Channel Myanmar

Joseph Runningfox

Valley of the Gods (2019) 5.0
Valley of the Gods (2019) Valley of the Gods (2019)*************************နတ်ဘုရားတို့၏တောင်ကြားဒီတစ်ခေါက်မှာတော့ Channel Myanmar ရဲ့ ပရိသတ်တို့ကို Black Hawk Down, Pearl Harbor, Trap, Oppenheimer စတဲ့ နာမည်ကျော်ဇာတ်ကားများထဲမှ မင်းသား တစ်လက်ဖြစ်သူ Josh Hartnett နဲ့ အတူ The man in the iron mask, Transformers, Warm bodies, In the line of fire စတဲ့ဇာတ်ကားများရဲ့ မင်းသားကြီး John Malkovich တို့ရဲ့ ဇာတ်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ..ဇာတ်လမ်းအကျဥ်း *************** စာရေးဆရာတစ်ဦးဖြစ်တဲ့ ဂျွန် ဟာအိမ်ထောင်ရေးပြိုကွဲပြီးနောက် နဗားဟိုးလူမျိုးတို့ရဲ့ မြင့်မြတ်သော နတ်ဘုရားတို့၏တောင်ကြားကို ရောက်လာပြီး စွန့်စားခန်း၊ လူထူးဆန်းတွေနဲ့ နဗားဟိုးလူမျိုးတို့ရဲ့ ကိုးကွယ်မှုတွေ အကြောင်း စာတစ်အုပ်ရေးနေသူဖြစ်ပါတယ် ..ကမ္ဘာ့အချမ်းသာဆုံးသူဌေးလို့ တင်စားခံရတဲ့ ဝက်စ်တော့ရို့စ်က နဗားဟိုးတစ်ခွင် ယူရေနီယမ်တူးရင်း ကျိကျိတက်ချမ်းသာလာသူပါ .. သူကလည်း ဇနီးသည်နဲ့ သမီးလေးကို ဆုံးရှုံးထားရသူတစ်ဦးဖြစ်ပြီး လျှို့ဝှက်ချက်များနဲ့ ...
movie

Valley of the Gods (2019)

Ravenous (1999) 6.9
Ravenous (1999) ဗိုလ်ကြီး ဂျွန်ဘွိုက်က အမေရိကန်မက္ကဆီကန် စစ်ပွဲမှာ တစ်ကိုယ်တည်းရန်သူရဲ့စခန်းကို သိမ်းနိုင်ခဲ့တယ်။ အထက်အရာရှိများက အဖြစ်မှန်ကိုသိရှိသွားသောအခါ ဗိုလ်ကြီးဘွိုက်ကို ရာထူးအတိုးပြပြီးဖောဒ့်စပန်ဆာကို အပြစ်ဒဏ်အနေနဲ့လွှတ်လိုက်ပါတယ်။ ဖောဒ့်စပန်ဆာမှာ တာဝန်ထမ်းဆောင်နေစဉ် ငတ်ပြတ်ပြီးရောက်လာသော ကိုလ်ဟွန်းဟုခေါ်သည့်လူစိမ်းတစ်ယောက်က ဖြစ်ကြောင်းကုန်စဉ်ကိုရှင်းပြသောအခါ ဂူထဲမှာငတ်ပြတ်ကြသဖြင့် လူသားစားကြသည့်အကြောင်းကို သိခဲ့ရသည်။ အဖွဲ့သားအချင်းချင်းသတ်ဖြတ်ရာမှ နောက်ဆုံးသုံးယောက်ကျန်ခဲ့သည့်အချိန်တွင် အသတ်ခံရမှာကြောက်သဖြင့်ကိုလ်ဟွန်းက ထွက်ပြေးလာခဲ့ကြောင်း ဂူထဲမှာကျန်ရစ်ခဲ့သူရှိကြောင်းပြောသဖြင့် ဗိုလ်ကြီးဘွိုက်တို့အဖွဲ့က ကယ်ဆယ်ရန်သွားကြလေသည်။ကယ်ဆယ်ရန်သွားရင်းမှ အဖြစ်မှန်ကိုသိရှိတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲ။ လူသားစားသုံးတဲ့သူတွေမှာ ဘယ်လိုမျိုးတွေဖြစ်လာကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Horror, Western, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice 
movie

Ravenous (1999)

Savaged (2013) Avenged 5.5
Savaged (2013) Avenged IMDb Rating (5.5) / Rotten Tomatoes (88%)သွေးသံရဲရဲ သတ်ဖြတ်ခန်းတွေ ကြိုက်တဲ့သူတွေအတွက်တော့ လက်မလွှတ်ချင်စရာ ဇာတ်ကားပါပဲ။ဇိုဝီဆိုတဲ့ ဆွံ့အ နားမကြားကောင်မလေးဟာ မက္ကဆီကိုနယ်စပ်က သူ့ချစ်သူဆီ တစ်ယောက်တည်း ခရီးထွက်လာပါတယ်...ကံဆိုးချင်တော့ လမ်းမှာ လူရမ်းကားတစ်စုနဲ့ ရင်ဆိုင်တွေ့ပြီး ပြေးမလွတ်ဘဲဖမ်းခံလိုက်ရပါတယ်...လူရမ်းကားအုပ်စုက သူမကိုဖမ်းခေါ်သွားပြီး စိတ်ကြိုက် အနိုင်ကျင့်နှိပ်စက်ခံရပါတော့တယ်...သာမန်အားဖြင့် သေဆုံးသွားရမယ့်သူမဟာ ရှေးအင်ဒီးယန်းတစ်ယောက်က ဆေးပြန်ကုသပေးချိန်မှာအစီအရင်တွေကြောင့် လက်စားချေချင်တဲ့ ဝိဉာဉ်တစ်ခု ဝင်ပူးလာပြီး ပြန်လည်နိုးထလာပါတော့တယ်။ရန်ငြိုးတွေကြောင့် သူသေကိုယ်သေ အပြိုင်ကြဲကြမယ့်ပွဲမှာ..သူပျောက်ဆုံးသွားတာကို သူ့ချစ်သူက သိရှိပြီး ကယ်တင်နိုင်မလား...လက်စားချေဝိဉာဉ်ကရော သူ့ဆီကနေထွက်သွားနိုင်မလား...ဆိုတာ။သွေးထွက်သံယိုနဲ့ ပိုးစိုးပက်စက် သတ်ဖြတ်ခန်းတွေပါဝင်ကြောင်း ကြိုတင်သတိပေးပါရစေ။  File size…(1.5 GB ) / (900 MB) Quality…BluRay 1080p / 720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn
movie

Savaged (2013) Avenged