Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jung Hae-kyun
6.4
Life Risking Romance (2016)
Life Risking Romance (2016)***************************IMDb... 6.4 လျှို့ဝှက်သည်းဖိုမှုခင်းဇာတ်လမ်းကို ဟာသလေးနှောပြီး ကြည့်ရှုလို့ရနိုင်မယ့်ဒီရုပ်ရှင်ကားမှာတော့ အားလုံးသိကြတဲ့ အမြဲနုပျိုလှပနေတဲ့မင်းသမီး Ha Ji Won,မင်းသား Chun Jung Myungနဲ့ ထိုင်ဝမ်မင်းသား Chen Bolinတို့က အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ဟန်ဂျယ်အင်း (Ha Ji Won) ဟာ လျှို့ဝှက်ဆန်းကြယ်မှုခင်းဝတ္ထုတွေကိုရေးတဲ့ စာရေးဆရာမဖြစ်ပြီးလူတွေကို သံသယစိတ်လည်းများတာကြောင့် အမြဲမှားယွင်းပြီး ရဲတိုင်နေတတ်သူပါ။သူမရဲ့တစ်ဦးတည်းသောငယ်သူငယ်ချင်းကတော့ ရဲအရာရှိ ဆောရို့ဟွမ် (Chun Jung Myung) ဖြစ်ပြီးငယ်ငယ်လေးတည်းက သူမကို တစ်ဖက်သတ်ချစ်နေတဲ့သူပေါ့။ဒီသူငယ်ချင်းနှစ်ယောက်နေထိုင်တဲ့ အီထယ်ဝန်မြို့မှာ အလောင်းကို ခရီးဆောင်အိတ်ထဲထည့်ပြီးလူမနေတဲ့အိမ်အလွတ်တွေမှာ လာလွှင့်ပစ်တတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ရှိပါတယ်။တစ်နေ့မှာတော့ ဂျယ်အင်းဟာ သူမနေတဲ့တိုက်ခန်းရဲ့အပေါ်ထပ်ကနေ အော်သံတစ်ခုကြားလိုက်ရတာကြောင့်ရဲတိုင်လိုက်ပေမဲ့ ဘယ်သူမှမယုံပေးခဲ့ကြပါဘူး။ဒါကြောင့် အဲဒီတိုက်ခန်းမှာနေတဲ့ FBI အေးဂျင့် ဂျေဆင်ချန် (Chen Bolin) ကို ကွင်းဆက်လူသတ်သမားပဲလို့ယုံကြည်ပြီး ရို့ဟွမ်နဲ့အတူ နောက်ယောင်ခံလိုက်ကြပါတော့တယ်။ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဂျယ်အင်းတစ်ယောက် ချောမောခန့်ညားတဲ့ ဂျေဆင်ချန်ကို ကြွေမိသွားတဲ့အခါမှာတော့...ကွင်းဆက်လူသတ်သမားက ...
movie
Life Risking Romance (2016)
7.1
Along with the Gods 2: The Last 49 Days (2018)
Along with the Gods 2: The Last 49 Days (2018)**********************************************IMDb..... 7.1 ဒီတစ်ခေါက် တင်ဆက်ပေးသွားမှာကတော့ 2018 တုန်းက ထွက်ရှိခဲ့ပြီး လူကြိုက်များခဲ့တဲ့Fantasy အက်ရှင်ဒရမ်မာကားလေးဖြစ်ပြီး ပရိသတ်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့သရုပ်ဆောင် Ha Jung Woo, Ju Ji Hoon, Kim Hyang Gi, Ma Dong Seok,Kim Dong Wook နဲ့ Lee Jung Jae တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဒီတစ်ခါမှာတော့ သေမင်းတမန် Kang Rim၊ လုံခြုံရေး တာဝန်ခံသေမင်းတမန် Hae Won Maek၊လက်ထောက်ရှေ့နေမလေး Deok Chun တို့ သေမင်းတမန် ၃ ပါးက မီးသတ်သမားလေးဂျာဟုန်းရဲ့ ညီဖြစ်သူ တပ်ကြပ် ဆူဟုန်းရဲ့ တရားခွင်မှာ ပါဝင်ဖို့ဖြစ်လာခဲ့ပြီး တရားခွင်ကို ...
movie
Along with the Gods 2: The Last 49 Days (2018)
7.2
Along with the Gods: The Two Worlds (2017)
Along with the Gods: The Two Worlds (2017)**********************************************IMDb..... 7.2 ကိုရီးယားနိုင်ငံက ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Ha Jung Woo, Ju Ji Hoon,Cha Tae Hyun, Lee Jung Jae, Ma Dong Seok, Kim Hyang Gi တို့အပြင် သရုပ်ဆောင်များစွာပါဝင်တဲ့ ဇာတ်ကားကြီးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။-ဇာတ်လမ်းအညွှန်း-လူသားတွေဟာ သေလွန်ပြီးနောက် တမလွန်ဘဝ ရောက်တဲ့အခါ ၄၉ရက်တာ ကာလအတွင်းတရားခွင် ၇ခု စီရင်ခံရတယ်လို့ ဆိုပါတယ်။မီးသတ်သမားလေး ဂင်ဂျာဟုန်း (Cha Tae Hyun) ဟာ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ရင်းနဲ့ပဲသူရဲကောင်း ဆန်ဆန် ဘဝကူးပြောင်းသွားခဲ့ပါတယ်။သေမင်းတမန် ၃ယောက်ရဲ့ အကူအညီနဲ့ အတူ တမလွန်ဘဝကို ရောက်ရှိလာခဲ့တဲ့ ဂင်ဂျာဟုန်းဟာတရားခွင် ၇ခုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင်တော့ ...
movie
Along with the Gods: The Two Worlds (2017)
6.7
Missing You (2016)
Missing You (2016)*******************IMDb....6.7 ဒီတစ်ခါမှာတော့ ရင်တဖိုဖိုနဲ့ ကြည့်ရှုရမဲ့ Crime, Thriller အမျိုးအစား ရုပ်ရှင်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးပါရစေ။ ဒီကားမှာတော့ Sunny ဇာတ်ကားမှ Shim Eun-Kyung နဲ့အတူ အားလုံးနဲ့မစိမ်းတဲ့ ဇာတ်ရန်သရုပ်ဆောင်များဖြစ်ကြတဲ့ Yoon Je-Moon နဲ့ Kim Sung-Oh တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။- ဇာတ်လမ်းအကျဉ်း -ဟီဂျူ (Shim Eun-Kyung) ဆိုတဲ့ မိန်းကလေး အသက် ၇ နှစ်အရွယ်မှာ စုံထောက်တစ်ဦးဖြစ်တဲ့ သူ့အဖေက တာဝန်ထမ်းဆောင်ရင်း အသတ်ခံလိုက်ရပါတယ်။ လူသတ်သမား ဂင်ဂီဘုမ်း (Kim Sung-Oh) ဆိုသူကတော့ လူသတ်မှု ၇ ခုထဲမှာမှ တစ်မှုအတွက်ပဲ အပြစ်ရှိကြောင်း စီရင်ချက်ချခံခဲ့ရပြီး အပြစ်မရှိကြောင်း စီရင်ချက်ချခံရတဲ့ အမှု ၆ ခုထဲမှာ ဟီဂျူ့အဖေ အသတ်ခံရတဲ့အမှုလည်း ပါဝင်သွားပါတော့တယ်။ ၁၅ နှစ်ကြာပြီး ယခုလက်ရှိမှာတော့ ဟီဂျူက ကင်းထောက်လူငယ် ဂုဏ်ပြုဆုလက်မှတ်ကို ရရှိထားပြီး ဂင်ဂီဘုမ်းပြန်လွတ်လာမဲ့အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်မျှော်နေပါတယ်။ တစ်ဖက်မှာလည်း စုံထောက်ဂျိုဒယ်ယောင်း (Yoon ...
movie
Missing You (2016)
6.4
The King’s Letters (2019)
The King's Letters (2019)**************************IMDb... 6.4 Song Kang-Ho , Park Hae-Il , Jeon Mi-Sun အစရှိတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများအဓိကပါဝင်သရုပ်ဆောင်ထားပြီး ကိုရီးယားအက္ခရာဖန်တီးပုံကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။- ဇာတ်လမ်းအကျဉ်း -ဂျိုဆွန်းဘုရင် ဆယ်ဂျုံးလက်ထက်မှာ ကိုယ်ပိုင်အက္ခရာမရှိခဲ့တဲ့အတွက်တရုတ်အက္ခရာများကိုသာ အသုံးပြုခဲ့ကြရပါတယ်။သို့သော်လည်း တရုတ်အက္ခရာတွေက မှတ်သားရခက်ခဲတဲ့အတွက်သာမန်ပြည်သူ အများစုက စာမတတ်ပေမတတ် ဘဝပဲ ဖြစ်ကျန်နေပြီးသူတို့ရဲ့ဖြစ်ချင်တဲ့ ဆန္ဒတွေကိုတောင် ဘုရင်ဆီ ရေးသားလျှောက်တင်ဖို့ အခွင့်မရခဲ့ကြပါဘူး။ဒီအတွက် ဆယ်ဂျုံးဘုရင်က ပြည်သူအားလုံး သင်ယူဖို့လွယ်ကူတဲ့ ကိုယ်ပိုင်အက္ခရာကိုဖန်တီးဖို့ ဆုံးဖြတ်လိုက်ပြီး ဘုန်းကြီးရှင်းမီဆိုသူနဲ့အတူ နှစ်ယောက်အင်အားပေါင်းပြီးဂျိုဆွန်းရဲ့ကိုယ်ပိုင်အက္ခရာကို ကြိုးစားဖန်တီးကြရာမှာတော့...ကိုးရီးယားသမိုင်းကြောင်းနဲ့ သွေဖည်နေတဲ့ အကြောင်းအရာများ ပါဝင်နေသော်ငြားဇာတ်လိုက်သရုပ်ဆောင်များရဲ့ သရုပ်ဆောင်ချက်များကတော့ အံ့မခန်းလောက်အောင်ကောင်းမွန်တာမို့ ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားလို့ အကြံပြုပါရစေရှင်။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File size… 1.12GB / 400MB Quality… WEB-DL 1080p 5.1 ...
movie
The King’s Letters (2019)
7
Dirty Money (2024)
Dirty Money (2024)*********************Reply 1994, Hospital Playlist, Kingdom စတဲ့ နာမည်ကြီးကားတွေထဲမှသရုပ်ဆောင် Jung Woo, Kim Dae-myung, Park Byeong-eunတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Dirty Money ဆိုတဲ့ ပရိသတ်ကြီးတို့အကြိုက်Crime-action အမျိုးအစား ရုပ်ရှင်အသစ်စက်စက်လေး ထွက်ရှိလာပါပြီ။ဇာတ်လမ်းအညွှန်း-သမီးဖြစ်သူရဲ့ ခွဲစိတ်စရိတ်ကြောင့် ပူပန်နေရတဲ့ စုံထောက်နဲ့ အကြွေးကြောင့် သူငယ်ချင်းဆီမှာခြေချုပ်မိခံနေရပြီး သူလျှိုလုပ်နေရတဲ့ တွဲဖက်စုံထောက်တို့ အခင်းဖြစ်နေရာက ရခဲ့တဲ့သက်သေပစ္စည်းကို ဖြတ်လုပြီး ပိုက်ဆံတွေကိုခိုးယူဖို့ ကြံစည်ကြတဲ့ စုံထောက်နှစ်ယောက်ပိုက်ဆံသယ်ဖို့ အကူတစ်ယောက်ကို ခေါ် ပြီး ဓါးပြသွားတိုက်တဲ့အခါ နောက်ကွယ်ကနေလုပ်ကြံ ပစ်ခတ်လိုက်တဲ့ကျည်ဆံကြောင့် အကူကောင်လေးသေဆုံးသွားပြီးစုံထောက်ဘဝကနေ ရုတ်ချည်း တရားခံဘဝကို ရောက်သွားပါတော့တယ်။ဝရမ်းပြေးဖြစ်သွားတဲ့ စုံထောက်နှစ်ယောက် အကျပ်အတည်းတွေကနေ လွတ်မြောက်ဖို့တရုတ်ဂိုဏ်းနဲ့ အကြမ်းဖက်မှုခင်းဌာနကနေ ရုန်းထွက်နိုင်ဖို့ ဘယ်လိုတွေကြိုးစားသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Stary မှ ရေးသားပေးထားပါတယ်။) File size… 1.39GB / 520MB Quality…WEB-DL ...
movie
Dirty Money (2024)
7.4
Montage (2013)
Montage (2013)*****************လွန်ခဲ့သော ၁၅ နှစ်က ပြန်ပေးဆွဲမှုမှာ သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ဦးဟာ တရားရင်ဆိုင်ရေးကာလ ကုန်ဆုံးသွားပြီလို့ ကြားသိလိုက်ရတဲ့အခါမှာတော့ တရားခံကို ဘယ်တော့မှ အပြစ်မပေးနိုင်တော့ဘူးဆိုတဲ့စိတ်ကြောင့် အရှင်လတ်လတ်ဝါးမြိုသလို ခံစားခဲ့ရပါတယ်။ဒီအမှုကို တာဝန်ယူထားတဲ့ စုံထောက်ချွဲဟာလည်း မိခင်တစ်ဦးရဲ့ သောကနဲ့အတူ မိမိရဲ့ အင်အားမဲ့မှုကိုပါ ရင်ဆိုင်ရတဲ့အခါ လိပ်ပြာမလုံတဲ့စိတ်ကြောင့် အလုပ်ထွက်သွားခဲ့တော့တယ် ..ဒါပေမဲ့ တစ်နေ့မှာ သူတို့နှစ်ဦးအတွက် စိတ်ဓာတ်ဆက်လက်ရှင်သန်ရာ သတင်းတစ်ခုပေါ်လာခဲ့တယ်။အဲဒီသတင်းကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က အမှုအတိုင်း တစ်ထေရာတည်း ကျူးလွန်နေတဲ့ ပြန်ပေးဆွဲလူသတ်သမား ပြန်လည်ပေါ်ပေါက်လာခြင်းပါပဲ။ဒီတစ်ခေါက်တော့ တရားခံကို အလွတ်မပေးဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အမေတစ်ယောက်နဲ့ စုံထောက်တစ်ဦးဟာ အပြစ်သားဖမ်းဆီးရေးခရီးမှာ ဘယ်လိုအတားအဆီးတွေ ကျော်ဖြတ်ရမလဲ၊သဲလွန်စတွေကို ဘယ်လိုအဖြေညှိမလဲဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်နေရမှာဖြစ်ပါတယ်။ကိုရီးယားအနုပညာလောကမှာ လွှမ်းမိုးမှုအရှိဆုံး အမျိုးသမီးတွေထဲကတစ်ယောက်ဖြစ်တဲ့ အဆိုတော်-မင်းသမီး Uhm Jung Hwa နဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး Kim Sang Kyung တို့ ခေါင်းဆောင် ပါဝင်ထားတဲ့အပြင် Bollywood ကတောင် ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းဖြစ်တာမို့ ကြည့်ရကျိုးနပ်မယ်ဆိုတာ အာမခံပါတယ်။ (အညွှန်းကို Esther Oo မှ ရေးသားထားပါတယ်) File ...
movie
Montage (2013)
My Dictator (2014)
My Dictator (2014)********************မင်းသားကြီး Sol Kyung Gu နဲ့ Park Hae Il တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားလေးကတော့ ဇာတ်ကားခေါင်းစဉ်အတိုင်းအဖေဖြစ်သူရဲ့ ဘဝတစ်ခုလုံးကိုသာမက သားဖြစ်သူရဲ့ဘဝကိုပါ လွှမ်းမိုးမှုတွေစိုးမိုးမှုတွေ ပြောင်းလဲမှုတွေကိုပါ ဖြစ်စေခဲ့တဲ့အကြောင်းအရာတွေကိုဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ပြထားတာဖြစ်လို့ လက်လွှတ်မခံနဲ့နော် ပရိသတ်ကြီးတို့ရေ..။ဇာတ်ညွှန်းအမြည်းအနေနဲ့ကတော့ သရုပ်ဆောင်အလုပ်ကိုလွန်စွာစိတ်အားထက်သန်သော်လည်း ပြဇာတ်ရုံတွေမှာ ဖြတ်လျှောက်အဆင့်လောက်သာပါဝင်ခွင့်ရတဲ့ သာမညသရုပ်ဆောင် ဂင်ဆန်းဂွမ်ဟာ မုဆိုးဖိုကလေးအဖေဖြစ်ပြီးကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ဝန်မလေးတတ်သော်လည်း ဇာတ်ဆောင်ဆိုတဲ့ဝေါဟာရဟာသူ့ဘဝအတွက်တော့ အလှမ်းဝေးလှပါတယ်။ထိုအချိန်မှာပဲ တောင်ကိုးရီးယားနိုင်ငံအတွင်းမှာ တောင်မြောက်ထိပ်သီးအစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း ကြေညာချက်ထွက်ပေါ်လာပြီး ဗဟိုထောက်လှမ်းရေးဘက်ကနိုင်ငံရေးလှည့်ကွက်အနေနဲ့ ထည့်သုံးမယ့် ဇာတ်ဆောင်သရုပ်ဆောင်တစ်ဦးကို ကင်းထောက်တဲ့အခါမှာမမျှော်လင့်ဘဲ မုဆိုးဖိုဂင်ဆန်းဂွမ်ဟာ ဗဟိုထောက်လှမ်းရေးရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒီဆန်းကြယ်မှုကို ကံကြမ္မာရဲ့မျက်နှာသာပေးမှုလို့ ဂင်ဆန်းဟွမ်တစ်ယောက်ထင်မှတ်ခဲ့ပေမဲ့လက်တွေ့မှာတော့ ကံကြမ္မာရဲ့ရက်စက်မှုတစ်ခုဖြစ်နေခဲ့ပါတယ်။သရုပ်ဆောင်တစ်ယောက်ရဲ့ စိတ်နစ်မျောပုံတွေကို မြင်တွေ့ရနိုင်တဲ့အပြင်ထိပ်တန်းမင်းသားကြီး Sol Kyung Gu ရဲ့ ဂင်ဆန်းဂွမ်ဇာတ်ကောင်ရဲ့ပြောင်းလဲမှုကိုအဆင့်ဆင့်ပုံဖော်သွားပုံကိုလည်း အထင်ကြီးဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။သားအဖနှစ်ယောက်ရဲ့ဘဝကို ဘယ်လိုရိုက်ခတ်မှုတွေဖြစ်သွားစေခဲ့လဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါနော်။ (အညွှန်း နဲ့ ရုပ်ရှင်ကားကိုတော့ Thinn မှ ဘာသာပြန်ရေးသားထားပါတယ်။) File size…2.33GB ...
movie
My Dictator (2014)
7.0
Carter(2022)
Carter(2022) အညွှန်း*****************(အဖော်အချွတ်ခန်းအချို့နဲ့ ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းတွေ အများကြီးပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..)ဇာတ်လမ်းကိုတော့ ခေါင်းထဲမှာ ဗလာမှတ်ဉာဏ်နဲ့နိုးထလာတဲ့ လူတစ်ယောက်နဲ့ အစချီထားတယ်အဲ့ဒီလူနိုးနိုးချင်းမှာပဲ သူ့နားပတ်လည်မှာ သွေးသံရဲရဲဖြစ်နေပြီး CIAအေးဂျင့်တွေဝိုင်းနေခဲ့တယ်ကိုယ့်ကိုယ်ကို ဘယ်သူဘယ်ဝါမှန်းမသိတဲ့ အဲ့ဒီလူက ရုတ်တရက် သူ့နားထဲမှာတပ်ထားတဲ့အသံတစ်ခုကို ကြားပြီး အဲ့ဒီအသံစေညွှန်ရာအတိုင်း လိုက်လုပ်ဖို့ဖြစ်လာတယ်နားထဲကစက်ရဲ့အသံပိုင်ရှင်ဆီကနေ သူ့နာမည် “Carter”ဆိုတာနဲ့ အေးဂျင့်ဟောင်းတစ်ယောက်ဖြစ်မှန်း သိခဲ့ရတယ်စီအိုင်အေနဲ့ မြောက်ကိုရီးယားကြားက ဆန်းကြယ်တဲ့စစ်ဆင်ရေးတစ်ခုကိုCarterဘက်က မငြင်းဆန်နိုင်ဘဲ မဖြစ်မနေလုပ်ရမဲ့ အကြောင်းဖန်လာတဲ့အခါ….ထူးခြားတဲ့ဇာတ်အိမ်၊ ရင်တမမကြည့်ရမဲ့ဇာတ်ကွက်တွေနဲ့ ကြည့်ရတာတန်မဲ့ကားကောင်းဖြစ်လို့လက်မလွတ်တမ်း ခံစားကြည့်ရှုကြပါဦး....File Size : (3.28GB) (1.2GB)and (456MB) Quality : WEB-DL 1080P5.1Ch, 720p Format…mp4 Duration…02:12:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai,Hnin Pale & Thynn Nu Swe Encoded by Phyo ...
movie
Carter(2022)
7.1
The Throne(2015)
2015ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Throne ဆိုတဲ့ဇာတ်ကားဟာ ကိုရီးယားသမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ကူးထားပြီးSong Kang Hoနဲ့ Yoo Ah Inက အဓိကပါဝင်ထားပါတယ်တာဂျိုဆောင်ရဲ့ မင်းကောင်းတစ်ပါးဖြစ်ချင်တဲ့ ဘုရင်ယောင်းဂျိူကသူ နန်းတက်နေစဉ် အစွမ်းကုန် ဆောင်ရွက်ပေးခဲ့တယ်သားတော်အပေါ်မှာလည်း ရည်မှန်းချက်ကြီးမားပြီး စာပေလေ့လာတာတွေကိုအစွမ်းကုန်လုပ်ဆောင်ပေးခဲ့တယ် ဒါပေမယ့် သားတော်ကအရွယ်ရောက်လာတဲ့အခါမှာ စာပေလိုက်စားတာထက်အနုပညာ၊ဓားရေးလှံရေးတို့ကို ပိုစိတ်ဝင်စားတာကိုသိရှိသွားတဲ့အခါ သားအဖကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာပါတယ်ဒါ့အပြင် နန်းတော်ထဲမှာ သွေးထိုးမှု ဆူပုံအုံကြွမှုတွေဖြစ်လာပြီး သားတော်အိမ်ရှေ့စံဆာဒိုကို ပုန်ကန်သူအဖြစ် စွပ်စွဲလာကြပါတယ်သက်သေမလုံလောက်ပေမယ့် သားဖြစ်သူကို အပြစ်ပေးခဲ့ပြီးတော့ပုန်ကန်သူတစ်ယောက်ရဲ့ အဖေဆိုတဲ့ နာမည်က သူ့ထီးနန်းကိုထိခိုက်နိုင်တာကြောင့် သားကို သေတ္တာထဲ ထည့်ပြီး သတ်ဖို့လုပ်ရာကနေ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ရအောင် File size…1.7GB / Quality…1080p Blu Ray DTS 5.1Ch / Format…Mp4 Duration….2h 5min Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated ...
movie
The Throne(2015)
2015