Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joyce Springer
6.1
The Man Who Cried (2000)
The Man Who Cried (2000)IMDb Rating (6.1) / Rotten Tomatoes (35%) ဒီရုပ်ရှင်လေးကတော့ ရုရှားကနေထွက်လာတဲ့ ဂျူးမိန်းမငယ်လေးတစ်ယောက်ဖြစ်တဲ့ ဆူဇီအကြောင်း ရိုက်ကူးထားတာပါ။ဆူဇီတို့မိသားစုဟာ ရွှေ့ပြောင်းဖို့လုပ်ရင်းကနေ သူ့အဖေနဲ့သူနဲ့ လူချင်းကွဲသွားခဲ့ပါတယ်။တစ်နေ့မှာ အမေရိကန်နိုင်ငံမှာရှိတဲ့ သူ့အဖေကို ပြန်ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သီချင်းအဆိုကောင်းတဲ့ ဆူဇီဟာ ပါရီမြို့ပြဇာတ်ရုံတစ်ခုမှာ အကမယ်တစ်ယောက်ဖြစ်လာပါတယ်။သူမရဲ့အခန်းဖော်ကတော့ သူ့ရုပ်ရည်ကို အသုံးချပြီး ချမ်းသာတဲ့ သူတစ်ယောက်နဲ့ယူဖို့ ကြံရွယ်နေတဲ့ လိုလာပေါ့ လိုလာက ဝင်ငွေကောင်းတဲ့ နာမည်ကြီးတဲ့ အော်ပရာအဆိုတော် ဒန်တေကို ချိန်နေချိန်မှာဆူဇီသဘောကျတာကတော့ ဂျစ်ပစီတစ်ယောက်ဖြစ်တဲ့ ဆီဆာပါ ဒန်တေကတော့ ဂျစ်ပစီတွေ ဂျူးတွေကိုမုန်းတဲ့ မူဆိုလီနီကို ထောက်ခံသူပေါ့..နောက်ဆုံး ဒုတိယကမ္ဘာစစ်ရဲ့အငွေ့အသက်တွေ ပဲရစ်မြို့အထိရောက်ရှိလာချိန်မှာတော့ သူတို့လေးယောက် ဘာဆက်ဖြစ်ကြမှာလဲ..ဆူဇီတစ်ယောက် သူချစ်တဲ့ ဆီဆာနဲ့ ဇာတ်သိမ်းမှာ ပေါင်းရမှာလား.. သူ့အဖေနဲ့ရော တွေ့ရမလား..လိုလာကရော ဒန်တေကို ပိုင်ဆိုင်နိုင်ပြီး ဘဝမှာ ပျော်ရွှင်ရမှာလား..အတ္တသမား ဒန်တေရော ...
movie
The Man Who Cried (2000)
2000
7.6
Les Misérables (2012)
Les Miserables (2012) ၁၈၁၅ ခုနှစ်က ပြင်သစ်မြို့ရဲ့ ခေတ်အနေအထားကိုပြသနေတဲ့ ဒီဇာတ်လမ်းလေးကို အော်ပရာဇာတ်ခုံပေါ်ကနေ တီဗီဖန်သားပြင်ထက်ဇာတ်လမ်းလေးအဖြစ် ပြောင်းလဲတင်ဆက်ပေးထားတာပါ... ဒီဇာတ်ကားလေးထဲမှာ X-Men ဇာတ်ကားထဲမှ ကိုယ်တွေရဲ့ လိုဂန်မင်းသားကြီး Hugh Jackman နဲက ဦးဆောင်ထားပြီး တခြားသရုပ်ဆောင်များစွာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကိုတော့ ပေါင်မုန့်ခိုးမိလို့ ၅ နှစ်, ထွက်ပြေးဖို့ကြိုးစားလို့ ၁၄ နှစ်, စုစုပေါင်း ၁၉ နှစ်အပြစ်ပေးခံထားရတဲ့ ဂျန်းဗယ်ဂျန်လို့ခေါ်တဲ့ လူကို အန္တရာယ်ရှိတဲ့သူအဖြစ် ခံဝန်စာချုပ်နဲ့လွှတ်ပေးလိုက်တာမို့လို့ လုပ်ကိုင်စားသောက်လို့မရအောင် ဒုက္ခသုက္ခရောက်နေရာက အစပြုခဲ့ပါတယ် သူဟာဂျောင်ပိတ်မိနေတဲ့အဆုံး ခံဝန်စာချုပ်ကိုဖြဲဆုတ်လိုက်ပြီး ဘဝသစ် နာမည်သစ်နဲ့ အသစ်တစ်ဖန်ပြန်စတင်ခဲ့ပါတယ်... ဒီလိုမပြောင်းလဲခင်မှာ သေးနုတ်တဲ့သူ့ရဲ့သူခိုးတစ်ယောက်စိတ်ဓာတ်ကနေ ဆင်းရဲတဲ့သူတွေကို ကယ်တင်ပေးပြီး မေတ္တာတရားနဲ့စိတ်သဘောထားကြီးလာအောင် ဘုန်းတော်ကြီးတစ်ပါးက ပြောင်းလဲပေးခဲ့ပါတယ် ဗယ်ဂျန့်နောက်ကို ရေဆုံးမြေဆုံး ရှာဖွေနေတဲ့ အင်စပက်တာဂျဗက်ဟာ အစပိုင်းမှာ ဇဝေဇဝါနဲ့မြို့တော်ဝန် တစ်ဖြစ်လဲ ဗယ်ဂျန့်ကို သံသယသာဝင်ပေမဲ့ အဖြစ်မှန်ကိုသိသွားခဲ့တော့ ဘယ်လိုဆက်ဖြစ်မလဲ... ဇာတ်လမ်းထဲမှာပါဝင်တဲ့ ဖန်တင်ဆိုတဲ့ အမျိုးသမီးရဲ့ သမီးလေး "ကိုဆက်" သူဌေးသားပေးမဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ ကိုဆက်နဲ့ မြင်မြင်ချင်းမေတ္တာသက်ဝင်သွားနေတဲ့ "မာရီးယက်စ်" ကိုဆက်နဲ့ငယ်စဥ်ကအတူကြီးပြင်းခဲ့ပေမဲ့ မတူညီတဲ့ဘဝလမ်းကို လျှောက်လှမ်းနေရရှာတဲ့ အီဖိုနီ ဒီဇာတ်ကောင်တစ်ခုချင်းဆီရဲ့ ဇာတ်ကြောင်းလေးတွေသိရအောင် ဒီဇာတ်လမ်းလေးကြည့်ဖို့တိုက်တွန်းချင်ပါတယ် တေးသရုပ်ဖော်ကြိုက်နှစ်သက်သူတွေ အော်ပရာဇာတ်လမ်းနှစ်သက်သူတွေအတွက်တော့ အားရစရာဖြစ်မှာပါ အော်ပရာမကြိုက်သူများကြည့်ရင်လည်း ရင်ထဲတစ်ခုခုကျန်မဲ့ ဇာတ်လမ်းဖြစ်မှာကျိန်းသေပါတယ်.. Les Miserables ...
movie
Les Misérables (2012)
2012