Channel Myanmar

Judy Greer

What Women Want (2000) 6.4
What Women Want (2000) What Women Want (2000)~ IMDb - 6.4/10, Rotten Tomatoes - 54% ~ကမ္ဘာပေါ်က ပုရိသယောက်ျားတိုင်း အဖြေရှာနေဆဲ ဖြစ်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။အဲဒါကတော့ " မင်းတို့မိန်းမတွေလိုချင်တာဘာလဲ " ဆိုတာပါပဲ။ ဒီမေးခွန်းလေးရဲ့ အဖြေကိုတော့ ဒီဇာတ်ကားထဲက နစ်ခ်မာရှယ်လ် ဆိုတဲ့ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ကြီး တစ်ဖြစ်လဲ Mel Gibson ကြီးက သိသွားခဲ့ပါတယ်။ကြော်ငြာအမှုဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခ်မာရှယ်ဟာ ငယ်ငယ်ကတည်းက အဖေမရှိဘဲ ကြီးပြင်းလာရပြီး ကြီးလာတော့လဲ လူရှုပ်လူပွေတစ်ယောက် ဖြစ်လာပါတယ်။ ကြော်ငြာကုမ္ပဏီတွေ အပြိုင်အဆိုင် ဖြစ်လာကြတဲ့အချိန်မှာ အမျိုးသမီးတွေကို ဦးတည်တဲ့ ကြော်ငြာတွေ ဖန်တီးဖို့အတွက် နစ်ခ် လိုချင်နေတဲ့ရာထူးနေရာမှာ ဒါစီဆိုတဲ့ အမျိုးသမီးတစ်ယောက် ရောက်ရှိလာပါတယ်။အခဲမကျေဖြစ်နေတဲ့ နစ်ခ်တစ်ယောက် ညဘက် အလုပ်လုပ်ရင်းမှာ မတော်တဆမှုဖြစ်ပြီး အမျိုးသမီးတွေရဲ့ စိတ်ကို ဖတ်နိုင်တဲ့အစွမ်း ...
movie

What Women Want (2000)

2000
Buffaloed (2019) 6.2
Buffaloed (2019) 2019 ထွက် ဟာသရုပ်ရှင်ကောင်းတစ်ခုလောက် ကြည့်လိုက်ရအောင်။ မင်းသမီးက Peg ဆိုတဲ့ ဉာဏ်အရမ်းကောင်းတဲ့ကောင်မလေးပေါ့။ Wall Street မှာ အလုပ်လုပ်နိုင်ဖို့ ငွေကြေးပိုင်းဆိုင်ရာဘွဲ့တွေလိုချင်လို့ ကောလိပ်ကောင်းကောင်းကိုရအောင်တတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းလခမတတ်နိုင်တော့ ငွေရှာဖို့ မဟုတ်တရုတ်တွေလုပ်ရင်းနဲ့ ထောင် ၄ လ ကျသွားရော။ ထောင်ကလွတ်တဲ့အချိန်မှာ မြေအောက်လောက အကြွေးတောင်းအဖွဲ့တွေနဲ့ တွေ့ပြီး အကြွေးတောင်း လူလည်မကြီးဖြစ်လာရနေ ဖျံအချင်းချင်း လူလည်ကျ ကတုံးပေါ်ထိပ်ကွက်ကြပုံတွေကို ဟာသဆန်ဆန်နဲ့ စိတ်ဝင်စားစရာကြည့်ရမှာပါပဲ။ ဒီခေတ်ကြီးထဲမှာ လုပ်စားဖို့ အကွက်စုံလေးတွေလေ့လာချင်ရင်တော့ ဒီရုပ်ရှင်က ခင်ဗျားတို့အတွက်ပါပဲ။File size…(1.87GB)/(953MB)/(457 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mash Island 
movie

Buffaloed (2019)

Playing for Keeps (2012) 6.0
Playing for Keeps (2012) Playing for Keeps (2012)***********************ဇာတ်လမ်းအကျဥ်းကတော့ ‌ဂျော့ဒရိုင်ယာဆိုတာ ဘောလုံးလောကမှအနားယူပြီး စီးပွားရေးအဆင်မပြေ၊အိမ်ထောင်လည်းကွဲ၊သားဖြစ်သူအတွက်ပါ အချိန်ပြည့်ရှိနေမပေးနိုင်တဲ့ နာမည်ကြီးဘောလုံးကစားသမားပေါ့။အလုပ်ရှာနေရင်းနဲ့ပဲ သားဖြစ်သူနဲ့တွေ့ဖို့ နယ်မြို့လေးရောက်လာရင်းကအခြေအနေအရ သားဖြစ်သူရဲ့ဘောလုံးနည်းပြ ဖြစ်သွားပါတယ်။ဘောလုံးသမားပီပီ ရောက်လေရာမှာနာမည်ကြီး လူကြိုက်များပြီးခုလည်း ကလေးအမေသုံးယောက်ကိုလိမ်ရင်းခေါက်ရင်းဖခင်တစ်ယောက်တာဝန်ကျေအောင်ဘယ်လိုစွမ်းဆောင်သွားမလဲ ဆိုတာကို မိသားစုရသလေး ခံစားရင်းပေါ့ပေါ့ပါးပါးကြည့်လို့‌ရမယ့် ဇာတ်ကားကောင်းလေးပါပဲ။ File Size :(2GB),(901.5 MB) Quality : Blu-Ray 1080P,720p Format :mp4 Duration : 01:45:00 Genre : Romance , Comedy , Sports Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by HYAN
movie

Playing for Keeps (2012)

2012
Entourage(2015)
Entourage(2015) ဒီဇာတ်ကားလေးဟာတော့ဖြင့် Entourage ဆိုတဲ့ နာမည်ကြီး တီဗွီစီးရီးရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ အဲဒါကြောင့် Entourage စီးရီးဖန်တွေ သေချာပေါက် ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ်၊ ဒါပေမဲ့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်က စီးရီးမကြည့်ဖူးသေးသူတွေလည်း နားလည်နိုင်အောင် ဖွဲ့စည်းထားတာကြောင့် သူ့ရဲ့ဇာတ်လမ်းတွဲကို မကြည့်ရသေးသူတွေလည်း ကြည့်လို့အဆင်ပြေမှာပါ။ ဇာတ်လမ်းကတော့ နာမည်ကြီးရုပ်ရှင်မင်းသား Vince၊ အောင်မြင်တဲ့စတူဒီယိုတစ်ခုကို ဦးစီးနေနိုင်ပြီဖြစ်တဲ့ Ari နောက်တော့ Vince ရဲ့ မန်နေဂျာ Eric ရယ်၊ Vince ရဲ့အစ်ကို Johnny Drama ပြီးတော့ အဲအပေါင်းအပါအုပ်စုကြီးရဲ့ နောက်ဆုံး အဖွဲ့ဝင် Turtle တို့နဲ့အတူ Hollywoodရဲ့ ရှာရှာကြံကြံ အဖြစ်သနစ်တွေကို ဟာသနှောကာရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားကတော့ အရင်ဇာတ်လမ်းတွဲဇာတ်သိမ်းသွားတဲ့နေရာကနေ စထားပါတယ်။ Ari ဟာ Vince ကို သူထုတ်လုပ်မဲ့ကားမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်။ ဒါမဲ့ Vince ကတော့ သူ့ကိုဒါရိုက်တာပါ လုပ်ခွင့်ပေးမှ လုပ်ပါမယ်တဲ့။ ...
movie

Entourage(2015)

Adaptation. (2002) 7.7
Adaptation. (2002) Adaptation. (2002) ============== IMDb Rating - 7.7/10ဒီဇာတ်ကားလေးမှာတော့ မင်းသားကြီး Nicholas Cageနဲ့ မင်းသမီးကြီး Meryl Streepတို့ရဲ ကြက်သီးထချင်စရာကောင်း လှတဲ့ သရုပ်ဆောင်ချက်တွေကို မြင်ရမှာပါ။ အဲ့လိုပဲ John Larocheနေရာမှာ သရုပ်ဆောင်သွားတဲ့ မင်းသားကြီး Chris Cooperရဲ့ သရုပ်ဆောင်ချက်တွေကလဲ သဘာဝကျချက်က တော့ သူနဲ့ဇာတ်ကောင်နဲ့ကို ခွဲမရတော့အောင်ကို ဖြစ်ရပါတယ်။ဒီဇာတ်ကားမှာ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား အတွေး အမြင်တွေသာ မက ခံယူချက်တွေရဲ့ သက်ရောက်မှုအားပြင်းပုံ တွေကိုပါ တစ်ပါတည်းမြင်နေရမှာဖြစ်ပါတယ်။ ဇာတ်လမ်း အသွားအေးသလိုနဲ့ ပူလောင်စေရတဲ့ ခံစားချက်မျိုး၊ အားမလို အားမရဖြစ်စေမှုတွေ၊ လူတစ်ယောက်က တခြားတစ်ယောက်ကို ချစ်မိသွားဖို့ ဖြစ်စေတဲ့အရာတွေကို တသီတတန်းကြီးတွေ့ရပါ တယ်။ ဇာတ်ကားနာမည် Adaptation ဆိုတာနဲ့ လိုက်ဖက်လွန်း လှတဲ့ လိုက်လျောညီထွေစွာ တဖြည်းဖြည်းချင်း မသိမသာနဲ့ ပြောင်းလဲသွားတဲ့ ဇာတ်ကောင်တွေရဲ့ ခံစားမှုတွေ အတွေးတွေ အယူအဆတွေ ထင်မြင်ချက်တွေနဲ့လုံးဝကို ပြီးပြည့်စုံတဲ့ ကား ကောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်)File Size..........(2.38 GB) / (900 MB) / (500 ...
movie

Adaptation. (2002)

2002
My Father’s Dragon (2022) 7.0
My Father’s Dragon (2022) My Father's Dragon (2022) ==================== IMDb Rating - 7.0/10Netflix က အသစ်ဆက်ဆက်ထွက်ရှိထားတဲ့ အန်နီမေးရှင်းဇာတ်ကား ကောင်းလေးကို တင်‌ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီကားက ၁၉၄၈ တုန်းက ထုတ်ဝေခဲ့တဲ့ ဝတ္ထုရှည်တစ်ပုဒ်ကို ပြန်လည်အသက်သွင်းပြီး ပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အပြင် အသံသရုပ်ဆောင်တွေအနေနဲ့ Luca(2021) ထဲက လူကာ(Jacob Tremblay) နဲ့ Stranger Things ထဲက နာမည်ကျော် ဇာတ်လိုက် ဒက်စ်တင်(Gatan Matarazzo) တို့ကလည်း အသံသရုပ်ဆောင် အနေနဲ့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း အယ်လ်မာ ဆိုတဲ့ ဖတဆိုး သားလေးနဲ့ အမေဖြစ်သူ ဒဲလာ တို့နှစ်ယောက်က နယ်မြို့လေးတစ်မြို့မှာ စတိုးဆိုင်ဖွင့်ပြီး လုပ်ကိုင်စားသောက် နေကြတာပေါ့။ ဒါပေမဲ့ နောက်တော့စီးပွားရေးတွေကျပြီး သားအမိနှစ်ယောက် မြို့ပေါ်ပြောင်းလာလိုက်ရတယ်။ အယ်လ်မာ မှာလည်း မြို့ပေါ်မှာ အရင်တုန်းကလို စတိုင်းဆိုင်လေးထပ်ဖွင့်ပြီး မိခင်ဖြစ်သူကို မပူမပင်မကြောင့်မကြဘဲနေစေချင်တဲ့ ရည်မှန်းချက်လေးရှိတယ်။ အဲဒါနဲ့တစ်နေ့ အမျိုးမျိုးသောအခက်အခဲတွေကြောင့် အဲလ်မာက မိခင်နဲ့စကားများပြီးအိမ်ပေါ်ကနေဆင်းသွားတယ်။ အဲမှာ စကားပြော တတ်တဲ့ကြောင်လေးတစ်ကောင်က သူ့အနားရောက်လာပြီး ကူညီပေးမယ်ပြောပြီး ကျွန်းတစ်ကျွန်းပေါ်က နဂါးတစ်ကောင်ကို သွားကယ်ခိုင်းတယ်။ အယ်လ်မာ တစ် ယောက် ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲ ...
movie

My Father’s Dragon (2022)

2022
Halloween Ends (2022) 5.3
Halloween Ends (2022) Halloween Ends (2022) ===================ဟောလိုးဝင်းဆိုတဲ့ ရုပ်ရှင်တွေဟာ စုစုပေါင်း ၁၃ ကားတောင်ထွက်ရှိခဲ့တဲ့ ဂန္ဓဝင်ဟော်ရာကားတွေပဲဖြစ်ပါတယ်။ မျက်နှာဖုံးကြီးနဲ့ ဓားမြှောင်ရှည်တစ် ချောင်းနဲ့ မိုက်ကယ်မိုင်ယာစ်ရဲ့ ပုံရိပ်ဟာ ဟော်ရာကားတွေရဲ့ အထိမ်းအမှတ် တစ်ခုလို့တောင် ပြောလို့ရပါတယ်။အခုလည်း ၂၀၂၂ ဟောလိုးဝင်းအတွက် တစ်ကားထွက်ရှိလာပါပြီ။ ဒီကားမှာတော့ မိုက်ကယ်မိုင်ယာစ်ရဲ့လက်က လွတ်ခဲ့တဲ့ မြေးအဘွားနှစ်ယောက်ရယ်၊ တစ်မြို့လုံးက မုန်းကြတဲ့ ကောင်လေးတစ်ယောက်ရယ်အကြောင်းကို အခြေခံထားပါတယ်။ လှည့်ကွက်နဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့ ပိုးစိုးပက်စက်တွေ လုပ်တာကို ကြည့် ချင်ရင်တော့ ဒီဟော်ရာရုပ်ရှင်က ကြည့်လို့အလွန်ကောင်းမှာပါပဲ။ ဒါရိုက်တာကလည်း ဟောလိုးဝင်း ၂၀၁၈ နဲ့ ၂၀၂၁ ရဲ့ ပရိုဂျူဆာပါပဲ။ ဒီတော့ အဆက်အစပ်လေးနဲ့ကြည့် ရမှာပေါ့။ အားပေးလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.43 GB) / (580 MB) / (320 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 51mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Mr.Anderson Encoder..........SWM
movie

Halloween Ends (2022)

2022
Hollywood Stargirl (2022) 5.7
Hollywood Stargirl (2022) Hollywood Stargirl (2022) ==================== Musical ,Romance ,DramaDisney ကထုတ်တဲ့ Musical ကားဆိုရင် ကြည့်မကောင်းဘူးဆိုတာ မရှိသလောက်ပါပဲ ... ဒီရုပ်ရှင်မှာလည်း သီချင်းလေးတွေအရမ်းကောင်းပြီး Rotten tomatoes လည်း 100% ရထားတဲ့အထိပါပဲဘ၀ရဲ့လမ်းအသီးသီးကိုလျှောက်နေကြတဲ့ လူငယ်လေး ၃ ယောက် လော့အိန်ဂျလိစ်က လမ်းမတွေမှာ လမ်းချင်းတူလို့ လူချင်းတွေ့ခဲ့ကြတဲ့သဘောပါ။ တစ်ယောက်က မိခင်နဲ့ အိမ်အမြဲပြောင်းနေရလို့ နေရာတစ်ခုမှာ အခြေကျချင်သူ.. နောက် နှစ်ယောက်က ရုန်းကန်လှုပ်ရှားနေတဲ့ လူငယ်လေး ၂ ယောက် .. သူတို့ ၃ ယောက်လုံးကို စုံစည်းသွားစေမယ့်အရာက ရုပ်ရှင်တစ်ကားကို အတူတူရိုက်ဖို့ဖြစ်ရင်းနဲ့ အကြောင်းဖန်လာပါတယ် သူတို့ ၃ ယောက်ရဲ့ ဘ၀ကို ပုံဖော်ထားတဲ့ ရုပ်ရှင်လေးကို ရုပ်ရှင်ကုမ္ပဏီကြီးတစ်ခုကတွေ့သွားပြီး လက်တွဲ့ဖို့ ကမ်းလှမ်းလာတဲ့အခါမှာတော့.... ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ကိုယ်တိုင်ပဲဆက်စောင့်ကြည့်လိုက်ပါ။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)Genre..... Musical, Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB ...
movie

Hollywood Stargirl (2022)

2022
Three Months (2022)
Three Months (2022) Three months Coming of age ရုပ်ရှင်လေးပါ။ Caleb ဟာ ဆယ်ကျော်သက်အရွယ်ဂေး တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ပုံစံကြောင့် သူငယ်ချင်းတစ်ယောက်ကလွဲရင် အပေါင်းအသင်းမရှိပါဘူး။အထက်တန်းကျောင်းပြီးခါနီးမှာပဲ သူနဲ့တူတူနေမိတဲ့ သူစိမ်းတစ်ယောက်ဟာ HIV ရှိနေမှန်းသိလိုက်ရပါတယ်။ သူ့ဆီမှာလည်း ပိုးရှိမရှိကို‌ ဆေးစစ်ချက်အဖြေသိဖို့ သုံးလစောင့်ဆိုင်းရင်း တွေ့ကြုံရတဲ့ အချစ်ရေး၊သူငယ်ချင်းကြား သံယောစဉ်၊မိသားစုပြဿနာ တွေကိုပြသထားပါတယ်။ ဇာတ်လမ်း setting ထူးဆန်းစွာ 2011မှာတည်ထားပါတယ်။ Homosexuality ကိစ္စတွေ HIV ကူးစက်ခံသူတွေရဲ့ဘ၀တွေအပြင် မလွယ်ကူတဲ့ဆယ်ကျော်သက်ဘ၀ကို ပွင့်ပွင့်လင်းလင်းပြထားပါတယ်။ နာမည်ကျော်အဆိုတော် YouTuberလေး Troye Sivanက အဓိကနေရာကနေ ပါ၀င်ထားပြီး Judy Greer,Viveik Kalra တို့လည်းပါ၀င်ထားပါတယ်။ File size…(1.69 GB)/(720.39 MB)/(419.22 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Three Months (2022)

The Village (2004) 6.5
The Village (2004) The Village (2004) ~~~~~~~~~~~ရွာ...အပြစ်ကင်းစင်မှုတွေနဲ့ ထုံမွှမ်းနေတဲ့ ချစ်စရာရွာလေး။ စကားပြောတာတောင် နူးနူးညံ့ညံ့နဲ့ ဂုဏ်တွေ ပကာသနတွေ ဘာမှမရှိတဲ့ရွာလေးပေါ့။ဒီချစ်စရာရွာလေးမှာ သတ္တိ၊ဒေါသနဲ့ ရမ္မက်ကို ကိုယ်စားပြုနေတဲ့ အနီရောင်ကို အရောင်ဆိုးလို့ သတ်မှတ်ကြတယ်။အနီရောင်ကို မြင်တာနဲ့ မြေမြှုပ်ပစ်ကြတယ်။ ဒီလိုလုပ်ရတာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိနေပါသေးတယ်။အနီဟာ သူတို့မပြောကြတဲ့ သတ္တဝါတွေကို ဆွဲဆောင်နိုင်လို့ပါတဲ့။ဒီလိုအေးချမ်းတဲ့ရွာလေးမှာ မကောင်းတဲ့ အချက်ဆိုလို့ သူတို့ရွာဘေးက တောအုပ်ထဲက သူတို့မပြောကြတဲ့ သတ္တဝါတွေပဲရှိမယ်ထင်တယ်။ ရွာထဲက ကာလသားတွေမှာ သတ္တိပြစရာဆိုလို့ တောအုပ်ကို ကျောပေးပြီး အချိန်ဘယ်လောက်ကြာအောင် ရပ်နိုင်လဲဆိုတာကပဲ သူတို့အတွက် စိတ်လှုပ်ရှားစရာ စွန့်စားခန်းဖြစ်နေတယ်။ ရွာလေးက အေးချမ်းတယ်ဆိုပေမဲ့ ဆေးဝါးအထောက်အပံ့မရှိ တခြားမြို့ပြတွေနဲ့လည်း အဆက်အသွယ်မရှိလို့ ကုစရာဆေးဝါးမရှိတာကြောင့် လက်လွှတ်လိုက်ရတဲ့ ရွာသူရွာသားတွေ ရှိနေတာပေါ့။တောအုပ်ကြီးထဲမှာ ဘာရယ်မပြောနိုင်တဲ့ သတ္တဝါတွေရှိနေတာကြောင့် သွားလို့ကလည်း မဖြစ်ဘူးဆိုပေမဲ့ လူတွေဆိုတာ စွန့်စားတတ် စူးစမ်းတတ်တဲ့အမျိုးပဲမဟုတ်လား။ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် ကာလသားတွေထဲက သတ္တိအရှိဆုံးလူငယ်လေးတစ်ယောက်က ရွာရဲ့ကောင်းကျိုးအတွက် တောအုပ်ကိုဖြတ်ပြီး ဆေးဝါးသွားရှာဖို့ပြောလာပါတယ်။ဒီလူငယ်လေး အောင်အောင်မြင်မြင်နဲ့ ...
movie

The Village (2004)

2004
Halloween Kills (2021) 6.9
Halloween Kills (2021) Halloween Kills (2021)အားလုံးစောင့်မျှော်နေကြတဲ့ Halloween Kills ထွက်ရှိလာပါပြီ ...၂၀၁၈ ခုနှစ်က ထွက်ရှိတဲ့ခဲ့ Halloween ရဲ့တိုက်ရိုက်အဆက်ဖြစ်ပြီးတော့ ရင်ဖိုစိတ်လှုပ်ရှားစရာ အကောင်းဆုံး ရိုက်ကွက်တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်ဗျ..ဘိုဂီမန်း နာမည်ခံ မိုက်ကယ်မိုင်ယာ ဆိုတဲ့သူက ဟန်ဒန်ဖီးဒ်မြို့လေးကို ခြောက်လန့်နေတာ နှစ် ၄၀ ကြာပါပြီ။ မိုက်ကယ်ကြောင့် ဘယ်လောက်တောင် စိတ်ဒဏ်ရာရခဲ့လဲဆိုရင် ဟောလိုးဝင်းနေ့မှာ မိုက်ကယ်မိုင်ယာနာမည်ကို မပြောရဲသလောက်ပဲ... ပြီးတော့ မိုင်ယာအိမ်ဆိုလည်း စိတ္တဇအိမ်ဆိုပြီးတော့ ရှောင်ကြတာအခုထိပါပဲ။မိုက်ကယ်အဓိကပစ်မှတ်ထားတာတော့ လော်ရီစထရိုက်ဒါဆိုတဲ့အမျိုးသမီး၊ အနှစ် (၄၀)ကြာတာတောင် မပြေနိုင်တဲ့ကျောင်းတော်ရန်ငြိုးတွေပေါ့။ ဒီတစ်ခါ မိုက်ကယ်ကြောင့် သေခဲ့ရသူတွေ၊ မသေဘဲလွတ်မြောက်ခဲ့သူတွေက အကြွေးဟောင်းရော အကြွေးသစ်ပါ ရောသမမွှေပြီး သတ်လို့မသေနိုင်တဲ့ ဇာတ်လိုက်ကျော်ဘိုဂီမန်းကို ဟောလိုးဝင်းမှာ ဘယ်လိုစာရင်းရှင်းကြမလဲဆိုတာတော့ ကြည့်ရှုလိုက်ပါတော့ဗျာ ။ ။အညွှန်းကို JoJoVa က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ JoJoVa နဲ့ MTA ပဲ ဖြစ်ပါတယ်။Quality….WEB-DL 1080p and 720p File size…1.6GB and 1.1GB Format…mp4 Duration….1h 48min Subtitle….Myanmar Subtitle (Hardsub) Translator ..... JoJoVa ...
movie

Halloween Kills (2021)

2021
Uncle Frank(2020) 7.1
Uncle Frank(2020) Uncle Frank(2020)IMDb...7.1,,,,,Rotten...85%ဘက်ဆိုတဲ့ကောင်မလေးမှာ ရည်မွန်လှတဲ့ဖရန့်ဆိုတဲ့ဉီးလေးတစ်ယောက်ရှိတယ်...ပညာထူးချွန်တယ်...စာပေဗဟုသုတပြည့်စုံသလို ကြင်နာသနားတတ်တဲ့ဟန်ကြောင့်ဘက်က သူ့ဉီးလေးကို သဘောလည်းကျသလို အားလည်းအားကျတယ်...ခက်တာက ဒီလိုမျိုးဉီးလေးကို ဘက်ရဲ့အဘိုး (ဖရန့်ရဲ့အဖေ)က ခါးခါးသီးသီးပဲ...မိသားစုထဲမှာ ဖရန့်တစ်ယောက်ကိုပဲ အဘိုးဖြစ်သူက လျှစ်လျူရှုထားတာ...မိသားစုဝင်တော်တော်များများကလည်းအဖေနဲ့သားကြားက ြပဿနာကို အတိတ်နိုင်ဆုံးထိန်းညှိရင်း မသိချင်ယောင်ပဲဆောင်နေကြတယ်....ဒီလိုနဲ့ဖရန့်လည်း တခြားမြို့တစ်မြို့မှာ ပါမောက္ခအဖြစ်နဲ့အသက်မွေးနေလေရဲ့...အဲ့ဒီမြို့မှာပဲ သူ့တူမလေး ဘက်ကကျောင်းတက်နေတယ်...၄နှစ်အကြာမှာတော့ ဖရန့်ရဲ့အဖေဆုံးလို့ ဇာတိမြို့လေးကို ပြန်ဖို့အကြောင်းဖန်လာတယ်..တူဝရီး(၂)ယောက်တူတူပြန်ကြတာပေါ့...အဲ့ဒီနောက်မှာတော့ ဖရန့်ရဲ့ မိသားစုမယ် ဖယ်ကျဉ်ခံထားရတဲ့အကြောင်းတွေကိုတစ်စ တစ်စ သိလာရပါတော့တယ်...ဒီကားက Dramaဖြစ်နေပြီး အညွှန်းအရ အနည်းငယ်ဇာတ်အေးကြီးလို့ထင်ရပေမဲ့ဒီဇာတ်ကားထဲကလို ြဖစ်စဉ်တွေ ကျွန်တော့်တို့ နိုင်ငံမိသားစုဝင်တွေအများကြီးမှာဖြစ်နေရတာပါ..ကျွန်တော်တို့လက်တစ်ကမ်းအကွာမှာပဲ ဒီလိုမျိုးတွေကြုံတွေ့နေရပါတယ်...ခံစားကြည့်ကြပါဉီးဗျို့... File Size :(884MB) and (331MB) Quality : WEB-DL 720p Format…mp4 Duration…01:35:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Khine Khine Wai Encoded by Phyo Pyae
movie

Uncle Frank(2020)

Henry’s Crime(2010)
Henry’s Crime(2010) Henry's Crime (2010) အညွှန်း ****************************** ဒီကားလေးကိုတော့ ကျွန်တော်တို့အားလုံးနဲ့ ရင်းနီးပြီးသား မင်းသားဖြစ်တဲ့ Keanu Reeves ၊ မင်းသမီး Vera Farmiga နဲ့ ဝါရင့်သရုပ်ဆောင် မင်းသားကြီး James Caan တို့က အတွဲအဖက်ညီညီ သရုပ်ဆောင်ထားကြပါတယ်...ဟင်နရီ တော်န် ဟာသူ့ရဲ့ အပေါင်းအသင်းတွေနဲ့ ဘေ့စ်ဘောကစားဖို့ လိုက်သွားခဲ့ရာမှ....ကံဆိုးချင်တော့ သူ့ဘော်ဒါတွေ ကျူးလွန်တဲ့ ဘဏ်ဓားပြတိုက်တဲ့အမှုမှာ ဟင်နရီ က  ပူးပေါင်းပါဝင်မှုနဲ့ ထောင်၃ နှစ်ကျသွားခဲ့ပါတယ်....ဘာအပြစ်မှမကျူးလွန်ဘဲနဲ့ ထောင်နန်းစံလိုက်ရတဲ့ ဟင်နရီ ဟာ ထောင်ကလွတ်လာတဲ့ အခါ မှာတော့…. သူ မတိုက်လိုက်ရတဲ့ ဘဏ်ကို...အခုမှ တကယ် ဓားပြတိုက်ဖို့ ကြံစည်ပါတော့တယ်.......ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်.....File Size :(1.97GB), (900 MB) and (380 MB) Quality : Blu-Ray 1080p5.1ch, 720p Format…mp4 Duration…01:48:00 Genre : Crime , Drama Subtitle ...
movie

Henry’s Crime(2010)

Playing with Fire (2019) 4.7
Playing with Fire (2019) unicodeဒီတစ်ခါတော့ Channel Myanmar ပရိသတ်ကြီးအတွက် ဟာသကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။အားလုံးရဲ့အချစ်တော် နပန်းသမားဂျွန်စီနာပါဝင်သရုပ်ဆောင်ထားတဲ့ကားလေးလဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်တင်ဆက်ပေးလိုပါတယ်။ဂျွန်စီနာတစ်ဖြစ်လဲ မီးသတ်သမားဂျိတ်ဟာ ငယ်စဉ်ကတည်းကကြပ်မတ်တဲ့စဉ်းမျဉ်းတွေနဲ့ နေထိုင်လာခဲ့တဲ့မီးသတ်သမားတစ်ဦးပါပြည်နယ်မီးသတ်ကွန်မန်ဒါနေရာကိုရာထူးတိုးဖို့အရမ်းမျှော်လင့်ထားတဲ့သူဖြစ်ပြီးလျာထားစာရင်းထဲမှာလဲ သူ့နာမည်ပါနေပါတယ်။ဒါပေမယ့်တစ်နေ့မှာတော့ မီးလောင်မှုတစ်ခုကနေကလေးသုံးယောက်ကို ကယ်တင်လိုက်ပါတယ်။မုန်တိုင်းကြောင့်အသွားအလာတွေပိတ်မိနေချိန်ဒီကလေးသုံးယောက်ဟာစည်းကမ်းကြီးတဲ့ ဂျိတ်ဆီမှာ သောင်တင်နေပါတော့တယ်။ဗြောင်းသတ်နေတဲ့ကလေးသုံးယောက်ကို ဂျိတ်ဘယ်လိုကိုင်တွယ်မလဲ?ဘာတွေဆက်ဖြစ်မလဲ?ဆိုတာစိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးပါ။ဇာတ်လမ်းလေးနာမည်ကတော့ Playing With Fire (2019)ပါ။File Size : ( 2GB , 900 MB , 289 MB )Quality : BluRay 1080p , BluRay 720p , 480pRunning Time : 1 hr 36 minFormat : Mp4Genre : Comedy , FamilySubtitle : Myanmar Subtitle (Hard Sub)Translated by Aye Mon KyawEncoded ...
movie

Playing with Fire (2019)

Where’d You Go, Bernadette (2019) 6.5
Where’d You Go, Bernadette (2019) ဒီကားလေးကတော့လူတွေနဲ့ပေါင်းသင်းဆက်ဆံဖို့ကိုတွန့်ဆုတ်တဲ့အောင်မြင်ကျော်ကြားတဲ့ဗိသုကာပညာရှင်တစ်ယောက်ရဲ့ဘဝအခက်အခဲတွေပြဿနာတွေရင်ဆိုင်တာတွေကိုသေချာရိုက်ကူးထားတဲ့မိသားစုဒရမ်မာဇာတ်ကားကောင်းလေးပါဘါနန်ဒတ်ဆိုတဲ့မိန်းမတစ်ယောက်ကတစ်ချိန်ကအရမ်းကိုအောင်မြင်ကျော်ကြားတဲ့ဗိသုကာပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင်ပြီးပြည့်စုံတဲ့ခင်ပွန်းရယ်မကြာခင်နိုင်ငံခြားမှာကျောင်းသွားတက်တော့မယ့်သမီးလေးရယ်နဲ့ပျော်ရွှင်နေခဲ့ပေမယ့်အကြောင်းတစ်ခုကြောင့်လူကြားထဲကနေပျောက်ကွယ်ပြီးစီရက်တယ်မှာပဲတိတ်တဆိတ်မိသားစုနဲ့အတူနေထိုင်နေခဲ့ပါတယ်အဲဒီအကြောင်းပြချက်ကြောင့်ပဲသူကလူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာပြဿနာရှိနေခဲ့ပြီး အချိန်ကြာလာတော့ယောကျာ်းကပါသူ့ကိုစိတ့ရောဂါဖြစ်နေတယ်ဆိုပြီး စိတ်ရောဂါကုတဲ့နေရာကိုပို့ပါတော့တယ်အဲဒီမှာပဲဘာနန်ဒတ်တစ်ယောက်ထွက်ပြေးလာပြီးအန္တာတိကကိုရောက်သွားတဲ့အခါမှာသူ့သမီးလေးကသူ့အမေပျောက်သွားလို့လိုက်ရှာဖို့ကြိုးစားတဲ့အခါဘါနန်ဒတ်တစ်ယောက်အထင်အမြင်လွဲနေတာတွေကိုဘယ်လိုဖြေရှင်းမလဲသူ့သမီးလေးနဲ့ရောပြန်ဆုံနိင်မလားသူ့ယောကျာ်းနဲ့ရောပြန်လည်အဆင်ပြေမလားသူကိုယ်တိုင်ရောဘယ်လိုပြန်လည်ရုန်းထမလဲဆိုတာတွေကိုကြည့်ရှုရမယ့်ဇာတ်ကားကောင်းပါဘဝကိုအရှူံးမပေးတဲ့မိန်းမတစ်ယောက်ရဲ့အကြောင်းကိုမပျင်းရအောင်သေချာရိုက်ပြထားတဲ့အပြင်အန္တာတိကရဲ့အလှတရားတွေ ပင်ဂွင်းလေးတွေကိုပါကြည့်ရမှာပါ File Size : ( 977 MB , 328 MB )Quality :  WEB-DL 720pRunning Time : 1 hr 49 minFormat : Mp4Genre :  Comedy , Drama , MysterySubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin 
movie

Where’d You Go, Bernadette (2019)

2019
Driven (2018) 6.2
Driven (2018) ပိုက်ဆံရဖို့အတွက် မူးယစ်ဆေးအရောင်းအ၀ယ်၊သယ်ယူပို့ဆောင်ရေးအလုပ်တွေလုပ်နေရတဲ့ဂျင်မ်ဆိုသောသူတစ်ယောက်တစ်နေ့မှာ အက်ဖ်ဘီအိုင်အေးဂျင့်တစ်ယောက်ဆီမှာမူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနဲ့အဖမ်းခံလိုက်ရသည်...သို့သော်လဲ အစိုးရရဲ့သတင်းပေးအနေနဲ့လုပ်ရင်ထောင်ကျမခံရအောင်လုပ်ပေးမယ်ဆိုတဲ့ကတိကြောင့်ဂျင်မ်တစ်ယောက်သတင်းပေးဖြစ်လာခဲ့ပြီးမူးယစ်ဆေးအရောင်းအ၀ယ်သမား မော်ဂန်ဆိုသည့်သူကိုဖမ်းဆီးရန်အတွက်ကယ်လီဖိုးနီးယားတောင်ပိုင်းကို သူတို့မိသားစုလိုက်ပြောင်းရွှေ့လာခဲ့ကြသည်...မမျှော်လင့်ဘဲနဲ့ သူတို့အိမ်နားမှာနေထိုင်သည့်သူဟာမော်တော်ကားလောကရဲ့နာမည်ကြီးတီထွင်သူတဖြစ်လဲကားကုမ္ပဏီကြီးတစ်ခုရဲ့ဦးစီးခေါင်းဆောင်ဂျွန်ဒီလောရီယန်ဖြစ်နေကြောင်းကိုသိခဲ့ရပြီးမကြာမီမှာ သူတို့နှစ်ယောက်ခင်မင်လာခဲ့ကြသည်...နောက်ပိုင်းမှာ ဂျွန်ရဲ့ကုမ္ပဏီငွေကြေးပိုင်းဆိုင်ရာအခက်အခဲတွေကြုံတွေ့လာရတဲ့အခါမှာဂျင်မ်တစ်ယောက် သူ့ရဲ့ဇာတ်ရှုပ်တွေထဲဂျွန့်ကိုဆွဲသွင်းလိုက်မိရာမှဘာတွေဘယ်လိုဆက်ဖြစ်လာမလဲ...ဂျင်မ်ရဲ့ အက်ဖ်ဘီအိုင်အတွက်အလုပ်လုပ်ပေးနေတာတွေကရောမျှော်လင့်ထားသလိုအဆင်ပြေလာပါ့မလား...အက်ဖ်ဘီအိုင်ကရောကတိပေးထားတဲ့အတိုင်းဂျင်မ့်ကိုလွတ်လပ်စွာနေခွင့်ပေးလိုက်မှာလား...ဂျင်မ်တို့ဘ၀ထဲဂျွန်တစ်ယောက်ဘယ်လိုတွေဆက်စပ်ဝင်လာမိမှာလဲဒီကားလေးထဲမှာ ကြည့်လိုက်ရအောင်လားဗျာ... File Size : (1 GB) & (203MB)Quality : WEB-DL 720pRunning Time : 1 hr 48 minFormat : Mp4Genre : Biography , Drama , ThrillerSubtitle : Myanmar Subtitle (Hard Sub) ...
movie

Driven (2018)

2018
Measure of a Man (2019) 6.2
Measure of a Man (2019) နွေရာသီအားလပ်ရက်ဆိုတာကိုမကြိုက်တဲ့သူမရှိသလောက်ရှားမယ်လို့ထင်ပါတယ်ဒီအချိန်ကအကုန်လုံးကိုခဏမေ့ထားပြီးလွတ်လွတ်လပ်လပ်ပျော်ပါးလို့ရတဲ့အချိန်ကောင်းလေးတစ်ခုပဲလေလူငယ်တွေအတွက်ရောမိသားစုတွေအတွက်ရော ဒါပေမယ့်ဒီကားလေးမှာတော့နွေရာသီအားလပ်ရက်ကိုမုန်းတဲ့လူငယ်လေးတစ်ယောက်ကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားကာရသအမျိုးမျိုးပေးထားတာကိုခံစားရမှာ နွေရာသီဆိုမြို့ပြကနေကျေးလက်ကိုထွက်လာပြီးအပန်းဖြေလေ့ရှိတဲ့ မိသားစုတွေမြို့ပြကနေလာအပန်းဖြေတဲ့သူတွေကိုမကျေနပ်တဲ့ဒေသခံလူငယ်အုပ်စုအဲဒီကြားထဲမှာဓါးစာခံဖြစ်ပြီးအမြဲအနိုင်ကျင့်ခံရတဲ့အပြင်ဘာလုပ်လုပ်အကောင်းမမြင်ပေးတဲ့အဖေရဲ့စကားလုံးဖိနှိပ်မှုတွေကိုပါခံရတဲ့ကောင်လေးတစ်ယောက် တစ်နေ့သူအလုပ်လုပ်တဲ့အိမ်ကအဖိုးကြီးရဲ့ပညာသားပါပါပညာပေးမှုတွေနဲ့ရင့်ကျက်လာတဲ့အခါ....ရုတ်တရက်ပြဿနာတွေထဖြစ်တဲ့အဖေနဲ့အမေရဲ့ဆက်ဆံရေးကြားထဲဘယ်လိုနေမလဲ ... တိတ်တခိုးချစ်နေရတဲ့ကောင်မလေးနဲ့ရောဘယ်လိုရှေ့ဆက်မလဲ...ဒီကြားထဲအချစ်ရေးရှုပ်တဲ့သူ့အစ်မပြဿနာတွေရော.... ဒီကားလေးကလူငယ်တွေကြည့်ကိုကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားပါဟာသလေးတွေပါရောထားတာမို့ပျင်းရမှာမဟုတ်ပါဘူး... File Size : (937 MB ) & (302 MB)Quality :Web-DL 720pRunning Time :1 hr 40 minFormat : Mp4Genre :  Comedy , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie

Measure of a Man (2019)

2018
Halloween (2018) 7.2
Halloween (2018)   လူတိုင်းလူတိုင်းဟာ ကံကောင်းပြီးမွေးလာကြတာမဟုတ်ပါဘူး အဲ့ထဲမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းပြီး မွေးလာတဲ့ Michael တစ်ယောက်လဲ အပါဝင်ပေါ့ ကလေးဘဝကတည်းက လူသတ်ရတာခုံမင်တဲ့ Michael Halloween ညတွေမှာ စိတ္တဇမျက်နှာဖုံး စွပ်ပြီးလိုက်လံသတ်ဖြတ်ခဲ့တဲ့သွေးအေး လူသတ်သမား Michael လူသတ်မှုှုနဲ့ စိတ္တဇ ဆေးရုံရောက်နေခဲ့တာ နှစ် ၄၀ ရှိနေခဲ့ပြီသူသတ်ဖို့ကြိုးစားခဲ့ တဲ့ Laurie Strode ဆိုတဲ့ကောင်မလေးလဲ ဟယ်ဒန်ဖီလ်း ဆိုတဲ့မြို့မှာ ရှိနေခဲ့တာ နှစ် ၄၀ ကြာမြင့်ခဲ့ပြီ ဒါပေမယ့် နှစ်တွေဘယ်လောက်ကြာကြာ သူတို့နှစ်ယောက်ကြားက အငြိုးတွေကတော့ ဖြိုဖျက်ဖို့ မဖြစ်နိုင်သေးပါဘူး ဒီလိုနဲ့ Halloween ညမတိုင်ခင်မှာမှ တိုက်တိုက်ဆိုင်ဆိုင်ပြန်လွတ်သွားတဲ့ Michael Myers တစ်ယောက်ဘယ်လို ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကျူးလွန်မလဲဆိုတာ စိတ် တုန်လှုပ်ခြောက်ခြားစွာ ကြည့်ရှုရမှာပါ ဒီ Halloween ကိုပြောလို့ပြောတာမဟုတ်ဘူး ကျွန်တော်လဲ ရှေ့ကားတွေမကြည့်ဖူးပါဘူး ဒါပေမယ့် အသေချာပြောနိုင်တာက Friday the 13th ကားထဲက Jason Vorhees နဲ့ အတော်လေးဆင်ပါတယ် မသိဘူး သတ်မယ်ဆိုတဲ့သကောင့်သားတွေပေါ့ ဇာတ်လမ်း ကလဲရိုးရိုးရှင်းရှင်းလေး ကြည့်ရတာဘာမှအာရုံနောက်စရာမရှိဘူး Thriller ဖီးလ်လေးကို ခံစားရတာကလွဲလို့ပေါ့ slasher film လို့ပြောထားတဲ့အတိုင်းပဲ အသတ်အဖြတ်အကြမ်းအရမ်းတွေ ဘုံးဘောလအော ထည့်ပေးထားပါတယ် ကိုယ်တိုင်က Friday the 13th တို့ Black Sails တို့ Spartacusတို့လို အသတ်အဖြတ်ကားတွေအကြည့်များလို့လားတော့မသိဘူး :3 ဒီ ...
movie

Halloween (2018)

2018
Adventures in Public School (2017) 5.9
Adventures in Public School (2017) Adventures in Public School (2017) IMDb - 5.9/10_____Rotten - 71%     ဒီကားလေးကတော့ မိခင်ရဲ့အရိပ်အောက်မှာ ငယ်ငယ်လေးတည်းက တက္ကသိုလ်ကျောင်းလာတဲ့အချိန်ထိ နေလာခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်းနဲ့အစပြုထားပါတယ်... တစ်နည်းပြောရရင်တော့ အမေကအရမ်းကိုချစ်တဲ့ အမေချစ်သားလေးပေါ့.. သူတို့သားအမိနှစ်ယောက်ဆက်ဆံရေးက သူငယ်ချင်းလိုလည်းဖြစ်နေတော့ အစအရာရာတိုင်ပင်ဖော်ရနေတယ်.... နောက်ပြီး သူ့အမေကလည်း အသက်ကြီးပေမယ့်လည်း  မပျက်စီးသေး လန်းနေသေးတဲ့အရွယ်ကိုး... အရာရာကို ကလေးလေးလို အမေလုပ်ပေးသမျှနေလာခဲ့တဲ့အဲကောင်လေးဟာ ကျောင်းမှာ ကောင်မလေးတစ်ယောက်ကိုမြင်လိုက်တဲ့အခါမှာတော့ လူပျိုစိတ်လေးတွေပေါ်ပေါက်လာပါတော့တယ်... ဒါကြောင့် အဲကောင်မလေးရဲ့အချစ်ကိုရဖို့အတွက် သူ့ရဲ့ကလေးစိတ်သာသာရှိတဲ့စာအုပ်ကြီးအတိုင်း ကြိုးစားပါတော့တယ်.... ဒီကားလေးဟာ ကျောင်းတွင်းဖြစ်ရပ်ကျောင်းသားဘဝတွေကို ရိုက်ကူးထားတာကြောင့် အမြင်ရိုင်းစေမယ့် မြင်ကွင်းတွေမပါပေမယ့် လိင်ဟာသလေးတွေရောနှောပြီး ရိုက်ကူးထားတာကြောင့် ကြည့်တဲ့လူတွေအဖို့ ရယ်လည်းရယ်ရ ကြည့်လို့လည်းကောင်းမယ့် Comedy ကားလေးတစ်ကားဖြစ်ပါတယ်....   File Size : (740 MB) Quality : BluRay 720p Running Time : 1hr 26min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 1080p Translated by Ye Pyae Sone Tun Encoded by Moe Myint Lwin
movie

Adventures in Public School (2017)

2017
The 15:17 to Paris 5.0
The 15:17 to Paris အက်ရှင်ကားတွေ အချစ်ကားတွေကို ရိုးအီနေပြီဆိုသူတွေအတွက် အရသာအသစ်ပေးစွမ်းနိုင်မယ့်The 15.17 to Paris ဆိုတဲ့ ကိုယ်ရေးအတ္ထုပတ္တိအမျိုးအစားဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ ၂၀၁၅ တုန်းကဖြစ်ပွားခဲ့တဲ့ ISIS  ရထားအကြမ်းဖက်မှုကို ပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်အခြေပြုဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ အဆိုပါအကြမ်းဖက်မှုမှာ အသက်နဲ့ရင်းပြီးကယ်တင်ခဲ့တဲ့အမေရိကန်လူမျိုးသူငယ်ချင်သုံးဦးဖြစ်တဲ့ စပန်ဆာစတုန်း၊ အဲလက်စကာလာတို့စ် နဲ့ အန်တိုနီဆက်ဒ်လာ တို့ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင်ဒါရိုက်တာဟာလည်းတစ်ချိန်ကဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အော်စကာလေးဆုရမင်းသားကြီး Clint Eastwood ပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို ဇာတ်လိုက်သုံးယောက်ရဲ့ငယ်ဘဝကနေ စတင်ပြီး ရိုက်ကူးပြသထားတာဖြစ်တဲ့အတွက်ကြည့်ရှုသူတွေအနေနဲ့ အတန်ငယ် ပျင်းကောင်းပျင်းနေနိုင်ပါတယ်။ ဒါပေမယ့်ကိစ္စမရှိပါဘူး ဆက်သာကြည့်ကြပါ။ကြည့်ရင်းနဲ့ဇာတ်လမ်းဟာတဖြည်းဖြည်းနဲ့အရှိန်တက်လာပြီး ဇာတ်လမ်းအဆုံးထိ ပါအောင်ဆွဲခေါ်သွားပါလိမ့်မယ်။ဒါ့အပြင် ဇာတ်လိုက်သုံးဦးရဲ့ ဥရောပခရီးစဉ်အစဖြစ်တဲ့ဗင်းနစ်မြို့ရဲ့ရှုပျော်ဖွယ်ရာကောင်းတဲ့အလှနဲ့ အမ်စတာဒမ်မြို့ရဲ့အရိုင်းဆန်တဲ့ အလှတွေကိုပါခပ်ပါးပါးလေးပြသွားတဲ့အတွက် ခရီးထွက်ရတာကို ကြိုက်နှစ်သက်သူတွေလက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။Qty - 720p Web DLDuration - 1hr 54minGern - History/ ActionTranslator - Myo Thant KyawReview - ...
movie

The 15:17 to Paris

2018