Channel Myanmar

Josh Emerson

I Love You, Beth Cooper (2009) 5.3
I Love You, Beth Cooper (2009) I Love You, Beth Cooper (2009)မင်းသမီးချော Hayden Panettiere ရဲ့အလန်းစားပုံစံကိုမြင်တွေ့ရမယ့် ကျောင်းသားဘဝ အချစ်ဟာသ ဇာတ်ကားလေးပါ။ မင်းသား Paul Rust ရဲ့ အူကြောင်ကြားစတိုင်တွေကလဲ ဒီကားကို ပိုလို့ရယ်ရစေပါတယ်။ဇာတ်လမ်းကတော့... စာဂျပိုး FA လေး ဒန်းနစ်ဟာ သူ့ရဲ့အူကြောင်ကြားရုပ်မှအားမနာ ကျောင်းမှာ အချောဆုံး အလှဆုံး အလန်းဆုံးဖြစ်တဲ့ Cheerleader Team ခေါင်းဆောင် ဘတ်ကူးပါးကို ကြိတ်ကြိုက်နေတာကြာပါပြီ။ ဖွင့်မပြောရဲ ဖွင့်မပြောရဲနဲ့ နေလာရင်းနဲ့ သူ့ဘော်ဒါနဲ့ တိုက်တွန်းချက်နဲ့ နောက်ဆုံးမှာတော့ ဖွင့်ပြောလိုက်ပါတော့တယ်... ဘယ်နေရာမှာလဲဆိုတော့ လူစုံတက်စုံတက်ရောက်တဲ့ ကျောင်းရဲ့ ဘွဲ့နှင်းသဘင်မှာ စင်ပေါ်ကနေ ရည်းစားစကားပြောချလိုက်တာပါ။ ဒါနဲ့တင် အားမရသေးဘဲ တစ်ကျောင်းလုံးက ကျောင်းသားတွေမကောင်းကြောင်းအပြင် ဘတ်ကူးပါးရဲ့ လက်ရှိရည်းစားမကောင်းကြောင်းတွေပါ ပြောချလိုက်ပါတယ်။ဒီလိုအူကြောင်ကြား အလွဲလွဲအချောချော် ဒန်းနစ်နဲ့ အလန်းစားကောင်မလေး ဘတ်ကူးပါးတို့ ဘယ်လိုရှေ့ဆက်တွေ့ကြမလဲဆိုတာ.... ပေါ့ပေါ့ပါးပါး ဟာသနှောပြီး ကြည့်ကြရမယ့် ကျောင်းသားဟာသအချစ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…(3.5 GB )/(1.3 GB)  Quality….BluRay 1080p HEVC ...
movie

I Love You, Beth Cooper (2009)

The Shortcut (2009)
The Shortcut (2009) ၁၉၄၅ ၀န်းကျင် ဆယ်ကျော်သက်စုံတွဲတစ်တွဲဖြစ်တဲ့ ဒေါ်ဂီနဲ့အိုင်ရင်းန်တို့ဟာ homecoming dance ကနေ အပြန်တောအုပ်တစ်ခုကို ဖြတ်သန်းသွားရတဲ့ဖြတ်လမ်းတစ်ခုကနေ ဖြတ်ပြန်ခဲ့ပါတယ်။ လူရှင်းတဲ့တောထဲမှာ ဒေါ်ဂီကနမ်းရာကနေ တစ်ဆင့်တက်ဖို့ကြိုးစားချိန်မှာ အိုင်းရင်းက လက်မခံတဲ့အတွက် ကတောက်ကဆဖြစ်ကြရင်း ဒေါ်ဂီက သူ့ကိုတစ်ယောက်တည်းထားခဲ့ပြီးထွက်သွားခဲ့ပါတယ်။ အဲ့ဒီချိန်မှာ အနားကိုကလေးလေးတစ်ယောက်ရောက်လာတဲ့အတွက် အိုင်းရင်းက အားကိုးတကြီးအကူအညီတောင်းခဲ့ပေမယ့် အဲ့ဒီကလေးဟာ သူ့မျက်နှာတည့်တည့်ကိုလေးခွနဲ့ပစ်သတ်ပါတော့တယ်။လက်ရှိခေတ်ကာလမှာတော့ ဒဲရက်ခ်တို့ညီအစ်ကိုဟာ မြို့ငယ်တစ်မြို့ကိုအခုမှပြောင်းရွှေ့လာတာဖြစ်တဲ့အတွက် ကျောင်း၊ ပတ်ဝန်းကျင် အသစ်နဲ့နေသားကျဖို့ကြိုးစားနေဆဲကာလဖြစ်ပါတယ်။တစ်နေ့တော့ ဒဲရက်ခ်ညီတိုဘီကို ကျောင်းက ရွယ်တူချင်း ချောက်ချလိုက်တဲ့အတွက် တိုဘီလေး ဖြတ်လမ်းတစ်ခုကဖြတ်ပြန်တဲ့အချိန်မှာ တောအုပ်ထဲမှာ ခုတ်သတ်ခံထားရတဲ့ ခွေးသေတစ်ကောင်ကို တွေ့ရှိခဲ့သလို အဘိုးကြီးတစ်ယောက်က ခြောက်လှန့်လိုက်တဲ့အတွက် ထွက်ပြေးခဲ့ရပါတယ်။ဒီအကြောင်းကို ဒဲရတ်ခ်ပြန်သိချိန်မှာ အဲ့ဒီဖြတ်လမ်းအကြောင်းကိုစုံစမ်းရင်း မြို့ခံလူတွေပြောကြတဲ့ ကြောက်စရာဇာတ်လမ်းတွေကိုသိလာရပါတော့တယ်။ သူတို့အတန်းဖော် တေလာကလည်း ခွေးပျောက်ထားတာ ရှိတဲ့အတွက် အဲ့ဒီဖြတ်လမ်းနဲ့အဲ့ဒီထဲကနေထိုင်သူတွေကို သွားပြီးအကဲခတ်မယ့်အချိန်မှာ တစ်ခြားသူငယ်ချင်းတွေပါ ဝင်ပါလာရာကနေ သူတို့အုပ်စုကြမ္မာဆိုးတွေဆီကို တည့်တည့်ဝင်တိုးမိဖို့ဖြစ်လာပါတော့တယ်။Rated R ဖြစ်သင့်တဲ့ ကားကို pg-13 ...
movie

The Shortcut (2009)

Tooth Fairy (2010) 5
Tooth Fairy (2010) Tooth Fairy (2010)လူသားဆန်ပစ်လိုက်ဆိုတဲ့ဘိုးတော် Viral ဖြစ်သွားတော့ ဒီဘဲ ဝါဒီကိုအတော်များများကသဘောကျကြတယ်ပေါ့ဗျာ။ သဘောလည်းကျချင်စရာပဲ လက်တွေ့ဆန်တာကိုးဗျ။ လူသားဆန်ပစ်လိုက်ဆိုတဲ့ ဘဲကဘယ်နှခုနှစ်ကပြောလဲမသိပေမဲ့ ကျွန်တော်တို့ရဲ့ ဒဝိန်းဂျွန်ဆင်ကြီးကတော့ ၂၀၁၀ ထဲက လူသားဆန်နေတာပါ။ဒဲရစ် သွန်မဆင်ဆိုတဲ့ ဟော့ကီးသမားကတော့ ပရိသတ်တွေကြားမှာ သွားနတ်သားလို့နာမည်ပြောင်ရထားပြီး fantasy တွေကိုလည်း bullshit လို့တွေးထားသူတစ်ယောက်ပါ၊ ကလေးတွေနဲ့တွေ့ရင်လည်း ကျွန်တော်က နာမည်ကြီး ဟော့ကီးကစားသမားဖြစ်ချင်တာဗျဆိုရင် မင်းထက်တော်တဲ့ကောင်တွေအများကြီးရှိသေးတယ်၊ ဘဝမှာအများကြီးမျှော်လင့်မထားနဲ့ ဆိုပြီး ပြောတတ်တဲ့သူမျိုးပေါ့။ဒီလို ဘုလကန့်ဂွစာလူ၊ Fantasy တွေကိုမယုံတဲ့သူကိုအပြစ်ပေးဖို့ဆိုပြီး ဆင့်ခေါ်စာရောက်လာခဲ့ပါတယ်၊ fantasy တွေကိုမယုံတဲ့သူ့ခမျာ Fantasy Land ဖြစ်တဲ့နတ်သူငယ်တိုင်းပြည်ကိုရောက်သွားပါတော့တယ်။Family/Comedy ကားဖြစ်ပြီးတော့ အိပ်မက်တွေကိုဆက်လက်ရှင်သန်နေစေဖို့ မဖြစ်နိုင်ဘူးဆိုတာ အတွေးသပ်သပ်ဖြစ်ပြီး ဘဝမှာ မဖြစ်နိုင်တာတွေလည်း ဖြစ်လာနိုင်တယ်ဆိုတာ ပြောပြထားတဲ့ကားကောင်းလေးတစ်ကားပါ။Keep Dreaming! လူသားဆန်ပါ။ လူသားဆိုတာ အိပ်မက်တွေနဲ့ကင်းလို့မရနိုင်ပါ...။(ဇာတ်ကားနဲ့အညွှန်းကို ပြန်ဆိုရေးသားပေးထားသူကတော့ Murphy ပဲ ဖြစ်ပါတယ်)Size - 1.6GB, 910MB Quality ...
movie

Tooth Fairy (2010)

2010
Jennifer’s Body (2009) 5.3
Jennifer’s Body (2009) ဒီဇာတ်ကားကတော့ မင်းသမီး မီဂန်ဖောက်ရဲ့ နာမည်ကြီး Horror ဇာတ်ကားပါ...Megan Fox အပြင် Amanda Seyfried လဲပါပါသေးတယ်...Horror ကားကောင်းလေးတစ်ကားဖြစ်တာနဲ့အညီ ကြည့်ရတာလည်း တော်တော့်ကိုကောင်းတဲ့ကားလေးကားလေးတစ်ကားလို့ဆိုထိုက်တယ်ဗျ။ ၂၀၀၉ ခုနှစ်ရဲ့ အချောလေးနှစ်ယောက် သူပြိုင်ကိုယ်ပြိုင်ဇာတ်ကောင်စရိုက်ယှဉ်ပြိုင်မှုတွေကလည်း နင်လား ငါလားနဲ့ကိုကြည့်ရတာအရသာတွေ့လှသလို မျက်စိပသာဒလည်းတော်တော်ဖြစ်တယ်ပေါ့လေ။ဂျနီဖာဟာတစ်‌ကျောင်းလုံးရဲ့အချစ်တော်အချောလေးဗျ။ အချောလေးဆိုတဲ့အတိုင်း အထက်‌တန်းကျောင်းပထမနှစ်လောက်တည်းကစပြီး ဘာညာကိစ္စနဲ့ပက်သက်လို့အတွေ့အကြုံရှိဖူးတယ်ပေါ့လေ။ပင်တိုင်ရည်းစားလေးရှိပေမဲ့ တစ်ခါတလေသဘောကျတဲ့ကောင်ချောလေးတွေတွေ့ရင် ကောက်ကောက်စားတတ်တဲ့ကောင်မလေးပေါ့။နိဒီကတော့ ဂျနီဖာရဲ့အချစ်ဆုံးသူငယ်ချင်းမလေးပေါ့ဗျာ။ ငယ်ငယ်တည်းကခင်လာကြတယ်ပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့စရိုက်တွေကတော့ ဆန့်ကျင်ဖက်တွေပါ.. တစ်ယောက်က တစ်ကျောင်းလုံးရဲ့အလှပဂေးဖြစ်သလို ခေတ်ရှေ့ကိုနှစ်ဆလောက်ပြေးနေတဲ့သူ ၊ တစ်ယောက်ကတော့စာကြမ်းပိုးဗိုင်းကောင်းကျောက်ဖိ လူမသိသူမသိလေးဆိုတော့ ဇာတ်ကောင်ပိုင်းအရဆို ဆန့်ကျင်ဖက်နှစ်‌ယောက်ကသူငယ်ချင်းတွေဖြစ်နေတယ်ဆိုပါတော့ဗျာ။ဇာတ်လမ်းစတာကတော့ သူတို့ရဲ့နယ်မြို့လေး‌ဆီကိုမြို့ကြီးပြကြီးကရော့ခ်ဂီတတီးဝိုင်းအဖွဲ့ရောက်လာတဲ့အခါ ခေါင်းဆောင်အဆိုတော် ကောင်ချောလေးပါမှန်း သိလိုက်တဲ့ဂျနီဖာက တစ်စခန်းထရာက စပါတယ်...သူစခန်းထတာမှာ အဖော်ပါဖို့ နိဒီကိုပါခေါ်ပြီး ရှိုးပွဲသွားကြရင်း ဘယ်လိုကြောက်မက်ဖွယ်အဖြစ်အပျက်တွေကြုံကြရမလဲဆိုတာ.....။Unrated Version နဲ့တင်ဆက်ထားပြီး အဖော်အချွတ်နဲ့ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေပါလို့ မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို San Thu Aung မှ တင်ဆက်ထားပါတယ်။)  File size…(1.8 GB) / (999 MB)/ (500 MB) Quality…BluRay Unrated 1080p/720p/480p Format…mp4 Duration….01:47:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Jennifer’s Body (2009)