Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Julie Brown
5.4
Like Mike (2002)
Like Mike (2002)IMDb Rating (5.4) / Rotten Tomatoes (57%) NBA ဟာသဇာတ်မြူးကားလေးပါ။အမေရိကန် Rapper Bow Wow, Jesse Plemons, Jonathan Lipnicki, Brenda Song စတဲ့မင်းသားမင်းသမီးတွေရဲ့ ငယ်ဘဝကဇာတ်ကားလေးတစ်ကားပါ။ဇာတ်ကားလေးကတော့ မိဘမဲ့ဂေဟာတစ်ခုမှာနေနေကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ ကယ်လ်ဗင်၊ မာ့ဖ် နဲ့ ရစ်ဂျ် တို့သုံးယောက်ဟာ သူတို့ကိုမွေးစားမယ့်မိဘတွေကိုမျှော်လင့်တကြီးစောင့်စားနေကြတဲ့သူတွေပါ။ဂေဟာကိုအုပ်ချုပ်တဲ့သူကလည်း ကလေးတွေကို NBA ပွဲတွေမှာသကြားလုံးရောင်းခိုင်းပြီးပိုက်ဆံရှာပါတယ်။တစ်နေ့တော့ ကယ်လ်ဗင် ဆီကို MJ လို့ရေးထားတဲ့စာသားပါတဲ့ဖိနပ်တစ်ရံရောက်လာပါတယ်။ကယ်လ်ဗင် တို့သူငယ်ချင်းသုံးယောက်ကလည်း မိုက်ကယ်ဂျော်ဒန် ရဲ့ဖိနပ်ဖြစ်ရမယ်လို့ အတိအကျမှတ်ယူထားကြတာပေါ့ ဒီလိုနဲ့ အဲဒီဖိနပ်ကိုအကြောင်းပြုပြီးကယ်လ်ဗင် တစ်ယောက် NBA သမိုင်းမှာ အသက်အငယ်ဆုံး၊ အရပ်အပုဆုံး ဘတ်စကတ်ဘောစူပါစတားတစ်ယောက်ဖြစ်လာရာကနေ ဘာတွေဘယ်လိုဆက်ဖြစ်ကြမှာလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားကြဖို့တိုက်တွန်းလိုက်ရပါတယ်။ (ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်။)File size…(2.6 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC ...
movie
Like Mike (2002)
2002
8.2
V for Vendetta (2005)
V For Vendetta (2005) IMDB - 8.2/10_____Rotten - 73%နိုဝင်ဘာ၅ရက်နေ့ဟာ ဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။အဲဒီနေ့ကို GuyFawkes နေ့လို့လည်းခေါ်ခဲ့ကြပါတယ်။အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာ GuyFawkes ဆိုတဲ့ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာ သူ့အဖွဲ့ဝင်တွေနဲ့အတူကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။သို့ပေမယ့်ကံမကောင်းချင်တော့ အမည်မသိသတင်းပေးစာတစောင်ကြောင့်သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်နဝါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံ့ပြန်ကြမလဲ။အိုင်ဒီယိုလော်ဂျီတစ်ခုကို ဘာနဲ့မှသတ်လို့မရဘူးဆိုတာတွေ စတဲ့စတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေအပြင်ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ...အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ။သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။စိတ်ကိုဖျော်ဖြေပေးရုံရုပ်ရှင်သက်သက်မဟုတ်ဘဲကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီး တကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။Rating မြင့်ကားလေးတကားဖြစ်ပြီး imdb rating 8.2ထိရထားပါတယ်။ File size…(900 MB) and 3GB Quality…Blu-Ray Rip HEVC 1080p 5.1 / 720p Format…mp4 Duration….02:12:00 Subtitle….Myanmar Subtitle (Hardsub) Translator…..The Fridays Encoder….CM
movie
V for Vendetta (2005)
2005
5.3
Camp Rock (2008)
Camp Rock (2008) ================သူ့ခေတ်သူ့အခါက ခေတ်ထခဲ့တဲ့ Disney Musical Movie ကောင်းကောင်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခုထိလည်း ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးတွေဖြစ်ကြတဲ့ Jonas Brothers ညီအစ်ကိုသုံးယောက်နဲ့ အဆိုတော် Demi Lovato တို့ အဓိက ပါ၀င် သရုပ်ဆောင်ထား ပါတယ်။ဇာတ်လမ်းအကျဉ်း . . . Camp Rock ဆိုတဲ့ နွေရာသီစခန်းက ဂီတ ရူးသွပ်သူ လူငယ်တွေအတွက် မျှော်လင့်ချက်တွေ ယူဆောင်လာပေးပြီး အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့ ကမ့်တစ်ခုပါ။ မစ်ချီဆိုတဲ့ ကောင်မလေးဟာ ဂီတကို ခုံမင်သူ ပီပီ နွေရာသီ ကျောင်းပိတ်ရက်မှာ ဒီ ကမ့်ကို သွားဖို့ ဒုံးစိုင်းနေသူပေါ့။ ငွေရေးကြေးရေးအခြေအနေကြောင့် လိုက်မပို့နိုင်ကြောင်း မိခင်ဖြစ်သူက ပြောလိုက်တဲ့အခါ ကျောင်းနောက်ဆုံးနေ့မှာ မစ်ချီ့ရဲ့ မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရပါတော့တယ်။ ဒါပေမဲ့ မစ်ချီဟာ Camp Rock နဲ့ ကံပါလာသူ ဖြစ်တယ်ထင်ပါရဲ့ စားဖိုမှူးဖြစ်တဲ့ သူ့အမေကို ကမ့်က အစားအသောက် တာ၀န်ခံအဖြစ်လာငှားတဲ့ ...
movie
Camp Rock (2008)
2008
7.0
Police Academy 2: Their First Assignment (1985)
Officer Carey Mahoney and his cohorts have finally graduated from the Police Academy and are about to hit the streets on their first assignment. Question is, are they ready to do battle with a band of graffiti-tagging terrorists? Time will tell, but don't sell short this cheerful band of doltish boys in blue.
movie
Police Academy 2: Their First Assignment (1985)
1985
6.8
Clueless (1995)
IMDB Rating(6.8) / Rotten Tomatoes (79%)Clueless (1995)ဆယ်ကျော်သက်အချစ်ဇာတ်မြူ းလေးပါ။ ပေါ့ပေါ့ပါးပါး အချစ်ကားလေးတွေ၊ ကျောင်းသားအချစ်ဇာတ်လမ်းတွေ ကြိုက်တတ်သူတွေအတွက်တော့ ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။၁၉၉၅ ခုနှစ်ဝန်းကျင်က အမေကန်မှာရှိတဲ့ အထက်တန်းကျောင်းသားတွေရဲ့ သဘာဝတွေကို ထင်ဟပ်ပြထားပါတယ်။ နောက်ပြီး Clueless ဆိုတာ ခေတ်အဆက်ဆက် အကောင်းဆုံးဆယ်ကျော်သက်ရုပ်ရှင်တွေထဲမှာ ပါဝင်ခဲ့သလို၊ ဇာတ်လမ်းထဲမှာ သုံးခဲ့တဲ့ ဗန်းစကားတွေကလည်း အတော်နာမည်ကြီးခဲ့ပါတယ်။လူချမ်းသာရပ်ကွက်က လိုတိုင်းတရနေတဲ့ အထက်တန်းကျောင်းသူကောင်မလေး၊ ဈေးဝယ်ထွက်ဖို့နဲ့ ဖက်ရှင်ကျကျဝတ်စားဖို့ကို အလေးပေးတတ်သူ၊ ပါတီတွေတက်ပြီး ပျော်ပျော်ပါးပါး အလှပြချင်သူ။ ပါတီတက်ရတာကို ကြိုက်တဲ့ အလန်းစားကောင်မလေး ဖြစ်ပေမဲ့ တကယ်ချစ်တဲ့သူကျမှ သူ့ရဲ့အပျိုစင်ဘဝကို ပေးမယ်လို့ ဆုံးဖြတ်ထားသူ။အဲဒီလိုကောင်မလေးနဲ့ စာတော်ပြီးအလုပ်ကြိုးစားတဲ့၊ ပါတီတက်ရတာ ဝါသနာမပါတဲ့၊ သဘောမနောကောင်းတဲ့ တက္ကသိုလ်ကျောင်းသားလေးတို့ အချစ်စစ်ကို ဘယ်လိုရှာတွေ့သွားကြမလဲ?အချစ်နဲ့ ဟာသကို ရောနှောပြီး လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးမှာ မှုံနေအောင်လှတဲ့ မင်းသမီးချော Alicia Silverstone ...
movie
Clueless (1995)
1995