Channel Myanmar

Juan Castano

Encanto ( 2021 ) 7.6
Encanto ( 2021 ) Walt Disney ရဲ့ ​​နောက်ထပ်မင်းသမီးတစ်ပါးထပ်​ပေါ်ထွက်လာမယ့် Encantoဇာတ်ကား​လေးထွက်လာပါပြီ၊Disneyကထွက်တဲ့ animation​တွေရဲ့ထုံးစံအတိုင်း ဇာတ်​ကောင်​တွေ၊ အ​​ရောင်အ​သွေးတွေကလှပမြဲဖြစ်သလို ဇာတ်လမ်းပိုင်းကလည်း ပရိတ်သတ်​တွေသ​ဘော​တွေ့​စေခဲ့တယ်ဆိုတာကို IMDb 7.6နဲ့ RottenTomatoes 90% ratingက သက်​သေခံ​နေပါတယ်Encantoဆိုတာက ​တောင်အ​မေရိကတိုက် ကိုလံဘီယာနိုင်ငံတွင်းက စိတ်ကူးယဉ်​နေရာ​လေးတစ်ခုပါ၊ ဒီ​နေရာမှာ​မှော်အစွမ်း​တွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကိုEncanto​​ဒေသ​​လေးကိုထိန်းသိမ်း​ပေးဖို့ ​ဒေသ​နေပြည်သူ​တွေရဲ့ဘဝကိုအကျိုးပြုဖို့ဆိုပြီး မှော်စွမ်းအင်​တွေကိုမျိုးဆက်အဆင့်ဆင့် လက်​ဆောင်​ပေးခဲ့ပါတယ်၊ဒါ​ကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ ​မှော်အစွမ်းကိုယ်စီရှိပါတယ်၊မင်းသမီး​လေး မီရာဘယ်ကလွဲရင်​ပေါ့၊တစ်​နေ့မှာ​တော့ Encanto​ကို မလိုလားအပ်တဲ့ ​အ​မှောင်စွမ်းအင်ထုကြီး ​​​ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်​လေးအ​နေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲ၊သူမဘာ​ကြောင့် မှော်အစွမ်းမရနိုင်တာလဲ၊​မှော်အစွမ်းရ​​အောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ File size…   4.4 GB / 1.6 GB /  1 GB Quality… BluRay 4K HEVC / 1080p / 720p Format… mp4 & mkv Duration…. 1h 42m Genre ..... Adventure / ...
movie

Encanto ( 2021 )

2021
4K HEVC
Rob Peace (2024) 6.5
Rob Peace (2024)  `သားဖန်တီးတဲ့ကမ္ဘာကို အမေမြင်ချင်ခဲ့တာ" ဆိုတဲ့ ဇာတ်သိမ်းမှာရော့ဘ်ပိ့စ်ရဲ့အမေပြောလိုက်တဲ့စကားဟာ ဝမ်းနည်းဆို့နင့်စရာကောင်းလှပါတယ်။ရော့ဘ်ပိ့စ်ဆိုတဲ့လူမည်းကောင်လေးဟာ ဥာဏ်ရည်ထူးချွန်ထက်မြက်သူဖြစ်တာကြောင့် မိသားစုကဆင်းရဲပေမယ့် မိခင်ဖြစ်သူက အလုပ်မျိုးစုံလုပ်ပြီး သားကိုအကောင်းဆုံးကျောင်းကိုမှထားပေးခဲ့တာပါ။ရော့ဘ်ကလည်း သိတတ်လိမ္မာပြီးကြိုးစားတာကြောင့် နာမည်ကျော်ရေးလ်တက္ကသိုလ်ကိုတောင် ဝင်ခွင့်ရခဲ့ပါတယ်။စိတ်ရင်းလည်းကောင်းတဲ့ရော့ဘ်ရဲ့အိပ်မက်က သိပ္ပံပညာရှင်အဖြစ်နဲ့ကင်ဆာရောဂါကုသမှုကို ရှာဖွေဖော်ထုတ်ဖို့ပါ။လူမည်းကလေးငယ်တွေရဲ့ရှေ့ဆောင်လမ်းပြအောင် ကိုယ်တိုင်ရုန်းကန်ကြိုးစားနိုင်ခဲ့တဲ့ရော့ဘ်ရဲ့အားနည်းချက်ကတော့ ဖခင်ကိုသံယောဇဥ်ကြီးလွန်းတာပါပဲ။ဆေးခြောက်ရောင်းသူတစ်ယောက်ဖြစ်တဲ့ ရော့ဘ်ရဲ့ဖခင်ဟာ လူသတ်မှုနဲ့လည်းထောင်ကျနေခဲ့တာဖြစ်ပါတယ်။ ရော့ဘ်လိုဥာဏ်ကြီးရှင်တစ်ယောက်ကဖခင်ကြောင့်လမ်းမှားရောက်သွားခဲ့ပုံကိုတော့ ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ Rob Peace ရုပ်ရှင်ထဲမှာနှမြောစရာကြည့်ရှု့ခံစားမိနိုင်မှာဖြစ်ပါတယ်။ File size…2.27GB / 1.04GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Rob Peace (2024)

Red, White & Royal Blue (2023) 7.8
Red, White & Royal Blue (2023) Red, White, and Royal Blue (2023)2019 မှာ Casey McQuiston ရဲ့ Red, White, and Royal Blue ဝတ္ထုထွက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ထဲက ရုပ်ရှင်အဖြစ်အသက်သွင်းဖို့ LGBTQ+ တွေ ပရိသတ်တွေအားလုံး အစောင့်စားရဆုံးဇာတ်လမ်းတွေထဲမှာ ဒီ Red, White, and Royal Blue ပါဝင်ခဲ့ပါတယ်။LGBTQ+ တွေရဲ့အချစ်ရေးက မဖြောင့်ဖြူးပါဘူး၊ လူတွေရဲ့ဝေဖန်မှုတွေကို သာမန်ထက်ပိုခံရပါတယ်ဆိုမှ ဒီအချစ်ရေးမှာပါဝင်နေသူတွေကသာ တကယ့်ထိပ်ခေါင်တွေဖြစ်နေကြရင်ရော။ သူတို့ကတော့ အမေရိကန်သမ္မတရဲ့သား အဲလက်စ်နဲ့ အင်္ဂလန်ရဲ့တော်ဝင်မင်းသား ဟင်နရီတို့ပါပဲ။ အဲလက်စ်က သမ္မတသားဆိုတော့ သူ့အမေပုံရိပ်အတွက် လိုအပ်တဲ့ပွဲတွေတက်၊ ဓာတ်ပုံတွေအရိုက်ခံပေါ့။ ဒါပေမဲ့သူကတကယ်တမ်းတော့ သူ့အမေအတွက်ကမ်ပိန်းမှာ အိုင်ဒီယာတွေပေး နိုင်ငံရေးကိုလေးလေးနက်နက်ပါဝင်ချင်တာပါ။ မင်းသားဟင်နရီကျတော့ တစ်မျိုး။ သူကတော်ဝင်ဘဝကြီးမှာ မွန်းကျပ် ငြီးငွေ့နေတာ။ သူတို့စိတ်နေစိတ်ထားတွေက တော်တော်တူပေမယ့်လဲ နားလည်မှုလွဲနေတာလေးတစ်ခုကြောင့် တစ်ယောက်ကိုတစ်ယောက် တစ်စက်မှကြည့်မရကြပါဘူး။ ဒါပေမဲ့ ဒီနှစ်ယောက််််သား နိုင်ငံရေးအရချစ်ကြည်မှုပြရင်း ခင်မင်မှုတွေချစ်ခြင်းတွေ တည်ဆောက်သွားတာကို တစ်ဆင့်ချင်းမြင်ကြရမှာပါ။ ဒီကားရဲ့ အကောင်းဆုံးအပိုင်းဆိုရင် Chemistry မိလွန်းတဲ့ မင်းသားနှစ်ယောက်လို့ပြောရမှာပဲ။ ရန်ဖြစ်စကားနိုင်လုချိန်မှာလဲ ...
movie

Red, White & Royal Blue (2023)

2023