Channel Myanmar

Julie Delpy

But I’m a Cheerleader (1999)
But I’m a Cheerleader (1999) ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါး ကြည့်ရမယ် လူငယ်အချစ်ဟာသကားလေးပါ။မီဂန် (Natasha Lyonne) ဟာ ကိုယ့်ကိုယ်ကို သာမန်အမေရိကန်လူငယ်တစ်ယောက်လို့ပဲ ခံယူထားသူပါ။ ကျောင်းမှာ စာတော်တဲ့အပြင် ပန်းပွားအကအသင်းရဲ့အဖွဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ကြိုက်လှတယ်မဟုတ်ပေမယ့် ရည်းစားလည်း ရှိပါတယ်။ ဒါပေမယ့် မိဘတွေက သူ့ကို ‌ဂေး‌ေနတယ်ထင်တာကြောင့် True Direction ဆိုတဲ့ ပြုပြင်ရေးကျောင်းကိုပို့လိုက်ပါတော့တယ်။အဲ့ကျောင်းမှာ မီဂန်တွေ့ရတာကတော့ ပုန်ကန်ချင်တဲ့ ဂျစ်ကန်ကန်ဆယ်ကျော်သက်ကောင်မလေး ဂရမ် (Clea DuVall) ပါပဲ။ သူ့ကိုယ်သူ အဖြောင့်လို့ ယုံကြည်ထားပေမယ့် တဖြည်းဖြည်းနဲ့ သူ့စိတ်တွေ ထွေပြားလာတဲ့အခါ မီဂန်တစ်ယောက် ကိုယ်ကိုယ်ကိုရှာတွေ့သွားမလား သူက တကယ်ဂေးနေတာရော ဟုတ်ရဲ့လား ဆိုတာ.... တချို့အသုံးအနှုန်းတွေကြောင့် ၁၈ နှစ်အောက်လူငယ်တွေ မကြည့်စေချင်ပါဘူး။File size… (2 GB) / (1 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre...Comedy, Romance  Subtitle….Myanmar ...
movie

But I’m a Cheerleader (1999)

Avengers: Age of Ultron (2015) 7.4

Avengers: Age of Ultron (2015)

2015
4K HEVC
Detective (1985) 5.7
Detective (1985)  Detective (1985)IMDb Rating (5.7) စုံထောက်ရုပ်ရှင်လို့ ပြောလိုက်ရင်တော့ လူအများက သဲထိပ်ရင်ဖိုဖြစ်ကြမယ်လို့ တော်တော်များများက တွေးထားကြတာများပါတယ်။ဒါပေမဲ့ ဒီ ဇာတ်ကားဟောင်းတော့ ဒရာမာကို အသားပေးရိုက်ကူးထားတဲ့ ဟာသ မှုခင်ကားလို့ပြောလည်းမမှားပါဘူး။ဇာတ်အိမ်ကိုတော့ လူသတ်မှုတစ်ခုဖြစ်သွားလို့ အလုပ်ထုတ်ခံလိုက်ရတဲ့ စုံထောက်နှစ်ယောက်က လူသတ်မှုကို ပြန်ပြီးစုံစမ်းစစ်ဆေးတာနေ အစပြုထားတာပါ။တစ်ချိန်ထဲမှာလည်း အတွဲတစ်တွဲဟာ လက်ဝှေ့မန်နေဂျာတစ်ယောက်ကို သန်းနဲ့ချီငွေချေးပြီး ပြန်အကြွေတောင်းနေခန်း၊ဒါ့အပြင် တစ်ချိန်ထဲမှာ မာဖီးယားကပါ ဟိုတယ်တစ်ခုထဲမှာပဲ လာဆုံပြီး သုံးတွဲပြိုင် အရှုပ်အရှင်းတွေ ရှာပုံတော်ထွက်ကြပုံကိုမြင်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)File size…(1.7 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Crime, Drama Duration….01:38:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark
movie

Detective (1985)

1985
An American Werewolf in Paris (1997) 5.1
An American Werewolf in Paris (1997) 1981 ခုနှစ်မှာထွက်ရှိခဲ့တဲ့ An American Werewolf in London ရဲ့ sequel ရုပ်ရှင်ဖြစ်ပြီးဒီတကြိမ်မှာတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ ‌‌1981 ရုပ်ရှင်အပြီး လန်ဒန်မြို့မှာ ဒေးဗစ် ကတ်စလာ ‌ေ-သဆုံးသွားခဲ့တဲ့နောက်ဒေးဗစ်ရဲ့ ချစ်သူ အဲလက်စ် ပရိုက်စ်က ဒေးဗစ်နဲ့ရခဲ့တဲ့ သမီးလေး ဆာရာဖင်းနဲ့အတူပဲရစ်မြို့ကိုပြောင်းနေခဲ့တာက‌နေ ဆာရာဖင်းအရွယ်ရောက်လာပြီးနောက်ပိုင်းကို ဇာတ်လမ်းဆက်ထားတာပါ။1981 ရုပ်ရှင်ကိုပဲကျောရိုးယူထားပြီး ရိုက်ကူးထားတာဖြစ်ပေမဲ့ အထူးပြုလုပ်ချက်တွေ ၊မိတ်ကပ်တွေက 1981 ရုပ်ရှင်ကို မမှီဘူးဆိုပြီး ဝေဖန်မှုတွေရှိခဲ့တဲ့ ရုပ်ရှင်ကားပဲဖြစ်ပေမဲ့လည်းကောင်း၊ မကောင်းကိုတော့ ကိုယ်တိုင်ကြည့်ပြီးမှ ဆုံးဖြတ်လိုက်ကြပါဦးဗျ။သွေးထွက်သံယိုပြကွက်တွေပေါပေါများများပါဝင်လို့ ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တော်ပါဘူး။  File Size :  7.3 GB, 2 GB, 872 MB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 38min Format ...
movie

An American Werewolf in Paris (1997)

4K HEVC
Before Sunrise (1995) 8.1
Before Sunrise (1995) B E F O R E ရဲ ့နိဒါန်း .Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို ့နှစ်ဦးရဲ ့အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို ့လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြောင်းထိုင်လိုက်တယ်။ ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ်ယောက်က သူမကို လှမ်းမေးလို်က်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ ့ စကားတွေများနေကြတာလဲ ဆိုပြီး … .အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ ...
movie

Before Sunrise (1995)

1995
Before Sunset (2004) 8.0
Before Sunset (2004) Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို ့နှစ်ဦးရဲ ့အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို ့လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြောင်းထိုင်လိုက်တယ်။ ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ်ယောက်က သူမကို လှမ်းမေးလို်က်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ ့ စကားတွေများနေကြတာလဲ ဆိုပြီး … .အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ ့ဟိုတယ်အခန်းကျဉ်းလေးတစ်ခုထဲမှာ လင်မယားနှစ်ယောက် စကားအခြေအတင် ငြင်းခုန်နေကြတယ်။ နှစ်ယောက်စလုံး မြိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေ၊ ...
movie

Before Sunset (2004)

2004
Before Midnight (2013) 7.9
Before Midnight (2013) B E F O R E ရဲ ့နိဒါန်း .Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို ့နှစ်ဦးရဲ ့အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို ့လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြောင်းထိုင်လိုက်တယ်။ ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ်ယောက်က သူမကို လှမ်းမေးလို်က်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ ့ စကားတွေများနေကြတာလဲ ဆိုပြီး … .အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ ...
movie

Before Midnight (2013)

2013
Wiener-Dog (2016) 5.9
Wiener-Dog (2016) Storytelling Style ထူးခြားတဲ့ ရုပ်ရှင်တစ်ကားနဲ့CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ Todd Solondz ရိုက်ကူးထားပြီး ပိုင်ရှင်တစ်ယောက်ကနေတစ်ယောက် ပြောင်းသွားရတဲ့ Dachshund ခွေးတစ်ကောင်ကပိုင်ရှင်တွေရဲ့ ဘဝကို တိတ်တဆိတ် မြင်နေရတဲ့ ရှုထောင့်ကနေ တင်ဆက်ထားတာပါ။ ခွေးလေးရဲ့ ပထမပိုင်ရှင်ကတော့ Remi ပါ။Cancer survivor ကလေးလေး Remi က Weiner Dog လို့ နာမည်ပေးခဲ့ပြီးခွေးကလေးက Remi အတွက် နှစ်သိမ့်စရာ ရှုထောင့်လေး ဖြစ်ခဲ့ပါတယ်။နောက်တော့ မိဘတွေရဲ့ အမြင်ကွဲပြားမှုကြောင့် ခွေးလေးကိုအိမ်မွေ့ချသတ်ဖို့ ဆုံးဖြတ်လိုက်ရာကနောက်ပိုင်ရှင်တစ်ယောက်ဆီ ရောက်လာရပါတော့တယ်။ အိပ်မွေ့ချသတ်ခံရမဲ့ ခွေးလေးကို တိရစ္ဆာန်ကုဆေးရုံကသူနာပြု Dina က မွေးစားခဲ့ပြီး Doo Dee လို့ နာမည်ပေးခဲ့ပါတယ်။သူငယ်ချင်းဟောင်း Brandon နဲ့ ခရီးသွားရင်း ခွေးလေးကိုပိုကောင်းတဲ့ဘဝရနိုင်ဖို့ Brandon ရဲ့ Down Syndrome ဖြစ်နေတဲ့ညီဖြစ်သူ Tommy နဲ့ ချစ်သူ ...
movie

Wiener-Dog (2016)

2016
The Lesson (2023)
The Lesson (2023)  ဒီတစ်ခေါက်မှတော့ IMDB 6.5/10, Rt 76% ရရှိထားတဲ့ အသစ်ထွက် Thriller ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား Daryl McCormack (Good Luck to You, Leo Grande), မင်းသမီးကြီး Julie Delpy (Before Midnight) နဲ့ မင်းသားကြီး Richard E. Grant (Jack and Sarah) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒါရိုက်တာကလည်း Merlin, Doctor Who တို့ကို ရိုက်ကူးခဲ့သူ Alice Troughton ဖြစ်တာမို့ ဝေဖန်သူတွေဆီကလည်း ကောင်းမွန်တဲ့မှတ်ချက်တွေရရှိထားတဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။လီယမ်က တက်သစ်စစာရေးဆရာလေးဖြစ်ပြီး သူ့မှာ စာသားတွေကို တစ်ခါမြင်ရုံနဲ့ အလွတ်မှတ်မိနိုင်တဲ့ စွမ်းရည်တစ်ခုပိုင်ဆိုင်ထားပါတယ်။ သူက ကျူတာလုပ်ရင်း ဘဝကိုတိုးတက်ဖို့ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပြီး တစ်နေ့မှာတော့ သူရဲ့စံပြပုဂ္ဂိုလ်ဖြစ်တဲ့ အားလုံးကလေးစားရသူ နာမည်ကြီးစာရေးဆရာကြီး ...
movie

The Lesson (2023)

Three Colors: Blue (1993) 7.9
Three Colors: Blue (1993) Three Colors: Blue (1993) Genre – Drama, Music, Mystery IMDB – 7.9/10ပထမဆုံးကားက အပြာ၊ သူ ကိုယ်စားပြုတာ လွတ်မြောက်မှု။ဇာတ်လမ်းလေးကလည်း ဂျူလီဆိုတဲ့ အိမ်ထောင်သည် ၃၀ ကျော်အမျိုးသမီးတစ်ယောက်က ကားမတော်မဆ ဖြစ်ပြီးယောက်ျားဖြစ်သူနဲ့ ၅ နှစ်အရွယ် သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတယ်။အဲဒီမှာ သူဟာ လောကကြီးကို အဆက်သွယ်ဖြတ်ဖို့ရှိသမျှအကုန် ရောင်းချပြီး တစ်နေရာမှာ အပျောက်သွားနေထိုင်ရာကနေပတ်ဝန်းကျင်ကလူတွေကြောင့်ပဲ လွတ်မြောက်မှုကို ကိုယ်စားပြုတဲ့ဘဝအသစ်စတင်တာတွေ၊ ကတိကဝတ်တွေ ပူဆွေးမှုတွေအချစ်တွေ အမုန်းတွေက လွတ်မြောက်သွားတာတွေကိုအပြာဆိုတဲ့အတိုင်း အပြာရောင် Theme တို့ ပစ္စည်းတွေအရောင်တွေနဲ့ ပုံဖော်သွားခဲ့တဲ့ ဒရမ်ကားလေးပါ။မင်းသမီးနေရာကလည်း အော်စကာတစ်ခု ရရှိဖူးတဲ့ပြင်သစ်မင်းသမီးကြီး Juliette Binoche က အဲဒီခေတ်တုန်းကလှလှလေးနဲ့ ကောင်းကောင်းကြီး သရုပ်ဆောင်ထားတာပါ။ File size…  1.68 GB / 3.36 GB Quality… BluRay 1080p / 720p Format… ...
movie

Three Colors: Blue (1993)

1993
Three Colors: White (1994) 7.6
Three Colors: White (1994) Three Colors: White (1994) Genre – Comedy, Drama, Romance IMDB – 7.6/10ဒုတိယကားကျ အဖြူရောင်၊ သူက ညီမှုမှုကို ကိုယ်စားပြုတာ။ ဒီဇာတ်လမ်းကျ မင်းသမီးဇာတ်မဟုတ်တော့ဘူး မင်းသားဇာတ် ဖြစ်သွားတယ်။ ပိုလန်နိုင်ငံသား ဆံပင်ပညာရှင် ကာရိုးလ်ဆိုတာ ပြင်သစ်နိုင်ငံသူ ချောချောလေးနဲ့ အိမ်ထောင်ကျထားတာ ဒါပေမဲ့ ၆ လလောက်ကြာတော့ မိန်းမဖြစ်သူက အသုံးမကျလို့ ကွာရှင်းလိုက်လို့ နိုင်ငံစွန့် အလုပ်စွန့်ပြီး ပြင်သစ်ကို တရားခွင်မှာ ကွာရှင်းဖို့ လိုက်လာတယ်။ ဒါပေမဲ့ မိန်းမက ဆုံးဖြတ်ချက် ပြတ်သားနေတဲ့အတွက် ပူးပေါင်းဖွင့်ထားတဲ့ လုပ်ငန်းလည်းရှုံး အဝတ်အိတ်တစ်ခုနဲ့ ပိုက်ဆံမရှိပဲ ပြင်သစ်မှာ ခွေးလုံးလုံး ဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ မြေအောက်ဘူတာရုံထဲ ဖြစ်သလို ရှင်သန်နေရင်း ပိုလန်နိုင်ငံသားချင်းတူတဲ့ ဘဲကြီးတစ်ပွေနဲ့ တွေ့ပြီး အပြောင်းအလဲတွေဖြစ် မိန်းမဖြစ်သူကို ပြန်လိုက်ဖို့ ကြိုးစားရတာကို ကြည့်ရမှာပါ။ သူက ဘဲကြီးတလွဲတွေဖြစ်တာကို ပြထားပြီး ဟာသဆိုပေမဲ့လည်း ရယ်အားထက် ငိုအားသန်လေးတွေပါ ပြီးတော့ ညီမျှမှုကို ကိုယ်စားပြုတဲ့ဟာက နောက်ဆုံး ဇာတ်သိမ်းမှာ စပရိုက်စ် တိုက်သွားဦးမှာပါ။ ဒီကားထဲက မင်းသမီးနေရာကတော့ Before Trilogy ...
movie

Three Colors: White (1994)

1994
Three Colors: Red (1994) 8.1
Three Colors: Red (1994) Three Colors: Red (1994) Genre – Drama, Mystery, Romance IMDB – 8.1/10တတိယမြောက်နဲ့ နောက်ဆုံးကားကျ အနီရောင် သူကအသိုင်းအဝန်း သဟာဇာတ စိတ်ဓါတ်လိုမျိုးပေါ့။၃ကားထဲမှာ Rating အကြမ်းဆုံး နောက်ဆုံးကား အော်စကာတွေပါစကာတင်ဝင်ခဲ့တာ။ဒီမှာကျ မင်းသမီးဇာတ် ပြန်ဖြစ်သွားပြန်ရော တစ်ကားလုံး အနီရောင်ပစ္စည်းတွေထည့်သွင်းပြသသွားတာတော့ သဘောကျမိတယ်။ဗယ်လင်တင်းဆိုတဲ့ မော်ဒယ်မလေး ရှိတယ်ချစ်သူနဲ့ ဖုန်းတပြောပြော ချစ်သူရှိတဲ့ အင်္ဂလန်နောက်လိုက်ချင်နေတဲ့အပျိုမလေးပေါ့။တစ်ရက်ကျ ခွေးမလေးတစ်ကောင်ကို ကားနဲ့တိုက်မိရာကခွေးပိုင်ရှင် အငြိမ်းစား တရားသူကြီးဟောင်းကြီးနဲ့ ဆုံပါလေရော။ဆုံတဲ့အပြင် ဒီလူကြီးရဲ့ ထူးဆန်းတဲ့အကျင့်ကိုပါတွေ့သွားခဲ့တာ ဘာထူးဆန်းတာလဲဆိုတော့ဒီဘဲကြီးက ပတ်ဝန်းကျင်နားကလူတွေရဲ့ ဖုန်းလိုင်းကိုကြားကဖြတ်နားထောင် စပိုင်လုပ်နေတာပဲ။အဲဒီမှာ ဒီလူကြီးနဲ့ တွေ့ပြီး ဘာဆက်ဖြစ်ကြမလဲဆိုပြီးစိတ်ဝင်စားဖွယ် ရိုက်ထားတာ ကြည့်ရမှာ သူကျ။ဒီကားထဲမှာလည်း ချစ်စရာမော်ဒယ်မလေးအဖြစ်ဆွစ်ဇာလန်မင်းသမီး Irène Jacob က ကောင်းကောင်းသရုပ်ဆောင်ထားပါတယ်။ဇာတ်သိမ်းမှာလည်း ၃ ကားလုံး ကြည့်ထားတဲ့လူတွေကိုစပရိုက်စ် တိုက်သွားပါသေးတယ်လို့ ပြောရင်းဆွေးမြေ့ဝိုင်ဖြစ်တဲ့ ပြင်သစ်သုံးရောင်ခြယ်လေးကိုခံစားကြည့်လိုက်ရအောင်ဗျာ။File size…  2.47 GB ...
movie

Three Colors: Red (1994)

Three Colours: Blue (1993) 7.9
Three Colours: Blue (1993) Three Colours: Blue (1993) IMDb - 7.9/10_____Rotten - 98%    ကျွန်တော်တို့အားလုံးဟာတစ်ခါတစ်လေမှာတော့ တကယ့်လက်တွေ့ဘဝကနေထွက်ပြေးချင်နေမိကြပါတယ် ကျွန်တော်တို့လိုပဲဂျူလီဟာသူရဲ့လက်တွေ့ဘဝဖြစ်တဲ့ ပျက်စီးနေတဲ့မိသားစုဘဝကနေထွက်ပြေးနေခဲ့ပါတယ် သူ့တိုက်ခန်းထဲမှာပဲသူ့ကိုယ်သူပြန်ပိတ်ထားပြီး နာကျင်ခံစားလို့ရသမျှကိုသူတစ်ယောက်တည်းသာကြိတ်မှိတ်ပြီးခံစားချင်တာပါ ဒါပေမယ့်လူတွေနဲ့တော့သူမဟာလုံးဝမထိတွေ့၊မဆက်ဆံချင်တော့ပါဘူး အဲဒီလိုစိတ်ခံစားချက်တွေကိုဆန့်ကျင်နေတာကတော့ ပဲရစ်ရဲ့လမ်းသွယ်လေးတွေပဲဖြစ်ပါတယ် သိပ်မကြာခင်မှာပဲသူမဟာသူငယ်ချင်းဟောင်းဖြစ်သူအိုလီဗီယာနဲ့ ပြန်တွေ့မိရာကနေတကယ့်လက်တွေ့ဘဝကိုပြန်ရောက်လာမလား ဆက်ပြီးထွက်ပြေးနေမလားဆိုတာ...    ကျွန်တော်တို့အားလုံးဟာတစ်ခါတစ်လေမှာတော့ တကယ့်လက်တွေ့ဘ၀ကနေထွက်ပြေးချင်နေမိကြပါတယ် ကျွန်တော်တို့လိုပဲဂျူလီဟာသူရဲ့လက်တွေ့ဘ၀ဖြစ်တဲ့ ပျက်စီးနေတဲ့မိသားစုဘ၀ကနေထွက်ပြေးနေခဲ့ပါတယ် သူ့တိုက်ခန်းထဲမှာပဲသူ့ကိုယ်သူပြန်ပိတ်ထားပြီး နာကျင်ခံစားလို့ရသမျှကိုသူတစ်ယောက်တည်းသာကြိတ်မှိတ်ပြီးခံစားချင်တာပါ ဒါပေမယ့်လူတွေနဲ့တော့သူမဟာလုံးဝမထိတွေ့၊မဆက်ဆံချင်တော့ပါဘူး အဲဒီလိုစိတ်ခံစားချက်တွေကိုဆန့်ကျင်နေတာကတော့ ပဲရစ်ရဲ့လမ်းသွယ်လေးတွေပဲဖြစ်ပါတယ် သိပ်မကြာခင်မှာပဲသူမဟာသူငယ်ချင်းဟောင်းဖြစ်သူအိုလီဗီယာနဲ့ ပြန်တွေ့မိရာကနေတကယ့်လက်တွေ့ဘ၀ကိုပြန်ရောက်လာမလား ဆက်ပြီးထွက်ပြေးနေမလားဆိုတာ...    File Size : (1.3 GB) Quality : Blu-Ray 1080p Running Time : 1h 38min  Format : Mp4 Genre : Drama, Music, Mystery  Subtitle : Myanmar Subtitle (Hard Sub) Source : Bluray.1080p.x264-RSG Translated by Noe Encoded by sithu
movie


1993
Three Colours: White (1994) 7.6
Three Colours: White (1994) Three Colours: White (1994) IMDb - 7.6/10_____Rotten - 87%    ပြင်သစ်စကားမတတ်တဲ့ ကာရိုလ်ဆိုတဲ့ကောင်လေးနဲ့ ဒိုမနစ်လို့ခေါ်တဲ့ပြင်သစ်ကောင်မလေး ချစ်ကြိုက်မိကာ လက်ထပ်ကြဖို့အကြောင်းဖန်လာပါတယ် အလုပ်မရှိ လူရာမဝင် စကားသေချာမပြောတတ်တဲ့ ကာရိုလ်နဲ့ ရေရှည်မဖြစ်မှန်းသိတဲ့အခါမှာတော့ လက်ထပ်ပြီးခြောက်လအကြာမှာပဲ ကွာရှင်းဖို့ဖြစ်လာပါတယ် ကောင်လေးကိုတရားရုံးကဖြေရှင်းပေးပေမယ့် စကားမတတ် ရှေ့နေမရှိတော့ အမှုရှုံးပြီး ကိုယ့်ဌာနေကိုယ်ပြန်ခဲ့ရပါတယ် ဒီလိုနဲ့ သူကြိုးစားပြီး အရမ်းချမ်းသာလာတဲ့တနေ့မှာ ကောင်မလေးကိုဘယ်လိုပြန်ဆက်ဆံမလဲဆိုတာ...    ပြင်သစ်စကားမတတ်တဲ့ ကာရိုလ်ဆိုတဲ့ကောင်လေးနဲ့ ဒိုမနစ်လို့ခေါ်တဲ့ပြင်သစ်ကောင်မလေး ချစ်ကြိုက်မိကာ လက်ထပ်ကြဖို့အကြောင်းဖန်လာပါတယ် အလုပ်မရှိ လူရာမ၀င် စကားသေချာမပြောတတ်တဲ့ ကာရိုလ်နဲ့ ရေရှည်မဖြစ်မှန်းသိတဲ့အခါမှာတော့ လက်ထပ်ပြီးခြောက်လအကြာမှာပဲ ကွာရှင်းဖို့ဖြစ်လာပါတယ် ကောင်လေးကိုတရားရုံးကဖြေရှင်းပေးပေမယ့် စကားမတတ် ရှေ့နေမရှိတော့ အမှုရှုံးပြီး ကိုယ့်ဌာနေကိုယ်ပြန်ခဲ့ရပါတယ် ဒီလိုနဲ့ သူကြိုးစားပြီး အရမ်းချမ်းသာလာတဲ့တနေ့မှာ ကောင်မလေးကိုဘယ်လိုပြန်ဆက်ဆံမလဲဆိုတာ...    File Size : (1.2 GB) Quality : Blu-Ray 1080p Running Time : 1h 38min  Format : Mp4 Genre : Comedy, Drama, Romance  Subtitle : Myanmar Subtitle (Hard Sub) Source : Bluray.1080p.x264-RSG Translated by Noe Encoded by sithu
movie


1994
Three Colours: Red (1994) 8.1
Three Colours: Red (1994) Three Colours: Red (1994) IMDb - 8.1/10_____Rotten - 100%    အချိန်ပိုင်းမော်ဒယ်ကောင်မလေး ဗယ်လယ်တိုင်းဟာ မော်ဒယ်ဒိုင်အဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့လူနဲ့ အိမ်နီးနားချင်းအဖြစ်ကနေစတင်ရင်းနှီးလာပါတော့တယ် အဲ့နောက်မှာတော့မော်ဒယ်ဒိုင်ဟောင်းကနေခွေးလေးကိုလက်ဆောင်ပေးလိုက်တဲ့အခါမှာတော့ ဗယ်လယ်တိုင်းရဲ့ရည်းစားဟာသဝန်တိုပြီးအတင်းပြန်ပေးခိုင်းခဲ့ပါတယ် ဗယ်လယ်တိုင်းဟာခွေးကိုပြန်ပေးဖို့ထိုသူရဲ့အိမ်ကိုသွားတဲ့အခါမှာတော့အိမ်နီးနားချင်းတွေ ဖုန်းပြောတာကိုခိုးနားထောင်နေတဲ့မော်ဒယ်ဒိုင်ဟောင်းနဲ့ပက်ပင်းတိုးပါတော့တယ် ဗယ်လယ်တိုင်းဟာဒေါသထွက်ပြီးစကားနိုင်လုပြောရင်း ခပ်ကြောင်ကြောင်သံယောဇဉ်တစ်ခုကိုအတူရှာတွေ့သွားတဲ့အခါမှာတော့...    အချိန်ပိုင်းမော်ဒယ်ကောင်မလေး ဗယ်လယ်တိုင်းဟာ မော်ဒယ်ဒိုင်အဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့လူနဲ့ အိမ်နီးနားချင်းအဖြစ်ကနေစတင်ရင်းနှီးလာပါတော့တယ် အဲ့နောက်မှာတော့မော်ဒယ်ဒိုင်ဟောင်းကနေခွေးလေးကိုလက်ဆောင်ပေးလိုက်တဲ့အခါမှာတော့ ဗယ်လယ်တိုင်းရဲ့ရည်းစားဟာသ၀န်တိုပြီးအတင်းပြန်ပေးခိုင်းခဲ့ပါတယ် ဗယ်လယ်တိုင်းဟာခွေးကိုပြန်ပေးဖို့ထိုသူရဲ့အိမ်ကိုသွားတဲ့အခါမှာတော့အိမ်နီးနားချင်းတွေ ဖုန်းပြောတာကိုခိုးနားထောင်နေတဲ့မော်ဒယ်ဒိုင်ဟောင်းနဲ့ပက်ပင်းတိုးပါတော့တယ် ဗယ်လယ်တိုင်းဟာဒေါသထွက်ပြီးစကားနိုင်လုပြောရင်း ခပ်ကြောင်ကြောင်သံယောဇဉ်တစ်ခုကိုအတူရှာတွေ့သွားတဲ့အခါမှာတော့...    File Size : (1.3 GB) Quality : Blu-Ray 1080p Running Time : 1h 39min  Format : Mp4 Genre : Drama, Mystery, Romance Subtitle : Myanmar Subtitle (Hard Sub) Source : Bluray.1080p.x264-RSG Translated by Hnyot Myet Wunn Encoded by sithu
movie

Three Colours: Red (1994)

1994