Channel Myanmar

Judith Drake

Baby Geniuses (1999)
Baby Geniuses (1999) ဇာတ်လမ်းကတော့ အမွှာကလေးနှစ်ယောက်ဖြစ်တဲ့ ဆလိုင် နဲ့ ဝစ် (Leo, Gary နဲ့ Myles Fitzgerald) တို့ကို သိပ္ပံစမ်းသပ်မှုတစ်ခုအတွက် ရည်ရွယ်ပြီးမွေးဖွားခဲ့တာပါ။ဆလိုင်ကို ဒေါက်တာအယ်လီနာကင်ဒါ(Kathleen Turner)က ယူထားပြီး ဝစ်ကိုတော့ ဒန် (Peter MacNicol) နဲ့ ရော်ဘင် (Kim Cattrall)တို့က မွေးစားထားခဲ့ပါတယ်။ တစ်သက်လုံး စမ်းသပ်မှုတွေအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ ဆလိုင်ဟာ အကြိမ်ကြိမ်ထွက်ပြေးဖို့ကြိုးစားခဲ့ပြီး နောက်ဆုံးတစ်ကြိမ်မှာတော့ လွတ်မြောက်သွားခဲ့ပါတယ်။ ဒါကို ပြန်လိုက်ဖမ်းတဲ့လူတွေက ဝစ်ကို လူမှားဖမ်းခေါ်သွားတဲ့အခါ အရင်ကမသိရသေးတဲ့လျှို့ဝှက်ချက်တွေ ပေါ်‌ပေါက်လာပါတယ်။ဒီဇာတ်လမ်းဟာ Box office မှာ အတော်လေးအောင်ပွဲခံခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ Sequel ဖြစ်တဲ့ Superbabies: Baby Geniuses 2 ထပ်ထွက်လာခဲ့ပေမယ့် သရုပ်ဆောင်မှုများ၊ ဟာသ၊ အထူးပြုလုပ်ချက်များ၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာတို့ ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပါတယ်။ ဒီဇာတ်ကားမှာ တစ်ခုတည်းသော အမှတ်ပေးစရာကတော့ ...
movie

Baby Geniuses (1999)

A Little Princess (1995) 7.6
A Little Princess (1995)  ယဉ်ကျေးမှုထွန်းကားပြီး ဆန်းကြယ်လှပတဲ့အိန္ဒိယပြည်မှာနေလာခဲ့တဲ့ ကပ္ပတိန်ခရူးတို့သားအဖဟာ ပထမကမ္ဘာစစ်ဖြစ်ချိန်မှာ အဖေဖြစ်သူ ကပ္ပတိန်ခရူးက စစ်ထွက်ရမှာမို့ သမီးဆာရာခရူးကို နယူးယောက်က စည်းကမ်းတင်းကြပ်တဲ့ဘော်ဒါကျောင်းတစ်ခုမှာ ထားခဲ့တယ်။ အမြဲတမ်း စိတ်ကူးယဉ်မှုတွေနဲ့‌ပြည့်နှက်နေတဲ့ ဆာရာခရူးဟာ လက်တွေ့ဆန်ကာ တင်းကြပ်လွန်းတဲ့ ကျောင်းစည်းကမ်းတွေနဲ့ အံ၀င်ခွင်ကျမဖြစ်ပေမဲ့ စွန့်စားခန်းတွေ စိတ်ကူးယဉ်ဆန်မှုတွေနဲ့ ပြည့်နေတဲ့ သူ့ရဲ့ပုံပြင်တွေကို ပြောပြတတ်တာကြောင့် လူချစ်လူခင်ပေါများလာခဲ့ပြီး မင်းသမီးလေးဖြစ်လာခဲ့တယ်။ဒါပေမဲ့ အဖေဖြစ်သူ တိုက်ပွဲမှာကျဆုံးသွားချိန်မှာ ဆာရာလေးရဲ့ဘ၀ဟာ ဂျွန်းထိုးမှောက်ခုံဖြစ်သွားရပြီး မင်းသမီးလေးဘ၀ကနေ အစေခံမလေးဘ၀ကို ချက်ချင်းရောက်ရှိသွားခဲ့တယ်။နာမည်ကြီးစာအုပ်ကို ခေတ်အဆက်ဆက် ပြန်လည်အသက်သွင်းလာခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ကလေးတွေ ကြည့်သင့်ကြည့်ထိုက်တဲ့ဇာတ်ကားမျိုးဖြစ်တဲ့အပြင် လူကြီးတွေကိုပါ စီးမျောသွားအောင် ဆွဲဆောင်နိုင်တာမို့လို့ ကြည့်ရှုခံစားဖို့တိုက်တွန်းလိုက်ပါတယ်။ File size…(1.8 GB)/(950 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Drama, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie

A Little Princess (1995)

Zodiac (2007) 7.7
Zodiac (2007) Zodiac (2007)IMDb Rating (7.7) / Rotten tomatoes (90%)Robert Downey Jr. ,Jake Gyllenhaal , Mark Ruffalo တို့လို တကယ့်ထိပ်တန်းမင်းသားတွေနဲ့ ဒါရိုက်တာကြီး David Fincher ရဲ့  နာမည်ကြီးရုပ်ရှင်ကားတစ်ကားပါပဲ။၁၉၆၈ လောက်မှာ အတွဲလိုက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ Zodiac  Sign နာမည်ခံ လူသတ်သမားအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် မှုခင်းကားတစ်ကားဖြစ်ပါတယ်။ထူးခြားတာက ဒီလူသတ်သမားကို ခုချိန်ထိ ဖမ်းမမိသေးဘဲ သူဘယ်သူလဲဆိုတာကို ဒါရိုက်တာ David Fincher တို့အဖွဲ့ဟာ အချိန်ကြာမြင့်စွာသုတေသနပြုလုပ်ပြီး ဒီရုပ်ရှင်ကားကိုရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းသွားကတော့ ..အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုခရိုနီကယ် သတင်းစာကို တစ်နေ့မှာ စာတစ်စောင်ရောက်လာခဲ့တယ်..ဒီစာထဲမှာ လူတစ်ယောက်က သူအရင်နှစ်တွေတုန်းက ဘယ်နေရာမှာဘယ်လို လူတွေသတ်ခဲ့တယ်ဆိုတာကို ရေးထားတယ်…သူ့သတင်းတွေကို သတင်းစာခေါင်းကြီးပိုင်းတွေထည့်ပေးဖို့နဲ့ မထည့်ပေးရင် ထပ်ပြီးလူသတ်မှုတွေကျူးလွန်နေမယ်ဆိုတဲ့ခြိမ်းခြောက်ထားတယ်..ဒီတော့သတင်းစာက လူတွေလည်းခေါင်းခြောက်ပြီး ရဲစခန်းကိုဖုန်းဆက်စုံစမ်းကြည့်တဲ့အခါ စာထဲမှာ ရေးသားထားတဲ့အမှုတွေဟာ အဲ့ဒီနေ့အထိ ...
movie

Zodiac (2007)

2007
Intolerable Cruelty (2003)
Intolerable Cruelty (2003) IMDb rating - 6.3/10, RY -76% (Award - ဆန်ခါတင်သုံးဆု) ဒီကားလေးကတော့ ၂၀၀၃ခုနှစ်က ထွက်ရှိထားတဲ့ အချစ်ဟာသဇာတ်မြူးကားလေးဖြစ်ပါတယ်။ သရုပ်ဆောင်ဆိုရင်လည်း အခုထိလန်းဆန်းလတ်ဆတ်‌နေတုန်းဖြစ်တဲ့ Gorge Clooneyရဲ့ နုပျိုစဉ်ကချောမောခန့်ညားမှုကြီးကိုရှုစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မိုင်းစ်မက်ဆီက နာမည်ကြီးကွာရှင်းရှေ့နေတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့အမှုသည် ရက်စ်ရက်စ်​ရောသ့်​ရဲ့ကွာရှင်းမှုမှာ အနိုင်ရအောင်လုပ်ပေးလိုက်တဲ့အတွက် တစ်ဖက်က သိုက်တူးသမားဇနီးသည်မယ်ရီလင်းက အငြိုးအတေးထားပြီး အကွက်ဆင်ပြီးတော့ မိုင်းစ်ကိုလက်စားချေဖို့ကြံပါတော့တယ်။ မိုင်းစ်တစ်ယောက် မာရီလင်းရဲ့လှည့်ကွက်ထဲကျရှုံးသွားမလား လွတ်မြောက်နိုင်သွားမလားဆိုတာကြည့်ရှုရမှာပါ။ ပေါ့ပါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်လို့ စိတ်လက်အပန်းဖြေချင်သူများအတွက် ရွေးချယ်သင့်တဲ့ကားလေးပါ။File size…(1.9 GB)/(918 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Comedy, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kyawt Hay Thar
movie

Intolerable Cruelty (2003)

House of 1000 Corpses (2003) 6
House of 1000 Corpses (2003) House of 1000 Corpses (2003)​Halloween ပွဲ​တော်လည်း​ရောက်​​​​တော့မယ်ဆို​တော့ Halloween Theme နဲ့ရိုက်ထားတဲ့ ဇာတ်ကား​တွေထဲက ကြည့်ရှုသူကို ဆွဲ​ခေါ်သွား​ပေးနိုင်တဲ့ ဇာတ်ကား​လေးတစ်ခုဖြစ်တဲ့ ၂၀၀၃ ခုနှစ်ကထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖိုကား​လေး House of 1000 Corpses ကို တင်ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~အရာရာကို စူးစမ်းချင်တဲ့ ​ဘေလ်၊ ဂျယ်ရီ၊ မယ်ရီ နဲ့ ဒယ်နီးဆိုတဲ့ သူငယ်ချင်း​​လေး​ယောက် ​တစ်​နေ့ အ​မေရိကန်နိုင်ငံရဲ့ လူသွားနည်းလမ်းကားလမ်း​​မကြီး​တွေ​ဘေးက ဆွဲ​ဆောင်မှုရှိတဲ့ ​နေရာ​တွေအ​ကြောင်း စာအုပ်​ရေးဖို့ လိုက်ရှာရင်း ​ဟောလိုဝင်း​နေ့ကြီးမှာ ကပ္ပတိန်စ​​ပေါတင်းဆိုတဲ့​နေရာ​လေးကို​ရောက်သွားပါတယ်။အဲဒီ​နေရာ​လေးက​နေ မြို့ရဲ့ ​ပျောက်ဆုံး​နေတဲ့ ​ဒေါက်တာ​စေတန်အ​ကြောင်း လိုက်ရှာမယ်ဆိုပြီးထွက်အသွား ​သူစိမ်းကောင်မ​လေးတစ်​ယောက် လမ်းကြုံအကူအညီ​​​တောင်းတာကိုကူညီရင်း ​​သူစိမ်းအိမ်ကို​ရောက်သွားပါတယ်။ အဲဒီအိမ်ကြီးကို ​ရောက်ပြီး​နောက်ပိုင်း သူငယ်ချင်းလေး​ယောက် ဘယ်လိုမူမမှန်မှု​တွေ ထိတ်လန့်​ခြောက်ခြားစရာ​တွေ... အဲဒီအိမ်ကြီးမှာ ဘာ​​တွေဖြစ်ပျက်ခဲ့လဲ... ဆိုတာ​တွေကို သည်းထိတ်ရင်ဖိုကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

House of 1000 Corpses (2003)

2003
Angel Heart (1987)
Angel Heart (1987)   လောကမှာ ဘယ်အရာကိုမှ အလကားမရနိုင်တာမို့ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတတ်တာက သဘာဝပါပဲ။ ဒါပေမယ့် ကိုယ်ရလိုက်တဲ့အရာတစ်ခုက ပေးဆပ်လိုက်ရတာနဲ့ ထိုက်တန်မှု ရှိပါ့မလားဆိုတာကတော့.. IMDB 7.2/10, Rotten Tomatoes 82% ရရှိထားတဲ့ Mysetery/Psychological Horror/Thriller အမျိုးအစား၊ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုအများအပြားရရှိထားတဲ့ Old but gold ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များဆီက နာမည်ကြီး ဒါရိုက်တာကြီး (အခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့) Alan Parker ရဲ့ Mississippi Burningတို့ Birdyတို့လို ပြောင်မြောက်တဲ့လက်ရာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းကိုပြောရမယ်ဆိုရင်တော့ အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဟားရော့ဒ်အိန်ဂျယ့်ဆီကို လူးဝစ်ဆိုင်ဖရာဆိုတဲ့ အမှုသည်တစ်ယောက်က လူပျောက်ရှာပေးဖို့ အမှုလာအပ်ခဲ့တာပါ။ ရှာပေးရမယ့်လူက ဂျွန်နီဖေးဘရစ်ဆိုတဲ့ အဆိုတော်ဖြစ်ပြီး ဓာတ်ပုံလည်းမရှိ နေရပ်လိပ်စာလည်းမသိဘဲ သူ နောက်ဆုံးတက်ခဲ့တဲ့ဆေးရုံလိပ်စာကလွဲလို့ ဘာဆိုဘာမှမသိတာမို့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုကနေ စခဲ့ရပါတော့တယ်။ ဇွဲကြီးတဲ့အိန်ဂျယ်တစ်ယောက် ...
movie

Angel Heart (1987)

Phantoms (1998) 5.4
Phantoms (1998) Phantoms (1998)မြို့ငယ်လေးတစ်ခုက ရှိသမျှ‌လူတွေအားလုံးကို နာရီပိုင်းလောက်နဲ့ အသက်ဇီဝိန်ချွေသွားတဲ့ အဖြစ်အပျက်ကြီး အမေရိကားမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဇာတ်ကားကိုပြောတာနော်။ တကယ်မဟုတ်ဘူး။မနက်ခင်းကြီး မြို့ငယ်ကနေထွက်၊ ရည်းစားတစ်ကောင်နဲ့ ပရောပရည်လုပ်နေတဲ့ အယ်လ်အေက ညီမကို အတင်းအကျပ်ပြန်ခေါ်လာတဲ့ အစ်မကြီးလုပ်သူ ညနေခင်းအချိန် မြို့ထဲအရောက်မှာ လူတွေအားလုံး ပျောက်သူပျောက် သေ‌သူသေဖြစ်ကုန်ကြပါတယ်။ ညီအစ်မနှစ်ယောက်သား မြို့ထဲကပြန်ထွက်ဖို့ နည်းမျိုးစုံကြိုးစားပေမဲ့ ပိတ်မိသွားတဲ့အခါ...လူသားမျိုးနွယ်ရဲ့ မျိုးတုံး‌ပျက်သုဉ်းခြင်းကို ယူဆောင်လာနိုင်တဲ့၊ လူတွေလိုပဲ စဉ်းစားဉာဏ်အသိပညာနဲ့ Stranger thing (လူထူးသူစိမ်း) ကြီးကို အဏုဇီဝပညာရှင်တစ်ယောက်၊ ရဲအရာရှိတစ်ယောက်၊ ဆရာဝန်မတစ်ယောက်နဲ့ မနူးမနပ်အပျိုပေါက်မလေးတို့ လေးယောက်သား ဘယ်လိုရင်ဆိုင်ခဲ့သလဲဆိုတာ အထိတ်ထိတ်တလန့်လန့်ကြည့်ရှုရမယ့် ၁၉၉၈ က ဇာတ်ကားတစ်ကားပါ။တစ်ခါတစ်ခါကျ ဇာတ်ကား Rating တွေထက် သရုပ်ဆောင်တွေက အလေးပိုသာသွားတဲ့အချိန်ရှိတတ်သလိုပဲ ဒီကားထဲပါတဲ့ သရုပ်ဆောင်များကတော့ နှယ်နှယ်ရရ မဟုတ်ပါဘူး။ပထမဆုံး သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းဆရာ Ben Affleck ကို မြင်တွေ့ရပါမယ်။ Pearl ...
movie

Phantoms (1998)

1998
Insidious: The Last Key (2018) 5.8
Insidious: The Last Key (2018) ဒီဇတ်ကားကို ကြည့်ပြီးမှ ဟိုးအရင်တုန်းက Chapter 1 & 2 ကို ကြည့်သင့်တယ် ထင်တာပဲအဲ့ဒါမှ အဲလိစ် ရဲ့ နောက်ကြောင်းကို ဇတ်ရည်လည်မှာပါဒါကတော့ ပရလောကဖြင့် ချိတ်ဆက်နိုင်တဲ့ ပညာရှင် အဲလိစ် မသေဆုံးခင်ဖြေရှင်းခဲ့တဲ့ ပရလောက ဇတ်လမ်းတွေထဲက တစ်ခုဖြစ်ပြီး အဲလိစ် ဘာကြောင့်ပရလောကဖြင့် ချိတ်ဆက်နိုင်ခဲ့တယ်ဆိုတာရဲ့ ဇတ်မြစ် ဖြစ်ပြီးသူမ ရဲ့ မိခင် ကို သတ်ဖြတ်ခဲ့တဲ့ သော့လက် ပိုင်ရှင် မကောင်းဆိုးဝါး ကိုရင်ဆိုင်ဖြေရှင်းရမယ့် အခန်းလဲ ဖြစ်ပါတယ်အဲလိစ် ရဲ့ ငယ်ဘ၀ က နေထိုင်ရာ အိမ်ကြီးတွင် မကောင်းဆိုးဝါးများ ကပ်ညှိနေ၍လက်ရှိအိမ်ပိုင်ရှင်က အကူအညီတောင်းလို့ အဲလိစ် နှင့် သူ၏ လက်ထောက် တို့သွားရောက် ကူညီဖြစ်ရင်း ငယ်ဘ၀ နှင့် ပြန်လည် ချိတ်ဆက်မိခဲ့ရာ......ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Tariq L Walker ဖြစ်ပြီးThit San Khant မှ Encode ပေးထားပါတယ်
movie

Insidious: The Last Key (2018)

2018