Channel Myanmar

Josette Jorge

The Christmas Charade (2024)
The Christmas Charade (2024) ဒီဇာတ်ကားလေးကတော့ ခရစ္စမတ်အတွက် ခရစ္စမတ် Vibeလေးနဲ့ လန်းလန်းဆန်းဆန်း ပေါပေါ့ပါးပါးကြည့်လို့ရမယ့် Rom Com အမျိုးအစားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ မိဘများရဲ့လောင်းရိပ်အောက်မိနေတဲ့ ဝစ်တနီဆိုတဲ့ကောင်မလေးဟာ တစ်နေ့မှာတော့ သူငယ်ချင်းတစ်ယောက်စီစဉ်ပေးတဲ့ ဘလိုင်းဒိတ်ကို အရဲစွန့်ပြီးသွားခဲ့ပါတော့တယ်။ဘလိုင်းဒိတ်မှာတွေ့ရမည့်သူ မှားသွားသောအခါ၊မှားတွေ့မိတဲ့သူကလည်း အမှုလိုက်ဖို့အတွက် ရည်းစားအတုအဖြစ်ဟန်ဆောင်ဖို့သူကို စောင့်နေတဲ့စုံထောက်ဖြစ်နေေသောအခါ စိုးရိမ်စိတ်ကြီးတဲ့ကောင်မလေး ဒီလိုအခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲ ၊ ပြောရခက်တဲ့စုံထောက်ကြီးနဲ့ ကြောက်တတ်တဲ့ကောင်မလေးကြားမှာ အချစ်စိတ်တွေဘယ်လိုပေါ်ပေါက်လာမလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။File size…(1.4 GB)/(796 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Comedy, Romance, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Eunice
movie

The Christmas Charade (2024)

Love in Wolf Creek (2022)
Love in Wolf Creek (2022)  ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးရိုမန့်စ်ကားလေးတွေ ကြည့်ချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ကားလေးပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ ဆမ်နဲ့ဆန်နီ ညီအမနှစ်ယောက်က Wolf Creekမြို့လေးမှာ တိရစ္ဆာန်ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့သူတွေပါ။ အော်စတင်ကတော့ အဖွားဖြစ်သူကိုကူညီဖို့ မွေးမြူရေးခြံကနေ မြို့ကိုခဏရောက်နေတဲ့သူဖြစ်ပါတယ်။ တစ်ရက်ကျတော့ အလှူရှင်လာဖို့ရှိလို့ ပြင်ဆင်မှုလုပ်နေတုန်း တောအုပ်ထဲမှာ ဒဏ်ရာရနေတဲ့ ဝံပုလွေတစ်ကောင်ကိုရှာပြီး ကယ်ဆယ်ရေးလုပ်ဖို့အကြောင်းဖန်လာပါတယ်။ခြေရာကောက်ကျွမ်းတဲ့အော်စတင်က ဆမ်ကိုကူညီ‌ပြီးလိုက်ရှာကူပါတယ်။ တစ်ဖက်မှာလည်း ဝံပုလွေကို အရေခွံအတွက် လိုက်ဖမ်းနေတဲ့မှောင်ခိုသမားကိုလည်း ရင်ဆိုင်ရတဲ့ အော်စတင်နဲ့ဆမ်တို့ကြား အချစ်တွေ ဘယ်လိုပေါက်ဖွားလာမလဲဆိုတာ ပေါ့ပါးပါးပါးကြည့်ရှုရမှာပါ။ File size…(1.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Tv Movie, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe 
movie

Love in Wolf Creek (2022)

Twisted Neighbor (2023)
Twisted Neighbor (2023)  စာရေးဆရာမ တစ်ဦးဖြစ်တဲ့ ကောလင်း ကက်ဟာ သူမရဲ့ နောက်ကြောင်းအချို့ကြောင့် နယူးယောက်မြို့မှ ဆန်နီဗက်စ်တာ မြို့လေးကို ရောက်ရှိလာခဲ့တယ်။မြို့လေးဟာ သာယာပျော်ရွှင်စရာကောင်းပြီး အိမ်နီးချင်းတွေဟာလည်း ဖော်ရွေကြတယ်။ ဒါပေမဲ့ နောက်ကွယ်မှာတော့ ထူးဆန်းတဲ့ လူသတ်မှုတစ်ခု ဖြစ်ထားတာကိုတော့ ဘယ်သူမှ မသိခဲ့ကြပါဘူး။တနေ့မှာတော့ ကောလင်းရဲ့ သူငယ်ချင်းဟာလည်း ခြိမ်းခြောက်စာ ရရှိပြီးနောက် ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားတာကြောင့် သူမဟာလည်း လူသတ်သမားကို ရှာဖွေဖို့ ဖြစ်လာပါတော့တယ်။ သူမကိုယ်တိုင်လည်း ခြိမ်းခြောက်စာ ရရှိလာတဲ့အခါ သူမအနေနဲ့ ဘယ်လိုမျိုး စွန့်စား ရှာဖွေသလဲဆိုတာကို စိတ်ဝင်စားစရာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ File size…(683 MB) Quality…. 720p Format…mp4 Duration….01:29:00 Genre...Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La
movie

Twisted Neighbor (2023)

Vicious Fun (2020) 6.5
Vicious Fun (2020) Vicious Fun (2020) ==============IMDb Rating - 6.5/10, Rotten Tomato 88%Rating ကောင်းတွေရထားတဲ့ လူသတ် Horror ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်သုံးသပ်ရေးနဲ့ horrorမဂ္ဂဇင်း‌ရေးသူ ဂျိုးဟာ အပေါင်းသင်းမရှိ လူသိပ်မသိတဲ့ သာမန် လူငယ် Nerd လေး တစ်ယောက်ပါ ။ တစ်နေ့သူ ကောင်မလေးရှာချင်တာကြောင့် ဘားတစ်ခုသွား အရက် သောက်ရင်းကနေ မှောက်သွားပါတယ်။ ပြန်နိုးလာတဲ့အချိန်မှာ သူရောက် သွားတာကတော့ အမေရိကရဲ့ အကြမ်းဆုံးကွင်းဆက်လူသတ်သမား ၅ ယောက်စုပြီး အစည်းအဝေးလုပ်နေတဲ့ စကားဝိုင်းကိုပါ ။ သူလည်းအဲ့ဒီကနေ လွတ်မြောက်နိုင်ဖို့ သူ့ရေးဖူးတဲ့ Horror ဇာတ်လမ်းတွေထဲက လူသတ်ဇာတ်ကောင်အဖြစ် အယုံသွင်းရင်း လိုက်လျောညီထွေနေ‌လိုက်ရပါတယ် ။ဒါပေမယ့် ‌တကယ့်လူသတ်သမားတွေနဲ့ရင်ဆိုင်တွေ့နေရတဲ့ ဂျိုးတစ်ယောက် အချိန်အကြာလာတာနဲ့ အလွဲတွေလုပ်မိကာ ဟန်မဆောင်နိုင်တော့ဘဲ အလိမ်တွေ ပေါ်ကုန်ပါတယ်။ အဲ့ဒီကနေ ဂျိုးတစ်ယောက် အသက်ရှင်လွတ်မြောက်သွားနိုင်ပါ့မလား ဆိုတာကိုတော့ အရမ်းကြမ်းတဲ့ ဟာသတွေ စကားလုံးအသုံးနှုန်းတွေနဲ့ စိတ်လှုပ်ရှားဖို့ ကောင်းစွာ ရိုက်ပြထားတာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size ...
movie

Vicious Fun (2020)

2020