Channel Myanmar

Joy Bisco

Not Another Teen Movie (2001) 5.8
Not Another Teen Movie (2001) ကပ္ပတိန်အမေရိကားကြီး Chris Evans ပါဝင်သရုပ်ဆောင်ထားတဲ့အမေရိကန်ကျောင်းသားဟာသ ဇာတ်ကားအမြူးလေးပါ။ ဘတ်ဂျက် ၁၅သန်းပဲကုန်ကျခဲ့ပေမယ့် Box Office 66.5 သန်းပြန်လည်ရရှိခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ American Pie ကားတွေလိုမျိုး ကျောင်းသားလူငယ်ဟာသကားဆိုတဲ့အတိုင်း ၁၈+အခန်းလေးတွေလဲ အများအပြားပါဝင်တယ်။ ရယ်လည်းရယ်ရတယ်ပေါ့နော်။ဇာတ်လမ်းလေးကတော့ ဂျွန်ဟူးဆိုတဲ့အထက်တန်းကျောင်းလေးမှာအခြေတည်ထားတာပါ။ ကျောင်းမှာနာမည်ကြီး Cheer leader ဖြစ်တဲ့ပရစ်ဆယ်လာနဲ့တွဲနေတဲ့ကျောင်းနာမည်ကြီးဘောလုံးကစားသမားဖြစ်တဲ့ ဂျိတ်ခ်ဝိုင်လာ(ChrisEvans)တယောက် ရုတ်တရက် အခြားအူကြောင်ကြောင်ကျောင်းသားတယောက်ကြောင့်ရည်းစားဖြတ်တာခံလိုက်ရပါတယ်။အဲဒါနဲ့ဂျိတ်ခ်ရဲ့သူငယ်ချင်းတယောက်ကကျောင်းမှာ ရိုးအအနဲ့ လူရာသိပ်မသွင်းတဲ့ ဂျေနီဘရစ်ဆိုတဲ့ ကျောင်းသူတယောက်ကို Queenဖြစ်အောင်လုပ်ပေးဖို့လောင်းကြေးထပ်ပါတယ်။ အဲဒီကစပြီးဂျိတ်တယောက် ဂျေနီဘရစ်နဲ့နီးစပ်ဖို့အမျိုးမျိုးကြံပါတော့တယ်။ဒါပေမယ့်ကြားထဲမှာ အစ်မဖြစ်သူကတ်သရင်းကြောင့်ရော၊ဂျေနီရဲ့လူမသိသူမသိအချစ်ဆုံးသူငယ်ချင်း ရစ်ကီလစ်မန်းရော၊ သူ့ရဲ့အတိတ်ကဘောလုံးပွဲအတိတ်ဆိုးတွေကပါအနှောင့်အယှက်ပေးတာကို ကြုံရပါတော့တယ်။အစ်မဖြစ်သူကတ်သရင်းကတော့ သူ့မောင်ကိုတဖြေးဖြေးကူညီပေးရင်း ဂျေနီကို ပုံစံလုံးဝပြောင်းပေးပြီး အလန်းလေးဖြစ်အောင်လုပ်ပေးလိုက်တဲ့အခါမှာတော့.... Chirs Evan အပါအဝင် တကျောင်းလုံးကကောင်တွေ ဘယ်လိုကြွေကျပြီး ဘယ်လိုသောက်တလွဲတွေနဲ့ အခွီတွေလုပ်ကြမလဲဆိုတာ......။"Not another teen movie" ဆိုတဲ့အတိုင်း ခင်ဗျားတို့ကြည့်နေကြ ဆယ်ကျော်သက်ဇာတ်ကားမျိုးလို့တော့ မထင်လိုက်နဲ့ဆိုပြီး အချီကြီးနဲ့စထားပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ကြည့်နေကြ ဆယ်ကျော်သက်ဇာတ်ကားတွေဖြစ်တဲ့ Bring It On, American Pie, Cruel Intentions, American Beauty, Never ...
movie

Not Another Teen Movie (2001)

2001
Ghost World (2001) 7.3
Ghost World (2001) Ghost World (2001)~ IMDb - 7.3/10, RT - 93%, Meta - 90% ~Coming-of-Age ကားလည်းဖြစ်တယ်၊ ရုပ်ရှင်ပိုစတာမှာလည်း ဆယ်ကျော်သက် ကောင်မလေး ၂ ယောက်ပုံနဲ့ဆိုတော့ သာမန် Rom-Com ကားလေးလို့ပဲ ထင်ရက်စရာရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုထင်ခဲ့တာပဲ။ဒါပေမဲ့ ဒီရုပ်ရှင်က Coming-of-Age ထက်ပိုတဲ့ ဒါမှမဟုတ် သာမန် Coming-of-Age တွေထက် ပိုအဓိပ္ပာယ်ရှိတဲ့ ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်က 90s နဲ့ 00s ခုနှစ်တဝိုက်ကထွက်တဲ့ ဆယ်ကျော်သက်ရုပ်ရှင်တွေလို ကျောင်းကပွဲမှာ ဒိတ်ရဖို့၊ ကျောင်းမှာ ရည်းစားရဖို့၊ သူငယ်ချင်းရဖို့၊ အလှဆုံးဖြစ်ဖို့၊ နာမည်ကြီးဖို့ ဘာဘာညာညာ ဖန်တရာတေ ဇာတ်လမ်းမျိုးမဟုတ်ဘူး။ အဲဒီဇာတ်လမ်းတွေထဲမှာက ပြဿနာတစ်ခုကို အရင်ဆုံးပြထားပြီး နောက်ဆုံး အဖြေပေါ်ရာကနေ ဇာတ်လမ်းပြီးတယ်။ ကပွဲအတွက် အတွဲရသွားတာတို့၊ အလှဆုံးဖြစ်တာတို့၊ ...
movie

Ghost World (2001)

2001
Couples Retreat (2009) 5.5
Couples Retreat (2009) Vince Vaughn အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ပြီး Jason Bateman, Jon Favreau စတဲ့ စတားတွေ ခြံရံထားတဲ့ Couples' retreat ဆိုတဲ့ အိမ်ထောင်ရေးအချစ်ဟာသဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်. အချစ်ရေးဆိုတာကလည်း ဘာပြဿနာမှမရှိနေတာကလည်း ပြဿနာတစ်ခုလို့ ဆိုရမလိုဖြစ်နေပါပြီ။ အိမ်ထောင် တစ်ခု ဖြစ်တည်လာပြီဆိုရင် စုံတွဲတွေအဖို့ အခက်အခဲတွေ ပြဿနာတွေကြားထဲကပဲ အချစ်ကိုတည်ဆောက် ပဲ့ပြင်ကြရစမြဲပါပဲ။ Couples' retreat ဆိုတာကတော့ စုံတွဲတွေအတွက် အေးစက်နေတဲ့အချစ်ရေးကိုပြန်စတင်ဖို့ အချိန်ကာလတစ်ခု ကိုဆိုလိုတာပါ စုံတွဲတွေအတွက် ခံစားချက်တွေ အေးစက်လာတဲ့အချိန်. ပုံမှန်နေ့စဉ်ဘဝကြီးထဲမှာ စိတ်လှုပ်ရှားစရာတွေကုန်ခမ်း လာတဲ့အချိန်မှာ ခြေတစ်လှမ်းဆုတ်ပြီး ဘဝကိုအနားခဏပေးကာ စိတ်ရောကိုယ်ပါအနားယူပြီး ခံစားချက် တွေကို တည့်မတ်ခွင့်ရတဲ့အတွက်လည်း Couples' retreat လို့ တင်စားပြောနိုင်ပါတယ် ဒီစိတ်ကူးကို ပထမဆုံးအကြံရပြီး အကောင်အထည်ဖော်ဖို့ တကယ်ကြီးတင်ဆက်လာတာကတော့ ဂျေဆင်နဲ့ စင်သီရာ တို့ အတွဲပါပဲ. သူတို့ရဲ့ ကျွန်းပေါ်ကအပန်းဖြေစခန်းမှာ အနားယူကြမယ့် အိုင်ဒီယာကို ပရိုဂျက်တာနဲ့ ပြပြီး ပါဝါပွိုင့်စလိုက်ရှိုးတွေနဲ့ပါ တင်ဆက်လာခဲ့ပါတော့တယ် ပထမအစမှာတော့ ကျန်တဲ့စုံတွဲ ၃ တွဲက သဘောမတူခဲ့ကြပါဘူး. ဒါပေမယ့် ဂျေဆင်ရဲ့ အထူးကြိုးပမ်းမှုအရ ဒေ့ဗ် နဲ့ ...
movie

Couples Retreat (2009)