Channel Myanmar

Julianna Layne

Kinda Pregnant (2025) 5.5
Kinda Pregnant (2025)  စိတ်အပန်းဖြေဖို့ ပေါ့ပေါ့ပါးပါး ကြည့်လို့ရမဲ့ ဟာသကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ လင်နီက ငယ်ငယ်လေးကတည်းကသူ့အမေဆုံးသွားတာရော မိသားစုမရှိတာရောကြောင့် ကိုယ်ပိုင်မိသားစုလေး တည်ထောင်ပြီး မိခင်တစ်ဦးဖြစ်ချင်တဲ့ အိပ်မက်ရှိခဲ့တာပါ။ ဒီလိုနဲ့ လင်နီအရွယ်ရောက်လာပြီး အိမ်ထောင်ပြုရမဲ့အရွယ်ရောက်လာတော့ သူ့ရဲ့ ၄နှစ်ကြာတွဲခဲ့တဲ့ ချစ်သူနဲ့ မိသားစုလေးတည်ထောင်ဖို့ မျှော်လင့်နေခဲ့ပါတယ်။ဒါပေမဲ့လည်း အလွဲလွဲအချော်ချော်တွေဖြစ်ပြီး ရည်းစားနဲ့လည်းပြတ်မိသားစုထူထောင်ချင်တဲ့အိပ်မက်လေးလည်း ပျက်စီးသွားချိန်မှာလင်နီရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကိတ်ကတော့ သားဦးလေးကိုကိုယ်ဝန်စလွယ်ထားရပါတယ်။လင်နီ လိုချင်၊ဖြစ်‌ချင်ခဲ့တဲ့ မိသားစုအိပ်မက်ကို အခင်ဆုံးသူငယ်ချင်းကိတ်ကပိုင်ဆိုင်နေရတာမြင်တော့ ဝမ်းနည်း၊ဝမ်းသာ၊ မနာလိုတွေဖြစ်ပြီး သူလိုချင်ခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင်ဘဝကို ခဏတာဟန်ဆောင်‌နေကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဗိုက်အတုတပ်ပြီးကိုယ်ဝန်ဆောင်ယောဂသင်တန်းသွားတက်ရာကနေ အလိမ်အညာထဲကရုန်းထွက်လို့မရတဲ့အခြေအနေကိုရောက်သွားတာကိုဟာသလေးနှောပြီး ကြည့်ရှုရမဲ့ ဇာတ်ကားတစ်ခုပါ။R-rated ကားဖြစ်တာမလို့ ခပ်ရိုင်းရိုင်းစကားလုံးတွေနဲ့ ခုတင်ပေါ်ကဇာတ်ဝင်ခန်းတချို့ပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး။ ဒီတိုင်းဘာမှမတွေးချင်ဘဲ ရိုးရိုးရှင်းရှင်း ဟာသကားလေးကြည့်ဖို့ရှာနေသူများကတော့ ဒီဇာတ်ကားလေးကိုကြည့်သင့်ပါတယ်။ဗိုက်အတုနဲ့ ကိုယ်ဝန်သည်ဟန်ဆောင်တဲ့ လင်နီတစ်ယောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကို‌ ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။  File size… (1.70 GB) / (752 MB) Quality… WEB-DL  1080p HEVC / 720p Format…mkv / ...
movie

Kinda Pregnant (2025)

Inexistent (2023) 6.0
Inexistent (2023) Inexistent (2023) ============ငယ်ငယ်က စိတ်ကူးယဥ်သူငယ်ချင်းတွေနဲ့ ကစားတတ်တဲ့ စိတ်ထင်ယောင်ထင်မှားရောဂါရှိတဲ့ ဆယ်ကျော်သက်ကောင် မလေး Shivana က အိမ်ထောင်ရှိအမျိုးသား Patrick နဲ့ ချစ်ကြိုက်ပြီး ဖောက်ပြန်နေခဲ့တယ်။ ငယ်ငယ်ကတည်းက အချစ်စစ်ကိုမရခဲ့လို့ တွယ်ကပ်တတ်တဲ့ Shivana က Patrick နဲ့အတူနေနိုင်ဖို့ သူ့ဇနီးသည်ကို သတ်ဖို့ကြိုးစားပါ တော့တယ်။ နောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့် ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.06 GB) / (372 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 20Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Thwal Htoo Zin Encoder..........SWM
movie

Inexistent (2023)

2023
A Christmas Story Christmas (2022) 6.7
A Christmas Story Christmas (2022) ဦးစွာပြောလိုတာကတော့ Rating ပါ..Rating မကြည့်ကြနဲ့လို့ ဆိုကြပေမယ့် ဒီလိုပွဲ‌တော်အကြောင်းပြုပြီး ပေါချင်းသောချင်းထွက်နေကြ ဇာတ်ကားတွေထဲမှာ ဒီကားဟာ တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်...ခရစ္စမတ်ကားတို့မည်သည် Family Typeလေးနဲ့ ပျော်ပျ်ောရွှင်ရွှင်အဆုံးသတ်ပြီး ခရစ္စမတ်အရသာကို ခံစားရစေစမြဲဆိုပေမယ့် ဒီဇာတ်လမ်းလေးကတော့ မတူကွဲပြားဘဲ ထူးခြားမှုကို ခံစားရစေတယ်ဗျ။ရာလ်ဖ် ပါကာဆိုတဲ့ စာရေးဆရာဟာ သားသမီး၂ယောက်ရဲ့ ဖခင်ပေါ့ ... သူတို့မိသားစုဝင် ၄ယောက်ဟာ ခရစ္စမတ်တိုင်း အဝေးကလာတဲ့ အဖိုးအဖွားတွေနဲ့ ပွဲတော်ဆင်နွှဲနေကြဆိုပေမယ့် ဒီနှစ်မှာတော့ အဖေဖြစ်သူဆုံးပါးသွားတဲ့အခါ တာဝန်အားလုံးဟာ ရာလ်ဖ်အပေါ်ကျရောက်လာပါတော့တယ်... ရာလ်ဖ်ရဲ့ဖခင်ဟာ ခရစ္စမတ်ပွဲကျင်းပရာမှာ ဆရာတစ်ဆူဖြစ်တဲ့အတွက်ကြောင့် သူ့အဖေခြေရာအတိုင်းထပ်တူဖြစ်လာပါမလားလို့ ressureတွေပိုပိလာတဲ့အခါ ...ရာလ်ဖ်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းရသလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(2.5GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:38:00 Type__Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie

A Christmas Story Christmas (2022)

A Christmas Karen (2022)
A Christmas Karen (2022) A Christmas Karen (2022)'ကာရင်' ဆိုတဲ့စကားလုံးကို ဒီခေတ်မှာ သိပ်မစိမ်းကြတော့ဘူးလို့ ထင်ပါတယ်။'ကာရင်' ဆိုတာ နေရာမရွေး ကွိုင်ရှာတတ်တဲ့ ပြဿနာအိုး၊ လူမျိုးရေးခွဲခြားဆက်ဆံတတ်တဲ့ သက်လတ်ပိုင်း အမေရိကန် လူဖြူအမျိုးသမီးကြီးတွေကို ခေါ်ဆိုတဲ့ ဗန်းစကားတစ်ခုပါ။ ကာရင်တွေရဲ့ ထစ်ခနဲရှိ လက်သုံးစကားတွေက 'ငါ ရဲခေါ်လိုက်မယ်' 'မန်နေဂျာနဲ့ စကားပြောမယ်' 'နင်တို့နေတဲ့နိုင်ငံကိုသာ ပြန်သွား' ဆိုတာတွေပါ။'ကာရင်' ဆန်ပြီး ကာရင်လို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ ခရစ္စမတ်အကြိုညမှာ အရင်က သူဌေးမဟောင်းနဲ့ ပြန်ဆုံခဲ့ပါတယ်။ သူမရဲ့ သူဌေးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က ခရစ္စမတ်ညမှာ ဆုံးပါးသွားခဲ့သူပါ။တစ္ဆေအဖြစ်နဲ့ လာရောက်ခြောက်လှန့်ခဲ့တဲ့ သူမရဲ့ သူဌေးဖြစ်သူဟာ ရှင်သန်နေစဥ်ကာလမှာ လုပ်ခဲ့မိတဲ့ ပြစ်ဒဏ်တွေကြောင့် ကြေးချွတ်သန့်စင်ဘုံမှာ ပြစ်ဒဏ်ခံနေရသူတစ်ဦးလည်း ဖြစ်ပါတယ်။ လေလွင့်တစ္ဆေဖြစ်နေတဲ့သူမဟာ အသက်ရှိနေစဥ်ကာလမှာ သူတစ်ပါးရဲ့ယောကျာ်းတွေနဲ့ အိပ်မိခဲ့တဲ့အတွက် အပြစ်ကြွေးဆပ်နေရပါတယ်။ ဒါပေမဲ့ ထိုအပြစ်ကြွေးကြောင့် ဘယ်လိုမျိုးများ ...
movie

A Christmas Karen (2022)

2022