Channel Myanmar

Joseph Marcell

Hellboy: The Crooked Man (2024)
Hellboy: The Crooked Man (2024) အခု အသစ်ထွက်တဲ့ ဟဲလ်ဘွိုင်းရုပ်ရှင်ကတော့ ပထမဆုံး နှစ်ကားရဲ့အဆက်မဟုတ်သလို ၂၀၁၉ ရဲ့ အဆက်လည်းမဟုတ်ဘဲ reboot ရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၉၅၀ ကို အခြေခံထားတဲ့ သဘာဝလွန်ဟော်ရာ စူပါဟီးရိုး ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ ဟဲလ်ဘွိုင်းအဖြစ် Jack Kesy က သရုပ်ဆောင်ထားပြီး Crank ရုပ်ရှင်တွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Brian Taylor က ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း၁၉၅၀ ဝန်းကျင်မှာ ဟဲလ်ဘွိုင်း နဲ့ B.P.R.D ( ပရလောက သုတေသန နဲ့ ကာကွယ်ရေး ဗြူရို) ရဲ့ သုတေသန သမား ဘော်ဘီဂျို တို့ဟာ Appalachian Mountains တောင်တန်းတွေဘက်ကို တာဝန်တစ်ခုနဲ့ထွက်လာရင်း စုန်းတွေချည်းပဲ လွှမ်းမိုးနေတဲ့ နယ်တစ်ခုထဲကိုရောက်သွားပါတယ်။ အဲဒီနယ်ထဲကို ပြန်လာတဲ့၊ စုန်းဘဝကနေ ထွက်ပြေးရင်း ဒုက္ခရောက်နေတဲ့လူတစ်ယောက်ကိုကူညီရင်း စုန်းတွေကို လိုက်ပြီး ဝိညာဉ်နုတ်သိမ်းနေတဲ့ စေတန်ရဲ့ ...
movie

Hellboy: The Crooked Man (2024)

4K HEVC
The Stranger in Our Bed (2022) 4.5
The Stranger in Our Bed (2022) အချစ်ခံရတယ်ဆိုတာ ကောင်းတဲ့အရာပါ ဒါပေမဲ့ အရမ်းကြီး စိတ္တဇဆန်ဆန် အချစ်ခံရပြန်ရင်လည်း လွတ်လပ်မှုတွေပျောက်ဆုံးပြီး ဘဝကြီးက ထောင်ကျသလိုဖြစ်နေမှာပါ ဒီကားလေးကတော့ အချစ်ကြောင့် မမှားသင့်တာတွေ မှားပြီးကမောက်ကမဖြစ်ရတဲ့အကြောင်းရိုက်ထားတဲ့ ကားလေးတစ်ကားပါပဲ ချားလော့တ် ဆိုတဲ့ စီအီးအို ဇနီးဟာ သူ့ဘဝကိုစိတ်ကုန်ပြီးတော့ ယောက်ျားတစ်ယောက်နဲ့ဖောက်ပြန်မိခဲ့တာပါအဲဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ အတူတူထွက်ပြေးဖို့ကြိုးစားတာကနေ ဇာတ်လမ်းက စတာပါ ခိုးပြေးကြမဲ့နေမှာပဲ သူနဲ့ဖောက်ပြန်နေတဲ့ အမျိုးသားဟာ ပျောက်ချင်းမလှပျောက်သွားခဲ့ပါတော့တယ် အဲဒီမှာပဲ ချားလော့တ် က သူ့ရဲ့ ချစ်သူကိုရှာဖို့ သူ့ချစ်သူရဲ့ အစ်မနဲ့ဆက်သွယ်ခဲ့ပါတော့တယ် အဲဒီလိုရှာရင်းနဲ့မှ သူနဲ့ဖောက်ပြန်နေတဲ့သူက ဘယ်သူလဲ သူ့ယောကျာ်းကရော ဒီကိစ္စမှာ ပါဝင်ပတ်သက်နေလား သူ့ရဲ့ ယောက္ခမကရော ဘယ်လိုကြိုးကိုင်ထားလဲဆိုတာကို ပဟေဠိတွေနဲ့ ကြည့်လို့ကောင်းတဲ့ ကားကောင်းလေးတစ်ကားပါပဲFile size…(1.49GB)/(786MB)/(397MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Thriller /  mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie

The Stranger in Our Bed (2022)

The Exorcism of God (2022)
The Exorcism of God (2022) The Exorcism of God (2022) Exocrism ဆိုတာကတော့ လူတွေကိုယ်ထဲကို ဝင်ပူးနေတဲ့ မကောင်းဆိုးရွားကို နှင်ထုတ်တာဆိုပေမဲ့ ဒီဇာတ်ကားရဲ့နာမည်ကတော့ ဘုရားသခင်ကို နှင်တာပါတဲ့။ဇာတ်လမ်းအကျဉ်းကတော့ မကောင်းဆိုးရွား ပူးကပ်ခံထားရတဲ့ ကောင်မလေးတစ်ယောက်ကို ကယ်ချင်ဇောနဲ့ အတွေ့အကြုံမရှိသေးတဲ့ ဘုန်းကြီးလေးက အပနှင်ဖို့ကြိုးစားပေမဲ့ မကောင်းဆိုးရွားရဲ့ စေ့ဆော်မှုကို မတွန်းလှန်နိုင်ဘဲ အပမှီနေတဲ့ ကောင်မလေးနဲ့ အိပ်မိသွားပါတယ်။ မကောင်းဆိုးရွားကတော့ ဒီအမှုကိုကျူးလွန်ပြီးတော့ ထွက်သွားပါတယ်။ အတွေ့အကြုံမရှိသေးတဲ့ ဘုန်းကြီးလေးက မကောင်းဆိုးရွားကို နှင်နိုင်ခဲ့လို့ သူတော်စင်လို့ နာမည်ကျော်လာပါတယ်။ ဒါပေမဲ့ တကယ်ဖြစ်ပျက်သွားတဲ့ ကိစ္စကိုတော့ သူနဲ့ ဘုရားသခင်နဲ့ နတ်ဆိုးပဲ သိနိုင်တာပေါ့။ နတ်ဆိုးက ဒီအတိုင်းထွက်သွားတာနဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ အစီအစဉ်တွေရှိနေတာကို နောက် ၁၈ နှစ်ကြာမှ သိလာရပါတယ်။ ဒီဇာတ်ကားမှာတော့ ဘုရားသခင်ရဲ့ အစီအစဉ်တွေကိုတင်မဟုတ်ဘဲ နတ်ဆိုးရဲ့အစီအစဉ်တွေကိုလည်း တွေ့ရမှာပါ။ နတ်ဆိုးရဲ့ အစီအစဉ်တွေကဘယ်လိုလဲဆိုတာတော့ ဇာတ်ကားကိုပဲ ကြည့်လိုက်ကြစေချင်ပါတယ်။ပုံမှန် ...
movie

The Exorcism of God (2022)

2022
The Boy Who Harnessed the Wind (2019) 7.6
The Boy Who Harnessed the Wind (2019) The Boy Who Harnessed the Wind (2019) IMDb - 7.6/10_______Rotten - 87%Channel Myanmar ပရိသတ်ကြီးအတွက်ဒီတစ်ခေါက် ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ The Boy Who Harnessed The Wind(2019)ပါ။Rating တွေအနေနဲ့လဲ မြင့်မားပြီး အပြင်မှာ တကယ်ရှိတဲ့ ဝီလီယမ် ကန်ကွမ်ဘာဆိုတဲ့ကောင်လေးအကြောင်းကိုရိုက်ကူးထားတဲ့ ဒီကားလေးဟာ ဆွဲဆောင်မှုရှိရှိနဲ့ဇာတ်လမ်းအဆုံးထိကိုဆွဲခေါ်သွားနိုင်မှာပါ။ကြည်နူးပီတိဖြစ်ရင်း အလိုမကျဒေါသထွက်ရင်း စိတ်ခွန်အားတွေပါပေးစွမ်းနိုင်တဲ့ဒီကားလေးက IMDb Rating 7.6/10 Rotten Tomatoes 87%ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်လေးကိုလဲ တင်ပြလိုပါသေးတယ်။တစ်ခါတစ်ရံမှာ တကယ့်အဖြစ်အပျက်တွေဟာပုံပြင်တွေထက် ဆန်းကျယ်တယ်ဆိုတာ တကယ်ပါပဲ။ထို့အတူပါပဲ။ဒီဇာတ်လမ်းလေးမှာ တက်မရှိလက်နဲ့လှော်မယ်ဆိုတဲ့ထုံးနှလုံးမူထားတဲ့၁၃နှစ်အရွယ်ကောင်လေး ဝီလီယမ် ကန်ကွမ်ဘာ ဟာWimbeဆိုတဲ့ရွာလေးတစ်ရွာမှာနေတဲ့ ကလေးလေးတစ်ယောက်ပါ။မိဘတွေရဲ့မပြည့်စုံမှုကြောင့် ကျောင်းလခအကျေမပေးသွင်းလို့ကျောင်းတစ်ပိုင်းတစ်စနဲ့ကျောင်းထွက်ခဲ့ရပါတယ်။တစ်နေ့သူတို့ရွာမှာ ရာသီဥတုဖောက်ပြန်ကာ အငတ်ဘေးဆိုက်ကိန်းကြုံပါတော့တယ်။မဲရရှိရေးသာစိတ်ဝင်စားတဲ့အစိုးရကလဲ မသိချင်ယောင်ဆောင်မျက်နှာလွှဲနေခဲ့ပါတယ်။ဝီလီယမ် တစ်ယောက်ကတော့ သူ့ဆရာရဲ့စက်ဘီးကမီးသီးခွက်လေးကိုကြည့်ကာ အကြံရသွားပါတော့တယ်။ရသွားတဲ့အကြံပေါ်မူတည်ရင်း ကျောင်းစာကြည့်တိုက်ထဲကိုခိုးဝင်ကာစာတွေဖတ်ပြီး ရွာလေးကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။၁၃နှစ်အရွယ်ကောင်လေးတစ်ယောက်က ဘယ်လိုများလုပ်ပေးနိုင်မှာလဲ?သူဘယ်လိုစွန့်စားကာ ကြိုးစားခဲ့သလဲ?သူဖြစ်ချင်ခဲ့သလိုတွေရော ဖြစ်လာပါ့မလား?စတဲ့မေးခွန်းပေါင်းများစွာကို အာဖရိကရဲ့အလှအပတွေခံစားရင်းစိတ်ဓာတ်ခွန်အားတွေ ရယူကာ ကြည့်ရှူရမယ့်ကားလေးဖြစ်ပါတယ်...Channel ...
movie

The Boy Who Harnessed the Wind (2019)

2019