Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Julia Garner
6.0
Wolf Man (2025)
ဒါကတော့ Substance လိုပဲ ဘော်ဒီဟော်ရာကိုမှ သမန်းဝံပုလွေဟော်ရာစတိုင်ရိုက်ထားတာပါ။ ဝံပုလွေလူသားကိုကြောက်စရာပုံမျိုးနဲ့ ဖန်တီးထားပြီး အထူးပြုလုပ်ချက်မသုံးဘဲရှေးစတိုင် မိတ်ကပ်နဲ့ပဲ ဖန်တီးထားတာပါ။ဇာတ်လမ်းကောင်းကောင်းနဲ့ ကြောက်ဖို့ကောင်းတာကြိုက်ရင်ကြည့်လိုက်ပါဦး။ ဇာတ်လမ်းအကျဉ်း*************အော်ရီဂန်အလယ်ပိုင်းက တောင်တန်းတွေပေါ်မှာ နယ်ခံတွေကြောက်ကြတဲ့ ရောဂါတစ်ခုရှိတယ်။တောင်ကုန်းအဖျားရောဂါလို့ခေါ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါပဲ။ဘာဖြစ်လို့ကြောက်တာလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာကြည့်ရမှာပါ။ ဘလိတ်၊ ချားလော့ နဲ့ ဂျင်ဂျာ တို့မိသားစုလေးဟာဘလိတ်ရဲ့အဖေ ဆုံးသွားလို့ ငယ်ငယ်ကအိမ်လေးကို ပြန်လာပြီးပစ္စည်းတွေသိမ်းကြပါတယ်။ အိမ်က ထုံးစံအတိုင်း တောထဲ လူမရှိလိုင်းမမိ မှောင်မည်းနေတဲ့နေရာကို သွားရတာပါ။အဲဒီလမ်းမှာပဲ အက်ဆီးဒန့်တစ်ခုဖြစ်ပြီး သတ္တဝါတစ်ကောင်တိုက်ခိုက်လာတာကို ခံရတဲ့အခါ ဘလိတ်ရဲ့ အိမ်ဟောင်းလေးထဲကနေအဲဒီသတ္တဝါကို တစ်ညလုံးခုခံထားပြီးအသက်ရှင်ဖို့ ကြိုးစားရပါတော့တယ်။ File size… (2.1GB) / (905MB) / (561MB ) Quality… WEB-DL 4K HEVC 1080p HEVC / 720p Format…mkv / mp4 Duration….1h 43m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai ...
movie
Wolf Man (2025)
4K HEVC
8.0
The Perks of Being a Wallflower (2012)
The Perks of Being a Wallflower (2012)IMDb Rating (7.9) / Rotten Tomatoes (85%)- " ရှင်ဘာဖြစ်ချင်တာလဲ " - " ကိုယ်မင်းကိုပျော်စေချင်တာပါ..."Harry Potter မင်းသမီး Emma Watson ၊ Percy Jackson မင်းသား Logan Lerman ၊ Flash မင်းသား Ezra Miller တို့လို နာမည်ရ လူငယ်သရုပ်ဆောင်တွေနဲ့ ပုံဖော်ထားတဲ့ coming-of-age teen drama ဇာတ်ကားမျိုးပါ။ Stephen Chbosky က သူ့ရဲ့ နာမည်ကြီးစာအုပ် The perks of being a wallflower ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးခဲ့တာပါ။ဆယ်ကျော်သက်လူငယ်လူရွယ်တွေရဲ့ ခံစားချက်တွေ ထင်ဟပ်နေတဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဒီလို Teen ဇာတ်လမ်းမျိုးဟာ Rating တွေမြင့်ဖို့ခက်ခဲပေမယ့် ဒီဇာတ်ကားကတော့ ...
movie
The Perks of Being a Wallflower (2012)
2012
5.8
Apartment 7A (2024)
Apartment 7A (2024)နာမည်ကျော် Classic Horror တစ်ကားဖြစ်တဲ့ Rosemary's Baby (1968) ရဲ့ Prequel ဖြစ်ပြီး Rosemary's Baby Franchise ရဲ့ တတိယကားပါပဲ။ ပါရာမောင့်ရဲ့ မူပိုင်ရုပ်ရှင်ဖြစ်တဲ့အားလျော်စွာ ပါရာမောင့်ကပဲ သံယောဇဉ်ကြီးစွာနဲ့ ထုတ်ပေးထားတာပါ။ ပရိုဂျူဆာထဲတော့ John Krasinski နဲ့ Michael Bay ပါပါတယ်။ ၂၀၀၈မှာတုန်းက Michael Bay နဲ့ ပရိုဂျူဆာတစ်အုပ်ဟာ Rosemary's Baby (1968) ကို Remake ပြန်ရိုက်ဖို့လုပ်ခဲ့ကြပေမဲ့ နောက်နှစ်မှာပဲ အစီအစဉ်ပျက်သွားပါတယ်။ ဒီကားကိုတော့ အဲဒီ Remake ကို ထုတ်ဖို့လုပ်ခဲ့ကြတဲ့ ပရိုဂျူဆာတွေကပဲ ထုတ်ပေးထားတာပါ။ ပိုအဆင်ပြေသွားတယ်ပြောရမှာပဲ။ ဒါရိုက်တာ ရိုမန်ပိုလန်စကီးရဲ့ Rosemary's Baby (1968) ကိုတော့ အဲဒီထက်ပိုကောင်းအောင် ဘယ်လိုမှ ရိုက်လို့မရလောက်တော့လို့ပါ။Rosemary's Baby ...
movie
Apartment 7A (2024)
2024
4K HEVC
The Royal Hotel (2023)
IMDb 6.2 ရရှိထားတဲ့ thriller & drama အမျိုးအစားဖြစ်ပြီး 2023 RTVE-Otra Mirada Award အပါအဝင်ဆုနှစ်ခုရရှိထားပြီး နောက်ထပ်ဆုနှစ်ခုအတွက်ပါဇကာတင်ထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။သရဲထက်ကြောက်ဖို့ကောင်းတဲ့လူတွေရဲ့အကြောင်းကိုရိုက်ပြထားတာကြောင့် ထိတ်လန့်စရာကောင်းပြီး တစ်မူထူးခြားတဲ့ရသမျိုးကိုခံစားရမှာပါဇာတ်လမ်းအကျဉ်း..... လိဗ်နဲ့ဟန်နာတို့သူငယ်ချင်းနှစ်ယောက်ဟာ စွန့်စွန့်စားစားခရီးသွားရတာကိုကြိုက်ကြပြီး ကြုံရာမှာပျော်တတ်တဲ့သူလေးတွေပါ တစ်နေ့တော့ သူတို့အပန်းလည်းဖြေရင်း ငွေပိုလေးဘာလေးရဖို့အတွက် ဩစတေးလျကအရက်ဆိုင်တစ်ခုမှာ အလုပ်သွားလုပ်ခဲ့ကြပါတော့တယ် အလုပ်စတဲ့ပထမနေ့ကတည်းက လူတွေကထင်တာထက်ပိုရိုင်းစိုင်းပြီး ထူးဆန်းနေကြတာကြောင့်သဘောမကျပေမဲ့ ငွေရဖို့အတွက် သည်းခံပြီးဆက်လုပ်ပေးကြရပါတော့တယ်။တဖြည်းဖြည်း လူတွေရဲ့ထူးဆန်းတဲ့အကျင့်စရိုက်တွေကိုသိလာရတဲ့အခါမှာတော့ အဲဒီနေရာကြီးတစ်ခုလုံးကကြောက်ဖို့ကောင်းလာပြီး လိဗ်နဲ့ဟန်နာတို့ ထူးဆန်းတဲ့နယ်မြေမှာ ဘယ်လိုရှင်သန်ကြမလဲ ဘာတွေဖြစ်သွားမလဲ ဆိုတာကိုကြည့်ရှုရမှာပါ....... File size…(4K ) /(1 GB)/(572 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
The Royal Hotel (2023)
6.1
Good Kids (2016)
Good Kids (2016)သူငယ်ချင်းတွေနဲ့အတူဗရုတ်ကျခဲ့ကြတဲ့ လူငယ်ဘဝအမှတ်တရတွေ လူတိုင်းကိုယ်စီရှိကြမှာပါ။ အဲဒီလိုပဲ ဒီဇာတ်လမ်းကလည်း ကောလိပ်ဝင်တော့မယ့် Teenager Squad တစ်ခုရဲ့ အမှတ်တရနွေရာသီပေါ့။အန်ဒီ စပိုက်စ် လိုင်းယွန်း နဲ့ နိုရာဆိုပြီး သူငယ်ချင်းလေးယောက်နဲ့ဖွဲ့စည်းထားတဲ့ ဒီ Squad ကတော့ ကောလိပ်ကောင်းကောင်းဝင်နိုင်ဖို့ စာပဲလုပ်ခဲ့တဲ့ ဟိုက်ပါအဖွဲ့ပါ။ အတန်းထဲမှာ ဆရာမအိမ်စာထပ်ခိုင်းဖို့မေ့နေရင် ထသတိပေးလို့ အတန်းဖော်တွေမေတ္တာပို့တာခံရတဲ့အဖွဲ့ပေါ့။ ငယ်ငယ်ကတည်းက ဘယ်ခေါ်ခေါ်မလိုက်တဲ့သူတို့ အထက်တန်းပြီးတဲ့အထိ ပါတီဆိုတာလည်း ဘာမှန်းမသိပါဘူး။ဒီလိုနဲ့ လိမ္မာရတာပျင်းလာတဲ့ သူတို့အဖွဲ့က အရင်ကမလုပ်ဖြစ်တာတွေ ဒီနွေရာသီမှာ တစ်ခုချင်းလုပ်ပြီး အပီအပြင်ကဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဟိုက်ပါလေးယောက် ဗရုတ်သုတ်ခတွေလုပ်ရင်း အရှုပ်တွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးအပန်းဖြေရင်းကြည့်ရှုလိုက်ပါဦး...(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 730MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration ...
movie
Good Kids (2016)
2016
6.8
Martha Marcy May Marlene (2011)
ဒီဇာတ်ကားက ၂၀၁၁ က ထွက်ရှိခဲ့တဲ့ Psychological Drama အမျိုးအစားဖြစ်ပါတယ်။ Marvel ထဲက Wanda အဖြစ်သရုပ်ဆောင်တဲ့ Elizabeth Olsen ရဲ့ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်ပါတယ်။ အပြင်မှာအမှန်တကယ်ဖြစ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဥ်းကတော့ မာသာ (Elizabeth Olsen) က အစွန်းရောက်ဂိုဏ်းတစ်ခုထဲမှာ နှစ်ပေါင်းများစွာနေလာခဲ့ရပြီး နောက်ဆုံးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ လွတ်မြောက်လာခဲ့ပေမဲ့ စိတ်ကတော့မလွတ်မြောက်ခဲ့ဘဲ အတိတ်က စိတ်ဒဏ်ရာတွေရဲ့ဖိစီးနှိပ်စက်မှုကိုခံနေရပါတယ်။ သူနေခဲ့တဲ့ အစွန်းရောက်ဂိုဏ်းက သူ့ကိုအလွတ်မပေးဘဲ နောက်ကနေလိုက်နေတယ်လို့ စိတ်ထဲမှာမြင်နေပါတယ်။ ဒီလိုနဲ့ သူ့ရဲ့စိတ်ဝေဒနာတွေက သူ့ကိုယ်သူတင်မကဘဲ သူ့ကိုလက်ခံစောင့်ရှောက်ထားတဲ့ အစ်မဖြစ်သူနဲ့သူ့ခင်ပွန်းတို့ရဲ့ဘဝကိုပါ အကျိုးသက်ရောက်လာပါတော့တယ်။ ဇာတ်ကားက စိတ္တဇဒရာမာ Thriller အမျိုးအစား Indie ရုပ်ရှင်ဖြစ်ပြီး Elizabeth Olsen က အဓိကသရုပ်ဆောင်ထားပါတယ်။ Imdb rating 6.8 ရှိပြီး စိတ္တဇ Thriller ဇာတ်ကားတွေကြိုက်နှစ်သက်တဲ့သူတွေ၊ Elizabeth ...
movie
Martha Marcy May Marlene (2011)
5.9
We Are What We Are (2013)
ဒီတစ်ခေါက်မှာတော့ အမေရိကန် horror/thrillerဇာတ်ကားလေးတစ်ကား မိတ်ဆက်ပေးချင်ပါတယ်။နည်းနည်းအော်ဂလီဆန်စရာလည်းကောင်းတာကြောင့်အသည်းနုတဲ့သူတွေကြည့်ရင် နည်းနည်းသတိထားဖို့လိုပါလိမ့်မယ်။ ပါကာမျိုးနွယ်မိသားစုဟာ ရှေးခေတ်ရိုးရာအလ့အထကိုလက်ခံကျင့်သုံးနေကြတဲ့ မိသားစုတစ်စုဖြစ်ပြီး သူတို့အဲလိုဆိုတာကို တစ်မြို့လုံးကလည်း ဘယ်သူမှမသိကြပါဘူး။မစ္စတာပါကာရဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ အိုင်းရစ် နဲ့ ရို့စ် တို့ဟာရုပ်ရောစိတ်ထားပါ လှပတဲ့သူတွေဖြစ်တာကြောင့် မြင်သမျှလူတိုင်းကလည်း ချစ်ခင်ကြပါတယ်။ ဒါပေမယ့် နောက်ကွယ်မှာတော့ အင်မတန်ကြောက်စရာကောင်းတဲ့ ဓလေ့တစ်ခုသူတို့ဆီမှာရှိနေခဲ့ပါတယ်။ တစ်ရက်ကျတော့ သူတို့ရဲ့ အမေဆုံးပါးသွားတဲ့နောက် မိသားစုရိုးရာကို ဆက်ဆံထိန်းသိမ်းဖို့ကသမီးကြီးဖြစ်တဲ့ အိုင်းရစ်ပေါ် ကျရောက်လာခဲ့ပါတယ်။စိတ်နှလုံးဖြူစင်သူတွေအတွက် ဒီကြောက်စရာဓလေ့ကြီးတစ်ခုကိုလက်ခံဖို့ ခက်ခဲလွန်းတာကြောင့် အိမ်ကနေရုန်းထွက်ဖို့ကြိုးစားကြမှာဖြစ်ပြီး သူတို့တွေအောင်မြင်သွားကြမလား၊ သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ ရှေးခေတ်ရိုးရာဓလေ့က ဘာများဖြစ်မလဲဆိုတာ စိတ်၀င်စားဖို့ကောင်းလွန်းတာမို့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားအဖြစ်ညွှန်းပေးလိုက်ရပါတယ်။ ( ဘာသာပြန်နှင့် အညွှန်းကတော့ Jaka ပဲ ဖြစ်ပါတယ် ) File size…1.54GB / 504MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ..... Horror , Drama , Thriller Subtitle….Myanmar Subtitle ...
movie
We Are What We Are (2013)
6.5
Sin City: A Dame to Kill For (2014)
Sin City: A Dame to Kill For ( 2014 )2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.to/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ ...
movie
Sin City: A Dame to Kill For (2014)
1080p HEVC
6.3
The Assistant (2019)
ဒီရုပ်ရှင်ကတော့ သဘာဝကျပါတယ်။သဘာဝကျလွန်းလို့ တကယ့်လူတွေရဲ့ အပြင်ဘဝကို ထိုင်ကြည့်နေရသလိုပါပဲ။ဒီရုပ်ရှင်ဟာ လက်ရှိ ကုမ္ပဏီကြီးတွေရဲ့ အလုပ်ခွင် ဖိနှိပ်မှုတွေ၊အနိုင်ကျင့်မှုတွေနဲ့ အမျိုးသားတွေလိင်အမြတ်ထုတ်မှုတွေဟာအပေါ်ယံပဲ ရှုမြင်ခံရပြီး လွတ်မြောက်နေတာကို မီးမောင်းထိုးပြထားတာပါပဲ။ဒါကြောင့် ထူးခြားမှု ဘာမှမရှိဘဲ ဝေဖန်ရေးဆရာတွေ အားပေးမှုကို ရထားပါတယ်။ ဒီရုပ်ရှင်ဟာ ပထမဆုံး အနေနဲ့ Harvey Weinstein ကိုရည်စူးတိုက်ခိုက်တဲ့ ရုပ်ရှင်လို့လည်း လူပြောများနေပါတယ်။Harvey Weinstein ကိစ္စကို ကြားမိတဲ့သူတွေလည်း ကြားမိကြမှာပါ။အမေရိကန်ရဲ့နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်သူဖြစ်ပြီးလိင်အမြတ်ထုတ်မှုပေါင်း ၈၀ ကျော်နဲ့တိုင်ချက်ဖွင့်ခံခဲ့ရပါတယ်၊အလုပ်ပြုတ်ပြီး၊ အနုပညာသိပ္ပံအကယ်ဒမီကနေ ထုတ်ပယ်ခံလိုက်ရသူပါ။ဒီရုပ်ရှင်မှာတော့ Julia Garner ကတော့ ရုပ်ရှင်ကုမ္ပဏီရဲ့လက်ထောက်လေး အဖြစ် သရုပ်ဆောင်ထားပါတယ်။သူ့ရဲ့ ဖုန်းတာဝန်ခံဖြေတာတွေ၊ ကော်ဖီဖျော်တာတွေ၊ရုံးကိစ္စ တစ်နေ့တာလေးတွေကိုပြရင်းနဲ့မှအမျိုးသမီးငယ်တွေ အကာအကွယ်မဲ့နေတာ၊ဖိနှိပ်ခံနေရတာကို အားလုံးမြင်အောင် ...
movie
The Assistant (2019)