Channel Myanmar

Juan Pablo Urrego

Haunted Heart (2024) 5.1+
Haunted Heart (2024)  "အချစ်ကျူးတော့ရူး" ဆိုတဲ့စကားပုံကို သရုပ်ဖော်ပြသသွားတဲ့လှပတဲ့ပန်းချီကားလေးတစ်ချပ်ကနေ အကျည်းတန်တဲ့မြင်ကွင်းတွေအဖြစ်ပြောင်းလဲသွားရတဲ့ အချစ်ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားနာမည်ကတော့Haunted Heart ဖြစ်ပြီး လက်ရှိ IMDb Rating 5.1 အထိရရှိထားပါတယ်။သရုပ်ဆောင်တွေအနေနဲ့လည်း အရင်ခေတ်တုန်းကအောင်မြင်ကျော်ကြားခဲ့တဲ့မင်းသားချောတစ်လက်ဖြစ်တဲ့ Matt Dillon နဲ့အက်ရှင် သည်းထိပ်ရင်ဖို ဒရာမာကျရာဇာတ်ရုံပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့မင်းသမီး Aida Folch တို့ပါဝင်သရုပ်ဆောင်ထားတဲ့အတွက်Casting ပိုင်းကလည်းပြောနေစရာကိုလိုမှာမဟုတ်ပါဘူး။ဒီဇာတ်လမ်းလေးရဲ့အစကတော့ အဲလက်စ်ဆိုတဲ့ကောင်မလေးတစ်ယောက်အသိတစ်ယောက်ရဲ့အဆက်အသွယ်နဲ့ဂရိမှာရှိတဲ့ ကျွန်းလေးတစ်ကျွန်းပေါ်ကစားသောက်ဆိုင်မှာဧည့်ကြိုအနေနဲ့အလုပ်လျှောက်ဖို့လာရာကနေစတာပါပဲ။ဖြစ်ချင်တော့ရောက်သွားတဲ့အခါမှာ သူ့အသိကရှိမနေတော့တဲ့အပြင်အကြောင်းအမျိုးမျိုးကြောင့် တစ်ပတ်လောက်တောင်နောက်ကျပြီးရောက်လာခဲ့တယ်ဆိုတော့ ဧည့်ကြိုရာထူးကတော့သူ့အတွက်မဖြစ်နိုင်တော့ပါဘူး။ဒါပေမယ့်စားပွဲထိုးနေရာလွတ်သေးတဲ့အပြင် အဲလက်စ်မှာလည်းနောက်ပြန်လှည့်လို့မရတဲ့အခြေအနေဖြစ်နေတဲ့အတွက် ဆိုင်ပိုင်ရှင်မက်စ်နဲ့ညှိနှိုင်းပြီးပဲ အလုပ်ဝင်လုပ်ဖြစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ကြာလာတော့ အဲလက်စ်နဲ့မက်စ်တို့လည်းရင်းနှီးသွားပြီး အချစ်ကြိုးတွေသွယ်လာခဲ့ရာမှ ဘယ်သူကအချစ်ကြီးတတ်ပြီး အငြိုးကြီးတဲ့လူဖြစ်နေမလဲဆိုတာတွေကို စိတ်ဝင်စားစရာဒရာမာဇာတ်လမ်းလှလှလေးနဲ့ သည်းထိပ်ရင်ဖိုအနည်းငယ်ကိုပေါင်းစပ်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.37GB) / (771MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 8m Genre ….. Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Haunted Heart (2024)

The Initiated: Written from the Shadows (2024) 5.8
The Initiated: Written from the Shadows (2024)  The Initiated: Written from the Shadows (2024)IMDb Rating (5.8) ဒီဇာတ်ကားဟာ လျှို့ဝှက်ဆန်းကြယ်နဲ့ သည်းထိပ်ရင်ဖိုဇာတ်ကား အမျိုးအစားနှစ်ခုရောထားသည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဂျာနယ်လစ်ဟောင်းတစ်ယောက်ဖြစ်သူ ဖရန့်ခ်က အတိတ်ကအကြောင်းအရာအချို့ကိုလည် မေ့ပျောက်နေပြီး ဇာတ်မြှုပ်ကာ ပုန်းကွယ်နေရာမှတစ်နေ့ သူ၏အိမ်ရှေ့တွင် ဖောက်ထုတ်ခံထားရသည့် မျက်လုံးတစ်စုံနှင့် သွေးစွန်းထားသော စာတစ်စောင်ရောက်လာပါတော့တယ်။ထို့အတူ လူသတ်နည်းဆင်တူသော လူသတ်မှုတွေလည်း တစ်နေ့တစ်ခြားတိုးလာရာ ဖရန့်ခ်တစ်ယောက် တရားခံရှာဖို့ကြိုးစားရင်း မေ့ပျောက်နေသော အတိတ်များပြန်လည်ပေါ်လာသောအခါဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှူခံစားရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။)File size…(1.1 GB) / (650 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller Duration….01:40:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Eunice
movie

The Initiated: Written from the Shadows (2024)

2024
The Initiated (2023) 5.6
The Initiated (2023) ဇာတ်လမ်းကတော့ Kashbah ဆိုတဲ့မြို့တစ်မြို့မှာဇာတ်အိမ်တည်ထားပြီး ပြည်သူတွေဟာမိုးဆက်တိုက်ရွာနေပေမဲ့ရေရှားပါးတဲ့ပြဿနာနဲ့ရင်ဆိုင်နေကြရပါတယ် ဘာလို့လည်းဆိုတော့ရွာနေတဲ့မိုးတွေကအဆိပ်သင့်နေတဲ့အက်စစ်မိုးတွေဖြစ်နေလို့ပါ ခေတ်ပျက်နေတဲ့အချိန်မှာမတော်လောဘသမားတွေနေရာယူလာပြီးအမှုမျိုးစုံဆက်တိုက်ပေါ်ပေါက်လာပါတော့တယ် ဖရန့်ခ်မိုလီနာဆိုတဲ့သတင်းထောက်နဲ့ဂါဘီဆိုတဲ့နပန်းမယ်တို့ဟာသူတို့သူငယ်ချင်းသေသွားရာကစလို့လူပျောက်တဲ့အမှုတွေလိုက်စုံစမ်းရာကနေတကယ့်အမှုကြီးတစ်ခုကိုအစသွားဖော်မိလျက်သားဖြစ်သွားပါတော့တယ်သူတို့နှစ်ယောက်ပေါင်းပြီးတရားခံ‌ကိုဘယ်လိုဖော်ထုတ်ကြမလဲ ဘယ်သူတွေကရောဒီလိုရက်စက်တဲ့အမှုတွေကျူးလွန်နေကြတာလဲဆိုတာကိုကြည့်ရှုရမှာပါ လူတွေရဲ့လောဘတွေ အတ္တတွေ တစ်ကိုယ်ကောင်းဆန်မှုတွေကိုမီးမောင်းထိုးပြထားတဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ် File size…(1.2 GB)/(690 MB)/(320 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie

The Initiated (2023)

Memoria (2021) 6.7
Memoria (2021) Memoria (2021)==============IMDb Rating - 6.7/10Modern Life ,Modern Noise လို့ဆိုရလောက်အောင် ကျွန်တော်တို့ရဲ့ယနေ့ခေတ် ဘဝနေထိုင်မှုပုံစံတွေက မနက်ကနေညအထိအလုပ်လုပ်ငွေရှာရင်း ဘဝရဲ့ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာပါတယ်။ ဒီလိုပါပဲ ယခင် ကျေးငှက်လေးတွေရဲ့တေးသံသာတွေနဲ့ပြည့်နှက် နေတဲ့ ပတ်ဝန်းကျင်ကမနက်ကတည်း ကားသံ၊ လူသံ၊ စက်မောင်းသံတွေနဲ့ပတ်ဝန်းကျင်က ဆူညံလို့နေပါတော့တယ်။ ဘဝနေထိုင်မှုအတွက်ပဲရှင်သန်လှုပ်ရှားရင်းနေလာရတော့ ဒီလို အသံတွေနဲ့အသားကျလာကြပါတယ်။ ဒါပေမယ့် အသားမကျသေးသူအတွက်တော့ အများနဲ့ မသက်ဆိုင်သောသူသဖွယ်ခံစားနေရမှာပါ။ဒီဇာတ်လမ်းကလည်း လက်ရှိလူနေမှုဘဝလှုပ်ရှားမှုတွေ..လူမှုဆက်ဆံရေးပုံစံတွေကို နောက်ခံမှာ မြုပ်နှံထားပြီး Tilda Swintonရဲ့ သရုပ်ဆောင်ချက်တွေနဲ့ အေးအေးဖြည်းဖြည်းချင်း ပုံဖော် ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားလေးက ခေတ်ပေါ်ပန်းချီကားတစ်ချပ်လိုမျိုး အပေါ်ယံကြည့်လိုက်ရင် အဓိပ္ပါယ်မရှိသယောင်ဖြစ်ပေမယ့် ပန်းချီကားအပေါ်မှာသေချာခံစားကြည့်လိုက်ရင်တော့ ရင်ထဲမှာ ခံစားချက်အတွေးတွေဖြစ်လာစေမှာပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။)File Size - (2.51 GB) / (1.27 GB) / (619 MB) Quality – WebDL - (1080p) / (720p) / (480p) Duration - ...
movie

Memoria (2021)

2021