Channel Myanmar

Josh Hartnett

Resurrecting the Champ (2007) 6.7
Resurrecting the Champ (2007) Resurrecting the Champ (2007)IMDb - 6.7ကျွန်တော်တိုတွေရဲ့ဘဝမှာ သိပ်ချစ်လွန်းလို ဒီကမ္ဘာပေါ်မှာ လိမ်မပြောဖူးတဲ့သူရှိပါ့မလား.. ကျွန်တော်ကတော့ လိမ်ပြောဖူးပါတယ်။ လိမ်မပြောဖူးတဲ့သူရှိတယ်ဆိုရင်လည်း ခင်ဗျားဟာ အလိမ်အညာတွေပြည့်နေတဲ့ ဒီလောကကြီးထဲမှာ တကယ့်ကိုစံနမူနာယူထိုက်တဲ့ လူကောင်းတစ်ယောက်လို ချီးကျူးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဲရစ်ဆိုတဲ့ဂျာနယ်လစ်တစ်ယောက်က သူ့ရဲ့သတင်းစာတိုက်မှာ တော်တော်လေးရုန်းကန်နေရပါတယ်။ အယ်ဒီတာအသစ်က သူ့ဇာတ်လမ်းတွေကို သဘောမကျဖြစ်နေတယ်။ သူ့မိန်းမနဲ့လည်း ကွဲထားတယ်။ သူသိပ်ချစ်ရတဲ့ သူ့သားလေးနဲ့လည်း အတူမနေရတော့ဘူး။အဲ့ဒီအချိန်မှာပဲ အရင်ကလက်ဝှေ့ချန်ပီယံဟောင်းကြီးဆိုတဲ့ အိမ်ချေရာမဲ့တစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံမိသွားပါတယ်။ အဲရစ်က ချန်ပီယံကြီးနဲ့ရင်းနှီးသွားတဲ့အခါမှာတောင် ချန်ပီယံကြီးအကြောင်းဇာတ်လမ်းရေးရင်တောင် ကျိန်းသေပေါက်အောင်မြင်နိုင်မယ်လို ယုံကြည်ထားတယ်။ ဒီလိုနဲ့ ချန်ပီယံကြီးအကြောင်းဇာတ်လမ်းကိုရေးလိုက်တဲ့အခါမှာတော့ သူတွက်ထားတဲ့အတိုင်းပဲ နာမည်ကြီးသွားခဲ့ပါတယ်။ ပူလစ်ဇာဆုအတွက် ဆန်ကာတင်စာရင်းထဲတောင်ဝင်သွားခဲ့တယ်။ ဒါပေမယ့်… သူရေးခဲ့တဲ့ဇာတ်လမ်းထဲက မှားနေတယ်ဆိုပြီး လူတစ်ယောက်က ဖုန်းဆက်ပြောလာတဲ့အခါမှတော့ အဲရစ်ထင်ထားတာနဲ့ ဆန့်ကျင်ဘက်တွေဖြစ်လာပါတော့တယ်။ဒီဇာတ်လမ်းကြည့်ပြီးသွားရင် ကျွန်တော်တိုကိုယ့်ကိုကိုယ် မေးခွန်းတစ်ချိုထုတ်မိကောင်းထုတ်မိကြပါလိမ့်မယ်။ ကျွန်တော်တိုက အမှန်တရားကိုတကယ်ရောသိချင်ကြရဲ့လား။ အမှန်တရားရဲ့ ခါးသီးခြင်းကိုတကယ်ရော လက်ခံနိုင်ကြရဲ့လား။ နောက်ပြီး ချစ်ခြင်းမေတ္တာနဲ့ မုသားစကားတိုကြားမှာ သိမ်မွေ့နက်နဲတဲ့ ဆက်နွယ်မှုတစ်ခုများရှိနေတာလား။ စသည်ဖြင့်ပေါ့..။သေချာတာတစ်ခုကတော့ ကျွန်တော်တိုရဲ့ ...
movie

Resurrecting the Champ (2007)

Halloween H20: 20 Years Later (1998) 5.8
Halloween H20: 20 Years Later (1998)  Halloween H20: 20 Years Later (1998)IMDb Rating (5.8) / Rotten Tomatoes (56%) ဒီကားကတော့ အထူးတလည် ညွှန်းစရာတောင်မလိုဘူးထင်ပါတယ်။ Thriller ကားတွေထဲမှာဆို classic ပဲ ၊  မိုင်ကယ်မိုင်ရားစ်ဆိုတဲ့ လူဟာ ဇာတ်ဆောင်ကယ်ရီရဲ့ မောင်ဖြစ်သူပါ။သူ့အစ်မက မိုင်ကယ်မမိအောင် နာမည်တွေပြောင်း ခြေရာတွေဖျောက်ပြီး နေနေပါသော်လည်း ဆရာသမားလေးက သိတဲ့အတိုင်းပဲ ရှာတွေ့ဖြစ်အောင် ရှာတွေ့တာဗျာ။အဲ့မှာ ကယ်ရီက သူ့သားလေးကိုရော သူ့ချစ်ရသူတွေကိုရော ကာကွယ်ပေးနိုင်ပါ့မလား။သူဘယ်လို သူ့မောင်လက်ကနေ အသက်ရှင်အောင်နေရမလဲဆိုတာမျိူး ကြည့်ရမှာဖြစ်ပါတယ်။ဒီကားက Franchise ကြီးတာမို့ တကယ်မိုက်တဲ့ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။)File size…(1.3 GB) / (610 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:26:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phyu ...
movie

Halloween H20: 20 Years Later (1998)

1998
Fight or Flight (2025) 6.5
Fight or Flight (2025) Fight or Flight (2025)IMDb Rating (6.5) ဒီဇာတ်ကားထဲမှာတော့ တစ်ချိန်ကသရုပ်ဆောင်လောကမှာ လက်စွမ်းပြနိုင်ခဲ့တဲ့ မင်းသားမင်းသမီဟောင်း​တွေကနေ တစ်ဖန်လက်စွမ်းပြထားတဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားဟာဆိုရင် ၂၀၂၅ နှစ်ဆန်းပိုင်းမှာထွက်ထားတာဖြစ်ပေမယ့် IMDB 6.5 ရရှိထားပြီဖြစ်ပါတယ်။ဇာတ်လမ်းဇတ်သွားကလည်း ပုံမှန်စပိုင်ကားတွေလိုမျိုးမဟုတ်ဘဲ ဇာတ်အိမ်လှည့်ထားတာတွေ ပါဝင်နေတဲ့အတွက် တကယ်ကြည့်သင့်တဲ့ B-rated ဇာတ်ကားတစ်ခုလို့ဆိုရမှာပါ။ ဇာတ်လမ်းအကျဉ်းတစ်နေ့ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမှာ သူလျှိုအဖွဲ့အစည်းပေါင်းများစွာကနေ အလိုရှိနေတဲ့ "The Ghost" /သရဲ လို့လူသိများတဲ့လူတစ်ယောက်ဟာ အမေရိကန်သူထောက်လှမ်းရေးတွေကို သမပြီးထွက်ပြေးသွားခဲ့ပါတယ်။ဒါကိုအေဂျင်စီကနေ လိုက်ပေမယ့် သရဲဟာ နည်းပညာပိုင်းထူးချွန်တဲ့ဟက်ကာတစ်ယောက်ဖြစ်နေတဲ့အတွက် ဒစ်ဂျစ်တယ်နည်းပညာနဲ့လုံးဝလိုက်ဖမ်းလို့မရပါဘူး။ဒီလိုနဲ့ ကွင်းဆင်းနေတဲ့လူတွေကို လွှတ်ဖို့ကလည်း သရဲကိုတွေ့တဲ့နေရာက ဘန်ကောက်ဖြစ်နေတော့ အေဂျင်စီဘက်ကနေ လက်လှမ်းမမှီပါဘူး ။အမေရိကရဲ့ စင်္ကာပူကထောက်လှမ်းအခွဲကိုလည်း လွှတ်ဖို့ကြံတဲ့အချိန်မှာ လူမအားတာနဲ့ သရဲက အေဂျင်စီလက်ကနေလွတ်သွားဖို့ အကြောင်းဖန်လာပါတယ်။တစ်ချိန်မှာ လူးကတ်စ်ရေးယက်လို့ခေါ်တဲ့ သက်လတ်ပိုင်ယောက်ျားတစ​်ယောက်ဟာ အမေရိကအရာပိုင်တွေလက်နေ ထွက်ပြေးတိမ်ရှောင်နေရတဲ့သူတစ်ယောက်ပါ။သူ့ရဲ့ အတိတ်ဆိုးတွကြောင့် ၂ နှစ်တိုင်တိုင်ထွက်ပြေးတိမ်ရှောင်နေတဲ့သူကိုအေဂျင်စီရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဘရန့်ဆိုတဲ့သူက ဖုန်းဆက်လာခဲ့ပါတယ်။ဒီလိုနဲ့ ဘရန့်နဲ့ရေးယက်တို့ကြားက ဆက်ဆ​ံရေးက ဘယ်လိုဖြစ​်နေခဲ့တာလဲ၊ရေးယက်ရဲ့ ...
movie

Fight or Flight (2025)

2025
4K HEVC
Girl Walks Into a Bar (2011) 5.6
Girl Walks Into a Bar (2011) Girl Walks Into a Bar (2011) ****************************ကြည့်ဖူးနေကျ ဇာတ်ကားတွေနဲ့မတူဘဲ တစ်မူကွဲထွက်နေတဲ့ 2011 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်ဆိုရင် ဇာတ်ကားတွေမှာ အဓိကသရုပ်ဆောင်တွေက ၁ ယောက် ၂ ယောက်ပဲပါပေမဲ့ ဒီဇာတ်ကားမှာ တွေ့ရမဲ့ ဇာတ်ကောင်တိုင်းကတော့ သူ့ဘ၀နဲ့သူ သူ့ဇာတ်ကြောင်းနဲ့သူ အဓိကဇာတ်ဆောင်တွေဖြစ်နေကြတာပါပဲ။ဇာတ်ကြောင်းဆိုပြီးတစ်ခုတည်း ခွဲထွက်နေတာမရှိသလို ဟိုရောက်ဒီရောက်နဲ့ ကြည့်ရမှာဆိုပေမဲ့ တစ်မူထူးခြားနေလို့ ရိုးရိုးတွေကို အီနေပြီဆိုရင် ဒီကောင်လေးက မဆိုးဘူးလို့ပြောရမှာပါပဲ။ဇာတ်ကားနာမည်ကတော့ Girl Walk Into A Bar ဖြစ်ပြီး IMDb Rating 5.6 အထိ ရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်း ကောင်မလေးတစ်ယောက် ဘားတစ်ခုထဲ ဝင်လာတာကနေ ဇာတ်လမ်းစထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ တစ်ယောက်ချင်းစီတိုင်းရဲ့ အကြောင်းအရာတွေကို ချိတ်ဆက်ပြသသွားမှာဖြစ်တာမို့ ဇာတ်လမ်းအကျဉ်းချုပ်ရယ်ဆိုပြီး မရှိတဲ့အတွက် ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ဖို့ ညွှန်းပေးလိုက်ပါတယ်။ (အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်) File size…1.36GB / 412MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 20m Genre ...
movie

Girl Walks Into a Bar (2011)

40 Days and 40 Nights (2002) 5.6
40 Days and 40 Nights (2002) 40 Days and 40 Nights (2002) ****************************Romance ၊ Comedy အမျိုးအစားဖြစ်တဲ့ 40 Days and 40 Nights ကတော့ လိင်အသားပေးဟာသအချစ်ကားဖြစ်ပါတယ်။ မတ်ဟာ ရည်းစားဟောင်းနီကိုးလ်နဲ့ ပြတ်သွားပြီးကတည်းက ကောင်မလေးတွေနဲ့ အတူနေတဲ့အခါတိုင်း အထွတ်အထိပ် မရောက်သလို သုက်မလွှတ်နိုင်တဲ့အခြေအနေကို ရင်ဆိုင်နေခဲ့ရတာပါ။ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ တစ်မျိုးစီ စွန့်လွှတ်လေ့ရှိတဲ့ ရက် ၄၀ ဥပုသ်ကာလကို ရောက်ရှိလာချိန်မှာတော့ မတ်က သူ့ပြဿနာကို ဖြေရှင်းနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရက် ၄၀ လုံးလိင်မှုကိစ္စကို လုံးဝရှောင်ရှားဖို ဆုံးဖြတ်လိုက်ပါတယ်။မတ်ရဲ့ရုံးက လုပ်ဖော်ကိုင်ဖက်တွေဟာ မတ်တကယ်နေနိုင်မှာလားဆိုတာကို ဝက်ဆိုက်ဒ် စာမျက်နှာတစ်ခုဖန်တီးပြီး လောင်းကြေးထပ်ကြရင်း ပတ်ဝန်းကျင်ကလူတွေကပါမြင်တွေ့လာပြီး လောင်းကြေးကလည်း အဆမတန်ကြီးထွားလာခဲ့တာကြောင့် မတ်ကို ဥပုသ်ကျိုးအောင် ကြိုးစားသူတွေလည်း ရှိလာခဲ့ပါတယ်။အစောပိုင်းမှာ မတ်က အမှန်တကယ် ကောင်မလေးတွေကိုရော လိင်မှုကိစ္စအားလုံးကိုပါ ရှောင်ရှားနိုင်ခဲ့ပေမယ့် ဒီရက် ၄၀ အတွင်းမှာမှ သူတကယ်ချစ်မိသွားတဲ့ အဲရစ်ကာဆိုတဲ့ ကောင်မလေးချောချောလေးနဲ့ လာဆုံစည်းတဲ့အခါမှာတော့ ..မတ်တစ်ယောက် ရက် ၄၀ ပြည့်အောင်ဆက်ထိန်းထားနိုင်မှာလား။စိတ်မထိန်းနိုင်ဘဲ ...
movie

40 Days and 40 Nights (2002)

Mozart and the Whale (2005) 6.7
Mozart and the Whale (2005) Mozart and the Whale (2005)****************************IMDb... 6.7 Autism လို့ခေါ်တဲ့ မြန်မာအခေါ်  အထီးကျန်ခြင်းစိတ်ဝေဒနာကို ခံစားနေရတဲ့သူတွေကလူကြီးလူငယ်ကျားမ မရွေးရှိကြပါတယ်။ ဒီလိုဝေဒနာမျိုးကိုခံစားနေရပေမဲ့ သူတို့တွေထဲမှာကိုယ့်အားကိုယ်ကိုးပြီး သူများတွေထက် နောက်ကောက်မကျအောင် အမြဲတမ်းကြိုးစားနေသူတွေလည်းရှိပါတယ်။ အပြင်လူတွေရော ဒီလိုဝေဒနာရှင်အချင်းချင်းပါအားပေးကူညီကြရင် ဒီလိုလူတွေအတွက် မေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ သာယာတဲ့ကမ္ဘာကြီးတစ်ခု ဖြစ်စေမှာကတော့ အမှန်ပါပဲ။ အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကလည်းAutism လိုမျိုး ဝေဒနာနဲ့ဆင်တူတဲ့ Asperger ဝေဒနာရှင်နှစ်ယောက် အချင်းချင်းကူညီဖေးမရင်းနဲ့ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးကို ကြည်နူးစိတ်ဝင်စားဖွယ်ရာ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကMozart and the Whale ဖြစ်ပြီး IMDb Rating 6.7 အထိရရှိထားပါတယ်။ မင်းသား မင်းသမီးကလည်းနာမည်ကြီး Josh Hartnett နဲ့ Radha Mitchell တို့အပြင် တခြားသောနာမည်ကြီးတွေပါပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ကြည့်မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။ဒီဇာတ်ကားလေးထဲက အဓိကဇာတ်ကောင်နှစ်ယောက်ကတော့ ဒေါ်နယ်နဲ့ အစ်စဘဲလ်လို့ခေါ်တဲ့အထက်မှာပြောခဲ့တဲ့ Asperger ဝေဒနာရှင်နှစ်ယောက်ဖြစ်ပြီး ...
movie

Mozart and the Whale (2005)

Ida Red (2021) 5.8
Ida Red (2021) Ida Red (2021)*****************IMDb... 5.8 ဇာတ်လမ်းအစမှာ ပြည်နယ်အစိုးရဲ့ ဆေးကုန်ကားကိုလူတစ်ချို့ရဲဟန်ဆောင်ပြီးwsae mqmလုယက်ကြတယ်။အဖော်ပါလာတဲ့တစ်ယောက်က သေပြီးတော့ ကားမောင်းသမားကတော့ အိုင်စီယူထဲရောက်သွားတယ်။ကျူးလွန်တဲ့သူတွေကို သက်သေမခိုင်လုံတဲ့အတွက် ဘော်ဒီကစောင့်ကြည့်နေတယ်။သူစောင့်ကြည့်နေရတဲ့သူက ယောက်ဖဖြစ်သူ ဝက်ထ်ဖြစ်နေတယ်။အကြောင်းက ကိစ္စကြီးကြီးမားမား တစ်ခုခုဖြစ်တိုင်း လူသတ်မှုထောင်ကျနေတဲ့ သူရဲ့ယောက္ခမကြီးအက်ဒါရဲ့နာမည်ကအမြဲပါနေတယ်။ ဝက်ထ်ကလည်း သူစောင်ကြည့်ခံနေရပြီဖြစ်လို့ ဦးလေးဖြစ်သူဒဲလတ်စ်နဲ့တိုင်ပင်တယ်။ လက်ရဲဇက်ရဲ ဘာကိုမှမကြောက်တဲ့ ဒဲလတ်စ်က ဝက်ထ်ရဲ့အမေအက်ဒါခိုင်းတဲ့အတိုင်း ဒီအမှုမှာပါခဲ့လူတိုင်းကိုရှင်းပစ်ဖို့ကြိုးစားတဲ့အခါမှတော့.... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်) File Size : 1.91GB/ 670MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…01:52:00 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Tiff
movie

Ida Red (2021)

The Black Dahlia (2006)
The Black Dahlia (2006) The Black Dahlia (2006) ***********************ခုတခေါက်တင်ဆက်ပေးမယ့် ကားလေးကတော့ The Black Dahlia ဆိုတဲ့Crime/Thriller အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ်...၁၉၄၇ ခုနှစ်မှာအမှန်တကယ်ဖြစ်ပွားခဲ့တဲ့ The Black Dahlia မှုခင်းအပေါ် မှီငြမ်းဇာတ်အိမ်တည်ရေးထားတဲ့ဝတ္ထုကိုဒါရိုက်တာကြီး Brian De Palma က ရုပ်ရှင်အနေနဲ့ ပြန်လည်ဖန်တီးထားတာဖြစ်ပါတယ်...ယင်းဒါရိုက်တာ Brian De Palma ဟာဆိုရင် နာ‌မည်ကျော်ရုပ်ရှင်ကားများဖြစ်တဲ့Carrie(1976), Dresses to Kill(1980), Scarface(1983), The Untouchables(1987) နဲ့Mission: Impossible (1996) တို့ရဲ့ ခေါင်းကိုင်ဖခင်ကြီးလည်းဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း --------------Bucky Bleichert နဲ့ Lee Blanchard တို့ဟာ လော့စ်အိန်ဂျလိရဲဌာနကလက်ဝှေ့သမားဟောင်း ရဲအရာရှိများဖြစ်ပြီး တစ်နေ့ကျ သံသယရှိတရားခံကို တူတူစောင့်ကြရင်းမမျှော်လင့်ထားတဲ့ သေနတ်ပစ်ခတ်မှုဖြစ်စဉ်မှာ Lee ဟာ သူ့တွဲဖက်ကို ကယ်တင်နိုင်ခဲ့ပါတယ်...အဲဒီအချိန်ကစပြီး Bucky တစ်ယောက် သူ့တွဲဖက်ကို ယုံကြည်အားကိုးကာ ကျေးဇူးတင်မဆုံးဖြစ်ရပါတော့တယ်...ထိုဖြစ်စဉ်အပြီးမကြာမီမှာပဲ ရက်စက်စွာအသတ်ခံရတဲ့ ...
movie

The Black Dahlia (2006)

Valley of the Gods (2019) 5.0
Valley of the Gods (2019) Valley of the Gods (2019)*************************နတ်ဘုရားတို့၏တောင်ကြားဒီတစ်ခေါက်မှာတော့ Channel Myanmar ရဲ့ ပရိသတ်တို့ကို Black Hawk Down, Pearl Harbor, Trap, Oppenheimer စတဲ့ နာမည်ကျော်ဇာတ်ကားများထဲမှ မင်းသား တစ်လက်ဖြစ်သူ Josh Hartnett နဲ့ အတူ The man in the iron mask, Transformers, Warm bodies, In the line of fire စတဲ့ဇာတ်ကားများရဲ့ မင်းသားကြီး John Malkovich တို့ရဲ့ ဇာတ်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ..ဇာတ်လမ်းအကျဥ်း *************** စာရေးဆရာတစ်ဦးဖြစ်တဲ့ ဂျွန် ဟာအိမ်ထောင်ရေးပြိုကွဲပြီးနောက် နဗားဟိုးလူမျိုးတို့ရဲ့ မြင့်မြတ်သော နတ်ဘုရားတို့၏တောင်ကြားကို ရောက်လာပြီး စွန့်စားခန်း၊ လူထူးဆန်းတွေနဲ့ နဗားဟိုးလူမျိုးတို့ရဲ့ ကိုးကွယ်မှုတွေ အကြောင်း စာတစ်အုပ်ရေးနေသူဖြစ်ပါတယ် ..ကမ္ဘာ့အချမ်းသာဆုံးသူဌေးလို့ တင်စားခံရတဲ့ ဝက်စ်တော့ရို့စ်က နဗားဟိုးတစ်ခွင် ယူရေနီယမ်တူးရင်း ကျိကျိတက်ချမ်းသာလာသူပါ .. သူကလည်း ဇနီးသည်နဲ့ သမီးလေးကို ဆုံးရှုံးထားရသူတစ်ဦးဖြစ်ပြီး လျှို့ဝှက်ချက်များနဲ့ ...
movie

Valley of the Gods (2019)

Trap (2024) 6.2
Trap (2024) ဒါရိုက်တာ M. Night Shyamalan ရဲ့ နာမည်ကြီးနေတဲ့ ဟော်ရာကားသစ်ရပါပြီ။The Sixth Sense တို့ Split, Glass တို့ကို ဖန်တီးတဲ့သူပီပီ လှည့်ကွက်တွေနဲ့ကျောချမ်းစရာ ရုပ်ရှင်တွေကို ရိုက်တဲ့နေရာမှာတော့ သူ့အပိုင်ပါပဲ။ဒီရုပ်ရှင်ကတော့ စိတ္တဇလူသတ်သမားကို ရှိုးပွဲတစ်ခုမှာ မျိုးစုံပိတ်ဖမ်းဖို့ကြိုးစားကြတဲ့ကြားကနေ အလွတ်ရုန်းဖို့ ကြိုးစားတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း ကူပါဟာ သူ့ရဲ့သမီး ရိုင်လီကို သူအရမ်းကြိုက်တဲ့အဆိုတော်လေဒီရေဗန်ရဲ့ ရှိုးပွဲကို လိုက်ပို့ပါတယ်။အဲဒီရှိုးပွဲထဲမှာ မတော်တဆ သိလိုက်ရတာကအက်ဖ်ဘီအိုင်က ၇ နှစ်ကြာ လိုက်ရှာနေတဲ့ ကွင်းဆက်လူသတ်သမားနာမည်ဝှက် သားသတ်သမားဆိုတဲ့လူဟာ ဒီပွဲမှာရှိမယ်လို့သတင်းရထားတာကြောင့် ရှိုးပွဲတစ်ခုလုံးကို ထောင်ချောက်အနေနဲ့ပိတ်ဆို့ပြီး မမိမိအောင်ဖမ်းဖို့ အစီအစဉ်ချထားတယ်ဆိုတာပါပဲ။အက်ဖ်ဘီအိုင်ဘက်ကလည်း လူသတ်သမားရဲ့အမူအကျင့်ကိုလေ့လာထားသလောက်နဲ့ကင်မရာမှတ်တမ်းတွေ အရ ဖြစ်နိုင်ချေရှိတဲ့ တရားခံပုံကြမ်းတွေ အသက်တွေပေါ်မူတည်ပြီး လူပေါင်းထောင်ချီကြားထဲမှာလိုက်ရှာရမှာမို့ ပဟေဠိကြီးပါပဲ။ ရှိုးပွဲတလျှောက်မှာ သားသတ်သမားနဲ့ အက်ဖ်ဘီအိုင်တွေဘယ်လို စိန်ပြေးလိုက်တမ်းကစားကြမလဲဆိုတာကိုလှည့်ကွက်လေးတွေနဲ့ ကြည့်ရမှာပါ။  File size… 11.27GB / 2.21 GB / 1.05GB Quality… WEB-DL 4K ...
movie

Trap (2024)

4K HEVC
Wicker Park (2004)
Wicker Park (2004)  အချစ်ဆိုတာ အင်မတန် သိမ်မွေ့နက်နဲလွန်းတဲ့ အရာတစ်ခုပါ မြင်မြင်ချင်းချစ်မိတဲ့အချစ် အသံလေးကြားနေရုံနဲ့ချစ်မိတဲ့အချစ် အတူရှိနေတာကြာလာလို့ ချစ်မိတဲ့အချစ် အဓိပ္ပာယ်မဖွင့်ဆိုနိုင်လောက်အောင် သိပ်ကိုကြီးမားလွန်းတဲ့ခံစားချက်လေးတစ်ခုပါပဲ......ချစ်တာဟာ ချစ်ရုံသပ်သပ်တင်မဟုတ်ဘဲ မေတ္တာတွေ သစ္စာတွေ သံယောဇဉ်တွေနဲ့ပါ အထပ်ထပ်ရစ်နှောင်လာရာကနေ လိုတာထက်ပိုတဲ့ စွဲလန်းစိတ်ထိဖြစ်သွားရင်တော့ ကိုယ်တိုင်ရော ကိုယ်ချစ်နေတဲ့ အချစ်ခံရတဲ့သူအတွက်ပါ ကောင်းကျိုးထက် ဆိုးကျိုးတွေလည်းဖြစ်တတ်ပါသေးတယ်.....သိမ်ကိုသိမ်မွေ့လွန်းသလို သိပ်ကိုလည်း အန္တရာယ်များလှတဲ့အချစ်ကိုမှ ရူးမတတ်စွဲလန်းခံစားမိသွားကြတဲ့သူတွေကလည်း ဒုနဲ့ဒေးရှိခဲ့ကြ.....ရှိနေကြ.....ရှိလာကြဦးမှာပါပဲ......ဒီကားလေးထဲမှာတော့ အမှတ်မထင် ကော်ဖီဆိုင်လေးတစ်ဆိုင်မှာတွေ့လိုက်ရတဲ့ ကောင်မလေးတစ်ယောက်ကို သူ့ဘဝရဲ့ ရာသက်ပန်အချစ်အဖြစ် သတ်မှတ်မိရာကနေ ကောင်မလေးကို သူ့ဘဝထဲရောက်လာဖို့ တစိုက်မတ်မတ်ကြိုးစားအားထုတ်တဲ့ကားလေးတစ်ကားပါပဲ.....ဇွဲရှိရှိကြိုးစားအားထုတ်ရင်း ဘာတွေကြုံတွေ့ရမလဲ ခံစားချက်တွေဘယ်လိုရှိမလဲ အလယ်အလတ်ဆိုတာထက် လွန်ကဲတဲ့ဘက်ရောက်ရင်ဘာဖြစ်နိုင်မလဲ ဆိုတာတွေကို ကြည့်ရှုခံစားရမှာမို့ စီးမျောလိုက်ကြပါဦးလို့...... File size…(1.7 GB)/(865 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Mystery, Romance, Thriller , Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Htet Myat Paing
movie

Wicker Park (2004)

Die Hart the Movie(2023)
Die Hart the Movie(2023) Die Hart the Movie(2023)***********************ဟာသမင်းသား ကယ်ဗင်ဟာ့ထ်ရဲ့ ဟာသအက်ရှင်ကားအသစ်ထွက်လာပါပြီ။ မင်းသမီးကတော့ Game of Thrones ရဲ့ နာမည်ကြီးမင်းသမီး Nathalie Joanne Emmanuel ပါပဲ။ဇာတ်လမ်းကတော့ နည်းနည်းဆန်းပါတယ်။ကယ်ဗင်ဟာ့က ကယ်ဗင်ဟာ့အနေနဲ့ပဲ သရုပ်ဆောင်ထားတာပါ။ကယ်ဗင်ဟာ ဒဝိန်းသရော့ဂျွန်ဆန်နဲ့အတူ အက်ရှင်ဟီးရိုးရဲ့ တွဲဘက်ဟာသကောင်အနေနဲ့ဇာတ်ကားတွေအများကြီး သရုပ်ဆောင်ရင်း လက်ရှိအခြေအနေကို စိတ်ပျက်လာပါပြီ။သူက အက်ရှင်ကားမှာ ဟာသကောင်အနေနဲ့မဟုတ်ဘဲ အတည်အက်ရှင်ဟီးရိုးအနေနဲ့ ရိုက်ချင်တာပါ။ဒါပေမဲ့ သူ့ကိုဘယ်သူမှ အတည်မမှတ်ကြပါဘူး။ အဲဒီမှာပဲ အက်ရှင်ကားတွေရဲ့ နာမည်ကြီးဒါရိုက်တာကလောက်ဗန်ဒဗဲဒီက သူ့ကို အက်ရှင်ကားတစ်ကားမှာမင်းသားလုပ်ဖို့ကမ်းလှမ်းလာပါတယ်။ ဒါပေမဲ့ မင်းသားလုပ်ဖို့ဆိုရင် အက်ရှင်သင်တန်းတစ်ခုကို အောင်မြင်အောင်တက်ရမယ်လို့ ပြောပါတယ်။ အဲဒီကျောင်းကနေပဲ စတားလုံး၊ ဂျေဆန်စတေသန်၊ ဂျက်ကီချန်း၊ဂဲဂဒေါ့တို့လိုလူတွေကို မွေးထုတ်ပေးလိုက်တာဖြစ်ကြောင်း ရှင်းပြလိုက်ပါတယ်။အဲဒီ လျို့ဝှက်အက်ရှင်ကျောင်းကို ရောက်သွားချိန်မှာတော့ ဘယ်လိုတွေ တလွဲတွေဖြစ်မလဲဆိုတာကို....File Size :(1.8GB) and (646MB) Quality :Web-Dl 1080P5.1Ch,720p Format…mp4 Duration…01:18:00 Genre : Action, Comedy Subtitle : ...
movie

Die Hart the Movie(2023)

Bunraku (2010) 6.1
Bunraku (2010)  Bunraku ဆိုတာ နှစ်ပေါင်း ၄၀၀ သက်တမ်းရှိတဲ့ဂျပန်ရုပ်သေးပြဇာတ်ပုံစံတစ်မျိုးဖြစ်ပါတယ်။ ပြဇာတ်မှာနောက်ခံစကားပြောသူရဲ့ဇာတ်ကြောင်းအတိုင်း ၄ ပေအမြင့်ရှိတဲ့အရုပ်တွေက လိုက်လံပုံဖော်တင်ဆက်ဖျော်ဖြေရတာပါ။၂၀၁၀ မှာထွက်ရှိခဲ့တဲ့ Bunraku ရုပ်ရှင်ဟာ အက်ရှင်အမျိုးအစားဖြစ်ပေမယ့် ဇာတ်ကားတစ်ခုလုံးကိုBunraku ရုပ်သေးပြဇာတ်တစ်ခုလိုကြည့်ရှု့ခံစားရမှာပါ။ဒေါ်လာ ၂၅ သန်းအကုန်အကျခံရိုက်ကူးထားပေမယ့်ဝေဖန်မှုတွေအများကြီးရရှိထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း************** သေဆုံးမှုတွေနဲ့ဖျက်ဆီးမှုတွေအများအပြားဖြစ်ပေါ်မှုကြောင့်သေနတ်ကိုင်ဆောင်မှုကိုတားမြစ်ထားတဲ့ကမၻာကြီးမှာလူတွေကတော့ ဓားတွေ၊လက်တွေကိုသုံးပြီး အချင်းချင်းတိုက်ခိုက်သတ်ဖြတ်နေကြတုန်းပါပဲ။ သစ်ခုတ်သမားလို့လည်းခေါ်တဲ့နီကိုလာဟာ အတ္တလန်တိတ်အရှေ့ဘက်မှာ အင်အားအကြီးဆုံးသူဖြစ်ပြီး သူ့နယ်မြေကိုလိုချင်လို့ စိန်ခေါ်သူတွေအများကြီးရှိပေမယ့် နီကိုလာနဲ့သူ့ရဲ့လူသတ်သမားကိုးယောက်ကိုယှဉ်နိုင်သူမရှိခဲ့တာကြာမြင့်လှပြီဖြစ်ပါတယ်။တစ်ရက်မှာတော့ ထူးဆန်းတဲ့ခြေသလုံးအိမ်တိုင်သမားတစ်ယောက်နဲ့ ဂျပန်ဆာမူရိုင်းဓားသမားတစ်ယောက်ဟာမြို့ထဲရောက်ရှိလာပြီး တူညီတဲ့ရည်ရွယ်ချက်တစ်ခုကြောင့်အရက်ဆိုင်ပိုင်ရှင်နဲ့ တစ်ဖွဲ့တည်းဖြစ်သွားခဲ့ကြပါတယ်။သူတို့သုံးယောက်ဟာ မတူညီတဲ့အကြောင်းရင်းအသီးသီးကြောင့်နီကိုလာနဲ့လူသတ်သမားကိုးယောက်ကို အနိုင်ယူဖို့ကြိုးစားရမှာပဲဖြစ်ပါတယ်။ File size…2.33GB ,  1.02GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 4m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Bunraku (2010)

Oppenheimer (2023) 8.7
Oppenheimer (2023) Oppenheimer (2023)IMdb Rating (8.5) / Rotten Tomatoes (93%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို 4K IMAX HDR/SDR Quality တွေနဲ့ တင်ဆက်လိုက်ပါတယ်။Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malekတို့ အစုံပါဝင်ထားပါတယ်။ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး ...
movie

Oppenheimer (2023)

2023
4K HEVCHDR
Black Hawk Down(2001) 7.7
Black Hawk Down(2001) Black Hawk Down(2001)IMDb - 7.7/10_____Rotten - 76%Won 2 Oscars. Another 9 wins & 37 nominations ဆိုမာလီနိုင်ငံဟာ ၁၉၉၀ဝန်းကျင်က ငတ်မွတ်မှုကြောင့်ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ်အကြောင်းရင်းကတော့ ယခုထိတိုင်မပြီးဆုံးနိုင်သေးတဲ့တစ်နိုင်ငံထဲနေမျိုးနွယ်စုတွေအချင်းချင်းဖြစ်ပွားတဲ့ ကာလရှည်ပြည်တွင်းစစ်ကြောင့်ဖြစ်ပါတယ်ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာMohamed Farrah Aididဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီးထိုအချိန်က မြို့တော်မိုဂါဒစ်ရှူ;ကို အုပ်စိုးခဲ့ပါတယ်နိုင်ငံတကာကထောက်ပံတဲ့ရိက္ခာ အထောက်အပံတွေကိုငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့Aididကိုဖယ်ရှားပစ်မယ် အစီအစဉ်တွေထဲကတစ်ခုကို၁၉၉၃ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူးမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ်Aididအစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီးတစ်နာရီအတွင်းအပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာAididစစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့်ဘလက်ဟော့ဟယ်ရီကော်ပတာ တွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီးအမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာတစ်ရက်နီးပါးကြာမြင့်သွားပါတယ်ဒီဇာတ်ကားဟာထိုအခါက အမေရိကန်နဲ့ဆိုမာလီတွေရဲ့ အပြင်းအထန်တိုက်ခဲ့ကြပုံတွေစစ်ရဲ့မာန် စစ်ရဲ့ဓလေ့နဲ့ စစ်ရဲ့ကြေကွဲဖွယ်ရာတွေကို အပီပြင်ဆုံးရိုက်ကူးပြထားပြီးအကယ်ဒမီဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်Imdb 7.7နဲ့ RT 76%ထိရရှိထားပြီး စစ်ကားဆိုမှစစ်ကားကိုကြိုက်တဲ့သူတွေအနေနဲ့ကြည့်ဖူးတဲ့စစ်ကားတွေထဲမှာ ဒီကားမပါသေးရင်အမြန်ဆုံးသာ download လုပ်လိုက်ပါလို့တိုက်တွန်းချင်ပါတယ်  File Size :(14.55 GB) (4.3GB)  (1.4GB) Quality : Web-Dl 4K ...
movie

Black Hawk Down(2001)

4K HEVC
30 Days of Night(2007) 7.0
30 Days of Night(2007) 30 Days of Night(2007)********************ဒီHorror,Action ကားဟာ အကောင်းဆုံး ဟော်ရာဇာတ်ကားစာရင်းဝင်သလိုဆုပေါင်း ၁၄ ခု ရရှိခဲ့ပြီး BOလည်းဝင်ခဲ့ပါတယ်...ဇာတ်ကားထဲက အက်ရှင်ခန်းတွေနဲ့သတ်ဖြတ်ခန်းတွေဟာ ကြောက်စရာလည်းကောင်းသလို သွေးသံရဲရဲ ထိတ်လန့်စရာတွေလည်းပါတာမို့ ကလေးသူငယ်တွေနဲ့ကြောက်တတ်တဲ့သူတွေမကြည့်သင့်ပါဘူး..ပြီးတော့ ဇာတ်ကားရဲ့ အခြေပြုတည်နေရာကလည်း အနှုတ် ၁၀ ဒီဂရီလောက်အေးတဲ့မြောက်ဝင်ရိုးစွန်းမှာတည်ရှိတဲ့မြို့ငယ်လေးမှာ ဇာတ်အိမ်တည်ထားတာဆိုတော့ဟော်ရာအရာသာအပြည့်အဝကြီးကိုခံစားရမှာဖြစ်ပါတယ်...အာတိတ်စက်ဝိုင်းရဲ့မြောက်ဘက်ပိုင်း ကမ္ဘာ့မြောက်ဘက်စွန်းအခြမ်းဒေသထဲပါဝင်တဲ့ အလက်စကာပြည်နယ် ဘာရိုမြို့ငယ်လေးမှာ နှစ်စဉ်နှစ်တိုင်း ဆောင်းတွင်းကို တစ်လတာ ညအမှောင် နေရောင်မရတဲ့ရာသီဥတုရှိပါတယ် ...နိုဝင်ဘာလပေါ့...ဒီတော့ လူတော်တော်များများဟာ ဆောင်းခိုဖို့ စက်တင်ဘာလကတည်းကတောင်ဘက်ပိုင်းဒေသတွေကို ဆောင်းခိုတဲ့အနေနဲ့ တဖွဲဖွဲထွက်သွားလေ့ရှိကြတယ်..အဲ့ဒီနောက် နိုဝင်ဘာလရောက်တဲ့အချိန်တိုက်ဆိုင်စွာပဲ  မြို့ခံလူတွေဟာ တဖြည်းဖြည်းအကောင်တွေကိုက်ခံရသလိုမျိုး ရက်ရက်စက်စက်နဲ့သေသွားကြလေ့ရှိတယ်..အသတ်ခံရတဲ့သူတိုင်းဟာလည်း ဒီလိုအရာမျိုးတွေနဲ့တွေ့ဆုံတိုင်းမြန်ဆန်လွန်းတဲ့အတွက်ကြောင့် ပြင်ဆင်ချိန်မရလိုက်ဘဲ ဆိုးဝါးစွာသေဆုံးသွားလေ့ရှိတယ်..နေရောင်မရတဲ့ဘဲ တစ်လလုံးမှောင်မိုက်နေတဲ့အပြင် အနှုတ် ၁၀ ကျော်အေးနေတဲ့ ဒီမြို့မှာမြိုခံလူတွေဟာ ဒီကံကြမ္မာဆိုးကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကိုတော့...File Size : (2.7GB)(724MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:53:00 Genre :  Action, Adventure, Horror Subtitle : Myanmar ...
movie

30 Days of Night(2007)

Sin City (2005) 8.0
Sin City (2005) Sin City (2005)============IMDb Rating - 8.0/10Sin Cityအကြောင်းပြောရရင် နည်းနည်းတော့ရှည်မယ်။ဒီရုပ်ရှင်က ချီးကျူးစရာတော့ အတော်များပါမယ်။ ဒါရိုက်တာသုံးယောက်နဲ့ ဇာတ်လမ်း လေးပုဒ်ပါတဲ့ ရုပ်ရှင်တစ်ကားကိုကြည့်ရတာတစ်ကွဲတစ်ပြားမဖြစ်သွားအောင် ချိတ်ဆက်ထားပုံတွေက သပ်ရပ်တယ်။ Graphic Novelတွေကို ပြန်ရိုက်ထားပေမယ့် Graphic Novelအတိုင်း ပေးဖတ်လိုက်သလိုမျိုး CGIကိုသုံးပြီးပြီး အမြင်ကိုဖမ်းစားထားတာကလည်းဒီရုပ်ရှင်ရဲ့ဆွဲဆောင်မှုတစ်ခုပါပဲ။ အဖြူအမဲလုပ်လိုက် ပြချင်တဲ့အရာတစ်ခုကိုပဲ အရောင်ထည့်ပေးလိုက် ပြကွက်တွေဟာ ဒီအတိုင်းကျွန်တော်တို့ သတိမထားမိမယ့် ပြကွက်တွေကိုပိုသိသာစေတယ်။ Narratorလည်းထည့် ဇာတ်ကောင်ရဲ့ အတွေးတွေကိုလည်းပြထားတာပါ ပေါင်းလိုက်ရင် ဘာမှဖြည့်တွေးစရာမလိုလောက်အောင် ကြည့်ရလွယ်ကူတဲ့ Art Filmတစ်ခုကို တည်ဆောက်ပေးထားသလိုပဲ။ တစ်ချို့အကွက်တွေကတော့ Quentin Tarantinoဆန်တယ်။ ဆန်ဆို ဒီကားမှာသူက Guest Director။သူကိုယ်တိုင်၀င်ရိုက်ခဲ့တာက ငါးမိနစ်လောက်ပဲပါပေမယ့် ကျန်တာတွေလည်း သူအကြံပေးခဲ့မယ်ထင်တယ်။ ချေးအပြည့်နဲ့အိမ်သာခွက်ထဲ ခေါင်းနှစ်တာတွေကားဘေးက တရွတ်တိုက်ဆွဲပြီး စစ်မေးတာတွေ လိင်အင်္ဂါကို ဆွဲဖြုတ်တာတွေ ခြေတွေလက်တွေဖြတ်ပြီး ကျန်တဲ့ကိုယ်ကို ခွေးကျွေးတာတွေ မထင်သလို ...
movie

Sin City (2005)

2005
1080p HEVC
Operation Fortune: Ruse de Guerre (2023) 6.4
Operation Fortune: Ruse de Guerre (2023)  ဒါရိုက်တာ Guy Ritchie ရဲ့ Action, Comedy, Thriller လေးပါပဲ။ မင်းသားကတော့ ဂျေဆန်စတက်သန်ပါ။ ဒီထဲက လူဆိုးတွေက ယူကရိန်းသားတွေဖြစ်နေလို့ ရုရှား ယူကရိန်းစစ်ပွဲအစနဲ့ ရုံတင်ပြသမယ့်ရက်တိုက်နေတာကို ၂၀၂၃ အထိ ရွှေ့ထားလိုက်တာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဘီလီယံနဲ့ချီတဲ့ အမျိုးအမည်မသိလက်နက်တစ်ခု အခိုးခံလိုက်ရတယ်။ အဲဒါကို အရေးတကြီး ပြန်ရဖို့အတွက် အစိုးရအေဂျင်စီတွေက ကန်ထရိုက်တာဖြစ်တဲ့ နေသန်နဲ့ အော်ဆန်ဖော်ချွန်းကို အလုပ်အပ်ရတယ်။ အော်ဆန်ဟာ စစ်ဆင်ရေးတွေမှာ အရမ်းအသုံးအဖြုန်းကြီးတဲ့သူမို့ တော်ရုံလူက အလုပ်မအပ်ချင်ကြပါဘူး။ လူများရင်ကြပ်ရင်ကြောက်တတ်လို့ဆိုပြီး သီးသန့်လေယာဉ်စီးတယ်၊ စိတ်အခြေအနေအတွက်ဆေးဖြစ်ဝါးဖြစ်ဆိုပြီး အကောင်းဆုံးဝိုင်ပုလင်းတွေသောက်တယ်။ စစ်ဆင်ရေးပြီးရင်လည်း အစိုးရစားရိတ်နဲ့ စိတ်ဒဏ်ရာကုဖို့ဆိုပြီး အပမ်းဖြေစခန်းတွေ သွားနှပ်တာတွေကြောင့်ပါ။ ဒါပေမဲ့ ဒီအရေးကြီးစစ်ဆင်ရေးအတွက် အလုပ်အပ်ခံလိုက်ရတဲ့အချိန်မှာတော့ ဘီလီယံချီပြီးတန်တဲ့ လက်နက်ကဘာလက်နက်လဲ၊ ဘယ်သူက ရောင်းပြီးဘယ်သူကဝယ်မှာလဲဆိုတာကို စုံစမ်းပြီး ပြန်ရအောင် ကြိုးစားရပါတော့တယ်။ထုံးစံအတိုင်း အက်ရှင်တွေ မြှပ်ကွက်လေးတွေနဲ့ ဟာသတွေရောထားတာမို့ အပမ်းဖြေဖို့ ကားကောင်းတစ်ခုပါပဲ။File size…(1.86GB)/(100.6MB)/(502 Mb) Quality….Webrip ...
movie

Operation Fortune: Ruse de Guerre (2023)

The Virgin Suicides(1999) 7.2
The Virgin Suicides(1999)  The Virgin Suicides (1999) 1993 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အမေရိကန်စာရေးဆရာ Jeffrey ရဲ့ နာမည်ကြီး ဝတ္ထုရှည်ကို ရုပ်ရှင်အဖြစ် ဖန်တီးထားတာပါ။ Sam Raimi-Spider Man က Mary Janes သရုပ်ဆောင် Kirsten Dunst ပါဝင်သရုပ်ဆောင်ထားပါတယ်။ Rating ဟာလည်း IMDb 7.2 ရှိတာမို့ တွေးစရာတွေအပြည့်နဲ့ အဆုံးထိစွဲ​ဆောင်သွားနိုင်မယ့်ဇာတ်ကားပါ။ဇာတ်လမ်းကတော့ ကောင်မလေးတွေကို ငမ်းနေကြတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ Point of View ပုံစံမျိုး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ချောမောလှတဲ့ ဆယ်ကျော်သက် ကောင်မလေးငါးယောက်ဟာ ဘာသာရေးကို အလွန်ကိုင်းရှိုင်းတဲ့ မိဘနှစ်ပါးအောက်မှာ ကြီးပြင်းခဲ့ကြရပါတယ်။ မိဘတွေရဲ့ ချုပ်ခြယ်မှုကြောင့် အငယ်ဆုံးဖြစ်တဲ့ ဆီစီလီယာဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့ပါတယ်။ဆရာဝန်ကတော့ သားသမီးတွေကို လွတ်လပ်ခွင့်ပေးဖို့ ညွှန်ကြားပေးမယ့် ရှေးရိုးစွဲတဲ့မိခင်ဟာ ခေါင်းမာနေခဲ့ပါတယ်။ တစ်နေ့တော့ ထရစ်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့တောင်းဆိုမှုကြောင့် ...
movie

The Virgin Suicides(1999)

The Faculty (1998) 6.5
The Faculty (1998) Sci-Fi / Horror ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ဟောင်းလေးတင်ဆက်လိုက်ပါတယ်။The Lord of the rings ဇာတ်ကားမှာ လူပုလေးဖရိုဒိုနေရာကနေဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Elijah Wood ပါဝင်သရုပ်ဆောင်ထားတဲ့ကားကောင်းလေးလည်းဖြစ်သလို ဇာတ်လမ်းဇာတ်ကွက်အပြင် ဇာတ်ပျိုး၊ဇာတ်လယ်၊ဇာတ်တက်၊ဇာတ်ဆင်း ရှယ်ကြမ်း ရှယ်ကောင်းတဲ့ science-fiction တစ်ဖြစ်လဲ horror ကားကောင်းလေးလည်းဖြစ်ပါတယ်။ဇာတ်ကားနာမည်လေးကတော့ The Faculty (1998) ဖြစ်ပြီး IMDb အနေနဲ့ 6.5 ရရှိထားပါတယ်။ဇာတ်လမ်းကတော့ ပြောပြနေတာထက် ကြည့်လိုက်တာက ပိုကောင်းတာမို့ မညွှန်းတော့ပါဘူးနော်။ File size…(1.8 GB)/ (1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:44:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie

The Faculty (1998)