Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joshua Harto
7.9
Iron Man (2008)
Marvel Cinematic Universe: Phase One ဆိုတာ MCU ရဲ့အစဖြစ်ပြီး စူပါဟီးရိုးရုပ်ရှင်သမိုင်းမှာ ကြီးမားကျယ်ပြန့်တဲ့ Universe ကို အောင်မြင်စွာမိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒီ Phase 1 ထဲမှာတော့ MCU ဇာတ်ကောင်တွေကို Solo တွေအနေနဲ့ ပရိတ်သတ်တွေ စတင်ထိတွေ့ခွင့်ရခဲ့ပြီး ဇာတ်ကောင်တိုင်း ပရိတ်သတ်ရင်ထဲ ကိုယ်စီရောက်ရှိခဲ့ကြပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 1 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။Iron Man (2008) The Incredible Hulk (2008) Iron Man 2 (2010) Thor ...
movie
Iron Man (2008)
4K HEVC
6.7
Gold (2016)
Gold (2016)***********IMDb....6.7 စီးပွားရေးနဲ့သက်ဆိုင်တဲ့ကားတွေထဲမှာ ကြည့်ပြီးသလောက် ကျွန်တော့်ရင်ထဲကို တသသစွဲကျန်စေလောက်အောင်ကောင်းတဲ့ (၂)ကားရှိတယ်... ပထမ တစ်ကားကတော့ The Wolf of Wall Street (2013) ဖြစ်ပြီး ဒုတိယကားကတော့ ယခု Gold (2016) ဆိုတဲ့ကားပါပဲ.... (၂)ကားလုံးဟာ ဖြစ်ရပ်မှန်ကို အခြေခံထားကြသလို သရုပ်ဆောင်တွေကလည်း ဒိတ်ဒိတ်ကျဲမင်းသားတွေဖြစ်တဲ့ Leonardo နဲ့ Matthew တို့ ကိုယ်စီသရုပ်ဆောင်ထားကြတယ်... Rating အနေအထားအရ The Wolf of Wall Street ကိုတော့ မမီနိုင်ပေမဲ့ အဲဒီကားနီးပါးကောင်းတယ်လို့တော့ ပြောလို့ရမယ်ထင်တယ်... ဒီကားအတွက် Matthew ဟာ ကိုယ်အလေးချိန် ပေါင်(၄၀)တက်အောင်ပြုလုပ်ခဲ့ရတယ်... ဗိုက်ရွှဲရွှဲ အရက်တမြမြ စစ်ကရက်မီးခိုးတစ်အူအူနဲ့ Matthew ကို အားမာန်ပါပါ ဒီကားထဲမှာတွေ့ရလိမ့်မယ်...ဇာတ်ကားအကြောင်းကိုနည်းနည်းသွားရအောင်.... ကန်နီဝဲလ်စ်ဆိုတဲ့သူတစ်ယောက်ပိုင်တဲ့ ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခုရှိတယ်.....ကန်နီတို့ ဘိုးဘွားစဉ်ဆက်ပိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်သလို သူကိုယ်တိုင်ကလည်း ဒီအလုပ်ကို ချစ်မြတ်နိုးတယ်...သို့ပေမဲ့ ကန်နီလက်ထက်မှာ ကုမ္ပဏီက ကျရှုံးလုနီးပါးဖြစ်နေတယ်... ဒီလိုအခြေအနေမှာ ကုမ္ပဏီကိုပြန်အဖတ်ဆယ်ဖို့ ဘယ်သူမှမလုပ်ရဲတဲ့အလုပ်တစ်ခု လုပ်ဖို့သူဆုံးဖြတ်လိုက်တယ်... အဲဒါကတော့ အင်ဒိုနီးရှာကိုသွားပြီး ရွှေကြောကြီးရှာဖို့ ဘုမိဗေဒပညာရှင်တစ်ယောက်နဲ့ ပေါင်းပြီး ရှာဖွေဖို့ စွန့်စားခဲ့ပါတော့တယ်... ဒီရှာဖွေဖို့အတွက် ရှိသမျှစည်းစိမ်ပုံအောရသလို သူပူးပေါင်းတဲ့ ဘူမိဗေဒပညာရှင်ပြောဆိုတဲ့ ရွှေတူးဖို့နေရာကလည်း တခြားပညာရှင်တွေအားလုံးက ငြင်းပယ်ထားတဲ့ နေရာကြီးဖြစ်နေပါတယ်.. ကိုင်းရွှေကြောကြီးကိုတွေ့မလား.....သူအောင်မြင်မလား.... ခေါင်းပုံဖြတ်ချင်တဲ့ကုမ္ပဏီကြီးတွေကရော ...
movie
Gold (2016)
Space Cadet (2024)
ဖလော်ရီဒါသူ ရက်စ်ကတော့ ဘားမှာ အလုပ်လုပ်ပြီး မိချောင်းတွေနဲ့ နပမ်းလုံးရင်း ဘဝကိုပျော်ပျော်ဖြတ်သန်းနေတဲ့သူပါ။ နည်းပညာကျောင်းတက်ဖို့ စကော်လားရှစ်ရခဲ့ပေမဲ့လည်း အမေဖြစ်သူရဲ့ ကျန်းမာရေးကြောင့် မတက်ဖြစ်ခဲ့ပါဘူး။တစ်နေ့မှာတော့ အထက်တန်းကျောင်းပြန်လည်တွေ့ဆုံပွဲကိုသွားရင်း အတွေးပေါက်လာခဲ့ပြီး သူငယ်ငယ်ကဖြစ်ချင်တဲ့ အာကာသယာဉ်မှူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်ပါတော့တယ်။ ဘွဲ့လည်းမရှိ၊ အထက်တန်းပဲအောင်ပြီး တခြား လိုအပ်ချက်တွေလည်း မပြည့်မှီပေမဲ့ သူ့ငယ်ငယ်ကအိပ်မက်အကြောင်းကို လျောက်လွှာထဲရေးထည့်လိုက်တာပါ။ ဒါပေမဲ့လည်း လျောက်လွှာကို သူငယ်ချင်းဖြစ်သူ နာဒင်းက အင်ထုပြီး ပြန်ပြင်ရေးလိုက်တာကနေ နာဆာရဲ့ အာကာသယာဉ်မှူအစီအစဉ်မှာ ရက်စ်တစ်ယောက်အရွေးခံလိုက်ရပါတော့တယ်။လိုအပ်တဲ့ စွမ်းရည်အပြည့်အဝမရှိပဲ ဖြတ်ထိုးဉာဏ်ကောင်းပြီး အိပ်မက်တစ်ခုနဲ့ ရက်စ်တစ်ယောက် နာဆာရဲ့သင်တန်းကျောင်းကအခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie
Space Cadet (2024)
7.1
The Believer (2001)
The Believer (2001)~ IMDb - 7.1/10, Rotten Tomatoes - 82% ~ဒီရုပ်ရှင်က ဒါရိုက်တာ Henry Bean ရဲ့ မာစတာပိစ်လို့ ပြောလို့ရတယ်။ သူ့ရဲ့ရုပ်ရှင်တွေက အတွေးအခေါ်ပိုင်းဆိုင်ရာကို နက်နက်နဲနဲသေချာရိုက်ပြတတ်တယ်။ ဒါကတော့ ထောင်စုနှစ်နဲ့ချီအမြစ်တွယ်လာခဲ့တဲ့ ဂျူးမုန်းတီးရေးအကြောင်းပေါ့။ Ryan Gosling ကလည်း ဒီလိုရုပ်ရှင်တွေနဲ့မှ ကံပါတယ်ထင်ပါရဲ့။ သူ့ရဲ့ ခပ်အေးအေးမျက်နှာပေါက်က အဖြေထုတ်ရခက်တဲ့ အတွေးတွေကို ပိတ်ကားချထားမှန်း မြင်သာရတယ်။အဓိကဇာတ်ကောင် ဒန်နီယယ်ဘေးလင့် (Ryan Gosling) က နာဇီတစ်ယောက်။ ပိုထူးခြားတာက သူကိုယ်တိုင်က ဂျူးဖြစ်နေပါရက် ဂျူးတွေကို သိပ်မုန်းတီးနေခဲ့တာပဲ။ ဂျူးနာဇီတစ်ယောက်ပေါ့လေ။ ဘာသာရေးကို မေးခွန်းထုတ်ရာကစလို့ သူ့ရဲ့ အစွန်းရောက်အတွေးအခေါ်တွေရဲ့ ခေါ်ဆောင်မှုနောက်လိုက်ရင်း နီယိုနာဇီလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ ဂျူးတွေနဲ့ပတ်သက်လို့ သူပြောတဲ့စကားတွေက သိပ်ကို အစွန်းရောက်လွန်းတယ်။ အဲဒါတွေကြောင့် သူ့ကို ဂျူးဖြစ်မယ်လို့ ဘယ်သူမှ ...
movie
The Believer (2001)
2001
6.9
Ma Rainey’s Black Bottom (2020)
Ma Rainey's Black Bottom ( 2020 ) ========================= IMDb Rating - 6.9/102021တုန်းက အော်စကာ(၅)ခု ဆန်ခါတင်ဝင်ခဲ့ပြီး (၂)ဆုရခဲ့တဲ့ ဘလက်ပန်သာကြီး Chadwick Bosemanရဲ့ နောက်ဆုံးရုပ်ရှင်ပါ။ ဘာလို့နောက်ဆုံးလို့ပြောရလဲဆိုတော့ (၂၀၂၀)မှာပဲ သူဆုံးသွားခဲ့ပါပြီ။ ရုပ်ရှင်အများကြီး မရိုက်လိုက်ရပေမဲ့ သရုပ်ဆောင်စွမ်းရည်ကို ရိုက်သလောက်ရုပ်ရှင်တွေနဲ့ ပြသွားခဲ့တဲ့ Bosemanရဲ့ ဇာတ်ဆောင်ဆုနဲ့ အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ ရုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။ကံဆိုးစွာနဲ့ပဲ ဆာအန်သိုနီဟော့ကင်းတို့ ဂယ်ရီအိုးမန်းတို့လို ဝါရင့်ဆရာကြီးတွေ ဆန်ခါတင်စာရင်းထဲပါနေတာကြောင့် ဆုမရခဲ့ပါဘူး။ ထပ်မမြင်ရတော့မဲ့ Chadwick Bosemanကြီးရဲ့ သရုပ်ဆောင်စွမ်းရည်အမြင့်ဆုံးရုပ်ရှင်တွေ ထဲကတစ်ကားဖြစ်သလို Chadwick Bosemanကြီးကို အလွမ်းပြေကြည့် လို့ရမယ့် သူ့နောက်ဆုံးရုပ်ရှင်လည်းဟုတ်ပါတယ်။ဒီရုပ်ရှင်က Blues ဂီတရဲ့မိခင် Ma Raineyကိုအမှီပြုပြီး Ma Raineyနဲ့ သူ့တီးဝိုင်းအဖွဲ့ရဲ့ ဓာတ်ပြားသွင်းတဲ့တစ်နေ့တာအကြောင်းကိုပဲ ဇာတ်အိမ် တည်ထားတယ်။တစ်နေ့တာဆိုတဲ့အချိန်ကလေးထဲမှာ အကြောင်းအရာမျိုးစုံ ကိုပြသွားတဲ့ဇာတ်လမ်းတွေ ကျွန်တော်တို့ အများကြီး ကြည့်ခဲ့ကြပြီးပါပြီ။ဒီကောင်ကတော့ အဲ့ဒီဇာတ်လမ်းတွေထက် ပိုမှောင်မိုက်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ထားတယ်။ ဇာတ်အိမ်ဟာ ဒီရုပ်ရှင်ရဲ့ Genreမှာ ရေးထားတဲ့ Musical Dramaဆိုတဲ့စကားလုံးနဲ့ လုံး၀ဆန့်ကျင့်နေတယ်။ ဒီရုပ်ရှင်ဟာ အမေရိကက လူမဲတွေရဲ့ ဘ၀နဲ့ ...
movie
Ma Rainey’s Black Bottom (2020)
2020
9.0
The Dark Knight (2008)
The Dark Knight (2008)===================IMDb Rating 9.0/10 မှာ ဗိုလ်စွဲထားတုန်းပါပဲ။ဒီတစ်ခါတော့ Superhero တွေထဲမှာ လူကြိုက်အများဆုံးလည်း ဖြစ်သလို၊ Superhero အားလုံးရဲ့ ရှေ့ဆောင် လမ်းပြလည်း အဖြစ် Superman နဲ့ အတူ သတ်မှတ်ခံထားရတဲ့ Batman ဇာတ်လမ်း နဲ့မိတ်ဆက်ပေးပါရစေ။The Dark Knight လို့တင်စားခံထားရတဲ့ Batman ကားတွေက ၁၉၈၉ မှာထဲက ရုပ်ရှင် အဖြစ်နဲ့ စင်မြင့်ထက်မှာ နေရာယူထားပေမယ့် ၂၀၀၅ ခုနှစ်ရောက် မှာ Christopher Nolan ရဲ့ Batman Begins နဲ့ အတူ လူရိုသေရှင်ရိုသေဖြစ်လာခဲ့ပါတယ်။ Batman လို့ပြောလိုက်ရင် Director Tim Burton ရဲ့ Batman (1989) Batman Returns (1992) တို့နဲ့ နာမည်ရလာပေမယ့်၊ Joel ...
movie
The Dark Knight (2008)
2008
4K HEVC IMAXHDR
7.1
Unthinkable (2010)
ကျွန်တော် ခဏခဏမေးဖြစ်တဲ့ မေးခွန်းလေးတစ်ခုမေးကြည့်ချင်ပါတယ်။ ခင်ဗျားက စနိုက်ပါ တစ်လက်နဲ့ လူတစ်ယောက်ကို ချိန်ထားတယ်။အဲဒီလူက လူတွေအများကြီးရှိနေတဲ့ နေရာမှာ ဗုံးခွဲမလို့ လုပ်နေတဲ့သူ။ အဲဒီလူကို ပစ်သတ်ဖို့ ခင်ဗျား သေနတ်မောင်းကို ဆွဲမှာလား။ခင်ဗျားလက်မှာ သွေးအစွန်းခံပြီးတော့ ဗုံးကွဲလို့သေမယ့်သူတွေကို ကယ်မှာလား။ ဒါမှမဟုတ် လူသတ်သမားတစ်ယောက် အဖြစ်ခံပြီး ပစ်သတ်လိုက်မှာလား။ပစ်သတ်လိုက်မယ်ဆိုရင်တော့ ခင်ဗျားက သူရဲကောင်းကြီးတစ်ယောက် ဖြစ်သွားနိုင်တာပေါ့။ ဒါပေမဲ့ လူသတ်သမားတော့ ဖြစ်သွားလိမ့်မယ်။ခင်ဗျားက လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်လို့ သေနတ်မောင်းခလုတ်ကို မဆွဲဘဲ လှည့်ထွက်သွားမယ်ဆိုရင်လည်း ရပါတယ်။ အနေသာကြီးပါ။ဒါပေမဲ့ လူပေါင်းများစွာ သေကြေပျက်စီးရမယ့် ကိစ္စကို တားနိုင်တဲ့ အစွမ်းရှိရဲ့သားနဲ့ မတားနိုင်ဘူးဆိုရင် အဲဒီအသက်တွေအတွက် ခင်ဗျားမှာ တာဝန်ရှိသွားလိမ့်မယ်။အဲဒါဆို လူအများနဲ့ တစ်ယောက် လဲမှာလား။ Witcher ထဲက ဇာတ်ဆောင်ရဲ့စကားကို ငှားပြီးပြောရမယ်ဆိုရင် မကောင်းမှုဆိုတာက မကောင်းမှုပါပဲ။သေးသေး၊ ကြီးကြီး။ အလတ်စားလောက်ပဲဖြစ်ဖြစ် မကောင်းမှုက မကောင်းမှုပါပဲ တဲ့။သေးတဲ့မကောင်းမှုကို ကျူးလွန်မှာလား ...
movie
Unthinkable (2010)
2010