Channel Myanmar

Joshua Garcia

Un/Happy for You (2024) 5.9
Un/Happy for You (2024) Un/Happy for You (2024)IMDb Rating (5.9) ခံစားချက်တွေ အပြည့်နဲ့ ပရိသတ်တွေရင်ထဲကို နွေးထွေးစေမယ့် ရုပ်ရှင်တစ်ခုပါ။ဒါရိုက်တာ Petersen Vargas ရဲ့ လက်ရာဖြစ်ပြီး Joshua Garcia နဲ့ Julia Barretto တို့ရဲ့ ရိုက်ချက်တွေအပြည့်အဝ နဲ့ ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းက အရင်အတိတ်ကအမှတ်တရတွေကို ပြန်လည်သတိရစေမှာပါ။ဇာတ်လမ်းဟာ Juancho (Joshua Garcia) ဆိုတဲ့ စားဖိုမှူးနဲ့ Zy (Julia Barretto) ဆိုတဲ့ စာရေးဆရာမလေးတို့ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကိုသူတို့ရဲ့ နောက်ဆုံးမှာတော့ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာဆက်လက်ကြည့်ရှု့လိုက်ပါတော့။ဇာတ်လမ်းထဲမှာ အရသာအရှိဆုံးကတော့ အချစ်နဲ့ လွမ်းဆွတ်မှု့တွေကို ယှဉ်ပြီးတော့ရိုက်ထားတာပါပဲ။Joshua နဲ့ Julia တို့ရဲ့ စိတ်စွဲလန်းမှုကြောင့် ဇာတ်လမ်းက ပိုပြီး တော့ ကြည့်ကောင်းစေပြီးတော့ ပရိသတ်တွေရဲ့ နှလုံးသားကို တိုက်ရိုက်တိုးတာပါပဲ။lighting တွေရဲ့ သုံးတာကအစ ဇာတ်ကောင်တွေရဲ့ စိတ်ဆန္ဒကဘာဖြစ်ချင်နေလဲဆိုတာဖော်ပြနေတာပါပဲ။မင်းသမီး Zy's ဘဝအိပ်မက်တွေကို နည်းနည်းပဲ ဖော်ပြထားခဲ့တာကြောင့် ...
movie

Un/Happy for You (2024)

2024
Fruitcake (2024) 6.9
Fruitcake (2024) Fruitcake 2024 (သီးစုံကိတ်) Genre – Comedy, Romanceပေါ့ပေါ့ပါးပါးနဲ့ စိတ်ကြည်နူးဖွယ် မနီလာမြို့က လူငယ်လေးတွေရဲ့ ရယ်စရာမောစရာလေးများ အချစ်အကြောင်းလေးများကို ရိုက်ကူးထားတဲ့ ဖိလစ်ပိုင်ရုပ်ရှင်လေး ဖြစ်ပါတယ်။ကျောင်းမတက်ပဲ ဂိမ်းပဲ အမြဲတမ်းဆော့နေပြီး ဆိုးသွမ်းတဲ့ ညီငယ်နဲ့ နာမကျန်းဖြစ်နေတဲ့ ဖခင်ကို ရရာအလုပ်လုပ်ပြီး ဦးဆောင်နေတဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ ဖြတ်သန်းရပုံ။ဆွေမျိုးရှိတဲ့ မြို့ကိုလာပြီး ရည်းစားဟောင်းဖြစ်သူနဲ့ ပြန်ပေါင်းထုပ်ချင်နေတဲ့ ရွာသားကောင်လေးရဲ့ အလွဲအချော်များ ။ ရေကူးအဖွဲ့ထဲမှ သူငယ်ချင်းနှစ်ယောက်ရဲ့ ဘော်ဒါမကျ ဘာမကျကနေ ဘယ်လိုဆက်ဖြစ်လာမလဲ မသိရတဲ့ ဇာတ်လမ်းလေး။မားမားဘွိုင်းလေးတစ်ယောက် ကျောင်းမှာ အနိုင်ကျင့်ခံရပြီး ဘယ်လို ပြဿနာတက်မလဲ မသိရတဲ့ ဇာတ်လမ်းလေး စသဖြင့် တခြားဇာတ်ကောင် ဇာတ်လမ်းလေး စုံလင်စွာနဲ့ မနီလာမြို့ အခြေပြု ပုံဖော်ထားတဲ့အတွက် ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်လိုက်ပါရစေ။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်) File size…1.8 GB / 860 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard ...
movie

Fruitcake (2024)

Mama Susan’s Friends (2023)
Mama Susan’s Friends (2023) Mama Susan's Friends (2023)ဂါလိုဟာ မိဘမဲ့ကောလိပ်ကျောင်းသားလေးတစ်ဦးဖြစ်ပြီး ဦးလေးနဲ့အဒေါ်ရဲ့ စောင့်ရှောက်မှုအောက်မှာနေထိုင်ပြီး ကျောင်းတက်နေပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ဟာ သူ့အပေါ်ကောင်းသလိုရှိပေမဲ့ သူ့သားသမီးအရင်းတွေနဲ့ယှဉ်ရင်တော့ မျက်နှာသာမပေးတာ ခွဲခြားတာမျိုးတွေရှိတတ်တဲ့အတွက် တစ်ခါတလေ စိတ်ညစ်ရတာရှိပေမဲ့ ဂါလိုက ပျော်ပျော်ပဲနေတတ်ပုံရပါတယ်။သူ့ဦးလေးနဲ့အဒေါ်ထက် ပိုစိတ်ညစ်ဖို့ကောင်းတာက ညညဆိုရောက်လာတတ်တဲ့ အိမ်မက်ဆိုးတွေပါပဲ။ မျက်နှာမည်းမည်းနဲ့လူတစ်ယောက် သူ့နောက်ကလိုက်နေတတ်တာ။ အဲဒီလိုပဲတစ်ကိုယ်လုံးမည်းနက်နေတဲ့ မိန်းမကြီးတစ်ယောက် သူ့ကို ဂုတ်ကနေကိုင် လေထဲမြှောက်ထားတာတွေကို မြင်မက်တတ်ပြီး အိမ်မက်နဲ့မတူအောင်ပြက်ပြက်ထင်ထင်ဖြစ်နေတတ်တာတွေကထူးခြားပါတယ်။တစ်နေ့မှာတော့ သူ့ငယ်ဘဝမွေးရပ်မြေ ကျွန်းမြို့ငယ်လေးဆီက သူ့အဖေသေပြီဆိုတဲ့အကြောင်း ကြေးနန်းရောက်လာတဲ့အချိန်မှာ ဂယ်လိုတစ်ယောက် ဇာတိကိုပြန်ရဖို့ ဖြစ်လာပါတော့တယ်။ သူ့ဇာတိ သူမွေးတဲ့ အိမ်မှာ သူ့အဘွားဆူဇန်တစ်ယောက်သာ လက်ရှိနေထိုင်နေပါတယ်။ တစ်အိမ်လုံးမှာရှိနေတာကတော့ ဘာသာရေးရုပ်တုတွေ ပုံစံအမျိုးမျိုးနဲ့ဖြစ်ပြီး တစ်ချိန်က အိပ်မက်ဆိုးတွေဟာ ဒီအိမ်ကြီးကိုရောက်တဲ့အချိန်မှာ တစ်ဖြည်းဖြည်းလက်တွေ့ဆန် ကြောက်မက်ဖွယ်ကောင်းလာတာတွေကိုတွေ့ရတဲ့နောက် ဂယ်လိုတစ်ယောက် ပဟေဠိတွေကြားကနေ ရုန်းထွက်လွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်။နာမည်ကျော် ဖိလစ်ပိုင်စာရေးဆရာ Bob Ong ရဲ့ဘတ်ဆဲလားတစ်အုပ်ဖြစ်တဲ့ Ang mga Kaibigan ni ...
movie

Mama Susan’s Friends (2023)

2023
Barcelona: A Love Untold (2016) 6.3
Barcelona: A Love Untold (2016) KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... ဒီဇာတ်ကားကလဲ သူတို့နှစ်ယောက်ရဲ့ တခြားဇာတ်လမ်းတွေလိုပဲ Rating တွေ ကောင်းခဲ့ပြီး နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့...ကိစ္စတစ်ခုကြောင့် မိသားစုကိုအရှက်ရစေပြီးနောက် မီယာဟာဖခင်ဆီကချီးမွှမ်းခြင်းခံရတဲ့ သမီးတစ်ယောက်ဖြစ်ဖို့ပြန်လည်ကြိုးစားချင်တဲ့အတွက်စပိန်နိုင်ငံဘာစီလိုနာမြို့ကိုအလုပ်ရှာဖွေဖို့ စွန့်စွန့်စားစားထွက်လာခဲ့ပါတယ်....တစ်ဖက်မှာ အယ်လီဟာလည်းသူ့ရဲ့ပယောဂကြောင့် ချစ်သူသေဆုံးခဲ့ရတယ်ဆိုတဲ့နောင်တကိုရင်မှာပိုက်ပြီး ချစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက် ကာတွန်းတွေရုပ်ရှင်တွေဖန်တီးချင်တဲ့ဝါသနာကိုစွန့်ပြီး ကမ္ဘာ့ဗိသုကာမြို့တော်ဘာစီလိုနာမှာဗိသုကာပညာလာရောက်သင်ကြားရင်းမီယာဆိုတဲ့ကောင်မလေးနဲ့နှစ်ဦးသားတွေ့ဆုံခဲ့ကြပါတယ်....မီယာဟာ တိုက်ဆိုင်စွာပဲ အယ်လီချစ်သူဟောင်းစီလင်းနဲ့ရုပ်ချင်းခွဲမရအောင်တူနေတဲ့အတွက်အယ်လီဟာ မီယာကိုဘာစီလိုနာမှာကူညီစောင့်ရှောက်ပေးရင်းချစ်ကြိုးသွယ်သွားခဲ့တဲ့ လူငယ်သဘာချစ်ခြင်းမေတ္တာတရားတွေကိုဖော်ပြထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်....ဒီဇာတ်လမ်းလေးမှာလူတိုင်းဟာအချစ်ခံရဖို့ထိုက်တန်ပါသလား ????ကျူးလွန်ခဲ့အပြစ်တစ်ခုကြောင့်တစ်သက်လုံးပြန်လည်ပေးဆပ်စရာလိုပါသလား ???လဲကျနေရာကနေပြန်လည်ရှင်သန်ဖို့ ဘယ်လိုခွန်အားတွေပေးခဲ့သလဲဆိုတဲ့မေးခွန်းလေးတွေကို တပြိုင်နက် အဖြေထုတ်ပေးခဲ့ပါတယ်....တကယ်ဆိုရင်တော့ ပရိတ်သတ်ကြီးအနေနဲ့ ဇာတ်ညွှန်းတောင်ဖတ်စရာမလိုပဲနာမည်ကြီးဖိလစ်ပိုင်စုံတွဲ Cathniel ပါတယ်ဆိုရုံနဲ့တင် ကြည့်ကောင်းမယ့်ဇာတ်ကားကောင်းတစ်ကားဆိုတာ သိကြမှာပဲဖြစ်ပါတယ်...(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို May Thazin Myint မှတင်ဆက်ထားပါတယ်။)Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/52  မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။File size…(2.3 GB)/(860 MB) Quality…WEB-DL AMZ (Clean Version) 1080p / 720p Format…mp4 Duration….02:11:45 Subtitle….Myanmar ...
movie

Barcelona: A Love Untold (2016)

2016
Love You to the Stars and Back (2017) 8.3
Love You to the Stars and Back (2017) ကဲ ဖိလစ်ပင်း ကားကောင်းကောင်းလေးတွေ ကြည့်ချင်တဲ့ ပရိတ်သတ်အတွက် Love you to the stars and back လာပါပြီ...ဂြိုလ်သား တကယ်ရှိပါသလား?ဂြိုလ်သား တကယ်မရှိဘူးလား?ဒီမေးခွန်းဟာ အခုထိ လူတွေကြားမှာ အငြင်းပွားဖွယ် ပြဿနာဖြစ်နေဆဲပါ...ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း ဂြိုဟ်သားတွေနဲ့ အမေရိကန်ကမ်းခြေစောင့်တပ်တို့ တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့ပြီး ခိုင်လုံတဲ့မှတ်တမ်းဓာတ်ပုံတွေ ရှိခဲ့ပေမယ့် အမေရိကန်အစိုးရက ဒီကိစ္စကို လုံးဝဖုံးကွယ်ထားတယ် လို့ အခုချိန်ထိ တပ်အပ်ယုံကြည်တဲ့ သူတွေလည်း ရှိနေဆဲပါ...ဒါကြောင့် ဂြိုဟ်သား ကိစ္စဟာ သို့လော သို့လော ပြဿနာ တွေထဲက တစ်ခုလို့ပြောလို့ရပါတယ်...ဒါပေမယ့် အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းထဲက မီကာဆိုတဲ့ မိန်းမပျိုလေးကတော့ ဂြိုဟ်သားတွေ တကယ်ရှိတယ်ဆိုတာ တထစ်ချယုံကြည်နေတဲ့သူပါ...မိခင်သေဆုံးပြီးတဲ့နောက် ဂြိုဟ်သားတွေနဲ့အတူနေထိုင်နေတယ်လို့ယုံကြည်ကာ...သူကိုယ်တိုင်လည်း မိခင်နောက် လိုက်ချင်နေခဲ့တာပေါ့...ဖခင်ကလည်း အိမ်ကို အမျိုးသမီးတစ်ယောက်ခေါ်လာပြီး ထို အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပြီ လို့ ကြေငြာလိုက်ပြီးတဲ့ အခါမှာတော့ မီကာ ဟာ သူဂြိုဟ်သားတွေနောက် ...
movie


2017