Channel Myanmar

Julia Correa

Amigos Sem Compromisso (2024) 6.5
Amigos Sem Compromisso (2024)  အချစ်ကိုကြောက်လို့ ချစ်သူမထားရဲတော့ဘဲ သူငယ်ချင်းလေးတွေနဲ့ပဲအဆင့်လေးတွေတက်တဲ့သူတွေကိုမြင်ဖူးကြားဖူးကြမှာပါ။သူတို့ကိုတော့ဒီဇာတ်ကားနာမည်အတိုင်း Amigos Sem Compromisso လို့ခေါ်ကြပြီးအင်္ဂလိပ်လိုဆိုရင်တော့ Friends With Benefits လို့ခေါ်ကြပါတယ်။ဒီဇာတ်ကားလေးကအဲ့လို အချစ်ကိုကြောက်နေကြတဲ့လူနှစ်ယောက်အခွင့်အရေးလေးတွေရတဲ့သူငယ်ချင်းအဆင့်ကနေ အဲ့လိုနေလာတာကြာလာပြီးဘယ်လိုပြောင်းလဲမှုတွေနဲ့ကြုံလာရမယ်ဆိုတာကိုဒရာမာအပြည့်နဲ့ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဂျူလီယာနဲ့ဒန်နီရယ်တို့နှစ်ယောက်က မတူညီတဲ့မြို့တွေမှာနေကြသူတွေဆိုပေမဲ့ သူတို့နှစ်ယောက်လုံးရည်းစားတွေနဲ့ပြတ်တဲ့အချိန်တွေကတော့အတူတူလောက်ပါပဲ။ဒီလိုနဲ့နှစ်ယောက်လုံးအတည်ပေါက်ရည်းစားထားရတဲ့အချစ်ကိုကြောက်နေကြပြီး အဲ့လိုဆက်ဆံရေးမျိုးထပ်မထားဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ကံကြမ္မာရဲ့ဆုံစည်းပေးမှုကြောင့်ဒန်နီရယ်ကအလုပ်ကိစ္စနဲ့ဂျူလီယာတို့ရှိရာမြို့ကိုရောက်လာပြီး အသည်းကွဲသူအချင်းချင်းအရမ်းရင်းနှီးသွားကြပါတော့တယ်။ဒါပေမယ့်လူဆိုတာအသွေးအသားလိုအင်ဆန္ဒရှိတာဖြစ်တဲ့အတွက်နှစ်ယောက်လုံးလိင်ကိစ္စပဲလုပ်ပြီး သူငယ်ချင်းအဖြစ်နဲ့ပဲနေကြဖို့သဘောတူလိုက်ပါတော့တယ်။ဒီလိုနဲ့သူတို့နှစ်ယောက်တစ်ယောက်ဆန္ဒတစ်ယောက်ဖြည့်ဆည်းပေးရင်းအချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြပေမဲ့ အချိန်တွေကြာလာတဲ့အခါမှာဒီလိုတစ်သက်လုံးနေသွားလို့မဖြစ်ဘူးဆိုတာကိုသိလာကြတဲ့အခါမှာတော့မြန်မာကားဆန်ဆန်လေးကို နိုင်ငံခြား Vibe လေးတွေနဲ့ကြည့်ရှုရမဲ့ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.84GB / 774MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Amigos Sem Compromisso (2024)