Channel Myanmar

Julien Drion

Spirit of Ecstasy (2023)
Spirit of Ecstasy (2023) ပြင်သစ်စကားပြော ဒရာမာရုပ်ရှင်လေးပဲ ဖြစ်ပါတယ်  ဂျန်ဟာ ၂၄ နှစ်အရွယ် အိပ်မက်တွေနဲ့ မိန်းကလေးဖြစ်ပြီး ငွေကြေးပိုင်းစိတ်ဝင်စားသူပါ  ယောကျာ်းလေးလိုဖြစ်အောင် ရင်သားကို ပတ်တီးတွေနဲ့ကျပ်နေအောင် စည်းထားပြီး သူသဘောကျတဲ့ suit ကိုလည်း ဆိုင်ကမရမက ခိုးဝတ်ပါတယ်အမေလည်းမရှိသလို အဖေကလည်း အလုပ်များတာကြောင့် မောင်လေးညီမလေးတွေကို အစ်မကြီးအမိအရာလို စောင့်ရှောက်ရတဲ့ ကောင်မလေး  သူ့ကို အလုပ်ရှင်ကသဘောကျသွားတဲ့အခါမှာ... နောက်ပြီးတစ်ပြိုင်နက်တည်းမှာပဲ စစ်သားတစ်ယောက်ဖြစ်တဲ့ သူ့ရည်းစားဟောင်းက လေးနှစ်အကြာမှာ ပြန်ရောက်လာတဲ့အခါ...File size…(1.2 GB)/(677 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...  Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Sike Tan 
movie

Spirit of Ecstasy (2023)

Rosalie (2023) 7.0
Rosalie (2023)  အမျိုးသမီးတစ်ယောက်ကို မုတ်ဆိတ်မွှေးကြီးတွေနဲ့လို့မြင်ယောင်ကြည့်လိုက်ရင် တော်တော်ကြည့်ရဆိုးပြီး တစ်မျိုးကြီးဖြစ်နေမှာတော့အမှန်ပါပဲ။အဲ့ဒါဆိုရင် အဲ့လိုအသွင်အပြင်မျိုးတကယ်ဖြစ်နေတဲ့ မိန်းမတစ်ယောက်ကိုရောမြင်ယောင်ကြည့်လိုက်ပါ။မယုံနိုင်လောက်အောင်ဆိုးဝါးတဲ့ ဝေဖန်ခြင်းတွေ ပြစ်တင်ရှံ့ချခြင်းတွေကိုခံရပြီး ခေါင်းတောင်မဖော်နိုင်လောက်အောင်ရှက်နေရမှာအတိအကျပါပဲ။ဒါပေမယ့် ပတ်ဝန်းကျင်ကလူတွေဘာပြောပြော ဘာလုပ်လုပ်အသွင်အပြင်ကအရေးမကြီးပဲစိတ်ထားလှလှထားပြီး ကိုယ့်ရဲ့ဘ၀နေ့ရက်တွေကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားနိုင်ဖို့ပညာပေးထားတဲ့ IMDb Rating 6.8 အထိရရှိထားတဲ့ Rosalie ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ရိုစလီဆိုတဲ့ကောင်မလေးကအလွန်တရာမှချောမောလှပပေမဲ့ သူ့မှာမွေးရာပါခန္ဓာကိုယ်အမွေးအမျှင်များတဲ့ ပြဿနာတစ်ခုရှိနေတာကတော့ဝမ်းနည်းစရာကောင်းလှပါတယ်။အဲ့ဒီအကြောင်းကို အဖေဖြစ်သူက ဘယ်သူမှမသိအောင်လျှို့ဝှက်ထားခဲ့ပေမဲ့လည်းအရွယ်ရောက်လာတဲ့အခါမှာ အိမ်ထောင်ပြုဖို့မဖြစ်မနေလိုအပ်လာပါတော့တယ်။ဒါပေမယ့်သူ့အခြေအနေကြောင့်ရှေ့မှာတွေ့ခဲ့တဲ့ အိမ်ထောင်ဖက်တွေတစ်ယောက်မှ သူ့ကိုလက်မခံခဲ့ကြပေမဲ့ အဖေဖြစ်သူကလက်မလျှော့ပဲ အက်ဘယ်ဆိုတဲ့ကဖီးဆိုင်ပိုင်ရှင်တစ်ယောက်နဲ့ သမီးဖြစ်သူကိုပေးတွေ့ခဲ့ပါတော့တယ်။ဒါပေမယ့်သမီးဖြစ်သူရဲ့အခြေအနေကို မပြောပြဘဲ လိမ်လည်ထားခဲ့ပြီး အက်ဘယ့်လက်ထဲမှာ ရိုစလီ့ကိုအပ်ထားခဲ့ပါတော့တယ်။လင်မယားနှစ်ယောက်ကြားမှာ ဒီလိုကိစ္စမျိုးဆိုတာဖုံးဖိထားလို့မရတဲ့အတွက် သိပ်မကြာခင်မှာပဲ အက်ဘယ်သိသွားခဲ့ပြီး မောင်းထုတ်ပေမဲ့ အရာရာစွန့်လွှတ်အနစ်နာခံတတ်တဲ့ရိုစလီကြောင့် အက်ဘယ်စိတ်လည်လာခဲ့ပြီး သူတို့နှစ်ယောက်ဘ၀မှာဘယ်လို စိတ်ဝင်စားစရာတွေဆက်ဖြစ်လာမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.82GB / 849MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

Rosalie (2023)