Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Joseph Kara
5.8
Love Therapy (2025)
ဒီဇာတ်လမ်လေးတော့ အိမ်ထောင်ရေးအကြောင်းကိုဟာသDrama အဖြစ်နဲ့ ရိုက်ကူးထားတဲ့ အင်ဒိုနီးရှားဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်..မာတင်နဲ့ ဒါရာတို့ဟာ အိမ်ထောင်ကျခါစမှာတော့ ချစ်ခင်ခင်နဲ့ အစစအရာရာ အဆင်ပြေသာယာနေခဲ့ပါတယ်..ဒီလိုနဲ့ အိမ်ထောင်သက် ၁၀နှစ်လောက်ကိုရောက်လာတဲ့အချိန်မှာတော့သူတို့ရဲ့ ဆက်ဆံရေးအခြေနေတွေက ညားခါစကလိုမျိုး မဟုတ်တော့ပါဘူး.အိမ်ထောင်ရေးဖောက်ပြန်တာမျိုး တခြားပြဿနာမျိုးတွေရှိနေတာမျိုး မဟုတ်ဘဲပုံမှန်ဆက်ဆံရေးမှာဆိုရင် နွေးနွေးထွေးထွေးနဲ့ အဆင်ပြေနေပေမဲ့လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် လက်ထပ်ပြီးခါစကလိုမျိုး စိတ်အားထက်သန်မှုတွေမရှိတော့ဘဲနဲ့ တစ်ယောက်အပေါ်တစ်ယောက် တပ်မက်မှုမရှိတော့သလို ဖြစ်လာကြတာပါ.ဒါကြောင့်မို့ တစ်အိမ်တည်းနေပြီး အတူတူအိပ်ကြတဲ့ လင်မယားဖြစ်ပေမဲ့လိင်မဆက်ဆံဖြစ်ကြတာ လနဲ့ချီအောင် ကြာလာကြပါတယ်.လိင်ဆက်ဆံတယ်ဆိုတာ အိမ်ထောင်ရေးတစ်ခုမှာ မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုလို့လူတော်တော်များများက လက်ခံယူဆထားကြတာပါ..ဒါကြောင့် သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုလိုအပ်နေသလိုမျိုးခံစားလာရတဲ့အတွက် တစ်ယောက်အပေါ်တစ်ယောက်ပြန်ပြီးတော့ လိုချင်တပ်မက်စိတ်ရှိလာအောင် မျှားနတ်မောင်ဆေးခန်းဆိုတဲ့ စုံတွဲတွေ ပြန်အဆင်ပြေအောင် လုပ်ပေးတဲ့ဆေးခန်းတစ်ခုဆီကို သွားခဲ့ကြပါတယ်..အပြန်အလှန် ငြီးငွေ့သလိုမျိုး ဖြစ်လာကြတဲ့ မာတင်နဲ့ ဒါရာတို့ စုံတွဲအနေနဲ့အဲဒီဆေးခန်းနဲ့ အတွေ့မှာ အဆင်ပြေသွားကြမလား ....ဆေးခန်းဘက်ကရောသူတို့ကို ဘယ်လိုဝန်ဆောင်မှုမျိုးတွေ လုပ်ပေးမလဲဆိုတာကိုဟာသနှောပြီးတော့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်..အရမ်းကို ရယ်မောရမဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့်မို့ဟာသရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအနေနဲ့ လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးပဲ ...
movie
Love Therapy (2025)
6.6
Love Unlike in K-Dramas (2024) Cinta Tak Seindah Drama Korea
Love Unlike in K-Dramas (2024)IMDb Rating (6.6) K-drama တွေထဲကလို အချစ်ခံရဖို့မိန်းကလေးတိုင်းနီးပါး စိတ်ကူးယဉ်နေတဲ့အချိန်မှာ ဇာတ်ကားတွေထဲကလိုမဟုတ်ဘဲ မမျှော်လင့်ထားတဲ့ ရှုပ်ထွေးတဲ့အချစ်ဇာတ်လမ်းမျိူးပိုင်ဆိုင်လာခဲ့ရရင်?K-drama တွေထဲမှာတွေ့နေကျအချစ်စံနှုန်းတွေကို ချိုးဖျက်ထားတဲ့ အင်ဒိုနီးရှားအချစ်ဟာသဇာတ်ကားလေးတစ်ကားဖြစ်တဲ့ “Love Unlike in K-dramas”K-drama fan အကြီးစားဖြစ်တဲ့သူငယ်ချင်းသုံးယောက် သူတို့အိပ်မက်တစ်ခုဖြစ်တဲ့ ကိုရီးယားနိုင်ငံကို အလည်ရောက်သွားတဲ့အချိန်မှာ ကိုရီးယားတွေထဲကလို ချိုမြိန်တဲ့အချစ်ဇာတ်လမ်းလေးရှာတွေ့ဖို့မျှော်လင့်ထားပေမယ့် ကိုယ်ရေးကိုယ်တာအရှုပ်အရှင်းကိစ္စတွေပါလာတဲ့အခါ ခရီးမှာဘယ်လိုအရာတွေကြုံတွေ့သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှူရမယ့် အင်ဒိုအချစ်ဟာသကားလေးဖြစ်ပါတယ်။ ကိုရီးယားကားတွေထဲမှာပါနေကျ ဝါရင့်အရံသရုပ်ဆောင်တစ်ချို့လည်း ပါဝင်ထားတာမို့ ကိုရီးယားကားနဲ့မတူတဲ့ ကိုရီးယားကားကြည့်နေရသလိုခံစားရစေမှာပါ။လူငယ်သဘာဝပီပီပေါ့ပေါ့ပါးပါးအပျင်းပြေကြည့်ရတန်မယ်လို့ မျှော်လင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KST ဖြစ်ပါတယ်။)File size…(2.1 GB) / (960 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….02:00:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by KST
movie
Love Unlike in K-Dramas (2024) Cinta Tak Seindah Drama Korea
2024
5.5
Pusaka (2024)
Pusaka (2024)ဝီဆန်းကို စံအိမ်ကိုရှေးဟောင်းပစ္စည်းစုဆောင်းသူ သူဌေးကြီးတစ်ယောက်က ပိုင်ဆိုင်ပြီး သူသေဆုံးသွားတဲ့နောက်မှာတော့ သူစုဆောင်းထားတဲ့အင်ဒိုနီးရှားရိုးရာအမွေအနှစ်ရှေးဟောင်းပစ္စည်းတွေကို စံအိမ်ကြီးနဲ့အတူ ပြတိုက်အဖြစ်အသွင်ပြောင်းဖို့ သားနဲ့သမီးကို သေတမ်းစာကတစ်ဆင့် တာဝန်ပေးသွားခဲ့ပါတယ်။လူနေအိမ်တစ်ခုကို ပြတိုက်အဖြစ်အသွင်ပြောင်းဖို့ရာမှာ ဆာဗေးလုပ်ဖို့ရောက်လာတဲ့ ပရောဂျက်ဝန်ထမ်းတစ်စု၊အိမ်ရှင်သူဌေးကြီးရဲ့သားနဲ့သမီးဖြစ်တဲ့ ရန်ဒီနဲ့ဘီယန်တို့ မောင်နှမတို့ဟာ အလုပ်တွင်စေဖို့အတွက် စံအိမ်ကြီးမှာပဲအိပ်ရဖို့ဖြစ်လာပါတော့တယ်။အဲ့ဒီညမှာပဲ စံအိမ်ကြီးရဲ့လျှို့ဝှက်အခန်းတစ်ခု မတော်တဆပွင့်သွားခဲ့ပြီး အဲ့ဒီအခန်းထဲမှာရှိတဲ့ ကြောက်စရာကျိန်စာသင့်စ္စည်းတစ်ခုဟာ သူတို့ထဲက တစ်ယောက်ကိုပူးကပ်သွားခဲ့ပြီးနောက်မှာတော့သူတို့အတွက် တစ်သက်မမေ့နိုင်စရာညတစ်ညကိုကြုံတွေ့ရဖို့ဖြစ်လာပါတော့တယ်။ထိတ်လန့်ခြောက်ခြားဖွယ် အနိဌာရုံမြင်ကွင်းတွေနဲ့၊ရက်ရက်စက်စက်သတ်ဖြတ်မှုတွေ သွေးထွက်သံယိုတွေ ဒင်းကြမ်းပါဝင်တဲ့အတွက်ကြည့်ရဲမှကြည့်စေချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (800 MB) / (480 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Horror, Thriller Duration….01:31:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie
Pusaka (2024)
2024
4.3
Dosen Ghaib: It’s Nighttime or You Already Know (2024) Dosen Ghaib: Sudah Malam atau Sudah Tahu
Dosen Ghaib: It's Nighttime or You Already Know (2024)IMDb Rating (4.3) ဒီအင်ဒိုနီးရှားဇာတ်လမ်းက နာမည်ကြီးခဲ့တဲ့ သရဲကျောင်းဆရာအကြောင်းကို inspire ယူပြီး ကျောင်းပညာရေးစနစ်အတွင်းက အကြမ်းဖက်မှုကို ရိုက်ကူးထားပါတယ်။ Plot summary:Amelia (Ersya Aurelia), Emir (Rayn Wijaya), Maya (Annette Edoarda) နဲ့ Fattah (Endy Arfian) တို့ သူငယ်ချင်းလေးယောက်အဖွဲ့က စည်းကမ်းအရမ်းတင်းကြပ်လို့ ကျောင်းသားတိုင်းကြောက်ကြတဲ့ ဆရာ Pak Bakti ရဲ့ စိတ်ပညာအတန်းစာမေးပွဲကို ကျလို့ အတန်းပြန်တက်ကြရတယ်။ဆရာ Bakti ရဲ့ စာသင်နှစ် 20 သက်တမ်းတစ်လျှောက်မှာ သူတို့လေးယောက်က ပထမဦးဆုံး စာမေးပွဲကျဖူးတဲ့ ကျောင်းသားတွေဖြစ်လို့ Bakti က မကျေနပ်ဘူး။အတန်းပြန်တက်ဖို့ သူတို့လေးယောက်တည်းကို စာပြန်သင်ရတဲ့အခါ ဆရာ Bakti က ချိန်းထားတဲ့ ...
movie
Dosen Ghaib: It’s Nighttime or You Already Know (2024) Dosen Ghaib: Sudah Malam atau Sudah Tahu
2024
7
Till Death Do Us Part (2024)
Till Death Do Us Part 2024 ( ပြစ်ဒဏ်)Imdb 7.6အိမ်တွင်းအကြမ်းဖက်မှုပုံစံများ survival များပါဝင်လို သတိပေးချက်ထုတ်ပြန်ထားတဲ့ဇာတ်ကားတစ်ကားပါမိန်းမတစ်ယောက်က အိမ်ထောင်ပြုပြီဆို လင်ယောကျာ်းလက်အောက်ခံ လင်ယောကျာ်းဘာခိုင်းခိုင်း ဘာလုပ်လုပ် နာခံရမယ်ဆိုတဲ့ ရှေးရိုးစွဲသဘောထားတွေကနေ မလွတ်ထွက်နိုင်သေးတဲ့ရီနာတာဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိတယ် သေခြင်းကသာခွဲနိုင်တယ်လို ကတိသစ္စာဆို ယူခဲ့ကြပေမဲ့ ကြာကြာပေါင်းမှအကြောင်းသိလာခဲ့ရတဲ့ ရီနာတာလေးမှာတော့ ဒဏ်ရာအနာတရတွေနဲ့ပေါ့ ယောကျာ်းကိုကြောက်ရတော့ ယောကျာ်းဖြစ်သူအလုပ်သွားတာနဲ့ ဘယ်သူနဲ့မှမဆက်သွယ်ဘဲ အိမ်တံခါးပိတ်ပြီး အိမ်ထဲမှာပဲအချိန်တွေကိုကုန်လွန်ခဲ့ရတယ် ဒီလိုနဲ့တစ်နေ့ဖုန်းတစ်လုံးဝင်လာခဲ့ပါတယ်ယောကျာ်းအလုပ်လုပ်တဲ့ရုံးကပါ အလုပ်မလာဖုန်းလည်းမကိုင်လို နေမကောင်းဘူးလားဆိုတဲ့အကြောင်းလှမ်းမေးကြတာပါ အချိန်ပိုနေ့တိုင်းဆင်းလို နောက်ကျမှပြန်ပြန်လာတဲ့ ယောကျာ်းဖြစ်သူက အလုပ်မလာဘူးဆိုတော့ ရီနာတာစုံစမ်းရမဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ် ချောင်ပိတ်ခံရတဲ့ကြောင်က ကျားဖြစ်လာတတ်သလို ရီနာတာတစ်ယောက်ဘာတွေများပြောင်းလဲသွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦး( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ V တိုပဲဖြစ်ပါတယ် ) File size… 1.2GB / 491MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Till Death Do Us Part (2024)
2024
Siksa Neraka or Hell Torture (2023)
Siksa Neraka or Hell Torture (2023)လူ့ပြည်မှာ ကိုယ့်အပြစ်အတွက် ထုတ်ဖော်မပြောနိုင်ရင် ငရဲကျမှ အပြစ်ဒဏ်နဲ့တူညီတဲ့ညှင်းပန်းနှိပ်စက်မှုမျိုး တွေ့ကြုံရတတ်တာကို ရိုက်ကူးတင်ဆက်ပြထားပါတယ်။ဖာဂျာ၊ အာဇီ၊ ဆာလတ်နဲ့ တယာဆိုတဲ့ မောင်နှမလေးယောက်ရှိပါတယ်။ ဒီ၄ယောက်ထဲမှာ တယာက ထူးဆန်းတဲ့ကလေးတစ်ယောက်ပါ။ သူ့ရဲ့ထူးခြားပုံကတော့ သေလွန်လို့ငရဲရောက်သွားတဲ့လူကို မြင်နိုင်စွမ်းရှိတာပါပဲ။ ငရဲမှာ ခံစားရပုံတွေကိုမြင်နေတွေ့နေတဲ့ တယာက သူ့ဘဝမှာမကောင်းတာတစ်ခုလေးတောင်မလုပ်ခဲ့ဘဲ ကြီးပြင်းလာခဲ့တာပေါ့။ နှစ်တွေကြာပြီးတဲ့နောက် ကျောင်းကိုယ်စီတက်နေကြတဲ့ ဒီမောင်နှမလေးယောက်ပြန်ဆုံမိကြပါတယ်။ အာဇီကအသံလေးကောင်းပြီး သီချင်းဆိုတော်သူလေးဆိုတော့ အဖေကမကြိုက်လို့တားထားတဲ့ကြားက သီချင်းဆိုပြိုင်ပွဲကို ခိုးပြီးသွားပြိုင်ရင်း ဖိုင်နယ်ထိတောင်ရောက်သွားလေရဲ့။ ဖိုင်နယ်ပြိုင်ဖို့ညမှာ လူကြီးတွေမရှိတုန်းခိုးထွက်ကြတဲ့သူတို့၄ယောက် ဖိုင်နယ်ပွဲကမြစ်တစ်ဖက်မှာဖြစ်လို့ ဒီမြစ်ကိုဖြတ်ရင်း သူတို့ကြုံတွေ့သွားရမဲ့ငရဲက အသည်းငယ်သူတွေအတွက်တော့ အော့နှလုံးနာစရာမြင်ကွင်းတွေပါပြီး အဖန်တလဲလဲဖြစ်နေတဲ့ငရဲဆိုတာဒါပါလားလို့ စိတ်ကူးနိုင်တဲ့အထိ ကွင်းကွင်းကွက်ကွက်ရိုက်ပြထားပါတယ်။ အမှားတွေကိုအတတ်နိုင်ဆုံးမလုပ်ကြဖို့ ဒီဇာတ်ကားလေးက ရည်ညွှန်းရိုက်ကူးထားတာမို့ ခံစားကြည့်ရှုကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p File size… 1.1GB | 561MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Siksa Neraka or Hell Torture (2023)
2023
5.1
The Doll (2016)
The Doll (2016)2016 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Doll သရဲကားတွေရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဓားပြမှုတစ်ခုမှာ တစ်မိသားစုလုံး ရက်ရက်စက်စက် အသတ်ခံရပြီးတဲ့နောက်မှာ ကလေးမလေးရဲ့ဝိညာဉ်ကတော့ မကျွတ်လွတ်ဘဲ သူပိုင်တဲ့ အရုပ်ကလေးမှာ စွဲကပ်နေပါတယ်။အဲဒီအနီးနားက လူတွေအားလုံးက ကလေးအရုပ်သရဲကို ကြောက်လန့်ပြီး သူနေဖို့ သစ်ပင်တစ်ပင်မှာ အရုပ်လေးကို ချိတ်ဆွဲပေးထားပါတယ်။ ဒန်နီရယ်နဲ့ အန်ယာတို့ လင်မယားကတော့ တခြားမြို့ကနေ သူ့ယောက်ျားရာထူးတိုးလို့ ပြောင်းလာကြတဲ့စုံတွဲပါ။ သရဲတစ္ဆေတွေကို အယုံအကြည်မရှိတဲ့ ဒန်နီရယ်က သူ့ရဲ့ဆောက်လုပ်ရေး လုပ်ငန်းခွင်က အရုပ်သရဲနေတဲ့ သစ်ပင်ကို လှဲခိုင်းလိုက်တဲ့အခါမှာတော့ ကလေးအရုပ်သရဲက သူတို့အိမ်ကို လိုက်လာပါတော့တယ်။ကလေးအရုပ်သရဲက သူ့အပင်ကို လှဲလိုက်လို့ လိုက်လာတာလား။ တခြားအကြောင်းရင်းတွေရော ရှိနေသေးလား။ သူတို့နှစ်ယောက် ကလေးအရုပ်သရဲလက်ကနေ လွတ်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre.....Horror, Thriller Quality…. 1080p | 720p | 480p File size…1.5GB | 703MB | 348MB Format… ...
movie
The Doll (2016)
2016