားခရီးသည်တစ်သိုက် အဆင်မြင်ငမ်းချင်တဲ့ လေယာဉ်မယ်တွေကတစ်ဖုံနဲ့ မာဂျွန်ဂူရဲ့ အလွဲပေါင်းသောင်းခြောက်ထောင်ကိုရှုစားရင်း ဘဝအမောတွေ ဖြေဖျောက်လိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou တို့ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File ...
movie
Fasten Your Seatbelt (2013)
2013
5.6
Beastie Boys (2008)
Beastie Boys (2008)မိန်းမတွေကို အရက်ငှဲ့ပေး၊ ဖျော်ဖြေပေးရတဲ့ အရက်ဆိုင်က အတော်ဆုံးလို့ သတင်းကြီးတဲ့ host ကတော့ ဆွန်းဝူပဲ ဖြစ်ပါတယ်။ ဆွန်းဝူက ဒီအလုပ်ကို အချောင်ရ ခုံမင်လို့ စတင်လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ အလုပ်လက်မဲ့ ဖြစ်နေချိန် အစ်မဖြစ်သူရဲ့ ရည်းစား ဂျယ်ဟျွန်း မိတ်ဆက်ပေးတဲ့ အလုပ် night life က ခေါင်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဂျယ်ဟျွန်းကလည်း အဲဒီအလုပ်ကို လုပ်ကိုင်နေသူဖြစ်ပြီး ဆွန်းဝူရဲ့ အစ်မကလည်း တခြားအရက်ဆိုင်က စားပွဲထိုးမလေးပဲ ဖြစ်ပါတယ်။ ဒီအလုပ်ကို တစ်သက်လုံး လုပ်သွားဖို့ စိတ်ကူးမရှိတဲ့ ဆွန်းဝူက Night Life က ကောင်မလေးကို ချစ်မိခဲ့ပါတယ်။ အဲဒီကောင်မလေးနဲ့ တစ်သက်တာ အတူတူနေဖို့အထိ စိတ်ကူးရှိခဲ့တဲ့ ဆွန်းဝူတစ်ယောက် ရည်းစားက ရိုးရိုး အရက်ငှဲ့ပေးတဲ့ မိန်းကလေးမဟုတ်ဘဲ ယောက်ျားတွေနဲ့ အိပ်ပေးရတဲ့ အလုပ်လုပ်နေရမှန်း သိသွားတဲ့အခါ... တူညီတဲ့အလုပ် မတူညီတဲ့ ဘဝခံယူချက်နဲ့ ယောက်ျားနှစ်ယောက်ရဲ့ အတ္တတွေကို နှိုင်းယှဥ်ရိုက်ကူးထားပြီး တောင်ကိုရီးယား night ...
movie
Beastie Boys (2008)
2008
8
Men of Plastic (2022)
Men of Plastic (2022)(1080p ရပါပြီ)မင်းသားကြီး မာဒုန်ဆော့ရဲ့ အရင်ဇာတ်ကားတွေနဲ့ မတူတဲ့ ပုံစံကွဲမျိုး ကြည့်ရှုခံစားရမှာပါ။ Drama Comedy အမျိုးအစားဖြစ်လို့ အခွီတွေလည်း ပါဝင်ပြီး ဇာတ်ကားလေးကလည်း တော်တော်ကို စိတ်ဝင်စားစရာ ကောင်းသလို မင်းသားကြီး မာဒုန်ဆော့ရဲ့ သရုပ်ဆောင်ပီပြင်မှုကြောင့်လည်း ဒီဇာတ်ကား ကြည့်ရှုရတာ တန်တယ်လို့ ခံစားကြရမှာ သေချာပါတယ်။ အဲ့ဒီအပြင် Hospital Playlist မင်းသားကြီး ဂျောင်းဂယောင်းဟို ကလည်း အဓိကဇာတ်ဆောင်အနေနဲ့ တွဲဖက် သရုပ်ဆောင်ထားတာမို့ လက်လွတ်မခံသင့်ဘူးနော်။ဇာတ်လမ်းအကျဉ်း ...ဒယ်ဂုဆိုတဲ့ လူတစ်ယောက်က ဂန်းနမ်မြို့ရဲ့ ချမ်းသာတဲ့ ရပ်ကွက်ဖြစ်တဲ့ အာ့ဂူဂျောင်းမှာ မွေးဖွား ကြီးပြင်းလာသူ တစ်ယောက်ဖြစ်ပြီးတော့ ပလတ်စတစ် ဆာဂျရီဆေးရုံနဲ့ အရေပြားအလှပြုပြင်ရေး ဆေးရုံတွေ ပေါများတဲ့ ဆိုလ်းတောင်ပိုင်းမှာ ပလတ်စတစ် ဆာဂျရီ လုပ်ငန်းကို စတင်ချင်တဲ့ စိတ်ကူးစိတ်သန်း ရှိနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။တစ်နေ့မှာ သူက ...
movie
Men of Plastic (2022)
2022
6.4
Sunny (2008)
Sunny (2008) =========== IMDB - 6.4/10အခုတစ်ခေါက် ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ 2008 ခုနှစ်က ထွက်ရှိထားတဲ့ Drama,War,Music ဇာတ်လမ်း အမျိုးအစားလေးတစ်ခုဖြစ်တဲ့ Sunnyဆိုတဲ့ ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးမှာကတော့ မင်းသမီး Soo AE က Sunny အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပြီး၊ Hospital playlist ရဲ့ ဇာတ်ဆောင် ကြီး Jung Kyung Ho ကလည်း ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါ တယ်။ဇာတ်လမ်းအကျဉ်း .............................. ဆွန်းရီ လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်က အချစ်မပါတဲ့ အိမ်ထောင် ရေးတစ်ခုကို ရရှိထားပါတယ်။ တစ်နေ့မှာတော့ ခင်ပွန်းသည်က သူ့ကို အသိမပေးဘဲ ဗီယက်နမ်စစ်မြေပြင်ကို စစ်တိုက်ဖို့ ထွက်သွားတဲ့အချိန် မှာတော့... ခင်ပွန်းသည်ကို သူမရဲ့ အချစ်တွေကိုပြသဖို့အပြင်၊ ခင်ပွန်းသည် နဲ့ပါ တွေ့ဆုံနိုင်ဖို့အတွက် စစ်ပွဲတွေမှာ ဖျော်ဖြေကပြတဲ့ အဖွဲ့ထဲဝင်လိုက် တော့တယ်။ သူမက ဗီယက်နမ်တိုက်ပွဲတွေကြားထဲအထိသွားပြီး သူ့ရဲ့ အချစ်တွေကို ဘယ်လို ခိုင်ခိုင်မာမာ သက်သပြသွားမလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(2.4 GB) / (1.1 GB) ...
movie
Sunny (2008)
2008
6.5
DAEMUGA (2022)
Daemuga (2022)ဒယ်မူဂါဆိုတာက နတ်ဆရာအဖြစ် ချီးမြှောက်ခံရဖို့ ရွတ်ရမယ့်ဂါထာပါတဲ့အလုပ်လက်မဲ့ဖြစ်နေတဲ့ ရှင်းနမ်ဆိုတဲ့ကောင်လေးက ဘယ်လိုမှအလုပ်ရှာဖို့မရတဲ့အဆုံးတော့ နတ်ဆရာလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ဒါပေမဲ့ နတ်ဆရာလုပ်ဖို့ ပါရမီမပါလာပေမဲ့ အကြွေးတွေကြောင့် ဆက်လိမ်နေခဲ့ပါတယ် အဲလိုနဲ့ ညာစားလာရင်း အရှုပ်ထုပ်ထဲပါသွားပြီး လက်စပျောက်သွားခဲ့ပါတယ် တကယ့်နတ်ဆရာကြီးဖြစ်တဲ့ မာဆောင်းဂျွန်းနဲ့ လူမိုက် ဆွန်းအစ်ဆူတို့ အဖွဲ့ကတော့ ပိုက်ဆံအချီကြီးရဖို့အရေး ဂွင်ဖန်နေကြတဲ့သူတွေပါ ရှင်းနမ်ပျောက်သွားတဲ့ ကိစ္စမှာ နတ်ဆရာကြီးနဲ့ လူမိုက်တို့ ပါဝင်နေမလား မာဆောင်းဂျွန်းတို့ကရော သူတို့အသည်းအသန်လိုက်နေတဲ့ ကိစ္စကို အောင်မြင်နိုင်မလားဆိုတာ ကြည့်ကြပါဦးနော်မင်းသားကြီး Park Sun Woong, Hospital Playlist ထဲက Park Kyung Ho နဲ့ Ryu Kyung Soo တို့က အဓိကပါဝင်ထားပါတယ်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ််။Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.8GB | ...
movie
DAEMUGA (2022)
2022
6.3
R-Point (2004)
ဒီဇာတ်ကားကတော့ တော်တော်လေးခြောက်ခြားစရာကောင်းတဲ့ ကိုရီးယား Horror ကားပါ..အဖြစ်အပျက်က ၁၉၇၂ ခုနှစ် ဗီယက်နမ်စစ်ပွဲအတွင်းမှာ ဖြစ်ပျက်ခဲ့တာပါ..ဗီယက်နမ်တောနက်ထဲက R-Point ဆိုတဲ့နေရာမှာ တောင်ကိုရီးယားတပ်စိတ်တစ်ခုလုံးပျောက်ဆုံးသွားကြောင်းရေဒီယိုအဆက်အသွယ်ကနေတဆင့် သိလိုက်ရပါတယ်...ဒါကြောင့် သူတို့ကိုကယ်ဆယ်ဖို့ ဗိုလ်ချွဲထယ်အင်း ဦးဆောင်တဲ့တပ်စိတ်တစ်စိတ်ကို R-Point ဆီ စေလွှတ်လိုက်ပါတယ်..တပ်စိတ်တစ်ခုလုံး ဘာကြောင့်ပျောက်ဆုံးနေတာလဲ...ဘယ်လိုအကြောင်းတွေရှိနေတာလဲ....ဘယ်လိုခြောက်ခြားစရာတွေက R-Point မှာ စောင့်ကြိုနေမလဲဆိုတာ....။IMDb Rating (6.3) ရရှိထားပါတယ်။ File size…(1.8 GB) / (1 GB) / (500 MB) Quality…BluRay 1080p/720p/480p Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Myat Thet
movie
R-Point (2004)
N/A
Deja Vu ( 2018 )
လူခြေတိတ်ဆိတ်တဲ့ညတစ်ညမှာ ဂျီမင်က ခင်ပွန်းလောင်းဝူဂျင်နဲ့အတူကားမောင်းထွက်တုန်း ဝူဂျင်ကကားနဲ့ကျောင်းသူလေးတစ်ယောက်ကိုတိုက်မိခဲ့ပြီးအဲ့ဒီကျောင်းသူလေးကအခင်းဖြစ်ရာမှာပဲသေဆုံးသွားခဲ့ပါတယ်...ဝူဂျင်နဲ့ဂျီမင်တို့က သေဆုံးသွားပြီဖြစ်တဲ့ကျောင်းသူလေးကိုဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတစ်နေရာမှာလူမသိအောင်မြုပ်ထားပစ်လိုက်ပါတော့တယ်...အဲ့နေ့ကစပြီး ဂျီမင်တစ်ယောက်ထင်ယောင်ထင်မှားတွေမကြာခဏမြင်ကြားနေရပြီးသေသွားတဲ့ကျောင်းသူလေးကိုလည်းမကြာခဏသူ့ရှေ့ပေါ်လာတာကိုမြင်နေရလို့စိတ်ဂယောင်ခြောက်ခြားတွေဖြစ်နေခဲ့ပါတယ်....ဂျီမင်ကရဲစခန်းကိုသွားပြီး စုံထောက်အင်ထက်ဆီကိုအဲ့နေ့ကကားတိုက်မှုအကြောင်းကိုသွားတိုင်ကြားတဲ့အခါ အဖြစ်မှန်ကဒီတိုင်းပေါ်လာမှာလား....အဲ့ဒီသေဆုံးသွားတဲ့ကျောင်းသူလေးမှာ အဖေလိုတစ်ဖုံအစ်ကိုလိုတစ်ဖုံညီမလေးကိုအရမ်းချစ်တဲ့အစ်ကိုရှိနေမှန်းသူတို့မသိကြသောအခါ...အဲ့ဒီအစ်ကိုကရောသူ့ညီမလေးအတွက်ဘယ်လိုကလဲ့စားပြန်ချေပေးမှာလဲ....ဆိုတာဆက်လက်စောင့်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါရစေ... Translated & Review By XiaoEncoded By LK
movie
Deja Vu ( 2018 )
2018