Channel Myanmar

Juan Gabriel Pareja

Fort Bliss (2014) 6.4
Fort Bliss (2014)  2014 မှာထွက်ရှိထားတဲ့ ဒါရိုက်တာ Claudia Myers ဇာတ်ညွှန်းရေးရိုက်ကူးထားတဲ့ အမေရိကန်စစ်ဌာနတစ်ခုဖြစ်တဲ့ Fort Bliss ကိုအခြေခံထားတဲ့ ဒရမ်မာဇာတ်ကားလေးပါ။မင်းသမီး Michelle Monaghan သရုပ်ဆောင်ထားတဲ့Maggie Swann ဆိုတဲ့ အာဖဂ္ဂန်ပြန်ဆေးတပ်သူတစ်ယောက်သူ့ရဲ့ ငါးနှစ်အရွယ်သားနဲ့ တာဝန်ကြောင့် ၁၅ လကြာခွဲနေပြီးသူတိုရဲ့ ပြိုပျက်သွားတဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်တဲ့အကြောင်းကို အဓိကရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။သူတာဝန်ထမ်းဆောင်နေချိန်မှာ သားလေးကိုစောင့်ရှောက်ပေးထားတဲ့ ခင်ပွန်းဟောင်း Richard နဲ့ သူ့ရဲ့ fianceé Alma အဖြစ်Ron Livingston နဲ့ Emmanuelle Chriqui , ကားပျက်လို့ကားပြင်ရာကနေ ချစ်ကြိုးသွယ်မိတဲ့ မက်ဆီကန်သား Luis အဖြစ်Manolo Cardona နဲ့ Fort Bliss က staff sergeant Donovanအဖြစ် Pablo Schreiber တိုက အသီးသီးသရုပ်ဆောင်ထားကြပါတယ်..... File size…2.09GB / 1.06GB Quality…Blu-Ray 1080p 5.1CH ...
movie

Fort Bliss (2014)

The Mist (2007) 7.2
The Mist (2007) ဒီလို မိုးအေးတဲ့ ညမျိုးမှာ အကြောင်းတိုက်ဆိုင်စွာဖြင့်တင်ပေးချင်တဲ့ ရုပ်ရှင်တစ်ကားတော့ ရှိပါတယ်နာမည်ကျော် စာရေးဆရာကြီး Stephen King ရဲ့ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့The Mist ဆိုတဲ့ ရုပ်ရှင်ကားပါဒီဇတ်လမ်းကို ကြည့်မယ်ဆို အရင်ဆုံး မီးတွေ မှိတ်လိုက်ပါပြီးရင် လဖ္ဘက်သုပ် ဖြစ်ဖြစ် စားစရာ တစ်ခုခု အနားယူပါစောင်ကို ကွေးနေအောင် ခြုံပါ(FA ဆိုရင်ပေါ့) :Pကိုယ့်အနားမှာ ဖက်စရာခွေးလေး ကြောင်လေးတွေ ရှိရင် ဖက်ထားပါဒါမှမဟုတ် ချစ်သူ ရှိရင် လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားပါပြီးရင် ဒီရုပ်ရှင်ကို စ ကြည့်လို့ရပါပြီ...တစ်နေ့သော ညမှာ မြို့ငယ်လေး တစ်ခုရဲ့ ဆိုးရွားလှတဲ့ မုန်တိုင်းဝင်ရောက် တိုက်ခက်တဲ့ အချိန်ရေကန်ငယ်လေး ရဲ့ နံဘေးကပန်းချီဆရာ ဒေးဗစ် ရဲ့ အိမ်ကိုသစ်ပင်ပိကာ Studio ခန်း ပြိုကျသွားခဲ့ပါတယ်မနက်ခင်း မှာတော့ ဒေးဗစ် တို့ မိသားစုနိုးလာတဲ့ အခါမှာတော့ အရာအားလုံးဟာမြူခိုးစတွေ ဖုံးလွှမ်းနေတာကို တွေ့ရပြီးအပျက်အစီးတွေကို ရှင်းလင်းကြရပါတယ်သဘာဝ ဘေးကို ရင်ဆိုင်ဖို့ အတွက်အစားအသောက်က အရေးကြီးတာကြောင့်အိမ်နီးချင်း ...
movie

The Mist (2007)

2007
Machete (2010) 6.6
Machete (2010) IMDb (6.6) / Rotten Tomatoes (72%)မန်ချက်တေးဟာ ဖယ်ဒရယ်တပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးလက်ရှိကတော့တက္ကဆက်နယ်စပ်မှာခိုးဝင်လုပ်သားတစ်ယောက်အနေနဲ့ဇာတ်မြုပ်နေပါတယ်၊တစ်နေ့မှာ သူ့ကိုမြို့ခံစီးပွားရေးသမားတစ်ယောက်ကမြို့တော်ဝန်ကိုလုပ်ကြံဖို့ ဒေါ်လာ ၁၅၀၀၀၀ နဲ့ငှားရမ်းခဲ့ပါတယ်။သူ့လိုနယ်စပ်က တရားမဝင်ခိုးဝင်လုပ်သားတွေကိုကူညီပေးနေတဲ့ မိန်းကလေး လုဇ်နဲ့ သူ့ကွန်ယက်အဖွဲ့ကိုအထောက်အပံ့ပေးနိုင်ဖို့ ဒီကိစ္စကို လက်ခံခဲ့ပေမယ့် သူ့ကိုငှားရမ်းခဲ့တဲ့သူဟာနိုင်ငံရေး တရားမဝင်မူးယစ်ဆေး စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေအတွက်သူ့ကိုထောင်ချောက်ဆင်အသုံးချသွားတယ်ဆိုတာ မကြာခင်မှာပဲသိလိုက်ရပါတော့တယ်။ဒါပေမယ့် အဲ့ဒီလူမသိလိုက်တာကတော့ သူဟာ အတိတ်က ဘယ်လောက်အထိကြမ်းခဲ့ရမ်းခဲ့ပြီးသူ့နာမည်ကြားတာနဲ့ ဖိန့်ဖိန့်တုန်သွားရလောက်တဲ့ အကြောင်းသိတွေ ရှိနေတယ်ဆိုတာကိုပါပဲ။ကြမ်းတာကတော့ရှယ်ကြမ်းပါတယ်၊ သွေးသံရဲရဲငေါက်တောက်တွေ မြက်ရိတ်စက်ကြီးနဲ့ ယမ်းတာတွေဓားမကြီးနဲ့ ဆွဲခုတ်တာတွေ လုံးဝအသစ်အဆန်းတွေချည်းပါပဲ။အဲ့ဒီအချိန်တုန်းက အတော်ကြီး Hype ဖြစ်ခဲ့ကြရတဲ့ကားပါ။လူကြမ်းကြီးအဖြစ်တောက်လျှောက်လူသိခဲ့တဲ့ Danny Trejo ကိုခေါင်းဆောင်မင်းသားတင်ထားပြီးတော့Robert De Niro, Jessica Alba, Don Johnson, Michelle Rodriguez, Steven Seagal, Lindsay Lohan စတဲ့ ဒိတ်ဒိတ်ကြဲတွေ အားလုံးကဗီလိန်တွေ ဇာတ်ပို့တွေအဖြစ်သူ့ကိုပို့ပေးရတယ်ဆိုတာကိုက စိတ်ဝင်စားမှုကိုမြင့်တက်စေခဲ့ပြီးသွေးသံရဲရဲကြမ်းတမ်းတဲ့ပြကွက်တွေထဲမှာ satire ဆန်ဆန်တမင်ထည့်ထားတဲ့ဟာသကွက်တွေကလဲအပြည့်အဝဖျော်ဖြေမှုပေးနိုင်ပါတယ်။နောက်ထပ်ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ဒီကားထဲကမင်းသမီးမှန်သမျှရဲ့ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေပါ။အပစ်အခတ် ...
movie

Machete (2010)