Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Juana Acosta
7.4
The Other Side (2024)
ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် Drama အမျိုးအစားဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်…အသက် ၄၀ အရွယ် Carlos ဟာ ဒဿနိကဗေဒပါမောက္ခတစ်ဦးဖြစ်ပြီး ကဗျာဆရာတစ်ဦးလည်းဖြစ်ပါတယ်..ဇာတ်လမ်းအစ ဆေးရုံတစ်ခုမှာနိုးထလာတဲ့ Carlos တစ်ယောက်ကိုယ့်အမေကိုယ် သတ်ဖြတ်မှုအတွက် အမှုရင်ဆိုင်ရဖို့ဖြစ်လာပါတယ်သို့သော်လည်း Carlos ဟာ အမေဖြစ်သူရဲ့ဆန္ဒအရ သတ်ဖြတ်တာဖြစ်ကြောင်းကို သူ့ရှေ့နေရဲ့ဆန္ဒကိုလွန်ဆန်ပြီး ဝန်ခံပြောဆိုကာအပြစ်မရှိကြောင်း အခိုင်အမာပြောဆိုတဲ့နောက်မှာတော့ ရှေ့နေဖြစ်သူဟာ တစ်သက်တစ်ကျွန်းကျမယ့်ဘေးကနေ Carlos ကိုကယ်တင်ဖို့ အခက်အခဲဖြစ်လာပါတော့တယ်..တစ်ဖက်မှာလည်း တရားလိုရှေ့နေဖြစ်သူ Gloria ဟာမိန်းမသားများအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေကို အထူးကျွမ်းကျင်သူဖြစ်ကာ အမှုတိုင်းလိုလို အနိုင်ယူနိုင်သူတစ်ယောက်ဖြစ်နေပါတယ်ထို့အတွက်ကြောင့်ပင် Carlos ရဲ့ရှေ့နေဟာပိုအကျပ်ရိုက်လာရပြီးထောင်ဒဏ်အနည်းနဲ့အများ ကျခံရမယ့် ရွေးချယ်မှုကိုသာလုပ်ဆောင်ဖွယ်ရာရှိလာကာ ကွင်းလုံးကျွတ်လွတ်ဖို့ရာဟာ ဘယ်လိုမှမမျှော်လင့်နိုင်စရာဖြစ်လို့နေပါတယ်..ထိုရုံးချိန်းအပြီး တစ်ရက် ထောင်တွင်းအချုပ်ခံထားရစဉ် Carlos ထံသို့Sierra အမည်ရတဲ့ ရှေ့နေတစ်ယောက်ရောက်ရှိလာပြီး အမှုတွင်ကူညီပေးမည့်အကြောင်း ပြောဆိုလာရာ နောက်ရုံးချိန်းမှာပဲ စတင်ရှေ့နေလိုက်ပေးပြီး စိတ်ဝင်စားဖွယ်ပြန်လှန်ချေပချက်တွေ ကြားသိရတဲ့နောက်မှာတော့ ယခင်အစိုးရရှေ့နေနဲ့အတူ မျှော်လင့်ချက်မဲ့ခဲ့သမျှဟာမျှော်လင့်ချက်အသစ်တစ်ဖန်ပြန်လည်ဆန်းသစ်လာခဲ့တဲ့ နောက်မှာတော့…ဒီကားလေးဟာဆိုရင် ဒဿနိကဆိုင်ရာအတွေးအခေါ်တစ်ခုကိုအနုပညာမြောက်စွာ ကျစ်ကျစ်လျစ်လျစ် ဖန်တီးပြသထားပြီးတရားခွင်က ...
movie
The Other Side (2024)
5.8
What Lucia Saw (2023) Llegaron de noche
What Lucia Saw (2023)IMDb Rating (5.8) ဖာသာ (ဘုန်းကြီး ) တွေ အစုလိုက် အသတ်ခံရမှုမှာ မျက်မြင်သက်သေဖြစ်တဲ့ လူစီယာနဲ့ သူ့မိသားစုတို့ရဲ့ ထွက်ဆိုချက်ကို ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။နိုင်ငံတော်အဆင့် ဒီအမှုကြီးမှာ နိုင်ငံရေးရှုပ်ထွေးမှုတွေပါလာတဲ့အခါ လူစီယာတို မိသားစု ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကြည့်ရူရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Dar Dar ဖြစ်ပါတယ်။) File size…(1.7 GB) / (900 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:43:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Dar Dar
movie
What Lucia Saw (2023) Llegaron de noche
2023
7.2
Perfect Strangers (2017)
ဒီတစ်ခါမှာတော့ Channel myanmar ပရိတ်သတ်ကြီးအတွက် Perfected Stranger ဆိုတဲ့ အီတလီ-စပိန်ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ တွေ့နေမြင်နေကျ ဇာတ်ကားတွေနဲ့မတူဘဲ တစ်မူထူးခြားတဲ့ပုံစံနဲ့ရိုက်ကူးထားတယ်လို့ဆိုနိုင်ပါတယ်။ဘာလို့လဲဆိုတော့ ဇာတ်ကားတစ်ကားလုံးနီးပါးကို Dinnerဝိုင်းလေးတစ်ခုမှာပဲ ရိုက်ကူးသွားလို့ပါ။Dinnerဝိုင်းလေးတစ်ခုမှာပဲ ဇာတ်လမ်းပြီးသွားတယ်ဆိုလို့ ပျင်းစရာကောင်းမယ်မထင်လိုက်ပါနဲ့၊ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားကောင်းလေးပါ။Ratingလည်း 7.8 လောက်ထိရထားတဲ့ ဇာတ်ကားကောင်းပါ။ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ လကြတ်တဲ့ညတစ်ညမှာ ဆွေမျိုးတွေတစ်စုဟာစုပြီးDinnerအတူတူစားကြပါတယ်။ ( ယနေ့ခေတ် ဟန်းဖုန်းတွေမှိုလိုပေါလာတဲ့အခါမှာ လူတွေက တစ်ယောက်နဲ့တစ်ယောက်တွေ့ကြရင်တောင် ရင်းရင်းနှီးနှီးစကားမပြောကြတော့ဘဲ ဖုန်းပဲသုံးနေတတ်ကြပါတယ်။)ဒီလိုပါပဲ ဒီဇာတ်ကားလေးထဲမှာတော့ Dinnerဝိုင်းမှာအဲ့ကိစ္စကိုရှောင်ရှားနိုင်ဖို့ ဂိမ်းလေးတစ်ခုကို ကစားခဲ့ကြပါတယ်။အဲ့ဂိမ်းကတော့...ဖုန်းတွေအားလုံးကို Dinnerဝိုင်းရဲ့အလယ်ထဲမှာချထားပြီး ဝင်လာသမျှဖုန်း callတွေ၊ message၊ emailတွေကို အားလုံးသိအောင်ဖတ်ပြရပါတယ်။အဲ့မှာပြသာနေတွေစတက်ပါတော့တယ်။ဘာလို့လဲဆိုတော့ အိမ်ထောင်ရေးဖောက်ပြန်တာတွေ၊ အငယ်အနှောင်းထားတာတွေ အားလုံးက အဲ့မှာပေါ်ကုန်ပါတယ်။Dinner ဝိုင်းမှာရှိနေတဲ့လူတွေအားလုံးကလည်း လှိူ ့ဝှက်ချက်ကိုယ်စီနဲ့လူတွေဆိုတော့ အဲ့မှာတင်အကုန်ပေါ်ပြီး ဇာတ်ရှုပ်ပါတော့တယ်။ဖုန်းတွေ၊ messageတွေဝင်လာလေ၊ ဇာတ်လမ်းပိုရှုပ်ထွေးလာလေ၊စိတ်ဝင်စားဖို့ကောင်းလာလေနဲ့ အင်မတန်ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။နောက်ဆုံးမှာ တစ်ယောက်နဲ့တစ်ယောက်လှည့်ပတ် လိမ်ညာကြရင်းနဲ့ ပြသာနာတွေ တက်ကုန်ပါတော့တယ်။ဒီရှုပ်ထွေးကွေံကောက်မှုတွေနဲ့ဇာတ်လမ်း အဆုံးသတ်မှာဘယ်လိုဖြစ်သွားမလဲ၊ပြသာနာတွေတစ်သီတစ်တန်းကြီးနဲ့ပြီးဆုံးသွားမလား၊ဘယ်လိုတွေဖြေရှင်းသွားကြမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာဆက်လက်ခံစားကြည့်ရှု့လိုက်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုရဲရင့်ပါ) File Size ...
movie
Perfect Strangers (2017)
2017