Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Juliet Howland
8.2
V for Vendetta (2005)
V For Vendetta (2005) IMDB - 8.2/10_____Rotten - 73%နိုဝင်ဘာ၅ရက်နေ့ဟာ ဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။အဲဒီနေ့ကို GuyFawkes နေ့လို့လည်းခေါ်ခဲ့ကြပါတယ်။အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာ GuyFawkes ဆိုတဲ့ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာ သူ့အဖွဲ့ဝင်တွေနဲ့အတူကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။သို့ပေမယ့်ကံမကောင်းချင်တော့ အမည်မသိသတင်းပေးစာတစောင်ကြောင့်သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်နဝါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံ့ပြန်ကြမလဲ။အိုင်ဒီယိုလော်ဂျီတစ်ခုကို ဘာနဲ့မှသတ်လို့မရဘူးဆိုတာတွေ စတဲ့စတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေအပြင်ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ...အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ။သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။စိတ်ကိုဖျော်ဖြေပေးရုံရုပ်ရှင်သက်သက်မဟုတ်ဘဲကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီး တကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။Rating မြင့်ကားလေးတကားဖြစ်ပြီး imdb rating 8.2ထိရထားပါတယ်။ File size…(900 MB) and 3GB Quality…Blu-Ray Rip HEVC 1080p 5.1 / 720p Format…mp4 Duration….02:12:00 Subtitle….Myanmar Subtitle (Hardsub) Translator…..The Fridays Encoder….CM
movie
V for Vendetta (2005)
2005
7.0
Two Brothers (2004)
နာမည်ကျော် Enemy At The Gates ဇာတ်ကားနဲ့ European Film Awards ဆုအပြင် အခြားဆုတွေအများကြီးသိမ်းပိုက်ထားတဲ့ ဒါရိုက်တာကြီး Jean-Jacques Annaud ကိုယ်တိုင်ရိုက်ကူးထားပြီး ရုပ်ရှင်ထူးချွန်ဆုတွေအများကြီးရထားတဲ့ မင်းသားကြီး Guy Edward Pearce နဲ့ August Rush မင်းသားလေး Freddie Highmore တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်Advanture/ Drama/Family ဇာတ်ကားလေးဖြစ်ပြီး ဆုတွေအများကြီးလည်းဆွတ်ခူးထားပါသေးတယ်ဇာတ်လမ်းလေးကတော့...နာမည်ကျော် မုဆိုးကြီးတစ်ယောက်ဖြစ်တဲ့ အီဒင်မက်ရိုရီ တစ်ယောက်ဟာ အမဲလိုက်တာထက် ပိုပြီးဝင်ငွေကောင်းတဲ့ တောထဲကဘုရားဆင်းတုတွေ လန်ဒန်လေလံဈေးကွက်ကိုခိုးသယ်ဖို့အတွက် အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဘက်ကို ခြေဆန့်လာခဲ့ရင်း အမျှော်လင့်ပဲ ကျားမိသားစုနဲ့တည့်တည့်တိုးခဲ့မိတယ်ကျားမိသားစုပြိုကွဲအောင်လုပ်ခဲ့မိပြီး လမ်းကွဲသွားတဲ့ ကျားညီကိုပေါက်လေးနှစ်ကောင်ဟာ တစ်ယောက်တစ်နေရာစီနဲ့ မတူညီတဲ့ဘဝတွေမှာ မွေးမြူလေ့ကျင့်ခံရပြီး တစ်ချိန်မှာ ပြန်ဆုံစည်းဖို့ ကံအကြောင်းဖန်လာတာကို ဇာတ်အိမ်လေးတည်ထားတာပါကျားတစ်ကောင်ရဲ့ လှုပ်ရှားမှုတွေ၊ တိုက်ခိုက်ပုံတွေကိုရိုက်ပြထားတာတွေကလည်း ပီပြင်လွန်းပါတယ် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.4 ...
movie
Two Brothers (2004)
7.0
Iris (2001)
ဒီဇာတ်ကားလေးဟာ လူငယ်ဘဝကစလို့ ဆံဖြူသွားကျိုးတဲ့အချိန်အထိ နောက်ဆုံးထွက်သက်အထိ ချစ်သွားကြတဲ့ အိုင်းရစ်နဲ့ ဂျွန်ရဲ့အချစ်အကြောင်းကို ဖွဲ့နွဲ့ရိုက်ကူးထားတာဖြစ်ပါတယ်ဒီဇာတ်ကားလေးဟာ အပြင်မှာတကယ်ရှိတဲ့ နိုဗယ်ဆုရ စာရေးဆရာမအိုင်းရစ်မာဒေါ့နဲ့ သူ့ခင်ပွန်း ဂျွန်ဘေလီရဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ဒီဇာတ်ကားဟာ ရုပ်ရှင်ဆုပေးပွဲများတွင် စုပေါင်းဆုပေါင်းများစွာရရှိထားပါတယ် သရုပ်ဆောင်တွေအနေနဲ့လည်း Kate Winslet က အိုင်းရစ်ငယ်ဘဝအဖြစ်သရုပ်ဆောင်ပြီး ဝါရင့်မင်းသမီးကြီး Judi Dench က အသက်ကြီးသွားတဲ့အိုင်းရစ်နေရာကသရုပ်ဆောင်ထားပါတယ်ဂျွန်ရဲ့နေရာမှာလည်း Jim Broadbent နဲ့ Hugh Bonneville တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်ကားလေးမှာ အချိန်အကြာကြီးလက်တွဲချစ်ခဲ့ကြတဲ့ အိုင်းရစ်နဲ့ဂျွန်တို့ရဲ့ဘဝဟာ အယ်ဇိုင်းမားဆိုတဲ့ သတိမေ့ရောဂါကြောင့် မုန်တိုင်းဝင်ရောက်ခဲ့ပါတယ် အိုင်းရစ်ဟာ အဲဒီရောဂါခံစားနေရပြီး တစတစ မှတ်ဥာဏ်တွေပျောက်ဆုံးလာတဲ့အခါ ဂျွန်တစ်ယောက် ဇနီးဖြစ်သူကိုဘိုးဘွားရိပ်သာဆေးကုဌာနကိုလည်းမပို့နိုင်ဘဲ အသက်အရွယ်အိုမင်းနေတဲ့အချိန်မှ ဇနီးဖြစ်သူကို ကိုယ်တိုင်ပဲလိုက်လံပြုစုစောင့်ပေးပါတယ်သူတို့နှစ်ယောက်ရဲ့ဘဝအကြောင်းကို ငယ်ရွယ်စဥ်ဘဝကိုပြလိုက် အသက်အရွယ်ကြီးသွားတဲ့အချိန်ကိုပြလိုက်နဲ့ တစ်လှည့်စီကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားမှာ အိုင်းရစ်အပေါ်ထားတဲ့ ဂျွန်ရဲ့ချစ်ခြင်းမေတ္တာတွေကိုကြည့်ရှုခံစားနိုင်ပါတယ် File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama, Biography, ...
movie
Iris (2001)