Channel Myanmar

Judie Aronson

Kiss Kiss Bang Bang (2005)
Kiss Kiss Bang Bang (2005) Kiss Kiss Bang Bang (2005) *************************** IMDb....7.5,,,Rotten...86% Kiss kiss bang bang ဟာ စုံ​ထောက်​ဟာသဇာတ်​မြူးကားဖြစ်​ပါတယ်​။ဟယ်​ရီဆိုတဲ့ အ​ပေအ​တေ ဂျ​လေဘီတစ်​​ယောက်​က ရုတ်​တရက်​ ရုပ်​​ရှင်​သရုပ်​​ဆောင်​အ​နေနဲ့ အ​ရွေးခံရပြီး​တော့ LA ကို​ရောက်​သွားပါတယ်​။အဲဒီမှာ ငယ်​ကကျွမ်းတဲ့ ငယ်​ကျွမ်း​ဆွေ​ကောင်​မ​လေး ဟာမီုနီနဲ့ ပါတီမှာ ပြန်​​တွေ့ခဲ့ရာက​နေ ငယ်​ငယ်​ကဇာတ်​လမ်းပြန်​စခဲ့ပါတယ်​။ငယ်​ကျွမ်း​ဆွေ​ကောင်​မ​လေးမှာ ငယ်​ငယ်​ကအရမ်း admire ဖြစ်​ခဲ့ရတဲ့ စာ​ရေးဆရာ တစ်​​ယောက်​ရှိခဲ့ပါတယ်​။ အဲဒီစာ​ရေးဆရာ​ရေးတဲ့စာအုပ်​ကို ပြန်​ရုပ်​ရှင်​ရိုက်​တဲ့အခါမှာလည်း ရုပ်​ရှင်​မင်းသားကို အရမ်း​လေးစားခဲ့ပြန်​ပါတယ်​။ ဒါ​ပေမဲ့လည်း သူမရဲ့ညီမ သူ့ကိုယ်​သူသတ်​​သေတာဟာ အဲဒီရုပ်​ရှင်​မင်းသားနဲ့ ပတ်​သတ်​​နေပြန်​ပါ​ရော။ဘယ်​လိုပတ်​သတ်​​နေတာလဲဆိုတာကို​တော့ ရှုစားကြ့ည့်ကြပါ။ခုနက ဂျ​လေဘီ ဟယ်​ရီက​တော့ စုံ​ထောက်​​လေ့ကျင့်ခန်းတွေကို လိုက်​ပြီးကူလုပ်​​ပေးခဲ့ရပါတယ်​။ အဲဒီက​နေ အရှုပ်​​တော်​ပုံတစ်​ခုထဲကို ​ရောက်​မှန်းမသိ​ရောက်​ခဲ့ရပါတယ်​။သို့​သော်​လည်း ၎င်းအရှုပ်​​တော်​ပုံက သူရဲ့ ဟာမိုနီနဲ့ပတ်​သတ်​​နေတာဖြစ်​​လေ​တော့ သူဟာရုန်းထွက်​မရနိုင်​​အောင်​ဖြစ်​ခဲ့ရပါတယ်​။ ဟယ်​ရီတို့ ကိစ္စတစ်​ခုစုံစမ်းနေချိန်​မှာပဲ ​ကောင်​မ​လေးတစ်​​ယောက်​ရဲ့ အ​လောင်းကို တိုက်​တိုက်​ဆိုင်​ဆိုင်​​တွေ့ခဲ့ရပါတယ်​။အသတ်​ခံရတဲ့​ကောင်​မ​လေးကရော ဟာမိုနီ့ညီမနဲ့ ဘယ်​လိုပတ်​သတ်​လဲ။ဟိုရုပ်​ရှင်​မင်းသားကရော ဒီ​ကောင်​မ​လေးနှစ်​​ယောက်​​သေဆုံးမှုနဲ့ ဘယ်​လိုပတ်​သတ်နေမလဲ ​ဇာတ်​လမ်းကို​တော့ ဟယ်​ရီက နောက်​ခံစကား​ပြောတဲ့ပုံစံမျိုးနဲ့ တင်​ဆက်​ထားတာဖြစ်​ပါတယ်​။ဟာသ​လေး​တွေ​နှောပြီး အူ​ကြောင်​​ကြောင်​နဲ့ အမှုကို​ဖော်​ထုတ်​သွားတာဖြစ်​လို့ရယ်​လည်းရယ်​ရ စိတ်​လည်း ဝင်​စားဖို့​ကောင်းပါတယ်​။ဟယ်​ရီအဖြစ်​ အူ​ကြောင်​ကြား ...
movie

Kiss Kiss Bang Bang (2005)

After Midnight (1989) 5.5
After Midnight (1989) After Midnight (1989) ================အလီဆင်နဲ့ရှရဲဆိုတဲ့ ကောလိပ်ကျောင်းသူလေးနှစ်ဦးဟာ အက်ဒွပ်ဒဲရတ်ခ် ဆိုတဲ့ထူးဆန်းပြီးပဟေဠိဆန်တဲ့ ဆရာအသစ်တစ်ယောက်ကသင်ကြားတဲ့ အကြောက်တရားစိတ်ပညာဆိုတဲ့အတန်းကိုတက်ဖို့ရွေးချယ်ခဲ့မိကြပါတယ်။ ဆရာရဲ့တမူထူးခြားတဲ့သင်ကြားပုံနည်းစနစ်ကြောင့် ပထမဆုံးအတန်းချိန်မှာပဲ ကျောင်းသားတစ်ဦးအကြောက်လွန်ပြီးအရှက်ကွဲတဲ့အထိဖြစ်သွားခဲ့တဲ့အ တွက် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က ပရော်ဖက်ဆာဒဲရတ်ကို သင်ရိုးအတိုင်း သင်ကြားဖို့ကန့်သတ်ခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲ ပရော်ဖက်ဆာဒဲရတ်က တကယ့်အကြောက်တရားဆိုတာကို တွေ့ကြုံခံစားချင်တဲ့ ကျောင်းသားတွေအနေနဲ့ သူ့အိမ်ကိုလာနိုင်ကြောင်း ဖိတ် ခေါ်ခဲ့ပြီးနောက် ရောက်လာကြတဲ့ ကျောင်းသားတစ်စုနဲ့ ထိတ်လန့်ဖွယ်ဇာတ် လမ်းသုံးခုကို အကြောက်တရားသင်ခန်းစာအဖြစ်ဖလှယ်ပြောပြကြပါတော့ တယ်။ အဲ့ဒီအချိန်မှာပဲ သူတို့မသိလိုက်တာကတော့ ပထမဆုံးနေ့မှာအရှက်ကွဲ သွားခဲ့တဲ့ကျောင်းသားဟာ ဆရာ့ကိုလက်တုန့်ပြန်ဖို့ ပုဆိန်တစ်လက်နဲ့ချောင်း မြောင်းနေပြီဆိုတာပါပဲ။ Creepshow တို့ Tales From the Darkside တို့လို Horror Anthology တစ်ကားဖြစ်ပြီး၊ လူသိနည်းတဲ့ဇာတ်ကားကောင်းတစ် ကားလည်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.42 GB) / (675 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Alias Encoder..........SWM
movie

After Midnight (1989)

1989
Friday the 13th: The Final Chapter (1984) 6
Friday the 13th: The Final Chapter (1984) Friday the 13th: The Final Chapter (1984)အပွဲပွဲနွှဲခဲ့တဲ့ ဂျေဆင်ဟာ ခု လေးကားမြောက်မှာတော့ ထင်မထားတဲ့သူလက်ချက်နဲ့ မရှုမလှ အသက်ထွက်ခဲ့ရပါတယ်။တတိယကားမှာ ခရစ် လက်ချက်နဲ့ သေခဲ့ရသူ ဂျေဆင်ကို ရဲတွေက အခင်းဖြစ်ရာမှာ သေဆုံးခဲ့သူအဖြစ် ရင်ခွဲရုံကို ပို့လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ပြန်လာနေလေ့ရှိတဲ့ ဂျေဆင်က အအေးခန်းသေတ္တာထဲကနေ နိုးထလာပြီး ဝန်ထမ်းကိုသတ်ဖြတ်လို့ သူ့ရဲ့ ဘူမိဇာတိ ခရစ်စတယ်ရေကန်စခန်းကိုပဲ ပြန်သွားပါတယ်။ဒီတော့ မောင်နှ‌မလေး နှစ်ယောက်ရယ် အမေရယ်၊ စခန်းလာချတဲ့လူငယ်တစ်အုပ်ရယ်နဲ့ ရေကန်တဝိုက်က စည်ကားလာပြန်တော့ ဂျေဆင်တစ်ယောက် အလုပ်ရှုပ်ရပြန်တာပေါ့။တစ်ယောက်ပြီးတစ်ယောက် လှလှပပနဲ့ စနစ်တကျ သတ်ဖြတ်တတ်တဲ့ ဂျေဆင်ကို ကလေးအရွယ် တွန်မီရယ်၊ သူ့အစ်မရယ်၊ အခြားလူငယ်လေးတွေက ဘယ်လိုရင်ဆိုင်သွားတယ်ဆိုတာ ဂျေဆင် ဇာတ်ကားတွေရဲ့ အရသာအတိုင်း ကြည့်ရပါဦးမယ်နော်။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Friday the 13th: The Final Chapter (1984)

1984
American Ninja (1985)
American Ninja (1985)  ဂျိုးဆိုတဲ့ကောင်လေးဟာ ကိုယ့်မိဘ ဘယ်သူမှန်းလည်း မသိ၊ ကိုယ့်မွေးနေ့မွေးရက်ကိုလည်းမသိတဲ့အပြင် ကျွန်းတစ်ကျွန်းမှာ ပေါက်ကွဲမှုကြောင့် အတိတ်မေ့သွားရှာတဲ့ ကောင်လေးတစ်ယောက်ပါ။ သူဟာ အရွယ်ရောက် ကတည်းက ပြဿနာအမျိုးမျိုးတက်ပြီး လူငယ်ထိန်သိမ်းရေးကျောင်းကိုလည်း ခဏခဏရောက်ပြီး နောက်ဆုံးမှာ တရားရုံးက စစ်မှုထမ်းဖို့ အမိန့်ချမှတ်လိုက်တဲ့အတွက် စစ်တပ်ထဲရောက်လာတဲ့သူပါ။တစ်နေ့မှာတော့ သူတာဝန်ကျရာစခန်းက ကာနယ်ကြီးရဲ့သမီးကို အိမ်ပြန်ပို့ဖို့ တာဝန်ကျလို့ ပြန်ပို့ရာလမ်းမှာ နင်ဂျာတစ်ဖွဲ့က သူတို့ထရပ်ကားတွေကို ဝင်စီးတဲ့အခါမှာ ထူးဆန်းစွာပဲ သူခန္ဓာကိုယ်အလိုအလျောက်တုန့်ပြန်ပြီး ကာနယ်သမီးကို နင်ဂျာအတတ်ပညာဖြစ်တဲ့ နင်ဂျုဆုတွေကို အသုံးပြုပြီး ကယ်တင်လိုက်ပါတယ်။ဒီလိုနဲ့ ပြန်ရောက်တဲ့အခါမှာ ဆာဂျင်က သူ့ကိုပြစ်ဒဏ်ချတဲ့အနေနဲ့ ထရပ်ကားသိုလှောင်ရုံဘက်မှာ တာဝန်ချရာကနေ စစ်တပ်နဲ့ ဒီနင်ဂျာသူပုန်အဖွဲ့ဟာ ပူးပေါင်းကြံစည်နေပြီးတော့ နိုင်ငံတော်ပိုင်လက်နက်တွေကို မှောင်ခိုထုတ်နေမှန်းသိလိုက်ရာကနေ သူ့ကိုလိုက်သတ်နေတဲ့နင်ဂျာအဖွဲ့တွေဆီကရော သူ့ကို ပြဿနာကောင်အနေနဲ့ မြင်တဲ့ စစ်တပ်က လူတွေကိုရော ဘယ်လိုယုံအောင်ရှင်းပြမလဲ ဒီကိစ္စရဲ့နောက်ကွယ်မှာရော ဘယ်သူတွေပါဝင်နေလဲ သူကရော နင်ဂျာအတတ်ပညာတွေကို ဘယ်လိုတတ်မြောက်နေတာလဲ အတိတ်မေ့နေတဲ့မှတ်ဉာဏ်တွေကရော ပြန်ပေါ်လာပါ့မလား ဆိုတာကို ...
movie

American Ninja (1985)

Hannibal (2001) 6.8
Hannibal (2001) Hannibal (2001)Cannibal ဆိုတဲ့အင်္ဂလိပ်စကားလုံးရဲ့အဓိပ္ပာယ်က လူသားစားတဲ့သူပေါ့။ ဒီလူသားစားတဲ့အရာကဘယ်လောက်ထိခရီးပေါက်နေလဲဆိုရင် cannibal တို့ cannibalism တို့ဆိုတဲ့စကားလုံးတွေကိုပါသုံးနေရတဲ့အထိပေါ့။ ဒီထဲကလူသတ်သမားက လူသားလည်းစားတဲ့ဇာတ်ကောင်မျိုး။ လူသတ်သမားဖြစ်တဲ့အတွက် သွေးအေးအေးနဲ့သတ်ပြီးတော့ကို ပယ်ပယ်နှယ်နှယ်စားတာမျိုးပေါ့။၊ ဇာတ်ကားတစ်လျှောက်လုံး စားပြမနေ၊သတ်ပြမနေပေမဲ့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်ကောင်ကောင်းကောင်းတွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ကြည့်ရှူသူပရိသတ်ကို မျောနေအောင်ဆွဲခေါ်သွားတာမျိုး။Triller/Crime လို့ genre သတ်မှတ်ထားပေမဲ့ Horror/Action ဆိုလည်းမမှားဘူးဗျ။ Triller/Crime ဆိုတဲ့အတိုင်း ရဲမှုခင်းဇာတ်ကားမျိုးပေါ့၊ လူသတ်သမားနဲ့စုံထောက်ကြားဇာတ်အိမ်ကောင်းကောင်းကိုဘယ်လိုတည်ဆောက်ထားလဲ တစိမ့်စိမ့် အရသာခံရင်းကြည့်ရမယ့်ကားမျိုး။ 1991 ကထွက်ခဲ့တဲ့ The Silence of the Lambs ဆိုတဲ့ IMDb 8.6/10 ရသွားပြီး 1991 ခုနှစ်အတွင်း တစ်ကမ္ဘာလုံးရဲ့ငါးကားမြောက်စာရင်းဝင်သွားတဲ့ Triller/Horror ကားတစ်ကားကိုတော့မှတ်မိကြမယ်ထင်ပါတယ်။ Triller/Horror ကြည့်သူတိုင်း ကြည့်ကိုကြည့်ထားသင့်တဲ့ကားကောင်းတစ်ကားပေါ့။ ဒီကားက အဲကားရဲ့ Sequel လို့ပြောလည်းရမယ့် ကားတစ်ကားပါပဲ။သုံးထားတဲ့ဘက်ဂျက်နဲ့ရုံတင်‌ဝင်ငွေပြန်ရခဲ့တဲ့ကားကောင်းတစ်ကားဖြစ်တာနဲ့အညီ‌ အတော်လေး ကြည့်လို့ကောင်းတာမျိုးကိုသွားတွေ့ရပါတယ်။ ဒီ Hannibal ...
movie

Hannibal (2001)

2001