Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Julianne Nicholson
6.7
The Amateur (2025)
The Amateur (2025)IMDb Rating (6.6) / Rotten Tomatoes (61%) အော်စကာဆုရှင် မင်းသား Rami Malak , Marvel ရဲ့ Punisher မင်းသား Jon Bernthal ပါဝင်ထားတဲ့ နာမည်ကြီး ရုပ်ရှင်သစ်ထွက်လာပါပြီ..Youtube မှာ Geogusser ဆိုတဲ့ ပုံကိုမြင်လိုက်တာနဲ့ ကမ္ဘာ့ရဲ့ ဘယ်နေရာရောက်နေတယ်ဆိုတာကိုပါ အတိကျပြောနိုင်တဲ့ Rainbolt ဆိုတဲ့ လူကို လေ့လာပြီးဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ချာလီကို တည်ဆောက်ထားတာလို့ ပြောထားပါတယ်..ဇာတ်လမ်းအကျဉ်းကတော့ ...စီအိုင်အေက နည်းပညာရှင် ဝှက်စာဖော်တဲ့ အေးဂျင့် ချာလီဟယ်လာရဲ့ မိန်းမဟာ CIA အတွင်းက အေးဂျင့်တွေရဲ့ ကြေးစားတွေကြောင့် မြေစာပင်ဖြစ်ကာသေဆုံးသွားပါတယ်....ဒီအရာကို စီအိုင်အေအရာရှိတွေကို တင်ပြပေမယ့် အတွင်းလူတွေပါဝင်နေတာကြောင့် ချာလီရဲ့ မိန်းမသေဆုံးသွားတာကို ဝမ်းနည်းကြောင်းပြနေပေမယ့်..လက်တွေ့မှာ သူတို့ကိုအမှုပြတ်ပတ်မှာဖြစ်တဲ့အတွက် ဘယ်သူမှ အရေးတစ်ယူမလုပ်ခဲ့ပါဘူး...မိန်းမဖြစ်သူရဲ့ သေဆုံးမှုကို ပူဆွေးမနေနိုင်ဘဲ ဒီကြေးစားတွေကို ...
movie
The Amateur (2025)
2025
4K HEVC
7.5
I, Tonya (2017)
I, Tonya(2017) ***************IMDb....7.5,,,,Rotten...89Biography တွေကို ပြန်ရိုက်တဲ့ဇာတ်ကားတွေ .. အထူးသဖြင့် ကြည့်ရှုသူ ပရိသတ်ကိုပြန်ပြောလေ့ရှိတဲ့ပုံစံမျိုးရိုက်တဲ့ ဇာတ်ကားတွေဟာ ကျွန်တော့်အမြင်ပြောရရင် အများအားဖြင့်အတော်လေးပျင်းရိဖွယ်ကောင်းလှတယ်...ဖြစ်ရပ်မှန်ဆိုတဲ့ ဘောင်ကြီးကွပ်ထားလေတော့ဒါရိုက်တာက မူရင်းနဲ့ သွေဖီမသွားအောင်ရိုက်ရင်း ကြည့်ရှုသူအနေနဲ့ ပျင်းသွားတတ်တယ်...အဲဒီလိုကားတွေထဲမှ ရေခဲစကိတ်စီးအားကစားမယ် Tonya Harding အကြောင်းကိုရိုက်ထားတဲ့ယ္ခုဇာတ်ကားကတော့ ပျင်းရိစရာမကောင်းတဲ့အပြင် ဇာတ်လမ်းအစမှ အဆုံးထိ ဆွဲဆောင်မှုရှိလွန်းလှတယ်...Tonya ရဲ့ငယ်ဘဝ၊ မိခင်ဖြစ်သူရဲ့အကြင်နာမဲ့တဲ့ ဆက်ဆံရေးတွေကနေ စရိုက်ဆန်တဲ့ အပျိုပေါက်တစ်ယောက်ဖြစ်လာပုံတွေ၊ သူမဘဝတစ်ခုလုံးနီးပါးကို နောင်မှာ ဖျက်ဆီးပစ်လာမဲ့ ယောကျ်ားတစ်ယောက်နဲ့ချစ်ကြိုက်မိပြီး အိမ်ထောင်ကျကာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ခဲ့ပုံတွေ၊ သူမ အားကစားလောကရဲ့ဘဝအနိမ့်အမြင့်တွေ၊ အနိုင် အရှုံးတွေနဲ့သူမဘဝတစ်ခုလုံးကို အပြောင်းအလဲဖြစ်လာစေမဲ့ ဖြစ်ရပ်တစ်ခုဖြစ်လာပုံတွေကို တင်ပြသွားခဲ့တယ်။ ရေခဲစကိတ်အကြောင်းကို စိတ်မဝင်စား Tonya Harding ဆိုတာလည်းဘယ်သူမှန်းမသိတဲ့ ကျွန်တော်ဟာ ဒီကားကြည့်ပြီး သူ့အကြောင်းတွေပြေးဖတ်ရ နီးစပ်ရာသူငယ်ချင်းတွေကိုကားကောင်းမို့ကြည့်ဖို့ ညွှန်းဆိုရနဲ့။ ခင်ဗျားဟာ Drama ကြိုက်သူပဲဖြစ်ဖြစ် ဖိုက်တင်ကားတွေကြိုက်သူပဲဖြစ်ဖြစ်ဘယ်လိုရုပ်ရှင်အမျိုးအစကားကိုပဲကြိုက်ကြိုက် ဒီကားလေးကိုတော့ကြည့်စေချင်တယ်...မင်းသမီးချောMagot Robbie ရဲ့အကောင်းမွန်ဆုံးသောသရုပ်ဆောင်ချက်တွေကြောင့် အော်စကာဆန်ကာတင်စာရင်းလည်း ဝင်ခဲ့တယ်...ဇာတ်လမ်းကို ...
movie
I, Tonya (2017)
6.7
Novitiate (2017)
Novitiate (2017)~ IMDb - 6.7/10, RT - 86%, Meta - 73% ~တလောတုန်းကမှ ထွက်ထားပြီး ခုထိ လူပြောသူပြောများနေတဲ့ The Substance မှာ မင်းသမီးကြီး Demi Moore နဲ့အတူ အပြိုင်ကြဲထားတဲ့ မမ Margaret Qualley ရဲ့ ကားအဟောင်းအကောင်းလေးပါ။ ကိုယ်တိုင် သူ့ကို စကြွေခဲ့ရတာကတော့ The Nice Guys မှာ ညဉ့်ငှက်မလေးအဖြစ်သရုပ်ဆောင်ခဲ့တုန်းကပေါ့။ နောက်ပြီးတော့ တာရန်တီနိုရဲ့ Once Upon A Time in Hollywood မှာလည်း မှတ်မှတ်ရရ ရှိကြပါလိမ့်မယ်။ သိပ်ကိုလှပလွန်းတဲ့ မျက်ဝန်းတစ်စုံပိုင်ရှင် အလှတရားလေးပါပဲ။"ပေးဆပ်ခြင်းမရှိတဲ့ အချစ်က အချစ်မဟုတ်ဘူး။ အကြွင်းမဲ့အချစ်ဆိုတာ အဆုံးအစွန်ပေးဆပ် စတေးရခြင်းဖြစ်တယ်"ကိုယ့်ရည်းစားက တစ်ရက်လောက် စာမပို့ဘဲ ဖုန်းမဆက်ဘဲနေရင်တောင် စိတ်ကောက်နေတတ်ကြတဲ့ မမတွေနဲ့ ...
movie
Novitiate (2017)
2017
6.9
One True Thing (1998)
ဒါကတော့ Family အမျိုးစားလေးဖြစ်ပါတယ် အယ်လန်က နယူးယော့ခ်မြို့သတင်းစာတိုက်မှာ အလုပ်လုပ်နေတဲ့ ဆောင်းပါးရေးတဲ့သူတစ်ယောက်ပေါ့ တစ်ရက်တော့သူ့သူငယ်ချင်းဖြစ်သူနဲ့အတူ အိမ်ပြန်လာခဲ့တယ် သူ့မှာအမုန်းဆုံးတစ်ချက်ရှိတယ် အဲ့ဒါသူ့အမေလိုရှင်သန်တဲ့ပုံစံပဲ သူမကတစ်နေကုန်အိမ်မှာပဲ ဝေယျဝေစွတွေလုပ်ရတာအရမ်းမုန်းခဲ့တယ်သို့ပေမဲ့သူနယူးယော့ခ်ကိုမပြန်ခင် သူ့အမေမှာ ကင်ဆာရောဂါဖြစ်ခဲ့တယ် အဲ့တော့အဖေဖြစ်သူဂျော့ဂျ်ဟာသူ့ကိုအိမ်မှာပါလာပြီး အမေကိုပြုစုပေးဖို့ပြောတယ် အဲ့လိုနဲ့အယ်လန်လည်းသူမလုပ်ချင်မနေချင်တဲ့နေထိုင်ရတဲ့အခါမှာ ဘယ်လိုတွေဖြစ်လာမှာမလဲ ဖခင်နဲ့လည်းအဆင်မပြေဖြစ်လာတဲ့အခါမှာ ဒီဇာတ်လမ်းလေးကပေးမယ့်ရသကဘာလဲ စောင့်မျှာ်ကြည့်ရှူပေးကြပါဦး File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:07:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe
movie
One True Thing (1998)
6.5
Janet Planet (2023)
ဒီတစ်ခေါက်မှာတော့ မိုးအေးအေးလေးနဲ့ ကော်ဖီတစ်ခွက်ဘေးချပြီးတွေးလို့ကောင်းမဲ့ A24 film တစ်ခုကိုတင်ဆက်ပေးပါရစေ။ပထမဆုံးအနေနဲ့ ဒီရုပ်ရှင်ဟာ အတွေးဒဿနကိုဦးစားပေးတာဖြစ်တဲ့အတွက် ဇာတ်လမ်းအသွားအလာ တည်ငြိမ်ကြောင်းကိုကြိုတင်အသိပေးပါစေ။ဒီရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင်ကတော့ Title ထဲကအတိုင်းဂျဲနက်ဆိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ်။ ဂျဲနက်မှာ ၁၁နှစ်အရွယ်သမီးလေး တစ်ယောက်ရှိပြီး သားအမိနှစ်ယောက်တူတူနေထိုင်ကြပါတယ်။ အဲဒါကို ဂျဲနက်ရဲ့ ကမ္ဘာလေး (Janet Planet) လို့တင်စားထားတာမျိုးပါ။ရုပ်ရှင်ထဲမှာ ဇာတ်လမ်းကို ၃ ပိုင်း ခွဲခြားထားပြီး ဂျဲနက်ရဲ့ကမ္ဘာလေးထဲကို ဧည့်သည် ၃ယောက်အလည်လာခဲ့ပုံကို တစ်ပိုင်းစီရိုက်ပြထားပါတယ်။အဲဒီဧည့်သည်တွေကတော့ ဝိန်းဆိုတဲ့ ဂျဲနက်ရဲ့ရည်းစားရယ်၊ရက်ဂျီနာဆိုတဲ့ ဂျဲနက်ရဲ့သူငယ်ချင်းရယ်၊ ရက်ဂျီနာရဲ့ ရည်းစားဟောင်းအာဗီဆိုတဲ့လူရယ်ပါ။ သူတို့သုံးယောက်ဟာ တစ်ယောက်ကို စရိုက်တစ်မျိုးစီ၊ အခြေအနေတစ်မျိုးစီနဲ့ ဂျဲနက်ရဲ့ကမ္ဘာလေးထဲကိုတစ်လှည့်စီဝင်လာခဲ့ကြပါတယ်။အဲဒီဧည့်သည်တစ်ယောက်ချင်းစီနဲ့ ဂျဲနက်ရဲ့ စကားပြောခန်းလေးတွေဟာဒီရုပ်ရှင်ရဲ့ အနှစ်ပါပဲ။ ဒီရုပ်ရှင်ကိုကြည့်ပြီးသွားရင် လူ့သဘောလူ့သဘာဝတွေ၊ နေ့စဉ်ဘဝအကြောင်းအရာတွေ၊ဘာသာရေးအကြောင်းတွေ၊ ဒဿနတွေ၊ အနုပညာတွေ စတဲ့အရာအားလုံးနဲ့ပတ်သတ်ပြီး မေးခွန်း ဒါမှမဟုတ် အတွေး တစ်ခုခုတော့စိတ်ထဲကျန်နေခဲ့မှာပါ။ဆိုတော့... ဒီရုပ်ရှင်ဟာ တည်ငြိမ်အေးဆေးပြီး အတွေးများစွာပေးနိုင်မဲ့ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ File size…3.14GB ...
movie
Janet Planet (2023)
Kinsey (2004)
Kinsey ကတော့ ၂၀၀၄ ခုနှစ်မှာထွက်ရှိထားတဲ့ Alfred Charles Kinsey အကြောင်းရိုက်ထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ပဲဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိရုပ်ရှင် ဖြစ်တဲ့အတွက် ဒေါက်တာ kinsey ရဲ့အကြောင်းကိုပဲ သေချာ မီးမောင်းထိုးပြီး ရိုက်ပြထားတာမျိုးဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိဆိုပေမဲ့ ပျင်းစရာကောင်းတဲ့ရုပ်ရှင်မျိုး မဟုတ်ပဲ စိတ်ဝင်စားစရာကောင်းကောင်းနဲ့ ကြည့်ရမှာပါKinsey ကတော့ ၂၀ ရာစုအလယ်ပိုင်းလောက်က အမေရိကန်လူမျိူးတွေရဲ့ လိင်မှုကိစ္စတွေနဲ့ လိင်ပိုင်းဆိုင်ရာ အချက်အလက်တွေကို စမ်းသပ်နေတဲ့ ဇီဝဗေဒသုတေသနပညာရှင်တစ်ယောက်ပါ။ ဒီဇာတ်ကားမှာဆိုရင် kinsey ရဲ့အံ့ဩလောက်စရာ သုတေသနစာတမ်းတွေ စစ်တမ်းကောက်ယူချက်တွေ သူရုန်းကန်ခဲ့တာတွေ လူထုရဲ့အမြင်တွေနဲ့ အခက်အခဲတွေ နဲ့ကြုံလာရချိန်မှာ kinsey တစ်ယောက်ဘာတွေဆက်လုပ်မလဲ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကို ကြည့်ရမှာပါလိင်ကိစ္စတွေမှာ သိပ်ပြီးပွင့်လင်းမြင်သာမှု မရှိသေးတဲ့ရာစုနှစ်တွေမှာ လူတွေရဲ့ လိင်ပိုင်းဆိုင်ရာအသိဉာဏ် နည်းပါးတဲ့အတွက်ကြောင့် ဆက်ဆံပုံတွေမှာ ပုံသေတစ်ခုထဲသတ်မှတ်ထားတာမျိုးတွေက အဆင်မပြေနိုင်ပုံတွေ စိတ်ကျေနပ်မှုရအောင် ဘယ်လိုမျိုးတွေရှိသင့်တယ်ဆိုတောတွေကို ဒေါက်တာ kinsey ကစစ်တမ်းတွေ ကောက်ယူပြီး သူ့ရဲ့စာအုပ်တွေထုတ်နိုင်ဖို့အတွက် ကြိုးစားနေတာတွေကိုတွေ့ရမှာပါ။ ...
movie
Kinsey (2004)
7.2
Dream Scenario (2023)
Dream Scenario (2023) ================= IMDb Rating - 7.2/10ဇာတ်လမ်းအဆန်းအကောင်းတွေကို ထုတ်လုပ်နေကျ A24 ရဲ့ Dark Comedy ရုပ်ရှင် အသစ်လာပါပြီ။ A24 ရဲ့ Nick Cage နဲ့ ပထမဆုံး တွဲလုပ်တဲ့ရုပ်ရှင်ပါပဲ။ ဒါရိုက်တာ Ari Aster က အစမှာ Adam Sandler နဲ့ ဒီရုပ်ရှင်ကို ရိုက်မလို့ပေမဲ့ နောက်ပိုင်းမှာ ပရို ဂျူဆာအဖြစ်ပါ ပါဝင်ခဲ့ပြီး ဒါရိုက်တာ Kristoffer Borgli ကို စိတ်ကြိုက်ရိုက်ကူးစေခဲ့ တာပါ။ Kristoffer Borgli ရဲ့ အကြံပြုချက်အတိုင်း Nick Cage နဲ့ ရိုက်ခဲ့ပြီး အခုလိုပဲ ရုပ်ရှင်ကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ Dark Comedy တွေရဲ့ထုံးစံအတိုင်း သူများ ဒုက္ခရောက်နေတာတွေ ငိုရခက် ရယ်ရခက် ကြည့်ရဦးမှာပါပဲ။ A24 ရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ဟာ အဓိပ္ပါယ်တစ်ခု၊ လမ်းတစ်ခုတည်းကို ပြနေတာမဟုတ်ဘဲ၊ ကြည့်ရှုသူတွေ စိတ်ကြိုက်တွေးစရာ ...
movie
Dream Scenario (2023)
2023
4K HEVC
7.2
August: Osage County(2013)
August Osage County (2013)======================Genre - Comedy, Drama IMDB Rating - 7.2/10ဇာတ်ကားမကြည့်ခင် Cast list နဲ့တင် သေလို့ရပြီမင်းသမီးကြီး Meryl Streep ပြီးတော့ မင်းသမီး Julia Roberts တို့Ewan McGregor တို့အစုံအလင်နဲ့ ကျွန်တော်တို့ Benedict Cumberbatchတောင် အူကြောင်ကြောင်နဲ့ ပါထားသေးတယ်ဗျာ။ ဇာတ်လမ်းကလည်းကိုရီးယား မိသားစုဇာတ်လမ်းတွဲတွေပဲ လောင်ရပြီထင်နေလား၊ ခင်ဗျားတို့မှားသွားမယ် ဒီကားလောင်ရချက်က ပက်စက်တယ် စိတ်တွေပါမွန်းကျပ်လာမှာကြည့်နေရင်းနဲ့။ ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားမှာအရက်စွဲနေတဲ့ခင်ပွန်းဖြစ်သူရယ် ပါးစပ်ကင်ဆာဖြစ်လို့ စိတ်ငြိမ်ဆေးတွေစွဲနေတဲ့ ဇနီးသည်ရယ် လင်မယားနှစ်ယောက် လျှာနဲ့သွားလိုမျိုးအတူတူနေကြတယ်။ တစ်ရက်ကျ ခင်ပွန်းဖြစ်သူပျောက်သွားတဲ့အတွက်သူတို့ရဲ့ သမီးသုံးယောက်ဟာ ငယ်စဉ်တုန်းက နေခဲ့ရတဲ့ အိမ်ကြီးကိုပြန်လာရဖို့ ဖြစ်လာပါတော့တယ်။ အဲဒီမှာပဲ အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီး ထိန်းမနိုင်သိမ်းမနိုင် ဆယ်ကျော်သက်လေး မွေးထားတဲ့သမီးအကြီးရယ်၊ မိခင်ဖြစ်သူနားနေပြီး ယောက်ျားမရသေးလို့ ခဏခဏပွစိပွစိပြောခံရတဲ့ သမီးအလတ်ရယ်၊ ယောက်ျားပေါင်းစုံနဲ့တွဲပြီး အလှအပမက်စိတ်ကူးအသေယဉ်တတ်တဲ့ ...
movie
August: Osage County(2013)
With/In(2022)
ဇာတ်လမ်းတိုလေးတွေ စုပြီး ထုတ်ထားတဲ့ ညွန့်ပေါင်းfilmတစ်ခု ဖြစ်ပါတယ်။ဇာတ်လမ်းကျောရိုးကိုတော့ Covidကာလမှာ တည်ထားပြီး ကပ်ရောဂါကြီးကြောင့် တစ်နေ့တစ်နေ့ လူတွေ နေ့မြင်ညပျောက် ဖြစ်နေတဲ့ကာလအတွင်းက လူပေါင်းစုံ ဘဝပေါင်းစုံကို ထင်မြင်အောင် ရိုက်ကူး တင်ဆက်ထားတာကို တွေ့ရမှာပါ။ အထူးသဖြင့် Covid pandemic, Black lives matterတို့လို 2020-21အတွင်း ဖြစ်ပျက်သွားတဲ့ အထင်ကရ အဖြစ်အပျက်တွေ အဓိကရုဏ်းတွေကို surrealတစ်ပိုင်းနဲ့ Mysteryလေးပါ ရောပြီး ကြည့်ရှုရမှာမို့ ဇာတ်လမ်းအေးအေးလေးနဲ့ တွေးစရာတွေ မြှုပ်ကွက်လေးတွေ ပါတာကို ကြိုက်တဲ့လူတွေအဖို့ သင့်လျော်ပါတယ်။ဇာတ်လမ်းကိုတော့ volumeနှစ်ခုခွဲကာ တစ်ရက်ခြား ထုတ်ဝေခဲ့ပြီး စုစုပေါင်း ၃နာရီအထက် ကြာမြင့်ပါတယ်။မဆိုးလှတဲ့ အနေအထားတစ်ခုမှာ ရှိတယ်လို့ ပြောလို့ရတဲ့အတွက်ကြောင့် စောင့်ကြည့်ရှုစားလိုက်ကြပါဦးနော်။ File size…(2.9GB) / (772MB) / 434.73MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by HUGO
movie
With/In(2022)
7.5
Weird: The Al Yankovic Story
Weird The Al Yankovic Story (2022)ဒီ movie genre ကတော့တော်တော်ထူးခြားတယ်ပြောရမယ်။ Biography ကိုမှ ဟာသပြုထားသရော်ထားတဲ့ Biography Parody အမျိုးအစားပါ။ ဒီတော့ဘယ်သူ့ Biography လဲမေးရင် တစ်ခေတ်တစ်ခါက parody songs တွေရဲ့ဘုရင်ကြီး Weird Al ရဲ့Biography ပါပဲ ဒီဟာသပြုအထုပ္ပတ္တိကို Weird Al ကိုယ်တိုင်ပူးတွဲရေးသားထားပြီး သရုပ်ဆောင်တာကလဲထူးထူးခြားခြားဇာတ်လမ်းတွေသရုပ်ဆောင်နေကျ အားလုံးအချစ်တော်ဟယ်ရီပေါ်တာမင်းသားဆိုတော့ တကယ့်ကြည့်ကောင်းတဲ့ဇာတ်လမ်းပါပဲ။ အဆိုကျော်ကြီးတစ်ယောက်ရဲ့ အထုပ္ပတ္တိကိုကြည့်ရမယ့်အပြင် ဟာသပြုထားတော့သာမန်အထုပ္ပတ္တိဇာတ်လမ်းတွေလိုပျင်းစရာလဲမကောင်းတော့ဘူးပေါ့။ ဒါက Weird Al ဘဝဖြစ်ရပ်မှန်နဲ့ဇာတ်လမ်းပြန်ဖန်တီးထားတယ်ဆိုတော့ ဒါကြည့်ပြီးရင်တော့ဘယ်အချက်တွေကများအမှန်လဲဆိုပြီး သိချင်စိတ်နဲ့ အားလုံး ဂူဂဲလ်ရောက်သွားကြမှာသေချာတယ်ဗျာ။ဒီဇာတ်လမ်းမှာ ပေါ့ပ်ကွင်းမက်ဒေါနားနဲ့အချစ်ဇာတ်လမ်းပါပါသေးတာမို့ Weird Al ပြောတာက လက်ရှိသူ့နာမည်နဲ့ပတ်သက်ပြီး ဂူဂဲမှာအရှာဖွေဆုံးက သူနဲ့မက်ဒေါနားတကယ်ပတ်သက်ခဲ့သလားဆိုတာပါပဲဆိုတော့ အမြန်ကြည့်ပြီး ဂူဂဲလ်မှာအမြန်သာပြေးရှာလိုက်ကြပါတော့။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Music Quality…. 1080p | 720p | 480p File size… 1.6GB | 863MB | 465MB Format… mp4 Duration…. 1h ...
movie
Weird: The Al Yankovic Story
2022
5.9
Togo (2022)
Netflix ကထုတ်တဲ့စပိန်စကားပြောကားလေးပါ Togo ဟာခြေတစ်ဖက်ဆာနေတဲ့အိမ်ခြေရာမဲ့အဖိုးအိုတစ်ယောက်ပါ။ သူဟာ သူ့အပိုင်လို့သတ်မှတ်ထားတဲ့အကွက်မှာ လာရပ်တဲ့ကားတွေကို စောင့်ကြည့်ပေးရင်း အသက်မွေးရသူပါ။တစ်နေ့မှာတော့ အိမ်ကနေထွက်ပြေးလာတဲ့ မိန်းကလေးတစ်ယောက်ဟာ သူအလုပ်လုပ်တဲ့နေရာကိုလာနေရာကနေ Togo လည်းသမီးတစ်ယောက်လိုသံယောဇဉ်တွယ်မိပါတယ်။ တစ်ချိန်တည်းမှာပဲ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းဟာ နယ်မြေချဲ့ထွင်လာပြီး Togo ကိုသူတို့နဲ့ပူပေါင်းဖို့ အတင်းအကျပ်တိုက်တွန်းပါတယ်။Togo ကလည်း သူ့နယ်မြေလို့သတ်မှတ်ထားတဲ့ ရပ်ကွက်ကိုကာကွယ်ပေးဖို့ကြိုးစားရာကနေ မူးယစ်ဂိုဏ်းနဲ့ထိပ်တိုက်ရင်ဆိုင်ရဖို့ဖြစ်လာရပါတော့တယ်။File size…2.38 Gb / 998Mb / 481MB Quality….Webrip 1080p / 720p / 480p Format…mp4 Duration….1:53:00 Genre...Crime / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
Togo (2022)
6.2
[17+] Blonde (2022)
Blonde (2022)=========== IMDb Rating - 6.2/10ကဲ Biography ဒရာမာရုပ်ရှင်လေးကြည့်ရအောင်။ နာမည်ကျော် ရုပ်ရှင်မင်းသမီး မယ်ရီလင် မွန်ရိုးရဲ့အကြောင်းပါပဲ။ မွန်ရိုးဟာ သမိုင်း တလျှောက် နာမည်အကြီးဆုံး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်မင်းသမီးတွေ ထဲကတစ်ယောက်ပါပဲ။ ၁၉၅၀-၆၀ ကာလများရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ်လည်း သတ်မှတ်ကြပါတယ်။မွန်ရိုးဟာ နာမည်ကျော်ကြားသလောက် ဘဝအစမလှပခဲ့သလို ဘဝ ဇာတ်သိမ်းလည်းမလှပခဲ့ပါဘူး။ မိဘမဲ့ဂေဟာကနေ အနုပညာလောက ထဲကိုဝင်လာပြီး ၁၆ နှစ်နဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သုံးဆက်အထိ ရှိခဲ့ပြီး။ ကြားထဲမှာလည်း အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနဲ့ အပါအဝင် မရေတွက်နိုင်တဲ့ ကောလဟာလတွေ အများကြီးရှိခဲ့သူလည်းဖြစ်ပါတယ်။အဲဒီတုန်းက မွန်ရိုးဟာ တစ်နိုင်ငံလုံးရဲ့ အိပ်မက်မင်းသမီးဖြစ်ခဲ့တာပါ။ သူ့ရဲ့ ဂါဝန်လေးလေလွင့်နေတဲ့ပုံဟာလည်း သမိုင်းဝင်လောက်အောင်ကို ကျော်ကြား ခဲ့တာပါ။ မွန်ရိုးဟာ အသက် ၃၆ နှစ်အရွယ်မှာ ဆေးလွန်သေဆုံးခဲ့ပြီး ဒါကို မတော်တဆမှုအဖြစ်ဖော်ပြခဲ့ပေမဲ့ လူပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ်သတ် သေတယ်လို့ ယူဆခဲ့သလို လုပ်ကြံခံရတယ်ဆိုတဲ့ ထင်ကြေးတွေလည်းပေါ် ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ သူကို ဟောလိဝုဒ်ရွှေခေတ်ရဲ့ အကျော်ကြားဆုံး မင်းသမီးစာရင်းမှာ နံပါတ်-၆ နေရာမှာ သတ်မှတ်ထားခဲ့တုန်းပါပဲ။ နံပါတ်တစ် ကတော့ ...
movie
[17+] Blonde (2022)
2022
7.0
Black Mass(2015)
Black Mass(2015)အညွှန်း********************(အလန်းစားကားမို့ 1080p5.1ch ပါပြုလုပ်ပေးထားပါတယ်....)IMDb...7.0,,,,Rottten...73%ဘော်စတွန်မှာနေတဲ့သူတွေဆိုရင် ဂျိမ်းစ်ဘော်လ်ဂျာကို မသိတဲ့လူမရှိဘူးတဲ့... သူဟာဘော်စတွန်မြို့တောင်ပိုင်းမှာ ကြီးပြင်းတယ် သူ့မှာ ဘီလီဆိုတဲ့ညီတစ်ယောက်ရှိတယ် သူ့ကို ဘော်စတွန်မြို့တောင်ပိုင်းက လူတွေတော်တော်များများချစ်ကြတယ် ဒါပေမဲ့ ဒီကောင်ကလူဆိုး လူမိုက် လူပေ လူတေ သူ့ဘဝရဲ့အရေးအကြီးဆုံး တန်ဖိုးအထားဆုံးက သစ္စာတရားပဲ ငယ်ငယ်တုန်းက ခင်ဗျားတို့တွေ ကိုယ့်ကို နာမည်ပြောင်လာခေါ်ရင် စိတ်ဆိုးရန်ဖြစ်တတ်ကြတယ်မလား.. .ပြောင်ကြီးတို့ ခေါလေးတို့... ဒီဘော်လ်ဂျာဆိုတဲ့ဘဲလည်း သူ့ကိုနာမည်ပြောင်လာခေါ်ရင် မကြိုက်ဘူး... ဒါပေမဲ့ သူက ရန်တော့မဖြစ်ဘူး... သတ်တာ... ဇာတ်ကားက အရမ်းကြမ်းပါတယ်..ကလေးသူငယ်နဲ့ သွေးသံရဲရဲကြောက်တတ်တဲ့သူတွေမကြည့်သင့်ပါဘူး..ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်တဲ့အပြင် Johnny Depp နဲ့ Benedict Cumberbatch အဓိကသရုပ်ဆောင်ထားလေတော့ဒီကားကိုနင်းကန်ကြည့်သင့်ပါတယ်..စပွိုင်လာလုပ်လို့မကောင်းတဲ့ကားမျိုးမို့ ဒီလောက်ပဲပြောပါရစေ....ဇာတ်ကားတစ်ကားလုံး အစကနေအဆုံးထိ ဘာတွေဖြစ်မလဲ စိုးတထိတ်ထိတ်နဲ့ ကြည့်ရတဲ့ကားမို့လူမိုက်အကြမ်းစားကားတွေသဘောကျတဲ့သူတွေအဖို့လက်မလွှတ်သင့်ပါကြောင်း... File Size :(2.16GB)(1.04GB) and (451 MB) Quality :Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Biography, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded ...
movie
Black Mass(2015)
7.0
Monos (2019)
Monos (2019)===========IMDb Rating - 7.0/10#Unicode"နာမည်ကျော် Gummy Bearလို့ခေါ်တဲ့ ၀က်ဝံရုပ်မုန့်ကလေး တွေကို 1992မှာ စတီထွင်ခဲ့တယ်။ ဒီမုန့်ကလေးတွေဟာ အေးဆေး ဝါးလို့ရအောင်နူးညံ့ရတယ် ဒါပေမယ့် သူ့ပုံစံဖြစ်တဲ့ ၀က်ဝံရုပ်ကလေးမပျက်အောင် မာကျောရမယ်။ အဲ့ဒီလိုမျိုးအရည်အသွေး မပါရှိတဲ့မုန့်တွေ ထုတ်လုပ်မှုမှာ ပါမပါ စစ်ဆေးဖို့က၁၅နှစ်ဝန်းကျင်လောက်ရှိတဲ့ ကလေးတွေရဲ့ အလုပ်ပါပဲ။"ဒါကရုပ်ရှင်ထဲက တီဗီမှာလာနေတဲ့ သတင်းပါပဲ။ ကလေးသာသာအရွယ်ကလေးတွေဟာ မုန့်မြည်းတဲ့ အလုပ်လောက်ပဲ လုပ်သင့်ပါတယ်။ ဒါပေမယ့် ဒီသတင်းကိုကြည့်နေတဲ့ ၁၅နှစ်သားကောင်လေးရဲ့ အလုပ်ကတော့ စစ်တိုက်ရတာပါ။ ၂၀မကျော်တဲ့ ကလေးတစ်အုပ်ကို စစ်တိုက်ဖို့ လေ့ကျင့်ပေးထားပြီး သူတို့အဖွဲ့ကို Monosတွေလို့ခေါ်ပါတယ်။သူတို့ ဘယ်ကလာလဲ ဘယ်လိုသူပုန်ဖြစ်လာလဲ မပြပေမယ့် သူတို့ရှင်သန်ရတဲ့ဘ၀ကိုတော့ ဆေးမှင်ရည်စုတ်ထိုးသလို ထင်းနေအောင်ကို ပြသွားတယ်။Monosလို့ခေါ်တဲ့ ကလေးတစ်အုပ်ကို သူပုန် အဖွဲ့အစည်းက သုံ့ပန်းဖမ်းထားတဲ့ အမေရိကန် အင်ဂျင်နီယာမတစ်ယောက်ကို စောင့်ကြည့်ဖို့ တာ၀န်ပေးထားတယ်။တစ်ဆက်တည်းမှာပဲ ရိက္ခာအတွက် နို့စားနွားမတစ်ကောင်ငှားပေးထားတယ်။ ငှားပေးတယ်ဆိုတာ စစ်ဆင်းရေးပြီးရင် ပြန်ပေးရမယ့် သဘောပါပဲ။ သူတို့ကိုပေးထားတဲ့တာ၀န်မှာ နံပါတ်တစ်အရေးကြီးတာက စစ်သုံ့ပန်းမလွတ်အောင် ကြည့်ရမယ်။နံပါတ်နှစ် အရေးကြီးတာက နွားမကို သေချာစောင့်ရှောက်ရမယ်။ ဒါပေမယ့် ကလေးတွေထဲက တစ်ယောက်က နွားမကိုသေနတ်နဲ့ပစ်မိသွားပါတယ်။ ဒီနွားတစ်ကောင်သေတဲ့အတွက် သူတို့ထဲက တာ၀န်ယူထားတဲ့တစ်ယောက်က ကွပ်မျက်ခံရမှာပါ။ ဒါပေမယ့် သူ့ကို အားပေးမယ့်သူ ဘယ်သူမှမရှိပါဘူး ကျန်တဲ့ကလေးတွေအကုန်လုံးဟာသေသွားတဲ့ နွားကိုပေါ်ရင်းအလုပ်များနေကြတယ်။ ဒီမှာပဲ အဲ့ဒီကောင်လေးဟာ သူ့ကိုယ်သူသတ်သေသွားတယ်။ သူတို့အသက်ဟာ နွားတစ်ကောင်လောက်မှ တန်ဖိုး မရှိတာလားတော့မသိပါဘူး။ ဒီအကြောင်းကို သတင်းပို့တဲ့အချိန်မှာလည်း သူတို့ခေါင်းဆောင်လူကြီးက အမှတ်မသားမရှိတဲ့မြေပုံမှာမြှပ်ဖို့နဲ့ ...
movie
Monos (2019)
2019
8.3
Togo (2019)
Disneyကနေထွက်လာတာရက်ပိုင်းပဲရှိသေးတဲ့ တကယ်ကောင်းပြီး နာမည်ကြီးဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ Dramaကားတစ်ကားပါ။ လက်ရှိ IMDb rating 8.3 ခရမ်းချဉ်သီးမှာ 94%နဲ့ reviewကောင်းတွေရထားပါတယ်။ တိုဂိုဆိုတာအလက်စကာရဲ့ နုံးဆိုတဲ့ရွာသာသာနေရာလေးကစွတ်ဖားခွေးတစ်ကောင်ပါ။ အဲ့နယ်တစ်ခွင်မှာ အတော်ဆုံးနာမည်ကြီး စွတ်ဖားလှည်းခေါင်းဆောင်ခွေးပေါ့။ သူ့သခင် ဆပါလာလည်း နာမည်ကြီးစွတ်ဖားမောင်းသမားတစ်ယောက်။ 1925ခုနှစ် သေလောက်အောင်အေးတဲ့အလက်စကာရဲ့ ဆောင်းရာသီမှာ ကလေးတွေဆုံဆို့နာဆိုတဲ့ ကူးစက်ရောဂါဖြစ်ပြီး သေကြတယ်။ အဲ့ရောဂါအတွက်ဆေးက သူတို့ရွာကနေအသွားအပြန်မိုင်၆၄၀လောက်ဝေးတဲ့နေရာကိုပဲ ပို့နိုင်တယ်။ အဲ့အချိန်မှာမုန်တိုင်းကလည်းတိုက်နေတော့ စွတ်ဖားလှည်းနဲ့ပဲသွားယူလို့ရမယ်။ ဒီလိုအချိန်မှာ အဲ့မုန်တိုင်းထဲမှာအသက်ရှင်လျက်သွားပြီး ပြန်လာနိုင်မယ့်သူဆိုလို့ တိုဂိုခေါင်းဆောင်တဲ့ ဆပါလာရဲ့စွတ်ဖားပဲရှိတော့တယ်။ ဒီလိုနဲ့ ရောဂါဖြစ်ပြီးသေတော့မယ်ကလေးတွေအတွက် ဆပါလာဟာ အသက်၁၂နှစ်ရှိနေတဲ့ခွေးအိုကြီးတစ်ကောင်ကို ဦးဆောင်ခိုင်းပြီး အေးခဲလှတဲ့မုန်တိုင်းထဲ ဆေးယူဖို့တိုးဝင်ရပါတော့တယ်။ ဆပါလာတစ်ယောက်ဆေးကိုယူပြီး အသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား သူပြန်လာရင်ရော တိုဂိုဆိုတဲ့ခွေးအိုကြီးရော အသက်ရှင်လျက်ပါလာပါ့မလားဆိုတာ စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမှာပါ။ ဒီကားမှာဒိတ်ဒိတ်ကြဲမင်းသားကြီး Willem Dafoeဦးဆောင်ပြီး Cinematographyကျွမ်းကျင်လှတဲ့ Ericson Core ဒါရိုက်တာလုပ်ထားတာကြောင့်လည်း တကယ်ကိုကြည့်လို့ကောင်းတဲ့အပြင် တိုဂိုရဲ့ငယ်ဘဝကိုရော အခုလက်ရှိဖြစ်နေတာတွေကိုပါပေါင်းစပ်ပြသထားလို့ တစ်ကားလုံး လုံးဝအီမနေပဲ တစ်ချို့အခန်းတွေဆိုအသဲတယားယားနဲ့ကြည့်ရှုရမှာပါ။ ကြည့်ပြီးနောင်တရမယ့်ကားတစ်ကားမဟုတ်တာကြောင့် ရှယ်ညွှန်းပေးလိုက်ရပါတယ်။File Size ...
movie
Togo (2019)
2019