Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Julian Firth
6.6
Burnt (2015)
ဒီဇာတ်ကားလေးကတော့ 2015 ခုနှစ်ကထွက်ရှိထားတဲ့ ဟာသဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေ အနေနဲ့ကတော့ Bradley Cooper,Sienna Miller နဲ့ Daniel Brühl တို့က ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာ John Wells ကရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်း…….Adam Jones ဟာ မီချယ်လင် ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ စားဖိုမှူးတစ်ယောက်ဖြစ်ပါတယ်။ Adam ဟာ အားလုံးကို ပိုင်ဆိုင်ခဲ့ပြီးမှ သူ့ရဲ့အမူအကျင့်ဆိုးတွေ အောင်မြင်မှုကို မထိန်းသိမ်းနိုင်မှုတွေကြောင့် ပြန်လည်ဆုံးရှူံးခဲ့ရပါတယ်။အဲ့တာကြောင့်သူဟာ သူ့ကိုယ်သူပြန်လည်ရှာဖွေရင်း ပဲရစ်မြို့ကနေ လန်ဒန်မြို့ကို ပြောင်းရွှေ့လာပါတယ်။လန်ဒန်မှာ သူ့ရဲ့ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ပြီး မီချယ်လင် ကြယ်သုံးပွင့်အဆင့် စားဖိုမှူးဖြစ်အောင် ကြိုးစားပါတော့တယ်။ သူ့ရဲ့အိပ်မက်အမှန်တကယ်ဖြစ်မြောက်လာအောင် Adam တစ်ယောက်ဘယ်လိုတွေလုပ်သွားမလဲ ဘယ်သူတွေက သူ့ကိုကူညီပေးမှာလဲ သူလိုချင်တဲ့ အရာတွေရော ရရှိသွားမလားဆိုတာတွေကို စိတ်ဝင်းစားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ်။2015 ခုနှစ်ကတည်းကထွက်ရှိထားတဲ့ကားလေးဆိုပေမယ့် ဘယ်အချိန်ကြည့်ကြည့်ရိုးမသွားမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…(1.4 GB)/(720 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre... ...
movie
Burnt (2015)
2015
Sebastian (2024)
LGBTQ ဇာတ်ကားတွေကိုအမြဲရိုက်လေ့ရှိတဲ့ Director Mikko Makelaရဲ့ LGBTQ Drama အသစ်စက်စက်ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်Rotten Tomatoes 72% နဲ့ 1 win & 2 nominations လည်းချိတ်ထားပါသေးတယ်Gay တစ်ယောက်ရဲ့ဘဝကိုကွက်ကွက်ကွင်းကွင်းပေါ်အောင်ရိုက်ထားတယ်ဆိုတော့ ၁၈ ယောက်စုကြည့်ရမယ့်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းကတော့......မဂ္ဂဇင်းတိုက်တစ်ခုမှာဆောင်းပါးတွေရေး၊ ဝတ္ထုတိုတွေရေးပြီးနာမည်ရနေတဲ့ မက်စ် ဆိုတဲ့၂၅ နှစ်အရွယ်လူငယ်လေးတစ်ယောက်ဟာGay တွေရဲ့ Sex Work အကြောင်းကို ကိုယ်ပိုင်လုံးချင်းဝတ္ထုရေးဖို့ကြိုးစားနေပြီးလုပ်ဖော်ကိုင်ဖက်တွေနဲ့ မန်နေဂျာရဲ့ထောက်ပံ့မှုကိုလည်းကောင်းကောင်းရထားပါတယ်ဒါပေမယ့် သူ့ရဲ့စာအုပ်ကိုပိုပြီးလက်ရာမြောက်ဖို့အတွက် Gay တွေနဲ့အင်တာဗျူးရုံနဲ့တင်အားမရဘဲသူကိုယ်တိုင် Gay Website မှာ ဆီဘက်ရှန် ဆိုတဲ့ Account တုနဲလိုက်အိပ်ပြီးသူ့ရဲ့ဝတ္ထုကိုပိုပြီးရသမြောက်ဖို့ကြိုးစားပါတော့တယ်ကိုယ်တိုင်ကုန်ကြမ်းရှာရာကနေ သူ့ရဲ့အလုပ်အကိုင်၊ သူ့ရဲ့ဘဝအပေါ်ဘယ်လောက်ထိ လွှမ်းမိုးမှုရှိလာမှာလဲ....အဲဒီလမ်းကြောင်းမှာတကယ်ကိုယ်တိုင်းစီးမြောသွားတဲ့အခါ ဘယ်လိုအတွေ့အကြုံသစ်တွေဘယ်လိုဒုက္ခတွေနဲ့ရင်ဆိုင်ရမလဲ......သူ့ရဲ့ဝတ္ထုကရော တကယ်ပြီးမြောက်အောင်မြင်သွားရဲ့လားဆိုတာကိုတော့.....ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်File size…(1.2 GB)/(738 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated ...
movie
Sebastian (2024)
7.7
The Last Duel (2021) 18+ Rated
ဒါရိုက်တာ ရစ်ဒလေ စကော့ ရိုက်ကူးထားပြီး စာရေးဆရာ အဲရစ်ဂျက်ကာရဲ့ ၂၀၀၄ ခုနှစ်ထွက် novelThe Last Duel: A True Story of Trial by Combat in Medieval France(နောက်ဆုံးစီးချင်း - မီဒီအီဗယ်ခေတ် ပြင်သစ်ရဲ့ ဖြစ်ရပ်မှန် စီးချင်းထိုး တရားစီရင်မှု) ကိုNicole Holofcener, Ben Affleck နဲ့ Matt Damon တို့က ဇာတ်ညွှန်းပြန်လည်ရေးသားထားတာဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ မတ်ဒေမွန်၊ အဒမ် ဒရိုင်ဗာ၊ ဂျိုဒီကိုမာ၊ ဘန် အက်ဖလက်တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ဇာတ်လမ်းကို အခန်း ၁ ၂ ၃ ဆိုပြီး သုံးပိုင်းပြသထားလို့ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အရဇာတ်ကွက်လေးတွေ ထပ်နေတဲ့ပုံတော့ ပါပါတယ်။ ပြင်သစ်နဲ့အိုင်ယာလန်နေရာတွေမှာ ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး။ အတော်ကြည့်လို့ကောင်းတာပဲ ပြောပြထားပါတော့မယ်။ဒီရုပ်ရှင်ထဲက ခေတ်ရဲ့ အံ့သြစရာ ...
movie
The Last Duel (2021) 18+ Rated
6.4
Mr. Nice 2010
ဟောင်းဝဒ်မာ့ခ် ဆိုတဲ့ ကမ္ဘာကျော် ဗြိတိန် ဆေးခြောက်မှောင်ခိုသမားကြီးအကြောင်းကို ကြည့်ရအောင်။ ရယ်လည်းရယ်ရပါတယ်။ ဟောင်းဝဒ်ဟာ အတန်းထဲမှာ ဘာသာရပ်တိုင်း A ရတဲ့ လူတော်တစ်ယောက်။ ကျောင်းပြီးတော့လည်း အောက်စ်ဖို့မှာ ဆရာအလုပ်ရတယ်။ ဒါပေမယ့် ပီတီကိုစား အားရှိပြီး ပိုက်ဆံမလောက်တော့ ဆေးခြောက်မှောင်ခို လောကထဲ ဝင်မိရော။ လူက လူလည်ဆိုတော့ တဖြည်းဖြည်း အကောင်ကြီးလာပြီး မာဖီးယားလောကထဲရောက်၊ အက်ဖ်ဘီအိုင်တွေနဲ့ပါ ရှုပ်ကုန်တာပါပဲ။ အတော်ကြည့်လို့ကောင်းတဲ့ကားမို့ တင်ထားပေးလိုက်ပါတယ် File Size : 850Mb / 400 Mb Quality : Bluray 720p Format…mp4 Duration…01:24:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Elizabeth Encoded by Littleneo
movie
Mr. Nice 2010
6.0
Bedazzled (2000)
Bedazzled (2000)IMDb - 6.0/10_____Rotten - 50% အဲလိယော့ဟာ သူ့ရဲ့ကြောင်တောင်တောင် အမူအကျင့်ကြောင့် အပေါင်းအသင်းလဲဝင်မဆန့်လုပ်ဖော်ကိုင်ဖက်တွေကပါ ရှောင်ဖယ်ကြတဲ့ လူတစ်ယောက်ပါ။ သူကတော့ အဲ့ဒါတွေကို အမှုမထားပဲ ခပ်တည်တည်နဲ့ဝင်ရောလေ့ရှိပါတယ်။ တစ်နေ့ သူ့ကိုရှောင်ချင်လို့ တမင်မမြင်ချင်ယောင်ဆောင်နေတဲ့ အလုပ်ကလူတွေဝိုင်းကို ဝင်နှောင့်ယှက်ရင်းကနေ သူ ကြိတ်ကြွေနေတဲ့ မိန်းမလှလေးဖြစ်တဲ့ အလီဆင်ကို တွေ့မိချိန်မှာတော့ ပါးစပ်ကနေ 'သူ့ကိုသာ ရမယ်ဆိုရင် ဘာပဲပေးရပေးရ' လို့ လွှတ်ကနဲ ရေရွတ်မိသွားတယ်။ အဲ့ဒီအချိန်မှာ သူ့ရှေ့ကို ဘိလိယက်ဘောလုံးလေးတစ်ခု လွင့်လာပါတယ်။ ဘောလုံးကလေးရဲ့ ပိုင်ရှင်ကလဲ မိန်းမလှတစ်ယောက်ပါပဲ။ အနီရောင်ဝတ်စုံဝတ် ညို့အားပြင်းပြင်း ရဲတင်းသွက်လက်မယ့်ပုံစံနဲ့ မိန်းမလှတစ်ယောက်။ အဲ့ဒီမိန်းမလှက သူ့ကိုယ်သူ မိတ်ဆက်လာတယ်။ သူဟာ နတ်ဆိုးတစ်ကောင်ဖြစ်ပြီး အဲလိယော့ရဲ့ဝိဉာဉ်ကို ရောင်းမယ်ဆိုရင် ဆုတောင်းခုနှစ်ခုဖြည့်ပေးမယ့်အကြောင်း။ အလီဆင့်ကိုရရင် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ အဲလိယော့ သူ့ဝိဉာဉ်ကိုရောင်းဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ အဲ့ဒီမှာကြုံရတဲ့ အလွဲအချော်တွေနဲ့ ကြောင်တောင်တောင် အဲလိယော့ ဒုက္ခရောက်ရပုံတွေနဲ့ တစ်ကားလုံးခွီနေရပါတယ်။ ပြီးတော့ နတ်ဆိုးအဖြစ် သရုပ်ဆောင်တဲ့ တစ်ချိန်က မမလှလှ အဲလိဇဘတ်ဟာလေးရဲ့ ...
movie
Bedazzled (2000)
2000