Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Josef Norman
8.1
Wild Strawberries (1957)
Wild Strawberries ( 1957 )အတိတ်မှာ ငါတို့မေ့ထားခဲ့တဲ့ အပွင့်တစ်ပွင့်ရှိနေလိမ့်မယ်။ တစ်ခါတလေ မသိလိုက်ဘာသာ ငါတို့အတိတ်ထဲမှာ အပွင့်တစ်ပွင့်ပွင့်နေလိမ့်မယ်။ တစ်နည်းပြောင်းပြောရရင် ဆူးကလေးတစ်ချောင်း ရှိကောင်းရှိနေနိုင်တယ်။ ဘဝဟာ ရှုပ်ယှက်လိုက်ပုံများ အပင်ကိုမြင်လို့ အပွင့်ကိုမမြင်နိုင်ခဲ့တဲ့ နေ့တွေ, ငါတို့အတ္တဟာ မြူတွေလိုရစ်သိုင်းလို့ အဲဒီအပွင့်ကို ဖုံးလွှမ်းထားတဲ့နေ့တွေ ရှိကောင်းရှိနေမှာပဲ။ ငါတို့အတွက် မေ့မေ့ပျောက်ပျောက် စကားတစ်ခွန်းက ဆူးတွေရစ်သီလို့ အဲဒီအပင်မှာ ဆိုင်းနေချင်လည်းဆိုင်နေလိမ့်မယ်။ မြင်နိုင်ခြင်းနဲ့ မမြင်နိုင်ခြင်းကြား အချိန်ကာလတစ်ခု ခြားထားတယ်။ မြင်နိုင်ခြင်းနဲ့ မမြင်နိုင်ခြင်းကြား အစွဲတစ်ခု ခြားထားတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကြား အလင်းနှစ်တွေခြားထားတယ်။ အနေကြာလာရင် မင်းသိမှာပါ။ ဘဝဟာ အခိုင်မာဆုံး စိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်တဲ့။ ငါတို့ဟာ မျက်ရည်တွေခန်းခြောက်နေတဲ့ မဟာယောက်ျားသားတွေလို့ ငါတို့ကိုယ်ငါတို့ တံဆိပ်ကပ်ကြတယ်။ လိုအပ်ချက်တွေပါပဲလို့ ငါတို့ကိုယ်ငါတို့ နားချကြတယ်။ အလှဆုံးအပြုံးတွေ အဖန်တစ်ရာမကပါဘူး အသက်ရယ်။ စွဲလမ်းတွေသော အငွေ့အသက်တွေ ...
movie
Wild Strawberries (1957)
8.2
The Seventh Seal (1957)
[Unicode]Seventh Seal (1957) =============== IMDb Rating - 8.2/10 Directed By Ingmar Bergmanအင်ဂမာဘတ်မင်း ရုပ်ရှင်တွေကို ပြင်သစ်ပြည် ပါရီမြို့မှာ စပြရာက လူကြိုက်များပြီး ပြင်သစ်ပြည်မှာ New Waveသမားတွေ ပေါ်လာတယ်လို့ ပြောကြတယ်။ ပြင်သစ် New Waveရဲ့ အရွေ့ဟာ ဒီဘက်ခေတ် ရုပ်ရှင်တွေမှာ ခုထက်ထိ မကင်းပါဘူး။ ဒီတော့ ရုပ်ရှင်ဟာ ဘတ်မင်းကြောင့် သန့်စင်တဲ့ အနုပညာတစ်ရပ်အနေနဲ့ ရပ်တည်လာတယ်လို့လည်း ပြောကြတယ်။ သူ့ကြောင့် ကျွန်တော်တို့ခေတ်ရဲ့ မဆုတ်နစ်တဲ့ရုပ်ရှင်အနုပညာ ပေါ်ပေါက်လာတယ် ဆိုကြတယ်။ သူ့ရဲ့ ရုပ်ရှင်တွေဟာ ဟောလိဝုဒ်က ရုပ်ရှင်တွေလို ရေရှာတာတွေ မဟုတ်ဘဲ တကယ့်အနုပညာတွေ။ အင်ဂမာဘတ်မင်းဟာ အော်စကာဆုပေးပွဲကို အပြတ် ငြင်းခဲ့တဲ့လူ ဒါကြောင့်သူ့ကို ရုပ်ရှင်ကို ဘယ်သူသဘောကျဖို့အတွက်မှ မရိုက်တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်လို့လည်းဆိုကြတယ်။ Seventh Sealရဲ့ ဇာတ်လမ်းကို ရှင်းရှင်းပြောရရင် သေမင်းနဲ့စစ်တုရင်ထိုးတဲ့ လူတစ်ယောက်အကြောင်းပဲ။ ကောင်းကင်ဘုံ ငရဲ ချစ်ခြင်း မုန်းခြင်း အနုပညာ စတဲ့စိတ္တဇနာမ်ကိစ္စတွေမှာ ...
movie
The Seventh Seal (1957)